[mrsorcerer:21615] ဘင်္ဂလီတွေ မြန်မာပြည်ထဲတောင်မကဘူး... လွတ်တော်ထဲတောင် ဝင်ရောက် နေရာယူနေကြပြီ...

ဘင်္ဂလီတွေ မြန်မာပြည်ထဲတောင်မကဘူး... လွတ်တော်ထဲတောင် ဝင်ရောက် နေရာယူနေကြပြီ...

by Ray Lynn on Monday, 19 March 2012 at 12:40 ·

သို့

 

 

ဥက္ကဌပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နေပြည်တော်

 

 

 

ရက်စွဲ။ ။ ၂၀၁၂ ခုနှစ်၊မတ်လ(၁၄)ရက်

 

 

အကြောင်းအရာ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၆(က) (၄)ပါ ပြဌာန်းချက်များနှင့် ငြိစွန်းသည် လွှတ်တော်ကိုယ်စားလှယ်များ အား တာဝန်များမှ ပြန်လည် ရုပ်သိမ်းပေးပါရန် ပုဒ်မ ၃၉၆ (ခ)ပါ ပြဌာန်းချက် အရ တင်ပြလျှောက်ထားခြင်း။

 

 

မောင်တောမြို့နယ် မဲဆန္ဒရှင် စုစုပေါင်း (၂၅၇၄၄၁)၏ ၁%ရာခိုင်နှုန်းကျော်ဖြစ်သော ပူးတွဲစာရင်း၌ လက်မှတ်ရေးထိုးထားသည့် ပုဂ္ဂိုလ်များက အောက်ပါအတိုင်း လေးစားစွာ တင်ပြလျှောက်ထားအပ်ပါသည်။

 

 

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၂၀(ခ)၊ ပုဒ်မ-၁၅၂(ခ)နှင့် ပုဒ်မ-၁၆၉ (က)တို့တွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းနှင့် ပတ်သက်၍ ''နိုင်ငံသားမိဘ နှစ်ပါး မှ မွေးဖွါးသော နိုင်ငံသားဖြစ်သူ'' ဖြစ်ရမည်ဟု ပြဌာန်းထားပါသည်။ သို့ရာတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ - ၁၀ (င)၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ-၁၀(င)၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ-၁၀(င)တို့တွင်''မွေးဖွါးစဉ်ကနိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ နှစ်ပါးစလုံးမှ ဖြစ်စေ မွေးဖွါးသည့် နိုင်ငံသား'' ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရဟု ကန့်သတ်ထားပါသည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲကျင်းပချိန်တွင် ရွေးကောက်ခံသူသည်နှင့် ၎င်း၏မိဘနှစ်ပါးစလုံး သည် တနည်းနည်းဖြင့် နိုင်ငံသားများအဖြစ် ရရှိနေစေကာမူရွေးကောက်ခံသူမွေးဖွါးသည့်အချိန်ကရွေးကောက်ခံသူ ၏ မိဘတစ်ပါးပါးသည်နိုင်ငံသားအဖြစ်သို့မရောက်သေးပါကရွေးကောက်ခံပိုင်ခွင့်မရှိကြောင်းပြဌာန်းထားခြင်းဖြစ်ပါသည်။

 

 

၂။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၃တွင် အောက်ပါအတိုင်းပြဌာန်းထားပါသည်။ ''နိုင်ငံတော် တွင်ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅-ခုနှစ် ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ကယား၊ကရင်၊ ချင်း၊ဗမာ၊ မွန်၊ရခိုင်၊ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်။''

 

 

အထက်ပါပြဌာန်းချက်နှင့်ပတ်သက်၍ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ၀န်ကြီးအဖွဲ့ မှ (၂၀-၉-၁၉၈၃)ရက်စွဲပါ အမိန့်ကြော်ငြာစာ ၁၃/၈၃အရ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်း (နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်း)အပိုဒ်(၄)တွင် ''၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ ဖြစ်ပွါးခဲ့ပါသည်။ထိုကာလနောက်ပိုင်းတွင်နိုင်ငံခြားသားအများအပြားနိုင်ငံတော်အတွင်းသို့ ၀င်ရောက်နေထိုင်လာခဲ့ ကြသည်။ထို့ကြောင့်မြန်မာသက္ကရာဇ်၁၁၈၅-ခုနှစ်၊ခရစ်သက္ကရာဇ်၁၈၂၃ခုနှစ်မတိုင်မီကာလကိုပိုင်းခြား သတ်မှတ်ခြင်း ဖြစ်သည် '' ဟုထပ်ဆင့် ရှင်းလင်းထားပါသည်။ ထိုဥပဒေပုဒ်မ - ၅ အရတိုင်းရင်းသားတိုင်းသည် လည်းကောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွါးသူတိုင်းသည် လည်းကောင်း မွေးရာပါ နိုင်ငံသားများဖြစ်ကြပါသည်။

 

 

၃။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၃တွင် ဖော်ပြထားသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စု မဟုတ်သော လူမျိုးများသည် လူမျိုးအရ မြန်မာနိုင်ငံသားများမဟုတ်ပါ။ ထိုအခြားလူမျိုးများအနေဖြင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ-၁၁(ဃ)အရ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ပြစ်မှုအက်ဥပဒေ၊ ၁၉၄၈ ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံသား (ရွေးချယ်ရေး)အက်ဥပဒေများနှင့် အညီသာလျှင် ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် နိုင်ငံသားအဖြစ်ကိုရခွင့်ရှိကြပါသည်။ထိုဥပဒေများနှင့်ညီညွတ်သူများသည်ပင်လျှင်၁၉၈၂ခုနှစ်၊မြန်မာနိုင်ငံသား ဥပဒေ အာဏာတည်ပြီးနောက်တွင်ပုဒ်မ-၂၃အရဧည့်နိုင်ငံသားအဖြစ်ကိုသာ ရရှိကြမည်ဖြစ်ပါသည်။

 

 

၎။ အထက်ပါ တင်ပြချက်များအရ ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိကြသော ''ဘင်္ဂလီ''လူမျိုးများ သည် လူမျိုးအရ နိုင်ငံသားများမဟုတ်ကြောင်း ထင်ရှားနေပါသည်။ ထို ဘင်္ဂလီလူမျိုးများအနေဖြင့် နိုင်ငံသားအဖြစ် ရယူလိုပါက အပိုဒ်(၃)ပါ ဥပဒေပြဌာန်းချက်များနှင့်အညီသာလျှင် လျှောက်ထားပိုင်ခွင့်ရှိပါသည်။

 

 

၅။ ထို ဘင်္ဂလီတချို့က ၎င်းတို့သည် နှစ်ပေါင်း ထောင်နှင့်ချီ၍ ရခိုင်ပြည်နယ်အတွင်း နေထိုင်လာကြသော ''ရိုဟင်ဂျာ''လူမျိုး မြန်မာတိုင်းရင်းသားဖြစ်သည်ဟု ကမ္ဘာ့နိုင်ငံများတွင်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း၌လည်း ကောင်း သမိုင်းလိမ်ဖြင့် ၀ါဒဖြန့်ချိတင်ပြနေကြပါသည်။ ထိုကိစ္စကို လူကြီးမင်းတို့က မျက်စိကြီး နားကြီးဖြစ်၍ ပိုမိုသိရှိ ကြလိမ့်မည်ဟု ယုံကြည်သဖြင့် အကျယ်ချဲ့၍ တင်ပြခြင်း မပြုလိုတော့ပါ။ သို့သော် ထိုသမိုင်းလိမ်ကိစ္စသည် ရခိုင်တိုင်း ရင်းသားများနှင့်သာ သက်ဆိုင်သော ကိစ္စမဟုတ်ဘဲ မြန်မာနိုင်ငံတော်တစ်ခုလုံး၏ အချုပ်အခြာအာဏာကို ထိပါးနေ သည့် ကိစ္စတရပ်ဖြစ်ကြောင်း လေးနက်စွာ တင်ပြလိုပါသည်။

 

 

၆။ ''ရိုဟင်ဂျာ''လူမျိုးဆိုသည်ကို ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၄ အရ တိုင်းရင်းသားမျိုးနွယ် စုဖြစ်သည်ဟု ကြေငြာဆုံးဖြတ်ထားခြင်း မရှိပါ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရကလည်း မြန်မာနိုင်ငံအတွင်း၌ ''ရိုဟင်ဂျာ''ဟု ခေါ်သော တိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိ အတိအလင်း ကြေငြာခဲ့ပြီး ဖြစ်ပါသည်။

 

 

၇။ သို့ပါလျှက် ဘင်္ဂလီလူမျိုးများဖြစ်ကြသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းနှင့် ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်တို့က ''ကျွန်တော်တို့ ရိုဟင်ဂျာလူမျိုးများ''ကို တိုင်းရင်းသားနိုင်ငံသားများသို့ ထုတ်ပေးနိုင်သည့် နိုင်ငံသား စိစစ်ရေးကဒ်(ပန်းရောင်)ကို ထုတ်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ ရေးနှင့် လူ့အခွင့်အရေးကော်မတီ ဒုဥက္ကဌထံသို့ (၁၁-၂-၂၀၁၂)ရက်စွဲပါ စာဖြင့် တင်ပြတောင်းဆို ဖော်ပြသည်ဟု သိရှိ ရပါသည်။

 

 

၈။ ရခိုင်ပြည်နယ်မောင်တော မဲဆန္ဒနယ်မှ-(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း (ခ) ဇော်ကီးအာမတ်သည် ယခုအခါ နိုင်ငံသား စီစစ်ရေးကဒ်ပြား အမှတ် ၁၂/ပဘတ(နိုင်)၀၂၉၉၅၁ ကိုင်ဆောင်ထားသော်လည်း ၎င်း၏ မိဘများဖြစ်သော ဘင်္ဂလီလူမျိုး(ဘ)ဦးနူရ်အာလမ်(၁၁/မတန(ယ)၀၉၂၂၂၆)နှင့် (အမိ) ဒေါ်ခေါ်တီဇာ (၁၁/မတန(ယ)၀၉၂၂၂၈)တို့မှမောင်တောမြို့နယ်၊ငါးခူရကျေးရွာတွင်(၂၉-၅-၁၉၆၄)နေ့ မွေးဖွါးခဲ့သူ ဖြစ်ပါသည်။၎င်းသည်တရားဥပဒေနှင့်အညီ မဟုတ်ဘဲ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း၊ အိမ်အမှတ် (၆)၊ အခန်း (၉)သို့ရောက်ရှိနေထိုင်လျှက်ရှိပြီးနိုင်ငံသားစီစစ်ရေးကဒ်ပြားကို တနည်းနည်း ဖြင့်ရယူထားသူသာဖြစ်ပါသည်။မည်သို့ပင်ဆိုစေ၎င်း၏မိဘများသည်ယခုတိုင်၁၁/မတန(ယ)ကိုသာ ရရှိထားသူများ ဖြစ်သဖြင့်နိုင်ငံသားမဟုတ်သူများ ဖြစ်ကြပါသည်။ 

 

 

(၂) မောင်တောမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဌေးဝင်း(ခ)ဇာယာဒ်ရော်မန် သည် ယခင်က အမျိုးသားမှတ်ပုံတင်လက်မှတ်များကိုင်ဆောင်ကြသည့်ဘင်္ဂလီလူမျိုး (ဘ) ဦးအိုဆီဒူရော်မံ (AK၀၄၇၂၇၇)နှင့်(အမိ)ဒေါ်ဇီနူဘာဟာရ်(AK၁၀၈၃၆၈)တို့မှမောင်တောမြို့နယ်၊ ဟာဘီကျေးရွာတွင် (၃-၄-၁၉၆၂)ခုတွင် မွေးဖွါးသူဖြစ်ပါသည်။ ၎င်း၏ယခင်အမျိုးသားမှတ်ပုံတင်အမှတ်မှာ (MDW ၂၄၇၄၇၇)ဖြစ်ပါသည်။ ယခုအခါ ၁၁/မတန(ယ)များကို ကိုင်ဆောင်ခွင့်ရသော်လည်း နိုင်ငံသားများ မဟုတ်ပါ။ သို့ရာတွင် တနည်းနည်းဖြင့် အမှတ်(၂၆)၊ ၆ ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၌ နေထိုင်ခွင့် ရရှိနေပါသည်။ 

 

 

(၃) မောင်တောမြို့နယ်၊ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း(ခ)ဇာဟိန်းဂိရ် သည် ဘင်္ဂလီလူမျိုး (အဖ)ဦးရော်ရှီးအာမတ် (AK၀၁၅၆၁၈)နှင့် (အမိ)ဒေါ်ဒူဘာဟာရ် (AK ၀၁၅၆၁၉) တို့မှ မောင်တောမြို့နယ်၊စံပါယ်ကုန်းကျေးရွာတွင်(၂-၆-၁၉၅၀)နေ့၌ မွေးဖွါးသူဖြစ်ပါသည်။ ၎င်း၏ ယခင်အမျိုးသားမှတ်ပုံတင်ကဒ်ပြားအမှတ်မှာ (AK 195265)ဖြစ်ပါသည်။ ယခုအခါ ၁၁/မတန(ယ)ကို ကိုင်ဆောင်ခွင့်ရသော်လည်း နိုင်ငံသားများမဟုတ်ပါ။ 

 

 

၉။ ၁၉၄၉-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေတို့အရ ယခင်က ထုတ်ပေးခဲ့သော အမျိုးသားမှတ်ပုံတင်ကဒ်ပြားသည် ''မည်သူ မည်ဝါ ဖြစ်ကြောင်း''သက်သေခံအတွက်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ သား အဖြစ်အသိအမှတ်ပြု၍ ထုတ်ပေးခဲ့ခြင်းမဟုတ်ပါ။ ထို့အပြင်ဧည့်နိုင်ငံသားအဖြစ်သို့ပင် မရောက် ရှိသေးပါ။ အထက်ပါပုဂ္ဂိုလ်များအနေဖြင့်အထက်အပိုဒ်(၃)တွင်တင်ပြခဲ့သောဥပဒေများအရနိုင်ငံသားအဖြစ်ကို ရရှိထားသူများ လည်း မဟုတ်ကြပါ။ ထိုပုဂ္ဂိုလ် သုံးဦး၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်နေမှုသည် အထက် အပိုဒ်(၁)တွင် တင်ပြခဲ့သော ဥပဒေများနှင့် ငြိစွန်းနေသူများသာ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ 

 

 

၁၀။ မြန်မာနိုင်ငံသားဖြစ်မှုသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဆက်စပ်နေသဖြင့် ပုဂ္ဂိုလ်တစ်ဦးဦး ၏ အကျိုးအတွက်သော် လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခု၏ အကျိုးအတွက်သော် လည်းကောင်း၊ အလွဲအသုံးပြု ခြင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အမျိုးဘာသာ၊ သာသနာနှင့်စပ်လျဉ်း၍ အလွန်အန္တရာယ်များသော ဆောင်ရွက်ချက် တရပ်ဖြစ်ပါသည်။ ယခုပင်လျှင် နိုင်ငံတော်၏ တရားဝင်ရပ်တည်ချက်ကို မျက်ကွယ်ပြုပြီး မရှိသော လူမျိုးတစ်မျိုးကို ဖန်တီးလျက် ပြည်သူ့လွှတ်တော်သို့ ပြောင်ပြောင်တင်းတင်း စိန်ခေါ်တင်ပြလာနေကြပြီ ဖြစ်ပါသည်။ 

 

 

၁၁။ ယခုအခါ မည်သည့် (လ၀က)ဌာနကမှ မိမိတို့ကိုယ်ကို ''ရိုဟင်ဂျာ''လူမျိုးဖြစ်ကြောင်း ဖော်ပြလျှောက် ထားသူကို (ယ)ဖြစ်စေ (ဧည့်)ဖြစ်စေ (နိုင်)ဖြစ်စေလျှောက်ထားသော လျှောက်လွှာတွင် (ဘင်္ဂလီ)လူမျိုးဖြစ်ကြောင်း ဖော်ပြထားသူများက မိမိတို့သည် (ဘင်္ဂလီ)လူမျိုးမဟုတ်ဘဲ (ရိုဟင်ဂျာ) လူမျိုးဖြစ်သည်ဟု တင်ပြလာခြင်းမှာ သက်ဆိုင်ရာဌာနကိုလိမ်လည်ခြင်း၊မထီမဲ့မြင်ပြုခြင်းများပြုရာရောက်နေသည့်အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၉၆ (က) (ခ)ပါနိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ရာလည်းရောက်ပါသည်။ 

 

 

ထို့ကြောင့် အထက်ပါလွှတ်တော်ကိုယ်စားလှယ်(၃)ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၉၆ (က)(၄) နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်တာဝန်များမှပြန်လည်ရုတ်သိမ်းပေးပါရန်၊ ပုဒ်မ-၃၉၆(ခ) အရပူးတွဲပါ မောင်တောမြို့နယ်မဲဆန္ဒရှင်များကလျှောက်ထားတင်ပြအပ်ပါသည်။ 

 

 

(မူရင်းရေးထိုးထားသော လက်မှတ်များကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ပေးပို့ထားပြီးဖြစ်သည်)

  

လေးစားစွာဖြင့်

 

မောင်တောမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ

(Copy)


စိတ်ရောဂါကုဆေးရုံ ပို့်ခံထားရသု ဦးအောင်မြင့်ကို ၈၈ ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံ

2012-03-19

နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ ပြည်တွင်းစစ် ရပ်စဲဖို့ ဆန္ဒဖော်ထုတ်လို့ ဖမ်းဆီးခံရပြီး ရန်ကုန် စိတ်ရောဂါကုဆေးရုံကို ပို့ဆောင်ခံထားရတဲ့ ဧရာဝတီတိုင်း ဘိုကလေးဇာတိသား ဦးအောင်မြင့်ကို ၈၈ ကျောင်းသားခေါင်းဆောင်တွေ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

Photo courtesy of ဌေးအောင် ဓာတ်ပုံနှင့် ဗီဒီယို

နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်မြင့်(အလယ်) ဖြစ်ပါသည်။

ဦးအောင်မြင့်ရဲ့အမှုကိစ္စဟာ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်ခံရတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

ဦးအောင်မြင့်ကို လက်ရှိ စိတ်ကျန်းမာရေးဆေးရုံ မှုခင်းဆောင်မှာ ထားရှိပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း၊ တာဝန်ရှိဆရာဝန်တွေက ဒီကနေ့ ဦးအောင်မြင့်ကို ဆေးစစ်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ဆရာဝန်မစုံလင်တဲ့အတွက် ဆေးစစ်မယ့် အစီအစဉ် ပျက်သွားရကြောင်း မနှင်းထက်ထက်အောင်က ပြောပါတယ်။

ဦးအောင်မြင့်ဟာ ဇန်နဝါရီ ၃ ရက်ကစပြီး အပြာရောင်ထောင်ဝတ်စုံကို ဝတ်ဆင်ကာ ဘိုကလေးမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဗဟန်းမြို့နယ် ကားမှတ်တိုင်တစ်ခုမှာ အပြာရောင်ထောင်ဝတ်စုံနဲ့ သံခြေကျင်း ၀တ်ဆင်ထားတဲ့ ဦးအောင်မြင့်နဲ့ ပင်နီအင်္ကျီနဲ့ ယောထဘီ ၀တ်ဆင်ထားတဲ့ သမီး မနှင်းထက်ထက်အောင်တို့ကို ဗဟန်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး ဦးအောင်မြင့်ကို စိတ်ကျန်းမာရေး ဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။

ဦးအောင်မြင့်ဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ၂ ကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပါတယ်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ