နေတတ်ရင် ကျေနပ်စရာ
လူတိုင်းလူတိုင်း စိတ်ဆင်းရဲခြင်း ကိုယ်ဆင်းရဲခြင်း မဖြစ်လိုကြပေး။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ
ခြင်းကို အလိုရှိမည်ဖြစ်သည်။ သို့ သော်လည်း ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းတို့ နှင့် ကြုံတွေ့ ဖူးကြရပေမည်။
ဤသို့ ဖြစ်ရခြင်းမှာ အလိုဆန္ဒမပြည့်ခြင်းကြောင့်သာ ဖြစ်ပေမည်။ အလိုဆန္ဒဟူသည် ဘယ်သောအခါမျှ
ပြည့်ရိုးထုံးစံမရှိချေ။ ပြည့်ရိုးထုံးစံမရှိသောအလိုကို ပြည့်အောင်ဖြည်နေကြသော ကျွန်ုပ်တို့ သည် မည်သို့ 
သောအခါမှ ချမ်းသာသုခ ရနိုင်ကြမည်မဟုတ်ပေ။
အလိုဆန္ဒသည် ဖြည့်၍ပြည့်မည်မဟုတ်။ ဖြတ်မှပြတ်မည်၊ ထိန်းမှ ငြိမ်းမည်ဖြစ်သည်။ မပြည့်နိုင်သော
အလိုကို ဖြည့်နေရမည့်အစား ရောင့်ရဲတင်းတိမ်ခြင်းဖြင့် ထိန်းသိမ်းမှ သာလွန်အေးချမ်းမှု ရရှိပေမညဘ်။ နေ
တတ်အောင်ပြုမှုမှ ကျေနပ်ခံစားနိုင်မည်ဖြစ်သည်။
ရောင့်ရဲခြင်းဆိုသည်မှာ " လောကသိုက်မြုံ၊ ကာမဂုဏ်၌၊ အာရုံမကြီး၊ တရားမှီး၍၊ ကံပေးသမျှ ၊ ရ
တတ်သရွေ့၊ သူတော်လေ့ဖြင့်၊ ချမ်းမြေ့စံပယ်၊ ရောင်ရဲလွယ်ခြင်း " ဟူ၍ လယ်တီဆရာတော်ကြီး ဖွင့်ဆို
သည့်အတိုင်း မိမိဆောင်ရွက်ခဲ့သော အလုပ်မှ တရားသဖြင့်ရရှိလာသော အကျိုးစီးပွားဖြင့် ကျေနပ်နှစ်သိမ့်
နိုင်ခြင်းကို ဆိုပေသည်။ ရောင့်ရဲတတ်ရမည်ဆို၍ အလုပ်ကိုလျော့၍ လုပ်ကိုင်ရမည်မဟုတ်ပဲ ဥစ္စာပစ္စည်းကို
သာ ရောင့်ရဲရမည်ဖြစ်သည်။ အလုပ်လုပ်ရာတွင် ရောင့်ရမည်ကိုမဟုတ်ဘဲ ကြိုးကြိုးစားစား လုပ်ကိုင်ဆောင်
ရွက်ရမည်သာ ဖြစ်သည်။
မိမိအပင်တစ်ပင်စိုက်သည့်အခါ ယင်းအပင်မှ အသီးနည်းနည်းပဲ သီးလျှင် ကျေနပ်ရမည်ဖြစ်ပြီး မကျေ
မနပ်ဖြစ်နေရုံမျှဖြင့် အသီးများတိုးပွားလာမည်မဟုတ်၊ မကျေနပ်မှု မရောင့်ရဲမှုကြောင့် မိမိသာလျှင် စိတ်ဆင်းရဲ
ကိုယ်ဆင်းရဲဖြစ်ရပေမည်။ ထို့ ကြောင့် သီးလာသမျှနှင့် ရောင့်ရဲ၍ ဆက်လက်ကြိုးစားရမည်ဖြစ်သည်။ ဤသို့ 
နေတတ်လျှင်လည်း ကျေနပ်စရာပင်ဖြစ်သည်။ သီးလာသမျှနှင့် ရောင့်ရဲသင့်သည်ဆိုသဖြင့် အပင်ကိုနောက်
ထပ် ရေမလောင်းရ၊ မြေတောင်မမြှောက်ရဟု မဆိုလိုပေ၊ ရေလောင်ခြင်း၊ မြေတောင်မြှောက်ပေးခြင်း အလုပ်ကို
ဆက်လက်လုပ်ဆောင်ရပေမည်။
ကျွန်ုပ်တို့ သည် မိမိစားဝတ်နေရေးအတွက် အမြဲတစေ ရှာဖွေလျှက်သာနေကြရသည်။ မရှာဖွေ၍မဖြစ်
ချေ။ ယင်းသို့ လုပ်ကိုင်ဆောင်ရွက်ရာတွင် ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ကိုင်ရမည်။ ထိုက်သင့်သောအကျိုး
အမြတ်ကိုသာရယူပြီး ထိုက်တန်သမျှနှင့်သာ ရောင့်ရဲတင်းတိမ်မှုရှိရမည်။ မတော်လောဘ မလိုချင်ရပေ။ တစ်ဖက်
သာအခက်အခဲကို အခွင့်ကောင်းယူ၍ အမြတ်ကြီးစား အတိုးကြီး မယူသင့်ပေ။ ရောင်းချသော ကုန်ပစ္စည်းများ
သည် မည်မျှပင်ရှားနေသော်လည်း ရောင်းနေကြဖြစ်သောအကျိုးအမြတ်ဖြင့်သာ ရောင့်ရဲတင်းတိမ်နိုင်ရပေမည်။
ဤတွင် ရွဲကုန်သည် ဇာတ်တော်သည် အတုယူဖွယ် မှတ်သားဖွယ်ကောင်းလှပေသည်။ အလိုဆန္ဒ
လောဘကြီးသော ရွဲကုန်သည်က အသပြာတစ်သိန်းတန်သော ရွှေခွက်မှန်းသိပါလျှက် ဟန်လုပ်၍ ပစ်ချကာ
နောက်တစ်ပတ်လှည့်ပြန်ပြီး အလကားယူမည်ဟူသော စိတ်ကူးဖြင့် ထွက်သွားသည်။ နောက်ရွဲကုန်သည်တစ်
ဦးက ထိုရွှေခွက်နှင့်ညီမျှသော ကုန်ပစ္စည်းမပါသော်လည်း ရှိသမျှ အသြာတစ်ထောင်ဖိုးနှင့်ပင် ရရှိသွားသည်။
ထို့ ကြောင့် အခွင့်အရေးကို ရသ၍ မယူရ၊ ထိုက်တန်သလောက်နှင့်သာ ရောင့်ရဲတင်းတိမ်ရပေမည်။
ရှာဖွေရာ၌ ရသမျှနှင့် ရောင့်ရဲတင်းတိမ်မှုရှိရမည်ဖြစ်သကဲ့သို့  အသုံးပြုရာတွင်လည်းကောင်း၊ စား
သောက်ရာတွင်လည်းကောင်း ရှိတာလေးနှင့် ရောင့်ရတင်းတိမ်ရပေမည်။ မြတ်စွာဘုရားရှင်က သန္တုဋ္ဌီမင်္ဂလာ
ရောင့်ရဲတင်းတိမ်ခြင်းသည် မင်္ဂလာရှိသည်ဟု ဟောကြားတော်မူခဲ့သည်။ ကျွန်ုပ်တို့စားဝတ်နေရေးအတွက် နေ
ထိုင်ပြုမူဆောင်ရွက်ရာတွင် ရောင့်ရဲတင်းတိမ်နိုင်မှသာလျှင် သုခချမ်းသာခံစား ရပေမည်။ သို့ ဖြစ်၍ အရာခပ်
သိမ်း ရောင့်ရဲတင်းတိမ်စွာ နေတတ်ခြင်းဖြင့် နေတတ်ရင် ကျေနပ်စရာဟု ရှုမြင်မိပါသည်။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ