[mrsorcerer:22031] လုံခြုံရေးအကြောင်းပြ၍ ရွေးကောက်ပွဲရက်ရွေ့ခြင်းမှာ ၄င်းတို့ကိုမီးမောင်းထိုးပြခြင်းသာဖြစ်သည်ဟု KIO ပြော

ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများရပ်ဆိုင်းလိုက်ခြင်းအပေါ် ကေအိုင်အိုမေးခွန်းထုတ် မတ် ၂၄၊ ၂၀၁၂ (YPI)


ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်သုံးခုအတွင်း ငြိမ်းငြိမ်းချမ်းချမ်းရှိနေသော်လည်း အကန့်အသတ်မရှိယာယီရပ်ဆိုင်းလိုက်ခြင်းအပေါ် ကေအိုင်အိုက မေးခွန်းထုတ်စရာဖြစ်လာသည်ဟု ကေအိုင်အိုပြောရေးဆိုခွင့်ရှိသူ ဦးလနန်းက ပြောသည်။

"လုံခြုံရေးအရ ဆိုတာ ဘယ်သူကိုပြောချင်တာလဲ ဆိုတာ မေးခွန်ထုတ်စရာဖြစ်တယ်။ ကေအိုင်အိုကို အဖျက်သမားဆိုပြီး မီးမောင်ထိုးပြချင်တာလားဆိုတာ စဉ်စားစရာဖြစ်လာပြီ " ဟု ဦးလနန်းက YPI သို့ပြောသည်။

ရွေးကောက်ပွဲတရားမျှတမှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ  ကေအိုင်အို အနေဖြင့် အနှောက်အယှက်ပေးမည် မဟုတ် ကြောင်းနှင့် ၂၀၁၀ ရွေကောက်ပွဲ အချိန်ကလည်း အနှောက်အယှက်ပေးခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း ကေအိုင်အိုက ပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်း ယခုလ ၁၀ ရက်နောက်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်မှ ကေအိုင်အိုကိုထိုးစစ်ဆင်မှုများရှိနေသော်လည်း ယခုရပ်ဆိုင်းလိုက်သော မဲဆန္ဒနယ်များအတွင်း တိုက်ပွဲ များ ဖြစ်ပွားမူ မရှိသေးကြောင့် ဦးလနန်းက ထပ်မံပြောဆိုသည်။

ဖားကန့်မြို့နယ် NLDပါတီ အောင်နိုင်ရေးအဖွဲဝင် တစ်ဦးက "လုံခြုံရေးဆိုတာ ဘာကိုပြောလဲမသိဘူး ဒီမှာက ထူးထူးခြာခြားဘာမဖြစ်ပါဘူး အာလုံးငြိမ်းချမ်းနေပါတယ်။ ကုမ္ပဏီတွေလည်း ပုံမုန် အလုပ်လုပ်နေတာပဲ" ဟု YPI သို့ပြောသည်။

"မနေ့ကမှ ဖားကန့်မြို့နယ်မှာ ရုံဖွင့်ပွဲတွေလုပ်ခဲ့ပြီး အားကြိုးမာန်တက်ပြန်လာကြတာ။ ဒီသတင်းလည်းကြာလိုက်ရော ၀မ်းနည်တာပေါ့ဗျာ" ဟု ၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ်ရှိ ဖားကန့်၊ မိုးကောင်း နှင့်ဗန်းမော်မြို့နယ်များတွင် လုံခြုံရေးအရ ရွေးကောက်ပွဲမဲဆန္ဒနယ်များကို အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းလိုက်သည်ဟု ယမန်နေ့ညနေ ၆ နာရီတွင် နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားသတင်းအစီအစဉ်က ထုတ်လွှင့်ကြေငြာခဲ့သည်။

မြန်မာအစိုးရဘက်မှပြောနေသည့် ငြိမ်းချမ်းရေးဆိုသည်မှာ အလားအလာကောင်းဖြစ်လာနိုင်ဖွယ်မရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က လုံခြုံရေးအကြောင်းပြချက်ဖြင့် မဲဆန္ဒနယ်များကို အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ခြင်းအပေါ် ကေအိုင်အိုကသုံးသပ်ပြောဆိုသည်။                ။

လုံခြုံရေးအကြောင်းပြ၍ ရွေးကောက်ပွဲရက်ရွေ့ခြင်းမှာ ၄င်းတို့ကိုမီးမောင်းထိုးပြခြင်းသာဖြစ်သည်ဟု KIO ပြော


Messenger News Journal ,24 March 2012 ---- ကချင်ပြည်နယ်၌ လုံခြုံရေးအကြောင်းပြ၍ ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းလိုက်ခြင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)က လက်နက်ကိုင်ကာစစ်ရေးလှုပ်ရှားနေသည်ဟု နိုင်ငံတကာသို့မီးမောင်းထိုးပြလိုက်ခြင်းသာဖြစ်ပြီး တကယ်တမ်း ရွေးကောက်ပွဲကျင်းပမည့်နယ်မြေမှာလုံခြုံမှုရှိနေကြောင်း KIO မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်ကပြောသည်။

ဧပြီလ ၁ရက်တွင် ကချင်ပြည်နယ်၌ ကျင်းပမည့်ကြား ဖြတ်ရွေးကောက်ပွဲများအား နယ်မြေလုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း မတ်လ ၂၃ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် KIO က ယင်းကဲ့သို့ တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။

ဦးလနန်က " အခု မြန်မာနိုင်ငံမှာ တိုက်ပွဲတွေပြင်းထန်နေတာ ကချင်ပြည်နယ်တစ်ခုပဲရှိတယ်။ အဲဒီကိစ္စအပေါ် ထဲထဲဝင်ဝင်မသိတဲ့သူက ကချင်ပြည်နယ်မှာ KIO က လက်နက်ကိုင်သောင်းကျန်းနေတဲ့အတွက် ရွေးကောက်ပွဲတောင်မလုပ်နိုင်ဘူးဆိုတဲ့ဟာကို နိုင်ငံတကာကို မီးမောင်းထိုးပြချင်တဲ့ကိစ္စဖြစ်ပါလိမ့်မယ်" ဟု ပြောသည်။

ယခုကဲ့သို့ ရွေးကောက်ပွဲကိုရွေ့ဆိုင်းလိုက်ခြင်းသည် မဲပေးလိုသူပြည်သူများ၏ လူ့အခွင့်အရေးကို ဥပဒေဘောင်အတွင်းမှ ချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟုလည်း ၄င်းကပြောသည်။

ရွေးကောက်ပွဲကျင်းပမည့် ဗန်းမော်၊ မိုးကောင်းနှင့် ဖားကန့်မြို့နယ်များတွင် မည်သည့်တိုက်ပွဲမှမရှိဘဲ တည်ငြိမ်အေးချမ်းမှုရှိနေကြောင်းနှင့်KIOအနေဖြင့်ရွေးကောက်ပွဲကိုအနှောင့်အယှက်ပေးမည်မဟုတ်သည့် အပြင် အနှောင့်အယှက်မပေးရန်လည်း ရှေ့တန်းတပ်စခန်းများအထိ ကြိုတင် ညွှန်ကြားထားပြီးဖြစ်ကြောင်းဦးလနန်ကပြောသည်။

၎င်းက " မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို လုပ်ရမယ်၊ တရားမျှတရမယ၊်ပွင့်လင်းရမယ်ဆိုတာ ကျွန်တော်တို့ KIO က ၂၀၁၀ ရွေးကောက်ပွဲမှာလည်း အစိုးရကိုတိုက်တွန်းတာမျိုး၊ အကြံဥာဏ်ပေးတာမျိုးလုပ်ခဲ့တယ်။ ဆိုလိုတာက ရွေးကောက်ပွဲဟာ လုပ်သင့်တဲ့ကိစ္စတစ်ခုဖြစ်တယ်။ အဲဒီရွေးကောက်ပွဲကို ကျွန်တော်တို့က ဘယ်လိုမှအနှောင့်အယှက်ပေးမှာမဟုတ်ဘူး" ဟု ပြောသည်။

သို့သော် ယခုကဲ့သို့ ကချင်ပြည်နယ်တွင်ကျင်းပမည့် ရွေးကောက်ပွဲများကိုရွေ့ဆိုင်းလိုက်ခြင်းကြောင့် အစိုးရနှင့် KIO တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုလမ်းကြောင်းတွင် အနှောင့် အယှက်ဖြစ်မည်မဟုတ်ကြောင်း ၄င်းကဆိုသည်။

KIO နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ၁၉၉၄ ခုနှစ်ကတည်းကရေးထိုးခဲ့သော်လည်း ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၂ ရက်မှစ၍ အပြန်အလှန်ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ ရွေးကောက်ပွဲများအားရွှေ့ဆိုင်းလိုက်ခြင်းကြောင့် စုစုပေါင်း ၄၅ နေရာသာ ယှဉ်ပြိုင်ကြရတော့မည်ဖြစ်သည်။


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ