အဖေအရွယ်ကိုတော့ ခွေး၊ ငါး၊ ဝက်၊ ဖား ဆိုပြီး ပြောနေလိုက်ကြတာ စုံလို့ပါလား
ဂရုမှာ ခိုင်းထားတဲ့ မော်ဒရိတ်တာလေးတွေကလည်း မပြောကြဘူးနော်
အဲလိုရတယ်ပေါ့
အဟက်
On Thu, Mar 22, 2012 at 1:36 PM, edg gar <mr.edgarwin@gmail.com> wrote:
အဲဒီခွေးမင်းဆွေကို ရုပ်မြင်ဘူးကျပါသလား? တောက်......စိတ်ဓာတ်ကိုမကြည့်နဲ့အုံး။ ရုပ်ကိုကအော့နှလုံးနာစရာ....2012/3/21 MIN MIN CHIT <min2chit@gmail.com>
ကျေနပ်ပါတယ်....လှိုက်လှိုက်လှဲလှဲကျေနပ်ပါတယ်.....Bravo...Bravo..............အဲဒီဖားကို....နုပ်နုပ်စင်းပြီး ဖားစင်းကော လုပ်ပစ်ရမယ်......2012/3/20 လင်းဇော်ထက် <linnzawhtike@gmail.com>
အဲ့မှာမိနေပီ စိတ်အေးကျတော
2012/3/20 ko htay <htayko13@gmail.com>
ကောင်းလိုက်တာဗျာ....ကိုယ့်ကိုယ်ကို ဖားမှန်းမသိ ငါးမှန်းမသိ ငါးပိကောင်မှန်းမသိတဲ့ကောင်
အဲဒီလိုပြောပြမှကောင်းတယ်
2012/3/17 ဝေလင်းအောင် <wailinaung.mandalay@gmail.com>
ကို ငါးမင်းဆွေက
နိုင်ငံပိုင်သတင်းစာတွေမှာ .... ဆောင်ပါးတွေရေးနေကတည်းက မဟုတ်တာ။
တိုင်းပြည်ကောင်းစားအောင်၊လူမျိုးကောင်းစားအောင် တော့ အားမထုပ်ပဲ။ သူများကို အပုတ်ချဖို့  အားထုပ်နေတယ်။ ကိုယ့်အလုပ်ကိုမလုပ်တဲ့ .... ပြုတ်မနူုး ကြီး။
အလကားလူး..... ခွေးလေးခုန်လို့ ဖုံမထဘူးဆိုတာ တောင် နားမလည်တဲ့ သူ။2012/3/16 Ruby Mirror <ruby.mirror786@gmail.com>
အရမ်းအရမ်းကို ကောင်းပါတယ် ဗဟုသုတလည်းရပါတယ် ကျေးဇူးအများကြီးတင်ပါတယ်2012/3/16 kon zaw <konzawoo@gmail.com>
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။သူငယ်ချင်းများလေ့လာရန်။င်ပါ ၊ ၂၀.၈.၈၈ နေ့ ဘိုကလေးမြို့နယ်မှာ သပိတ်မှောက်ရေး တရားဟောလို့ အဖမ်းခံရတဲ့ သပိတ်ခေါင်းဆောင်ပါ ၊ မြို့လည်ကချိုကြည်တန်ဆောင်းသပိတ်စခန်းမှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူ ငယ်ဆရာတွေရဲ့ လမ်းညွှန်မှု တွေအောက်မှာ စစ်တပ်ကအာဏာသိမ်းချိန်အထိ မဆလအစိုးရကို ဆန့်ကျင်ခဲ့တဲ့ သပိတ်ခေါင်းဆောင် တစ်ယောက်ပါ ၊ လက်ရှိမှာလည်း အဖြူရောင်နှလုံးသားပရဟိတအသင်း ၊ သွေးလှုရှင်အသင်း ကျန်းမာရေး စောင့်ရှောက်မှု အသင်းတွေရဲ့ အကျိုးဆောင်ပါ ၊ ပညာဒါန ကွန်ယက် တွေမှာစာသင်ပေးနေတဲ့အပြင် ကိုယ်ပိုင် သင်တန်းမှာလည်း မိဘက နွမ်းပါးလို့ အထောက်အပံ့မပေးနိုင်တဲ့ကလေး တွေကို ပညာရေးထောက်ပံ့ သင်ကြားပေးနေတဲ့ ကျုရှင်ဆရာ တစ်ယောက်ပါ။ ဘာသာရေး အသင်း အဖွဲ့တာဝန်များကိုလည်း ကျရာနေရာ ကထမ်းဆောင်နေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်လို့ ပြောပါရစေ။
ငါးမင်းဆွေသို့တုံ့ပြန်ပေးစာ
မရမ်းကုန်းမြို့နယ် က ပါတီတစ်ခုကနေ ပြည်သူတွေကို ဝေတဲ့ စာတမ်းတစ်စောင်အကြောင်းပါ ၊ ရေးသူ" ငါးမင်းဆွေ"ဖြစ်ပါတယ် အဲဒါကိုပြန်လည်ဆွေးနွေးတာပါ။
ကိုငါးမင်းဆွေ ကျွန်တော်က ထင်လင်းဦးပါ မည်သည့်ပါတီဝင်မှမဟုတ်ပါဆိုတဲ့ (သမာသမတ်ကျတယ်လို့ လူတွေထင်အောင်ပြောတဲ့) လူတစ်ယောက်မဟုတ်ပါဘူး ၁၉၈၉ ခုနှစ်ကတည်းက NLD ပါတီဝကျွန်တော်တို့နိုင်ငံမှာ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်ခဲ့တယ် ၊ မလုပ်ခင်မှာ န၀တခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က အနိုင်ရတဲ့ပါတီက အစိုးရဖွဲ့ကြပါ ၊ ကျုပ်တို့တပ်မတော်သားတွေ က စစ်တန်းလျားကိုပြန်မှာပါ လို့ပြောခဲ့တယ် ၊ အတွင်းရေးမှုး(၁) ဗိုလ်ချုပ်ခင်ညွန့်လည်းပြောခဲ့တယ် ၊ အဲဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ NLD ပါတီကိုယ်စားလှယ်တွေ ၈၀% ကျော် အနိုင်ရခဲ့တယ် ။ န၀တအစိုးရက လွှတ်တော်ခေါ်မပေးခဲ့ဘူး ၊ အာဏာလွှဲပြောင်းမပေးခဲ့ဘူး ၊ အခြေခံဥပဒေ ဟောင်းတွေက ပျက်ပြယ်ပြီးဖြစ်လို့ ဥပဒေသစ်ရေးဆွဲရမယ်ဆိုပြီး ပလောင်းပလဲလုပ်ခဲ့တယ် ၊ အချိန်ဆွဲခဲ့တယ် ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ထောင်ထဲထည့် မခံနိုင်လို့နှုတ်ထွက်ပါတော့မယ်ဆိုတော့မှပြန် လွှတ်တာတွေ လုပ်ခဲ့တယ် ၊ အနိုင်ရ ပါတီကိုယ်စားလှယ်တွေမပါဝင်တဲ့ ဥပဒေပြုရေး အဖွဲ့နဲ့ ၂၀၀၈ ဥပဒေကို ရေးဆွဲ အတည်ပြုခဲ့တယ် ၊ ဒီမိုကရေစီနည်းအရ ပြည်သူကတင်မြှောက်တဲ့ ကိုယ်စားလှယ်တွေနဲ့ အဲဒီပါတီရဲ့ ခေါင်းဆောင် ကို မတရားဖိနှိပ်ပြီးပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုခဲ့တာဘယ်သူတွေလည်း ၊ အဲဒီအတွက် စစ်အစိုးရကို နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုတွေလုပ်ကြတယ် ၊ အဲဒါ ဒေါ်အောင်ဆန်းစုကြည်ကြောင့်လား န၀တစစ်အစိုးရကြောင့်လား ၊ ကုလသမဂ္ဂမှာ ဗီိတိုအာဏာသုံးခွင့်ရတဲ့ တရုတ်နိုင်ငံရဲ့ ကျောထောက်နောက်ခံ ကိုယူ တိုင်းပြည်သယံဇာတတွေကို တရုတ်ကို အလကားနီးပါး ထိုးပေးပြီး အာဏာခိုင်မြဲဖို့လုပ်ခဲ့တာ အဲဒီအာဏာတွေနဲ့ပြည်သူတွေကိုဖိနှိပ်ခဲ့တာ ၊ ဥပဒေကို နှစ်(၂၀)နီးပါးအချိန်ယူရေးဆွဲနေတယ်ဆိုတဲ့ အချိန် ကာလမှာ နိုင်ငံသယံဇာတ တွေကို ရောင်းစားပြီး ချမ်းသာကြွယ်ဝသွားကြတာဘယ်သူတွေလည်းဗျာ ။
(၁) ကိုငါးမင်းဆွေက စာမျက်နှာ(၁)မှာလွှတ်တော်ကိုယ်စားလှယ်နှင့် စာပေမီဒီယာသမားတို့သည် အခွင့်ထူးခံ လူတန်းစားများမဖြစ်သင့် ဟူသောယုံကြည်ချက်ကြောင့် "အသိပညာရှင် ၊ အတတ်ပညာရှင်နှင့် လွှတ်တော် ကိုယ်စားလှယ်များ မြန်မာမီနီကားကိုဝယ်ယူခွင့်မရယူသင့်ကြ" ဟုဆောင်းပါးရေးခဲ့ကြောင်း မြန်မာမီနီကား ကို ထုတ်ယူလိုခြင်းမရှိသောခင်ဗျား၏စိတ်ဓါတ်ကိုကိုယ်ရည်သွေး ဖော်ပြခဲ့ပါတယ် ကျွန်တော့်အိမ်ကို ဘယ်မိတ်ဆွေ ကမှ မြန်မာမီနီကားထုတ်ခွင့်ကိစ္စလာမပြောခဲ့ဘူးဗျ ၊ ခင်ဗျားက မြန်မာ မီနီကားထုတ်ခွင့်ရမယ် လို့ လာပြောသူရှိတယ်ဆိုတော့ ခင်ဗျားမှာ အဲဒီအခွင့်အရေးမျိုးရပေါက်ရ လမ်းရှိနေတယ် လို့ ကျွန်တော်ယူဆ လို့ရပါတယ် ၊ ဒါလည်းဖြစ်သင့်ပါတယ် ၊ ခင်ဗျားက စစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး သတင်းစာ ကြီးတွေမှာ ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်း ၊ ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ ယုံကြည်ချက်အတွက် အကျဉ်းကျသူ တွေကို ပုတ်ခတ်တဲ့ ဆောင်းပါးတွေ အရေးကောင်းပေတာကိုး ၊ စာပေမီဒီယာ သမားလို့ခံယူဖို့အတွက် ဘယ်လို သုတရသ စာပေတွေကို ခင်ဗျားရေးခဲ့ပါသလဲ ၊ ဒီမိုကရေစီအကြောင်း မကောင်းရေးရင် ၊ ၈၈ အရေးအခင်းကို ပုတ်ခတ်တဲ့ အရေးအသားရေးရင် စိစစ်ရေးတင်စရာမလိုတဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ အပုပ်ချဆောင်းပါးတွေရေးတာနဲ့ ကိုယ့်ကိုကိုယ် စာပေမီဒီယာသမားလို့ တံဆိပ်တပ်တာ ကတော့ ဆရာကြီးမင်းသုဝဏ် ဆရာတင်မိုး လူထုဦးစိန်ဝင်းတို့ စတဲ့ စတဲ့ ပုဂ္ဂိုလ်မျိုးတွေကိုအားနာပါ ဗျာ ။
(၂) စာမျက်နှာ(၂)မှာ တပ်မတော်သားကိုယ်စားလှယ်များ မြန်မာမီနီကားကိုဝယ်ယူခွင့်မရယူကြ ဟူသော သတင်းသာ မှန်ပါလျှင် တပ်မတော်၏ ပြုပြင်ပြောင်းလဲလာမှုကို ၀မ်းမြောက်ဝမ်းသာကြိုဆိုရပါလိမ့်မည် ဟု ဖားလုံးလွှင့်ခဲ့တာကတော့ ခင်ဗျားကိုချီးကျူးရမှာဘဲ ၊ ကျွန်တော်က အရင်က တပ်မတော်အရာရှိတွေဟာ ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အတွက် အနစ်နာခံလုပ်နေတယ်ထင်တာ ၊ အခုမှ ခင်ဗျားစကားအရ အရင်က တပ်မတော်အရာရှိတွေဟာ ဒီလိုအခွင့်အရေးမျိုးတွေကို ယူခဲ့တယ်ဆိုတဲ့ သဘောပေါ့နော် ။ သူတို့ဟာ ပြည်သူတွေမခံစားရတဲ့ တိုင်းပြည်ရဲ့ အခွင့်ထူးတွေကို ခံစားခဲ့ကြ ရယူခဲ့ကြတယ်ပေါ့ ခင်ဗျားရေးတာမှန်ရင်တော့ အရင်က တပ်မတော်သားတွေဟာ အခွင့်အရေးသမားတွေလို့ ပြောရမှာပေါ့ အခုတော့ ပြောင်းလဲသွားပြီလား အဲဒါဆိုရင်တော့ ခင်ဗျားပြောသလိုဘဲ သူတို့ပြောင်းလဲလာမှုကို ကျွန်တော် လည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်ဗျာ ။
(၃) စာမျက်နှာ(၄)မှာ အမေရိကန်နှင့် အနောက်အုပ်စုတို့က စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ထားခြင်းကြောင့် ဆားကုန်ကြမ်း သုံးစွဲသည့် စက်မှုလုပ်ငန်းများ မထွန်းကားခဲ့ပါ ဟု အစချီကာ မြန်မာနိုင်ငံထွက် ငါးများကို အမေရိကန်နှင့် အနောက်အုပ်စုတို့က ၀ယ်ယူခြင်းမပြုကြသောကြောင့် လက်ရှိငါးမွေးကန်များပင် လုပ်ငန်းများ ရပ်ဆိုင်းလျော့ချနေရ .. ဟုရေးသားပြီး ထိုသို့စီးပွားရေးပိတ်ဆို့ရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တောင်းဆိုခဲ့ပါသည် ဟု စွဲချက်တင်လိုက်တာကို အကျယ်တ၀င့် ဆွေးနွေးကြရအောင်ဗျာခင်ဗျားစကားနဲ့ခင်ဗျားကိုပြန်ပြောလိုက်ပါဦးမယ် " ထိုသို့မဟုတ်ဘဲဒေါ်အောင်ဆန်းစုကြည်အနေနဖြင့် စီးပွား ပိတ်ဆို့ဒဏ်ခတ်ခြင်းနှင့်ပတ်သက်၍ ဟိုလိုလိုဒီလိုလိုလုပ်နေပါလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မဲပေးရန် လုံးဝထည့်သွင်းစဉ်းစားမည်မဟုတ်ပါ ဤသည်မှာ ကျွန်တော် ငါးမင်းဆွေ ၏ သဘောထားဖြစ်ပါသည်။"တဲ့ ခင်ဗျားကရော ပြန်ပေးဆွဲတာလား ခင်ဗျားမဲထည့်ပေးဖို့ ခင်ဗျားတောင်းဆိုမှုကို ဒေါ်အောင်ဆန်းစုကြည်က အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကျင်းပ သတင်းဂျာနယ်တွေခေါ် ပြီး ခင်ဗျားပြောခိုင်းတာကို ပြောရမယ်ပေါ့ ကျလည်းကျပါ့ဗျာ။ မဆိုးပါဘူး ခင်ဗျားက ကမ္ဘာကျော်ပုဂ္ဂိုလ်ကို ရန်ဖြစ်ပြီး သတင်းစာထဲနာမည်ပါချင်တဲ့လူစားမျိုးဘဲ ။ ဒါလည်းရောဂါတစ်မျိုးဘဲဗျာ ။
မြန်မာနိုင်ငံမှာ နိုင်ငံခြားကလာရောက်ရင်းနှီးမြုပ်နှံတဲ့လုပ်ငန်းတွေရှိပါတယ် ၊ အဲဒီလုပ်ငန်းတွေဘာကြောင့် ပြန်ထွက် သွားတာလည်း ၊ စက်မှုလုပ်ငန်းထွန်းကားဖို့အဓိကလိုအပ်ချက်က လျပ်စစ်ဓါတ်အားလေဗျာ ၊ နိုင်ငံမှာ လျပ်စစ်ဓါတ်အား အလုံအလောက်မပေးနိုင်ဘူး ၊ နိုင်ငံတကာနဲ့ ငွေလဲလှယ်မှု တရားဝင်ဈေးကွက် မရှိဘူး ၊ ကမ္ဘာကအသိအမှတ်ပြုတဲ့အစိုးရအဖွဲ့ မရှိဘူး ကုမ္ပဏီတွေ ရင်းနှီးမြုပ်နှံ မှုတွေနဲ့ ပတ်သက်တဲ့ တိကျတဲ့ အက်ဥပဒေ နည်းဥပဒေဘာမှ မရှိဘူး အဲဒီအဓိကအချက်တွေကို ဖုံးဖိပြီး ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဆိုပြီး လက်ညှိုးထိုးတဲ့ ခင်ဗျားရဲ့ အမြင် ကတော့ အတော့်ကို ထူးချွန်ထက်မြက်ပေတာပဲဗျာ။
နိုင်ငံတစ်ခုမှာ စစ်အစိုးရ နှစ်ပေါင်း(၂၀)ကျော် အုပ်ချုပ်ရေးအာဏာရယူထားတဲ့တိုင်းပြည် ဘယ်မှာရှိသလဲ ၊ ကျွန်တော်တို့နိုင်ငံသားတွေမှာ ဆယ်စုနှစ်(၂)ခုကျော် သံဖနောင့်အောက်မှာ နေခဲ့ရတယ် ၊ ကျားလည်း ကြောက်ရ ကျားချေးလည်းကြောက်ရတဲ့ဘ၀နဲ့နေခဲ့ရတယ် ၊ အဲဒီလိုနိုင်ငံမှာ ပြည်သူကရွေးကောက် တင်မြှောက် လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို အာဏာလွှဲပြောင်းမပေးဘဲ မတရားအုပ်ချုပ်နေခဲ့တဲ့ အစိုးရကို နိုင်ငံတကာက စီးပွားရေးပိတ်ဆို့တယ်ဆိုတာ ပြည်သူတွေဘက်ကရပ်တာဖြစ်ပြီး ၊ အဲဒီလိုအစိုးရနဲ့ ဆက်ဆံနေတာဟာ ပြည်သူတွေကို ဖိနှိပ်နိုင်အောင် အားဖြည့်ပေးတာဆိုတာကို ပညာတတ်တဲ့လူတိုင်း သိကြပါ တယ်။ အထက်မှာရေးခဲ့သလို တရုတ်နဲ့ အချို့သောအာဆီယံနိုင်ငံတွေကသာ စစ်အစိုးရကိုကျောထောက် နောက်ခံပေးမနေဘူးဆိုရင် ပြည်သူတွေဒီလောက်ကြာအောင်ဖိနှိပ်ချုပ်ချယ်မှု ဆင်းရဲဒုက္ခခံရစရာ အကြောင်းမရှိ ဘူးလေဗျာ။ အကယ်၍သာ နိုင်ငံတကာက ယခုလိုမဆောင်ရွက်ကြရင် ခင်ဗျားတို့က ဒေါ်အောင်ဆန်းစုကြည် နဲ့ ယုံကြည်ချက်ကြောင့်အကျဉ်းကျသူတွေကို ပြန်လွှတ်ပေးမှာလား ၊ အမေရိကန်နဲ့ ဥရောပက စီးပွားရေးပိတ် ဆို့တာထက် အာဆီယံနိုင်ငံတွေက ပါ မထောက်ခံတော့မှာကို စိုးရိမ်လို့ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းကျသူ တွေကို ပြန်လွှတ်ပေးခဲ့တာမဟုတ်လား ။ ညောင်မြစ်တူးရင်း ပုတ်သင်ဥတွေပေါ်တော့မှာဘဲဗျာ။
ကျွန်တော်တို့နိုင်ငံသယံဇာတဟာ ကမ္ဘာမှာ အလည်အလတ်တန်းလောက်မှာ ရပ်တည်နိုင်အောင်ပြည့်စုံကြွယ်ဝ ပါတယ်။ မြန်မာအပါအ၀င်တိုင်းရင်းသားတွေဟာ သင်လွယ်တတ်လွယ်ကြပါတယ်။ လူစွမ်းအားအရင်းအမြစ် လည်းကြွယ်ဝတယ်ပေါ့ဗျာ။ ပြည်သူတွေတင်မြှောက်တဲ့ အစိုးရပေါ်ထွန်းပြီးရင် ကျွန်တော်တို့နိုင်ငံဟာ တိုးတက် မှု လမ်းကြောင်းမှန်ကိုပြန်ရောက်မှာပါ ၊ ခင်ဗျားခယနေခဲ့တဲ့ အစိုးရလက်ထက်မှာ နိမ့်ကျခဲ့တဲ့ ပညာရေးစနစ်ကို ပြန်မြှင့်တင်ရမယ် ၊ တိုင်းပြည်မှာ နှစ်(၂၀)အတွင်းမွေးထုတ်ပေးခဲ့တဲ့ ဘွဲ့ရပညာမတတ်တွေ အစား တကယ့်ကို ပညာတတ်တွေပေါ်ထွန်းလာအောင်လုပ်မယ်။ သူတို့တွေနဲ့ နိုင်ငံတော်တိုးတက်ရေးကိုဖော်ဆောင်သွားမယ်။ ကိုယ့်ထမင်းကိုယ် အေးချမ်းစွာရှာစားနိုင်မဲ့ခေတ်ရောက်လာတော့မှာ မကြာပါဘူး။ အဲဒီခေတ်မှာ ခင်ဗျားတို့လို အစိုးရကိုဘုန်းတော်ဘွဲ့တွေရေး အတိုက်အခံကို ပုတ်ခတ်စော်ကားတဲ့ စာတွေရေးပြီးတော့ စာပေမီဒီယာသမား အမည်ခံတဲ့ အခွင့်အရေးသမားတွေတော့ နေရာရှိတော့မှာမဟုတ်ဘူး ။
(၅) မြန်မာနိုင်ငံအားစီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းကို လူ့အခွင့်အရေး ၊ ဒီမိုကရေစီရေးတို့နှင့် အလဲအလှယ် ပြုခြင်းသည် မြန်မာနိုင်ငံတော်နှင့် မြန်မာနိုင်ငံသားတို့အား ပြန်ပေးဆွဲခြင်းနှင့်တူနေပါသည်။ ဟုသုံးသပ် တင်ပြထားတာလေးကိုဖတ်ရတော့ ကျွန်တော်မရယ်မိအောင်မနည်းထိမ်းထားရပါတယ် ။ မကောင်းဘူးလေ ခင်ဗျားရေးထားတာက နိုင်ငံရေး ၊ နိုင်ငံသားတိုင်း၏ တာဝန်လို့ ခေါင်းစဉ်တပ်ထားတော့ ကျွန်တော်ရယ်မိရင် နိုင်ငံသားတစ်ယောက်မပီသရာရောက်မှာစိုးလို့ပါ။ အဲ တစ်ခုတော့ပြောချင်တာပေါ့ ခင်ဗျားနာမည်တပ်တာ လွဲသွားသလားလို့ ၊ အမှန်က (က)ကျွန်တော်တို့ပြည်သူတွေရဲ့လွတ်လပ်ခွင့် (ခ) လူ့အခွင့်အရေး (ဂ)ပြည်သူ့အာဏာ အဲဒါတွေအားလုံးက ခင်ဗျားတို့အစိုးရအပိုင်စီးတာခံခဲ့ရတာလေ ၊ ကျွန်တော်တို့ကို ကျွန်တော်တို့ကိုယ်စား ကျွန်တော်တို့ အကျိုးစီးပွားကို စောင့်ရှောက်ကာကွယ်ဖို့ ပြည်သူ့ကိုယ်စားလှယ် တွေကိုတိုင်းပြည်ကိုစီမံအုပ်ချုပ်ခွင့်ပေးလိုက်တာလေ ၊ စစ်အစိုးရကိုမဟုတ်ဘူး ၊ အဲဒါကိုခင်ဗျားတို့က (၂၂)နှစ်လုံးလုံး အပိုင်စီးထားခဲ့တာလေ ။ ခင်ဗျားခေါင်းစဉ်တပ်တာမှားသွားပြီ။ ကျွန်တော်တို့က ပြန်ပေးဆွဲတာမဟုတ်ဘူး ကျွန်တော်တို့က ကျွန်တော်တို့ ပိုင်ဆိုင်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့တာ ကျွန်တော်တို့ရဲ့ ဒုက္ခတွေကို စာနာခံစားနိုင်ကြတဲ့ နိုင်ငံတကာက (ခင်ဗျားခေါင်းတပ်တဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေတင်မကပါဘူး) ကျွန်တော်တို့ဘက်ကရပ်တည်ပေးကြတာ ၊ ကျွန်တော်တို့က အမေကျော်ပြီး ဒွေးတော်လွမ်းရတာမဟုတ်ဘူး ၊ ကိုယ့်ဆွေမျိုးသားချင်းက ကိုယ့်မိမွေဖမွေကို အပိုင်သိမ်းပြီး ကိုယ့်ကို နှိပ်စက်ညှဉ်းပမ်းနေလို့ အရပ်ကို အကူအညီတောင်းရတာ။ ခင်ဗျားသဘောမပေါက်ဘူးလား ။
ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ခင်ဗျားပြောသလို အနောက်အုပ်စု ကြိုးဆွဲတိုင်းလိုက်ကနေတဲ့ ရုပ်သေးရုပ် တစ်ရုပ်မဟုတ်ဘူး သူဟာ နိုင်ငံတကာက လေးစားရတဲ့ အမျိုးသားပြယုဂ်တစ်ခု ဆိုတာ အတိုင်းတိုင်း အပြည်ပြည်က ပေးအပ်ချီးမြှင့်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကိုကြည့်ရင်သိနိုင်တယ် ခင်ဗျားလိုနာမည်ရှေ့မှာ မရှိမဲ့ရှိမဲ့ ငါး ဆိုတာမျိုးထည့်ရတဲ့သူမဟုတ်ဘူး ၊ သူလိုလူမျိုး မြန်မာပြည်မှာ နိုင်ငံရေးလောကမှာ (၃)ဦးဘဲ ပေါ်ထွန်းဘူးတယ် ၊ ခင်ဗျားသိရဲ့လား သိမယ်မထင်ပါဘူး ခင်ဗျားက ဗဟုသုတ စာပေ တွေ ဖတ်ဘူးမဲ့လူ မဟုတ်ဘူးဆိုတာ ခင်ဗျား ရေးတဲ့ဆောင်းပါးတွေဖတ်ကြည့်ရင်သိပါတယ်။--
ကဲ … ကိုငါးမင်းဆွေရေ ခင်ဗျားက ဆင်ကိုအံကြိတ်ပြီးဒေါသတကြီးရန်လုပ်နေတဲ့ သတ္တ၀ါတစ်ကောင်ဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ခင်ဗျားခုန်လို့ ဖုံမထပါဘူးလို့ သဘောထားမယ်ထင်ပါတယ် ကျွန်တော်တို့က တော့ နည်းနည်းတုန်လှုပ်သွားတယ် ၊ ကျွန်တော်တို့ပါတီမှာ ခင်ဗျားလိုလူမျိုးတွေ ခြံခုန်လာမှာ ကျွန်တော်တို့ အလွန်ကြောက်ပါတယ် ။ အခုနောက်ဆုံးခင်ဗျားရေးတာလေးဖတ်ရမှဘဲရင်အေးရတော့တယ်။ ခင်ဗျားလမ်း ခင်ဗျား ဆက်လျောက်နိုင်ပါစေ ၊ နောက်ဆုံးတစ်ခုတော့ပြောလိုက်ပါရစေ ၊
ခင်ဗျားကြောင့် ခင်ဗျားမိသားစု သားစဉ်မြေးဆက်တွေ လူတောမတိုးရဲတဲ့ ဘ၀မျိုးမရောက်အောင်တော့ ဆင်ခြင်နိုင်ပါစေဗျာ ။
စာကြွင်း။ ။ ခင်ဗျားတို့ဖြန့်ဝေစာတွေမှာ န/သ အမှတ်မပါဘူးနော် ခင်ဗျားတရားမ၀င် စာတွေဖြန့်ဝေမှုနဲ့ အဖမ်းခံနေရပါဦးမယ်။ အော် ဆောရီးပါ ခင်ဗျားက စိုးရိမ်စရာမှမလိုတာနော်။
င်္forward mail
_______
ကွန်းဇော်
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။

Wai Lin Aung (All I Know is What I Read In The Book :) )

မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။

--group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။