ဆိုကြပါစို့ .။ ဘုရား ရဟန္ထာ မဟုတ် သေးရင် နောက် ဘ၀ ကို ကျေးဇူးပြုမှာပါပဲ
။ ပရလောက ပေါ့ ။ အဲ .. အများထင်နေသလို ပရလောက ဆိုတိုင်း တစ္ဆေတော့
ဖြစ်ကိုဖြစ်ရမယ်မဆိုလိုဘူးလေ ။ သေပြိး ခွေးဖြစ်ရမဲ့ သူက တရိစ္ဆာန်
ဘုံကို တန်းသွားမယ် ။ သေပြိး ငရဲကျမဲ့သူက ငရဲပြည်ကို တန်းသွားမယ် ။
ကြားကာလ ( ၀ိဥာဉ် ကာလ ) ဆိုတာ ( ထေရ၀ါဒမှာ ) မရှိဘူး .။ ၀ိဥာဉ် ကောင်လေး
..လိပ်ပြာလေး ..အသက်ကောင်လေး ဆိုတာလဲ ( ထေရ၀ါဒ မှာ ) မရှိဘူး..။
ရှိတယ်လို့ ယူ ရင် သဿတ ဒိဌိ ဖြစ်တယ် ။
အဲ သေပြိးနောက် ပြိတ္တာဘုံကို ကျေးဇူးပြုပြီး ( ပေတဂတိ ) လားခဲ့ရင်တော့
ပြိတ္တာဖြစ်မယ် ။ ပြိတ္တာဆိုတာကတော့ တကယ်ရှိတယ် ။ ဒါကတော့ သရဲ တဘက် ဖုတ်
တစ္ဆေ မြေဘုတ် ဘီလူး ကြတ် ပြိတ္တာ မင်စာ စသည် တို့ပေါ့ ။
စုန်းကဝေ ဆိုတာကတော့ လူ တွေပါပဲ ။ သူကတော့ ( တက္ကနီကယ်) နည်းပညာဆန်တယ် ။
တခြားလူတွေ မတတ်တဲ့ အတတ်မျိုးကို တတ်တာပါပဲ ။ ဒီအတတ်ပညာတွေက မရှိဘူးလို့
ထင်ရလောက်အောင် လျှို့  ၀ှက်ကြလွန်းလို့သာ တိမ်မြုတ်နေတာပါ ။
ဘုရားလက်ထက်က ဟောထားတဲ့ ဇာတ်တော်တွေထဲမှာ ဂါထာရွတ်ပြိး
ရွှေမိုးရွာစေတာမျိုး ၊ နဂါး စသည့် ကမ္မဇိတ္ထိ ရှိတဲ့ ပုဂိုလ်များကို
ချုပ်ကိုင် တာမျိုး ၊ ကြားဖူးကြမှာပါ ။
ခုခေတ် လေချွန်နတ်တို့လို သေသူရဲ့ ခေါင်းရိုးကို ခေါက်ပြီး လားရာ ဂတိ
ဟောတဲ့ ပုဂိုလ်လိုမျိုး တွေလဲ ရှိခဲ့ပါတယ် ။ ဒါက သမထ နဲ့မဆိုင်ပါဘူး .။
ရိုးရိုး အတတ်ပညာပါပဲ ။
သမထ နဲ့ပါတ်သတ်လို့လဲ ရှင်ဒေ၀ဒတ်တို့လို ထူးထူးပြားပြား ဖန်ဆင်းနိုင်တဲ့
သာသနာပ တန်ခိုးရှင်တွေ ၊ ၀ိဇ္ဖာဓိုရ်လို မြေလျှိုးမိုးပျံ အတတ်တွေ
ရှိခဲ့တာပဲ ။
ဂန္ဓာရီ အတတ် ၊ စသည် တို့ဟာ ဗုဒ္ဓ မပွင့်ခင်ထဲက ရှိခဲ့တာပါ ။ ဘုရားက
ရဟန်းတွေ တန်ခိုးမပြရလို့ ပညတ်တော်မူတာ ဒိလို ၀ိဇ္ဖာဓိုရ်တွေ နဲ့ အရောရော
အပြားပြား ဖြစ်မှာစိုးလို့လဲ ပါပါတယ် ။
သာသနာ့ သမိုင်းမှာလဲ မြောက်ပိုင်း ဗုဒ္ဓဘာသာမှာ ( တိဘတ် ဘုန်းကြိးတွေ
လူရိုး ဆိတ်ရိုး အသုံးပြုတာမျိုး ) ( နတ်ဝင်သယ် တွေ နဲ့ အခန်းအနား
ကျင်းပတာမျိုး ) ၊ ဂါထာ မန္တန် အင်း အိုင် ခလဲ့ လက်ဖွဲ့ အဆောင် ဓါတ်ရိုက်
ဓါတ်ဆင် ဓါတ်စီး ဓါတ်နင်း ဗေဒင် ယတြာ စသည်တို့လဲ့ ရှိခဲ့တာပါပဲ။
စုန်းဆိုတာလဲ ဒီလိုပါပဲ ။ ပညာရပ်တစ်မျိုးပေါ့ ။ ဒီလို ပညာရှင်တွေကို
အားကြိးတဲ့ ဘာသာရေးတွေက စုန်းလို့ သမုတ်ပြိး ကွပ်မျက်ခဲ့တာ အနောက်တိုင်း
ဥရောပ စသည့်တို့ရဲ့ သမိုင်း မှာ အများကြီးပါပဲ ။
ကိုယ်တိုင် မညမင်ဖူးယုံနဲ့တော့ မရှိဘူးလို့ ယတိပြတ် မငြင်းသာပါဘူး .။
--
ချစ်ဆုံးနဲ့မတွေ့ခင်တုန်းက ချစ်ဆုံးတစ်ယောက်ရှိခဲ့ဘူးတယ်
ချစ်ဆုံးတော့မပာုတ်ပေမဲ့ ချစ်ဆုံးတစ်ယောက်ဖြစ်ခဲ့ဘူးတယ်
--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။