Re: [mrsorcerer:20121] လူမိုက်ကြီး

သိပ်ကောင်းပါတယ်အကို...
ခုလိုမျိုး အသိဝင်သွားအောင်၊ သတိကပ်သွားအောင် Remind လုပ်တာမျိုးလေးတွေက အမြဲတမ်းလိုအပ်နေတာပါ။ ဆက်လုပ်ပေးဖို့လည်း တိုက်တွန်း တောင်းဆိုပါတယ်အကို။

လေးစားလျက်..

On Fri, Mar 2, 2012 at 11:49 AM, soe naing <snsoenaing4@gmail.com> wrote:
လူမိုက်ကြီး

ပြောတော့ ဘုရား တရား
လုပ်တော့ မဟားဒရား
သိတာက သပ်သပ်
လုပ်တာနဲ့ မအပ်စပ်
ဘယ်အချက်တွေ ဖောက်ပြား
ဘယ်အမှားတွေ ငါဆင်
ဘယ်ဂွင်တွေ ဖန်တီး
အမြီး အမောက် မတည့်
ဖြစ်ချင်တာတွေလည်း မဖြစ်
မပျက်ချင်တာတွေလည်း ပျက်
ရော ---- ခက်ပြီ။
။။
မသိလို့ လိုချင်တာ ထားပါတော့
သိလျှက်နဲ့ လိုချင်တာ မှားတာပေါ့
ဒီအသက်နဲ့  ဒီခန္ဓာ ရခဲလွန်းပါတဲ့
(မြတ်ဘုရား ဟောကြားခဲ့တာပဲ)
ဥပမာ ဆိုရင်
ကောင်းကင်က ကျလာတဲ့ အပ်ဖျား
မြေပြင်မှာ ထောင်ထားတဲ့အပ်ဖျား နဲ့
တိုက်ရိုက် ထိခတ်မှ
အဲဒါ လူ့တစ်ဘဝ တဲ့
။။
သြော်-- ခုတော့ ငါ့မှာ
ပတ္တမြားရထားတဲ့ မျောက်တစ်ကောင်လို
``အသုံးမချတတ်ပြီမို့   လုံးဝခက်ပြီဗျို့``
အမောဆို့အောင် အော်လိုက်ချင်တယ်။

********************

ရခဲတဲ့ဘဝတစ်ခုကို မှန်ကန်စွာ အသုံးချနိုင်ကြပါစေ။
။။။။ကိုစိုးနိုင်။။။။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ