Re: [mrsorcerer:20348] အွန်လိုင်းပေါ်မှ ဓာတ်ပုံများနှင့် ပတ်သက်၍ ဦးဇော်ဇော် ရှင်းလင်း စကားဆို၊ နိုင်ငံတော်သမ္မတကြီးထံသို့ ၅ ထောင်တန်ဖုန်းအဆိုပြုလွှာ မရောက်သေးကြောင်းသူရဦးရွှေမန်းပြောကြား၊ ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းခရီးစဉ်ကြိုဆိုသူများလွန်သဖြင့် လမ်းပ

တွေ့လား ဒါတို့အညာသူအညာသားတွေနော် ပေါ့သေးသေးတော့မထင်နဲ့နော် ဟွန်းဟွန်း

On Mon, Mar 5, 2012 at 11:18 AM, ဦးဦး မှော်ဆရာ <mrsorcerer9@gmail.com> wrote:
*** သတင်းအပြည့်အစုံဖတ်လို့ပါက အောက်ဆုံးမှ View entire message ကို ကလစ်နှိပ်ပါ ။

သစ်ထူးလွင်


ပြည်သူလူထုသိန်းနှင့်ချီကြိုဆိုတဲ့ အမေစု ဇေယျာရွှေမြေစစ်ကိုင်းခရီးစဉ် (ရုပ်/သံ)

Posted: 04 Mar 2012 04:14 AM PST

စစ်ကိုင်းတံတားပေါ်မှာ (ဓါတ်ပုံ-D-Wave)

ပြည်သူလူထုသိန်းနှင့်ချီကြိုဆိုတဲ့ ဇေယျာရွှေမြေစစ်ကိုင်းခရီးစဉ် (ရုပ်/သံ) ပြည်သူတဦး ပေးပို့ ထားတာပါ။
အကအခုန်တွေနှင့် ပြည်သူတွေ အူလှိုက်အသဲလှိုက်ကြိုဆိုကြပုံကို ကြည့်ရှုခံစားနိုင်ပါတယ်။


သိန်းနှင့်ချီတဲ့လူအုပ်ကြားထဲမှာ စစ်ကိုင်းမြို့ က စုန်းပြူးတွေလည်းပါတဲ့အကြောင်း
စစ်ကိုင်းက ပြည်သူတဦးက အခုလို သတင်းဆက်လက်ပေးပို့ ထားပါတယ်။


4/3/2012 နေ့တွင်စစ်ကိုင်းမြို့သို့ ဒေါ်အောင်ဆန်းစုကြည်
လာရောက်ဟောပြောမည့် အစီအစဉ်အတွက်ပြင်ဆင်နေသော အဖွဲ့များနှင့်
လာရောက်သည့်သူများအား စ-အ-ဖ ထောက်လှမ်းရေးအတွက် စစ်ကိုင်းမြို့
လေးကျွန်းမြေရပ်ရှိ  စိုးကြည်ဝင်း ဗွီဒီယိုမှ
 မြင့်ကျော် ဆိုသူက တာဝန်ယူ ရိုက်ကူးပေးနေကြောင်းသိရပါသည်။

 
၎င်းသည် တချိန်တခါကလည်း  ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်သူများကို
ထောက်လှမ်းရေး သတင်းအတွက် ခိုးယူရိုက်ကူးရင်း  ချောင်းဦးမြို့ တွင်ပြသနာ
တက်ဖူးသူတဦးဖြစ်ကြောင်း သိရပါသည်၊


 Myanmar News Now

ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမိန့် ခွန်း (ရုပ်/သံ)

Posted: 04 Mar 2012 03:56 AM PST

စစ်ကိုင်း သဲသောင်ပြင်မှာ မိန့် ခွန်းပြောကြားနေစဉ် (ဓါတ်ပုံ-D-Wave)
ပြည်သူတဦးပေးပို့ လာတဲ့  လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမိန့် ခွန်း (ရုပ်/သံ) ဖြစ်ပါတယ်။

နှလုံးသားထဲက ကစ္ဆပနဒီ

Posted: 04 Mar 2012 02:46 AM PST

ကစ္ဆပနဒီတံတားနှင့် ကစ္ဆပနဒီခေါ် ကုလားတန်မြစ်
လူ့အဖွဲ့အစည်းများ၊ လူ့သမိုင်းကြောင်းများသည် မြစ်ကြီးများကို အမှီပြု ဖြစ်ထွန်းလာကြသည်။ ကစ္ဆပနဒီခေါ် ကုလားတန်မြစ်သည်လည်း ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုတို့ စတင်အခြေချရာမြစ်တစ်ခု ဖြစ်သည်။ ယင်းမြစ်ကမ်းနံဘေးတွင် လက်ဝဲကိုးဆယ့်ကိုးမြို့၊ လက်ယာ ကိုးဆယ့်ကိုးမြို့ တည်ထောင်နေထိုင်ခဲ့ကြသည်။ မြစ်များ၊ ချောင်းများသည် ဒေသခံများအတွက် ဆက်သွယ်သွားလာရာ ဘ၀အတွက် မှီခိုရာဖြစ်သည်။ ကုလားတန်မြစ်ကြောင်း တစ်လျှောက်တွင် ရွက်လှေများ၊ ပိုက်လောင်းငယ်များက ပန်းချီကားတစ်ချပ်အလား ယခုထိ မြင်တွေ့နိုင်သေးသည်။ လှေကလေးတစ်စင်းကိုအမှီ ပြုမြစ်ကို ဆန်ခါဆန်၊ စုန်ခါစုန်တစ်ရွာခွာ တစ်ရွာကပ် ရုန်းကန်နေသည့် ဘ၀တွေကိုလည်း ကုလားတန်မြစ်ပြင်တကြော တွေ့မြင်နိုင်သည်။
ကုလားတန်မြစ်သည် ဟိုးချင်းတောင်တန်းကြီးများပေါ်က အဖျားခံစီးဆင်းကာ အင်းပေါက်ဝတွင် ဘင်္ဂလားပင်လယ်ထဲသို့ စီးဝင်နေသည်။ ကုလားတန်မြစ်နံဘေးတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ပလက်ဝမြို့လေး မြို့ကတည်ရှိနေသည်။ မြစ်ရေသည် မြို့နှစ်မြို့ကို ရေငန်ပေးသော်လည်း မြို့နှစ်မြို့ကို ရေချိုပေးထားသည်။ အထက်ပိုင်းမြစ်ရေသည် စိမ်းဖန့်ဖန့် အရောင်ဖြစ်နေပြီး ပကတိကြည်လင်နေသည်။ မြစ်ရေကိုအားထားကာ စိုက်ပျိုးသီးနှံတို့ စိုက်ပျိုးနိုင်ကြသည်။ မြစ်ဝပိုင်းဒေသခံတို့က မြစ်ရေဖြင့် မွေးမြူရေးလုပ်နိုင်ကြသည်။
ကျောက်တော်တောင်ထက်ကနေ မြစ်ပြင်ကိုငေးကြည့်လိုက်လျှင် ၀ါတစ်ကွက်၊ စိမ်းတစ်ကွက် လယ်ကွင်းပြင်များကို မြင်ရပြီး မြစ်ကမ်းနှစ်ဖက်ကို ပေါင်းကူးပေးထားသည့် ကစ္ဆပနဒီတံတားကြီးက ခံ့ညားစွာ မြစ်၏ အလှဂုဏ်ကို ဖော်ထုတ်နေသလို လှမ်းမြင်ရပါသည်။တံတားကြီးမရှိချိန်က ကမ်းနှစ်ဖက်ကို ငှက်သမ္ဗန်များဖြင့် ကူးခဲ့ရသည်။ အခုတော့ ကျောက်တော်မြို့မှာ လွန်ခဲ့သော ၁၀ နှစ်ကျော်အချိန်ကနှင့် လုံးဝခြားနား သွားပြီဖြစ်သည်။ ကုလားတန်မြစ်ဖျားမှ ထွက်ကုန်များ ဒေသအသီးသီးသို့ ကုန်ကားများဖြင့် နေ့စဉ် တင်ပို့နိုင်နေပြီ။ ကုန်းလမ်း ဆက်သွယ်ရေး ကောင်းလာတော့ တစ်ရက်လုံးစီးပြီးသွားရသည့် သင်္ဘောခရီးစဉ်ကလည်း ရပ်ဆိုင်းသွားပြီဖြစ်သည်။ ကျောက်တော်မြို့သည် ပြောင်းလဲလာနေသည်က သိသာလွန်းသည်။
ကားအ၀င်အထွက် လူအ၀င်အထွက်များနေပြီး ကုလားတန်မြစ်ဖျား တောင်ပေါ်ဒေသ၏ တံခါးပေါက်သဖွယ်ဖြစ်လာသည်။ မြစ်ကမ်းနံဘေးက မြို့ရွာများ ပြောင်းလဲလာနေသလို ကုလားတန်မြစ်ကလည်း တဖြည်းဖြည်း ပြောင်းလဲလာနေသည်။ ကမ်းတချို့ကိုဖြိုပြီး ကမ်းတစ်ဖက်ကို ဖို့ပေးသည်။ မြစ်လယ် မြေနု သောင်တန်းကြီးများကလည်း တဖြည်းဖြည်း ကြီးကြီးလာနေသည်။
ကုလားတန်မြစ်ကမ်းဘေးတစ်နေရာ
မိုးရာသီတွင် တောင်ပေါ်က ဒလဟောဆင်းလာသည့် တောင်ကျရေများက မြစ်ကမ်းနဖူး မြို့ရွာတွေကို ၀ါးမျိုတတ်လာပြီ။ ချင်းတောင်တန်းတွင် သစ်ပင်တွေနည်းလာသလို တောင်မြေပြိုဆင်းမှုတွေ၊ ကမ်းပါးယံပြိုဆင်းမှုတွေ ကြုံတွေ့လာရသည်။ ချင်းတောင်ပေါ်ဒေသခံ များမှာ ဆက်သွယ်သွားလာမှု မလွယ်ကူသေးသည့်အတွက် ကုလားတန်မြစ်ကို အားထားသွားလာနေရသည်။

အိန္ဒိယနိုင်ငံသည် ပင်လယ်ထွက်ပေါက်တစ်ခုအဖြစ် အသုံးချရန် ကုလားတန်မြစ်ကို မျက်စိကျလာသည်။ ယင်းအတွက် ရာနှုန်းပြည့် အကုန်ကျခံကာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေးစီမံကိန်းကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ အဆိုပါစီမံကိန်းတွင် ကုလားတန်မြစ်ဝ စစ်တွေမြို့တွင် ဆိပ်ကမ်းကြီးတစ်ခုကို တည်ဆောက်နေရာ ဒေသခံတို့အတွက် စိတ်ဝင်စားစရာ ဆိပ်ကမ်းတစ်ခု ဖြစ်လာခဲ့သည်။ ဆိပ်ကမ်းသစ်တစ်ခုကို တည်ဆောက်နေသည်ကိုသာ သိနေပြီး စီမံကိန်းတိုင်းသည် မိမိတို့နှင့် ပါဝင်ပတ်သက်ခွင့် မရှိ၊ ပြောပိုင်ခွင့် မရှိလို့ ပိုနေမြဲ၊ ကျားနေမြဲသာ မှတ်ထင်နေမိကြသည်။ သို့ရာတွင် နှလုံးသားထဲ ကကစ္ဆပအတွက် စိုးရိမ်မကင်းကြ။
''အိန္ဒိယကို ကားလမ်းဖောက်မယ်လို့တော့ ကြားတယ်။ ဘယ်အနားကဖောက်မှာလဲ၊ ဘယ်အချိန်ဖောက်မှာလဲတော့ မသိဘူး။ ဒါပေမယ့် မဟာမြတ်မုနိဘုရားနားက ပလက်ဝထိ လမ်းဖောက်နေတာတော့ မြင်တယ်။ ဒီလမ်းဟာ အိန္ဒိယထိသွားမှာလားတော့ မသိဘူးလေ'' ဟု ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာသားတစ်ဦးက ပြောသည်။

ကုလားတန်ကို ချစ်သူများက ဒေသခံများ၏ သဘောထားများကို လေ့လာဆွေးနွေးလာခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးမှုများကို ပြည်တွင်းအင်ဂျီအိုများက ကွင်းဆင်းကာ ဒေသခံများနှင့် တွေ့ဆုံလေ့လာခဲ့ကြခြင်း ဖြစ်သည်။ လေ့လာတွေ့ရှိချက်များကို ဒေသခံများအတွက် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ဖို့ တင်ပြဆောင်ရွက်နေကြသည်။

ကုလားတန်စီမံကိန်းတွင် စစ်တွေမှ အိန္ဒိယနယ်စပ်ထိ ကားလမ်း ၁၂၂ ကီလိုမီတာ၊ ရေလမ်း ၁၅၈ ကီလိုမီတာ ပါဝင်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်တွင် တံတားပိုင်းတည်ဆောက်ရေးလုပ်ငန်း ပြီးဆုံးမည်ဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် လမ်းပိုင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးဆုံး မည်ဟု သိရသည်။

စီမံကိန်း လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနှင့် အိန္ဒိယနိုင်ငံများမှ တာဝန်ရှိသူများက နယူးဒေလီတွင် ဆောက်လုပ်ရေးလုပ်ငန်းနှင့် လုပ်ငန်းဆောင်ရွက်ရာ မူဘောင်သဘောတူစာချုပ်၊ သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ ပရိုတိုကော၊ ထိန်းသိမ်းခြင်းနှင့် စီမံ ခန့်ခွဲခြင်း ပရိုတိုကောများကို ၂၀၀၈ ခုနှစ် ဧပြီလ ၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ရင်းနှီးငွေအနေဖြင့် စစ်တွေဆိပ်ကမ်းနှင့် ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၇၄သန်းခန့်၊ ပလက်ဝ မှ မြန်မာအိန္ဒိယနယ်စပ်အထိ အဝေးပြေးလမ်း ဖောက်လုပ်ရန် အမေရိကန် ဒေါ်လာ ၁၄၀ သန်းခန့် စုစုပေါင်း ဒေါ်လာ၂၁၄ သန်းခန့် ကုန်ကျမည် ဖြစ်သည်။

မြစ်ပြင်တွင် ပိုက်လောင်းလေးနှင့် ၀မ်းစာရှာဖွေနေသူများ၏ ပုံရိပ်များသည် ကုလားတန်မြစ်၏ ထူးခြားသက်ဝင်နေသည့် ပုံရိပ်များပင်ဖြစ်သည်။ ကမ်းနှစ်ဖက်က တောင်တန်းများ၊ စိုက်ခင်းများ၊ မြို့ရွာများ၊ ဘုရားစေတီများ စသည့် လွမ်းမောဖွယ် မြင်ကွင်းများကလည်း နှလုံးသားကို ဆွဲကိုင်လှုပ်ရှားစေသည်။ ရေကြည်စိမ်းမြ ကစ္ဆပ၏အလှသည် ကမ္ဘာတည်သရွေ့ တည်ရှိနိုင်စေဟု ဆုတောင်းရင်း ...

စီမံကိန်းနှင့် ဆက်နွှယ်ကာ ပြောင်းလဲလာမည့် ဒေသများလည်း ရှိနေသည်။ မြစ်ကြောင်းသွားသင်္ဘောများ သွားလာမှုမှာ စစ်တွေဆိပ်ကမ်းမှ ပလက်ဝဆိပ်ကမ်းထိသာ ဖြစ်သဖြင့် ပလက်ဝတွင် ဆိပ်ကမ်းသစ်ကြီး တစ်ခုတည်း ဆောက်ရန်ရှိနေပြီး ပလက်ဝမြို့သည် ကုလားတန်အထက် ပိုင်းတွင် ဆိပ်ကမ်းမြို့အဖြစ် ပြောင်းလဲလာမည်ဖြစ်သည်။ လျာထားသော ဆိပ်ကမ်းမှာလည်း ပလက်ဝမြို့၏ အရှေ့ဘက်ကမ်းတွင် ရှိနေသဖြင့် ကုလားတန်မြစ်ကူး တံတားသစ်တစ်ခုလည်း တည်ဆောက်ရမည်ဖြစ်သည်။ မြစ်ကြောင်းချဲ့မှု မြစ်ကြောင်းတူး ဖော်မှုများကိုလည်း စစ်တွေနှင့် ပလက်ဝမြို့ကြားတွင် ဆောင်ရွက်မည်ဖြစ်သည်။ နောက်နေရာတစ်ခုက နှစ်နိုင်ငံကားလမ်းစီမံကိန်း၏ ကားဂိတ်နှင့် သိုလှောင်ရုံများ တည်ဆောက်မည့် စက်ပိုက်ပြင်ကျေးရွာ ဖြစ်သည်။ ယင်းမှတစ်ဆင့်ကားလမ်းသည် အိန္ဒိယရှိ အမှတ် (၈)လမ်းမကြီးသို့ တိုက်ရိုက် ဆက်သွယ်သွားမည်ဖြစ်သည်။ စီမံကိန်းသည် ဒေသခံများအပေါ်မည်သို့ သက်ရောက်မည်၊ မည်သည့်အကျိုးကျေးဇူးများ ဖြစ်ထွန်းမည်ကို သိလိုကြသူများသာရှိပြီး ကျေနပ်လောက်အောင် ရှင်းလင်းချက်များ ထွက်ပေါ်လာမည်ကို မျှော်လင့်နေကြသည်။
ကစ္ဆပနဒီမြစ်သည် ရေချိုမြစ်ဖြစ်သည်။ သဘာဝတောတောင်များ နောက်ခံဖြင့် လှပသော ပန်ချီကား တစ်ချပ်ဖြစ်သည်။ ဒီမြစ်ရေကို အမှီပြုပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည်။ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည်။ မြစ်ပြင်ကို အမှီပြုပြီး ကုန် သွယ်ရေး လုပ်ကိုင်ကြသည်။ သယ်ယူပို့ဆောင်ရေး လုပ်ကိုင်ကြသည်။ ရခိုင်ပြည်နယ်၏ နှလုံးသားမြစ်ဟု ဆိုလျှင်ပင် လွန်မည်မဟုတ်ပါ။ မြစ်ပြင်တကြော စုန်ဆန်နေသည့် ငှက်သမ္ဗန်များ၊ မြစ်ပြင်တကြော ပျံဝဲနေသည့် ငှက်စင်ရော်များ၊ မြစ်ပြင်မှာ ပိုက်လောင်းလေးနှင့် ၀မ်းစာရှာဖွေနေသူများ၏ ပုံရိပ်များသည် ကုလားတန်မြစ်၏ ထူးခြားသက်ဝင်နေသည့် ပုံရိပ်များပင်ဖြစ်သည်။ ကမ်းနှစ်ဖက်က တောင်တန်း များ၊ စိုက်ခင်းများ၊ မြို့ရွာများ၊ ဘုရားစေတီများ စသည့် လွမ်းမောဖွယ် မြင်ကွင်းများ ကလည်း နှလုံးသားကို ဆွဲကိုင်လှုပ်ရှားစေသည်။ ရေကြည်စိမ်းမြ ကစ္ဆပ၏အလှသည် ကမ္ဘာတည်သရွေ့ တည်ရှိနိုင်စေဟု ဆုတောင်းရင်း.......။
 Written by သားရွှေဦး(ကစ္ဆပ)  
EMG

နဂါးမင်းရာဇ၀င်၊ နဂါးလှေသဘင်နှင့် ကျွန်တော်တို့ဌာနီ တနင်္သာရီ

Posted: 04 Mar 2012 02:45 AM PST


ယောကြီးဝမှ လယ်သစ်ချောင်းပေါက်
ဖေဖော်ဝါရီလထဲမှာ ဖြစ်သည်။ မြိတ်ခရိုင် သမိုင်းမှတ်တမ်း ပြုစုရေးအဖွဲ့တွေကို တင်ဆောင်လာတဲ့ မြိတ် တနင်္သာရီ အမြန်ရေယာဉ်က ယောကြီးဝချောင်းကို အရှိန်ဖြင့် ဖြတ်သန်းသွားလာနေပြီး ချောင်းအတွင်းမှာရှိနေတဲ့ ငါးဖမ်းလှေတွေ၊ ကုန်လှေတွေ၊ ဒေသခံတံငါသည်တွေ ရဲ့လှေလေးတွေ သူတို့တွေရဲ့ အနီးနားမှာ ချောင်းအတွင်းက သဲတွေ၊ ရွှံ့တွေကို အရှိန်အဟုန်နှင့်စုပ်နေတဲ့ သဲင်္ဘောတွေကို တရိပ်ရိပ်ဖြတ်သန်းလာခဲ့ကာ ခရီးနှင်လျက်ရှိသည်။ တနင်္သာရီမြစ်ကြောင်းတစ်လျောက်မှာ အစုန်အဆန်သွားလာနေတဲ့ အမြန်ရေယာဉ်တွေကြောင့် ဒေသခံခရီးသွားတွေ အတော်လေးကို အဆင်ပြေသွားတာ တွေ့ရတယ်။ မြိတ်မြို့မှ တနင်္သာရီကို လူတစ်ဦးလျှင် ကျပ် ၃၀၀၀ နှင့် သက်သောင့်သက်သာ စီးသွားလို့ ရတယ်။ လမ်းခရီးတစ်လျှောက်မှာရှိတဲ့ ရွာတွေကိုလည်း ၀င်ရောက်ရပ်နားပေးတော့ ကျွန်းတွေပေါ်မှာ နေ ထိုင်တဲ့ ဒေသခံတွေအဖို့ ခရီးသွားရတာ အတော်လေး အဆင်ပြေသွားတာ တွေ့ရတယ်။ ကုန်းလမ်းခရီးကို ဆိုင်ကယ်နှင့်သွားပါက လူတစ်ဦးအဖို့ ဆိုင်ကယ်ခ၊ စားသောက်စရိတ်တွေနှင့် အနည်းဆုံး ကျပ်သောင်းဂဏန်းလောက်တော့ ပါသွားမှာပဲ၊ ကားနှင့်သွားရင်လည်း ချောင်ဖို့ မရှိဘူး၊ ငွေကုန်မယ့်အပြင် ခါးရိုးကလည်း အတော်လေးသန်မာဖို့ လိုမယ်။
(BOT)စနစ်နဲ့ ဖောက်လုပ်နေတယ်ဆိုတဲ့ လမ်းတွေကလည်း နွေဆိုရင် ဖုန်အလိမ်းလိမ်းနှင့် ချိုင့်ခွက်တွေ၊ ကျောက်တွေပေါ်မှာ သွားနေရတယ်၊ အရင်က ဖောက်ထားပြီးသား လမ်းတချို့က တော့ ကောင်းတဲ့နေရာတွေ ရှိပါတယ်။ မိုးရာသီဆိုရင်လည်း ကျွဲလူးအိုင်မှာမောင်းတတ်တဲ့ ဆိုင်ကယ်သမားတွေ၊ ကားဆရာတွေကိုရှာဖို့ လိုမယ်။ ရေကြီးလာရင်တော့ ကူးတို့က ၂၀ ကျော်လောက်ရှိပြီး စရိတ်က ကျပ်သုံးသောင်းအထက်မှာ ရှိမယ်။ မြိတ်နှင့် တနင်္သာရီမြို့ကို အကွာအဝေး က ၅၅ မိုင်လောက်ပဲ ရှိတယ်။ အမြန်ရေယာဉ်ကတော့ မိုးရာသီရော၊ နွေရာသီရော သွားလာနေကြပြီဆိုတော့ ခရီးသွားတွေအတွက် အဆင်ပြေပြီး၊ သွားလာနေတဲ့ ခရီးသွားတွေ နေ့စဉ်မပြတ် ရှိနေကြတယ်။ နံနက် ၉ နာရီကျော်လောက်ထွက်တတ်တဲ့ အမြန်ရေယာဉ်တွေမှာ နံနက် ၈ နာရီ လောက်မှသွားပြီး နေရာယူထားမှ ခုံနှင့် စမတ်ကျကျ ထိုင်နိုင်လိမ့်မယ်။ အမြန်ရေယာဉ်ကတော့ စေတ၀န်၊ မင်းသန်းနှင့် တစ်ဖက်ကမ်း မောင်လှော်စတဲ့ရွာတွေကို ဖြတ်သန်းလာခဲ့ပြီး အနီးနားရောက်လာတဲ့ လက်မှတ်စစ်ကိုမေးကြည့်တော့ ခရီးအကွာအဝေး အလိုက်ဈေးအမျိုးမျိုးနှင့် ပြေးဆွဲနေပြီး တကူရွာအထိ ပြေးဆွဲပေးနေတယ်လို့ ပြောတယ်။ သိပ်မကြာ လိုက်တဲ့အချိန်မှာ အံ့သြစရာ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရတယ်။
နဂါးလှေတွေနှင့် အပြုံးပန်းဝေနေတဲ့ လယ်သစ်သားတွေ''လယ်သစ်ချောင်းပေါက်ရောက်ပြီ နဂါးလှေတွေလည်းပါတယ်၊ ဓာတ်ပုံရိုက်မယ့်လူတွေ အရင်ထွက်လိုက်''လယ်သစ်ရွာဇာတိ ဦးဝင်းနိုင်က ဧည့်သည်တွေအတွက် စီစဉ်ပေးနေပြီး လာကြိုနေတဲ့ လှေကလေးပေါ် တက်လိုက်သွားကာ ဓာတ်ပုံရိုက်တာတွေ လုပ်ရတယ်။ လာကြိုတဲ့ပုံစံက အံ့သြစရာမြင်ကွင်းများပင်။ နဂါးလှေလှော်တာကို တစ်ခါမျှအပြင်တွင် မတွေ့ဖူးတာကတစ်ကြောင်း၊ လူများ ဒီလောက်အထိ လာကြိုလိမ့်မည်ဟုလည်း မထင်ထားခဲ့ သည့်အပြင် တနင်္သာရီမြစ်နှင့် လယ်သစ် ချောင်းပေါက်ဆုံရာတွင် လာရောက်ကြိုဆိုတဲ့ပုံစံက တာဝန်ရှိသူတစ်ဦး ရောက်လာ၍ လာကြိုသည့်အလား။ တစ်နာရီကျော်ကြာမည့် လယ်သစ်ရွာသို့ အရောက်ချောင်းရိုးတစ်လျောက် လှေလှော်သွားရမည့် နဂါးလှေအဖွဲ့သားများကတော့ နေပူထဲတွင် မမှုသည့်အပြင် အပြုံးပန်းများက ဝေနေလျက်။ မကြာခင်တနင်္သာရီမြို့မှ သမိုင်းသုတေသီတချို့ ရောက်လာပြီး လယ်သစ်ချောင်းပေါက်ထဲကို စတင်ခရီးဆက်ခဲ့သည်။ အေးဇာသီချင်း(ရိုးရာလှေလှော်သီချင်း) တွေဖွင့်ပြီး နဂါးလှေနှစ်စင်းမှ လှေလှော်သားများ၏ အားမာန်နှင့် လယ် သစ်ချောင်းပေါက်တွင် ပြေးလွှားနေပြီး လယ်သစ်ရွာအရောက်တွင် ကမ်းစပ်ရွာထိပ်၌ တာဝန်ရှိသူများ၊ ဒေသခံများက လာရောက်ကြိုဆိုကာ ရွာခံလူကြီးများက သိလိုသည်များကို ဆွေးနွေးပေးခဲ့ကြတာကတော့ အားရစရာပင်။
နဂါးလှေသမိုင်းနှင့် နဂါးလှေသဘင်ပွဲ ပေါ်ထွက်လာဖို့
နဂါးလှေတွေ ပတ်သက်လို့ကတော့ ယခုလက်ရှိလယ်သစ်ရွာမှာ လေးစင်းအထိ ထိန်းသိမ်းထားနိုင်ပြီး တနင်္သာရီမြို့ပေါ်မှာတော့ တစ်စင်းပဲ ရှိတော့တယ်၊ ကျန်တဲ့ရွာတွေမှာ လုံးဝမရှိတော့ဘဲ တနင်္သာရီနယ်မှာတော့ အားလုံးငါးစင်းပဲ ရှိတော့တယ်လို့ ရွာခံလူကြီးတွေက ရှင်းပြကြတယ်။ လယ်သစ်ရွာကတော့ ထူးထူးခြားခြား တနင်္သာရီနယ်ထဲမှာ ပါနေတဲ့ ကျွန်းပေါ်က ရွာလေးတစ်ရွာဖြစ်ပြီး သူ့အနီးနားက ရွာများအားလုံးက မြိတ်ကျွန်းစုပိုင်ရွာများ ဖြစ်နေတာတွေ့ရတယ်။ အိမ်ခြေရာနှင့်ချီရှိပြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းထားတဲ့ အဲဒီရွာကလေးမှာ မူလ တန်းကျောင်းအဆင့်ပဲ ထားပေးထားတာကတော့ နားမလည်နိုင်စရာပင်။ နဂါးလှေနှင့်ပတ်သက်ပြီးတော့ သမိုင်း အစရှာရာမှာတော့ ဆောင်းပါးရှင် တချို့က သုံးသပ်ထားတာကတော့ သက္ကရာဇ် ၄၈၄ ခုနှစ်တွင် ဗျန်စက္ကပိတ်မင်းသည် ဘန်ရှောင်မြို့ကို တည်ထောင်ခဲ့တယ်လို့ သိရတယ်။ ဘန်ရှောင်မြို့ဆိုတာကတော့ ယခုတနင်္သာရီမြို့ကို သွားရာလမ်းက မော်တုန်းရွာအ၀င်(အမြောက်တပ်ရင်းအရှေ့) မှာရှိတာပါ။ အခုတော့ မြေကုန်းကြီးပုံစံပဲ ရှိတော့တယ်။ မြို့ဟောင်းကုန်းလို့ ခေါ်ကြတယ်။ အဲဒီမြို့တည်ကာ နှစ်နှစ်သာစိုးစံပြီး တနင်္သာရီမြစ်ညှာကိုသာ ဆန်တက်ဖို့ ကြိုး ပမ်းခဲ့တယ်လို့ သိရတယ်။ ပုဂံနေပြည်တော်၏ အာဏာစက်နှင့်ဝေးရာကို ရှောင်ပြေးခြင်းဖြစ်တယ်လို့ သုံးသပ်ကြတယ်။
ဗျန်စက္ကပိတ်မင်းဆိုတာကတော့ သက္ကရာဇ် ၈၅ ခုနှစ်က ယောနကတိုင်း၊ သာဂရပြည်မှာအုပ်စိုးခဲ့တဲ့ ကျမိုင်းမင်းဆက်ကနေ ဆင်းသက်လာတဲ့ မင်းတစ်ပါးဖြစ်တယ်။ သာဂရပြည်ဆိုတာက မွန်နှင့်မြန်မာတွေ နေထိုင်တဲ့ သာဂရပြည်၊ ကျမိုင်းမြို့က ဖြစ်ပါတယ်။ ကျမိုင်းမြို့ကတော့ ယနေ့ကျိုက္ခမီမြို့အနီးနားတွင်ရှိကြောင်း သိရတယ်။ အဲဒီတုန်းက အလောင်းစည်သူမင်း(၄၅၄-၅၂၉) အနေဖြင့် တိုင်းရေးပြည်ရေး ရှုပ်ထွေးနေချိန်များမှာ ဆက်မြဲ၊ ကပ်မြဲမရှိခဲ့ဘဲ သောင်းကျန်းမှုရှိခဲ့တဲ့ တနင်္သာရီကို သွားရောက်နှိမ်နင်းခဲ့ရတယ်လို့ မြန်မာရာဇာဝင်နှင့် မှန်နန်းရာဇ၀င်တို့မှာ ပြဆိုထားပါတယ်။ မြစ်ညှာဘက်ကို ပြောင်းရွှေ့ပြေးရင်းနှင့်သက္ကရာဇ် ၄၈၅ မှာ ယခုသိန္ဓောရွာ အထက်ဘက်မော်စွန်းကြီးဒေသမှာ မြို့တည်ခဲ့တယ်၊တစ်နှစ်ကြာပြီးနောက် မြစ်ညှာမှာ မိတ်ဆွေဖြစ်ခဲ့တဲ့ နဂါးမင်းက ပတ္တမြားရွာမှာ မြို့တည်ရန်သင့်တော်ကြောင်း မင်းကြီးသဘောကျလျှင် အကူအညီပေးမည် သို့သော် မိဖုရား၊ မောင်းမများ မခေါ်လာရန် ကတိတောင်းကြောင်း သိရတယ်။
မင်းကြီးက မိန်းမများမခေါ်လာရန် ကတိပေးသောကြောင့် နဂါးမင်းမှ ထောင်သောင်းမကသော နဂါးတို့ကိုခေါ်ယူလျက် လူများနှင့်အတူ မြို့ကိုတည်ခဲ့တယ်။ အဲဒီမြို့ကတော့ ယခုထားဝယ်မြို့၊ မေတ္တချောင်းဖျား အနီးတွင် ရှိသော အောင်သာဝရဟု ခေါ်တွင်ပြီး ယခုခေတ် ရွှေတူးဖော်ရာ နေရာတစ်ဝိုက်များ ဖြစ်တယ်။ တနင်္သာရီဒေသကို အရင်က ယိုးဒယားတွေက''ထနောင်ဆီရိ'' (ရွှေပေါများရာမြေ)လို့ ခေါ်ဆိုကြတယ်လို့ သိရတယ်။ နဂါးမင်း၏ အကူအညီနှင့် မြို့တည်ရာ မြို့ရိုးကျုံးပစ္စင်ဖြင့်များ စွာလှပကြောင်းကို နန်းတွင်းသား တွေမှတစ်ဆင့် တောင်ညာဒေ၀ီ မိဖုရားကြီးထံ သတင်းရောက်သွားတယ်။
မိဖုရားကြီးမှ အကြိမ်ကြိမ်ပူဆာသောကြောင့် မတားနိုင်သည့်အဆုံး ဖောင်တော်ပေါ်တွင် ဖန်ချုပ်ပြုလုပ်ကာ မိဖုရားကြီးအား ထည့်ပြီးမြို့တည်ရာကို ခေါ်သွားရတယ်။ မြို့တည်ရာကိုရောက်တော့ လူနှင့်နဂါးများ မြို့တည်နေသည်ကို မြင်တွေ့ရသော မိဖုရားကြီးမှာ ကြောက်လန့်တကြား ထအော်မိသဖြင့် နဂါးမင်းမှ ကြားသိရပြီး ကတိမတည်သောမင်းအဖြစ် ဗျန်စက္ကပိတ်မင်းအား ဒေါသအမျက်ထွက်သွားကြောင်း သိရတယ်၊ နဂါးမျက်စောင်းအကြောင်းမရွေးဟု ဆိုသော်လည်း ဘုန်းသမ္ဘာနှင့် ပြည့်စုံသော မင်းဖြစ်သောကြောင့် ရွှေကွပ်သည့် ခရင်းခွနှင့် ထိုးလိုက်ရာ နဂါး မင်းလည်း သေဆုံးသွားပြီး မြစ်ညှာပိုင်းမှမျောလာ ကာန၀ကပ်တောင် (နဂါးကပ်တောင်)တွင် တင်နေပြီး ထိုမှတဖန် ယခုဝပ်ဆင်တောင်ခြေရင်းတွင် တင်နေခဲ့တယ်။

နဂါးလှေသဘင်ပွဲတော်တွေကို သက္ကရာဇ် ၅၁၅ မှာ စတင် ကျင်းပလာခဲ့ကြောင်းကို သမိုင်းသုတေသီတွေက သုံးသပ်ထားတာ တွေ့ရတယ်။ နှစ်ပေါင်းအားဖြင့် ယခုဆိုရင် ၈၅၈ နှစ်သို့ တိုင်လာခဲ့ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံး ပွဲတော်တစ်ခုဖြစ် နေတာတွေ့ရတယ် ...
နဂါးမင်း အလောင်တင်ရာနေရာကို ရှေးက ခရင်းသေရွာ(ယခုတနင်္သာရီမြို့)ဟု ခေါ်တွင်ကြောင်း သမိုင်းဆရာများက သုံးသပ်ကြတယ်။ မော်စွန်းအထက်က ပတ္တမြားရွာ(ယခု အောင်သာဝရ မြို့ဟောင်းနေရာ)ကို သက္ကရာဇ် ၅၁၄ မှာ အပြီးသတ်နိုင်ခဲ့တယ်။ ဗျန်စက္က ပိတ်မင်းကြီးမှာ ကျေးဇူးရှင်နဂါးမင်းကို ရွှေခရင်းခွနှင့် ထိုးသတ်မိသောကြောင့် စိတ်နှလုံး မသာမယာဖြစ်ကာ စိတ္တဇရောဂါ စွဲကပ်လာကြောင်း၊ ထို့ကြောင့် ပညာရှိအမတ်တို့က ရွှေလှေ၊ ရွှေလောင်း၊ ရွှေဖောင်တော်တို့တွင် နဂါးမင်းရုပ်သဏ္ဌာန်ကို စီမံပြုလုပ်ပါဟု လျှောက်ထားကြရာ ထို အချိန်မှစတင်ပြီး တနင်္သာရီမြစ်ကြောင်းတစ်လျှောက်တွင် နဂါးလှေလုပ်၍ နဂါးလှေသဘင်ပွဲတော်များ ပေါ်ပေါက်လာတယ်လို့ သိရတယ်။ ဒါကတော့ ဒဏ္ဍာရီ(သို့မဟုတ်) သူရဲကောင်းမင်းတစ်ပါးရဲ့ဘုန်းတန်ခိုးကို ပြသဖွဲ့ဆိုလိုတဲ့ သဘောကို ပြကြတယ်လို့ ယူဆကြတယ်။
တိုင်းဒေသကြီးရဲ့ အမှတ်အသားပွဲတော်တစ်ခု ဖြစ်လာဖို့
ဘာပဲဖြစ်ဖြစ် နဂါးလှေသဘင်ပွဲကတော့ ခိုင်ခိုင်မာမာရှိခဲ့တယ်၊ နဂါးမင်းနှင့် ဗျန်စက္ကမင်းရဲ့ ဇာတ်လမ်းကလည်း သက္ကရာဇ်အတိအကျ၊ နေရာအတိအကျနှင့် ပြောနိုင်နေတာ တွေ့ရတယ်၊ နဂါးလှေသဘင်ပွဲတော်တွေကို သက္ကရာဇ် ၅၁၅ မှာ စတင်ကျင်းပလာခဲ့ကြောင်းကို သမိုင်းသုတေသီတွေက သုံးသပ်ထားတာ တွေ့ရတယ်။ နှစ်ပေါင်းအားဖြင့် ယခုဆိုရင် ၈၅၈ နှစ်သို့ တိုင်လာခဲ့ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံးပွဲတော်တစ်ခု ဖြစ်နေတာ တွေ့ရတယ်။ မင်းအဆက်ဆက်လည်း ရေခင်းသဘင်ပုံစံနှင့် ကျင်းပလာခဲ့ပြီး အရင်က အစီးရေ ရာနှင့်ချီရှိရာမှ တဖြည်းဖြည်း နည်းပါးလာကာ အခုဆို ထူးထူးခြားခြား လယ်သစ်တစ်ရွာတည်းမှာ လေးစင်းနှင့် တနင်္သာရီမြို့မှာ တစ်စင်းရှိနေခဲ့တယ်။ သမိုင်းမှတ်တမ်းကို ထိန်းသိမ်းချင်တဲ့ လူငယ်တွေလည်း တနင်္သာရီနယ်မှာ အားထားလောက်စရာ ပေါ်ထွက်လာနေပြီး နဂါးလှေတွေနှင့် ပတ်သက်ပြီးသူတို့အနေနှင့် ဖွဲ့စည်းပုံတွေ၊ ပွဲတော်ကျင်းပတဲ့ ပုံစံတွေကို မှတ်တမ်းပြုစုပြီး သက်ဆိုင်ရာအဆင့်ဆင့် တင်ပြသွားပြီး တနင်္သာရီတိုင်းဒေသကြီးရဲ့ အမှတ်အသား ပွဲတော်တစ်ခုဖြစ်လာဖို့ တိုင်းဒေသကြီး အစိုးရဆီကိုလည်း တင်ပြပေးသွားဖို့ စီစဉ်နေတယ်ဆိုတာ ကြားသိရပါတယ်။ နှစ်ပေါင်းများစွာ နှစ်စဉ်မပျက်အောင်တော့ သူတို့အနေနှင့် ကထိန်ပွဲတွေ၊ အလှူပွဲတွေမှာ နဂါးလှေလှော်ပွဲတွေ ထည့်သွင်းကျင်းပစေပြီး အစဉ်အလာမပျက်အောင်တော့ ထိန်းသိမ်းထားတာ တွေ့ရတယ်။
တနင်္သာရီမြစ်ကြောင်းတစ်လျှောက်မှာ နဂါးလှေလှော်ပွဲတော်ကြီးတွေ ကျင်းပလာနိုင်ခဲ့မယ်ဆိုရင်တော့ ရှေးနှစ်ပေါင်းများစွာက သမိုင်းတစ်ခုကို ဖော်ထုတ်နိုင်မှာဖြစ်သလို ခရီးသွားလုပ်ငန်းလည်း တိုးတက်လာမှာ ဖြစ်တယ်။ အပြန်မှာတော့ လယ်သစ်သားများရဲ့ ဇာတိအားမာန်များ၊ ဧည့်ဝတ်ကျေမှုများကို အသိအမှတ်ပြုရင်း ကျွန်တော်တို့ဌာနီ တနင်္သာရီမှ နဂါးလှေပွဲတော်ကြီး ပေါ်ထွက်လာစေဖို့ ရည်သန်ဆုတောင်းရင်းနဲ့ . . . ။
 Written by ဘိတ်သား 
EMG 

စစ်တွေဆိပ်ကမ်း တည်ဆောက်မည့် ဧရိယာအနီးရှိ ဆေးရုံ၊ ဈေး၊ မြေနေရာများ ဖယ်ရှား ရှင်းလင်းခြင်းမပြုဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

Posted: 04 Mar 2012 02:43 AM PST

7237
စစ်တွေဆိပ်ကမ်း တည်ဆောက်မှု လုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ်
စစ်တွေဆိပ်ကမ်း တည်ဆောက်မည့် ဧရိယာအနီးရှိ ဆေးရုံ၊ စစ်တွေ မြို့ဈေးကြီးနှင့် ကုလားတန် မြစ်ကမ်းစပ်ဖြစ်သော ကမ်းနားလမ်း တစ်လျှောက်ရှိ အိုးတန်းရပ်ကွက်၊ ကျေးပင်ကြီး ရပ်ကွက်ရှိ ဈေးဆိုင်ခန်းများ၊ အိုးအိမ်များ၊ မြေနေရာများသည် စီမံကိန်းနေရာနှင့် လွတ်ကင်းပါသဖြင့် ဖယ်ရှား ရှင်းလင်းခြင်းမပြုဟု ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန် အစည်းအဝေးတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဥာဏ်ထွန်းအောင်က ပြော ကြားခဲ့သည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးပို့ဆောင်ရေး စီမံကိန်း၏ နှစ်နိုင်ငံ သဘောတူစာချုပ်အရ စီမံကိန်းအတွက် လိုအပ်သည့်မြေနေရာကို မြန်မာဘက်မှ ပံ့ပိုးပေးရမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ဆိပ်ခံ တံတား နောက်ခံမြေအဖြစ် ဖောင်တော်ကြီး ဆိပ်ကမ်းဝင်းနှင့် မင်းကြီး ကျောက်တန်းကြားတွင် ကုလားတန်မြစ်နှင့် ပြိုင်လျက် အလျား ၅၀၀ မီတာတွင် အလျား ၃၂၄ မီတာနှင့်မြစ်ဘက်သို့ ၁၃၉ မီတာအကျယ်ကို ကျောက်စီ ရေကာတာ တံတိုင်းပြုလုပ်၍ မြစ်ဘက်သို့ မြေနေရာတိုးချဲ့ကာ ဆိပ်ကမ်း အဆောက်အအုံများ ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ ရေယာဉ်များနှင့် ကုလားတန် မြစ်တွင်း သွားပြည်တွင်းရေကြောင်းမှ ရေယာဉ်များ ဆိုက်ကပ်ရန်အတွက် အလျား ၂၇၃ မီတာ နှင့် အကျယ် ၁၅.၂ မီတာရှိ ပင်မ ဆိပ်ခံတံတား၊ အလျား ၁၃၆  မီတာ၊ အကျယ် ၉.၅ မီတာရှိသော ချဉ်းကပ် တံတားနှစ်ခုပါသည့် ဆိပ်ခံတံတား များ၊ ပလက်ဝမြို့တွင် ဆိပ်ခံတံတား တည်ဆောက်ရန် မြေဧက ၁၁.၁၁၅ ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနနှင့် ညှိနှိုင်းနေပြီး ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ် အထိ မော်တော်ကားလမ်း ဖောက်လုပ်ရန်အတွက် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးကြားခံ ပို့ဆောင်ရေးစီမံကိန်း တည်ဆောက်မှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့အပြင် နိုင်ငံတကာနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးစေမည့် အပြင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ ပေါ်ပေါက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံနှင့်သာမက အခြားနိုင်ငံများနှင့် ပါ တိုက်ရိုက်ကုန်သွယ်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
"ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းပို့ဆောင်ရေး စီမံကိန်း လုပ်ငန်းဆောင်ရွက်ရေး မူဘောင် သဘောတူစာချုပ်၊ သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရေး ဆိုင်ရာ တို့ကို ၂၀၀၈ ခုနှစ်ကတည်း အိန္ဒိယနိုင်ငံနဲ့ သဘောတူထားတာပါ။ ဒီ စီမံကိန်းတွေကြောင့် စစ်တွေဆိပ်ကမ်းနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ပြည်တွင်း ရေကြောင်းလမ်း၊ အဝေး ပြေးလမ်းမကြီးသို့ သွားလာရေး အတွက် နှစ်နိုင်ငံဘက်စုံသုံး နယ်စပ်ဖြတ်သန်း သယ်ယူပို့ဆောင်ရေး တို့အတွက် လွယ်ကူစေမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းထဲမှာတော့ နှစ်နိုင်ငံသဘောတူစာချုပ်အရ စီမံကိန်းအတွက် လိုအပ်တဲ့မြေနေရာကို ကျွန်တော်တို့က ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းပို့ဆောင်ရေး စီမံကိန်း အကောင်အထည်ဖော်ခြင်းကြောင့် စစ်တွေဆိပ်ကမ်း၌ တန် ၆၀၀၀ ဆိုက်ကပ်နိုင်သည့်ဆိပ်ခံတံတားတစ် စင်း၊ စစ်တွေနှင့် ပလက်ဝတွင် တန် ချိန် ၃၀၀ မြစ်တွင်းသွား ရေယာဉ် များ ဆိုက်ကပ်ရန် ဆိပ်ခံတံတားနှစ် စင်းနှင့် ဆိပ်ကမ်း အဆောက်အဦး ရရှိမည်ဖြစ်ကာ မြစ်တွင်းသွားရေ ယာဉ်ခြောက်စင်း တည်ဆောက်ပြီးပါ က မြန်မာဘက်သို့ လွှဲပြောင်းပေးမည့်အပြင် ရေလမ်းကြောင်းတစ်လျှောက် ရေလမ်းကြောင်း ကောင်းမွန်လာစေ ခြင်းနှင့် ပလက်ဝမှ အိန္ဒိယ-မြန်မာ နယ်စပ်အထိ အဝေးပြေးလမ်းမ တစ်ခု ပေါ်ပေါက်လာမည် ဖြစ်သည်ဟု သိရှိ ရပါသည်။
EMG

ငသိုင်းချောင်းမြို့အနီး င၀န်မြစ်ထိန်းတာ ပြိုကျပျက်စီး

Posted: 04 Mar 2012 02:40 AM PST


ငသိုင်းချောင်းမြို့အနီးရှိ င၀န်မြစ်ထိန်းဗောဓိတာသည် မိုးတွင်းကာလ လွန်မြောက်ချိန်မှစတင်၍ ဆိုးရွားစွာ တာကမ်းပါးပြိုကျပျက်စီးမှုများ ရှိနေသဖြင့် ၎င်းတာကျိုးသည့်နေရာတွင် ပမ်းတာတစ်ခုဆောက်ခြင်းနှင့် မြစ်ကြောင်းဖြောင့်ခြင်း လုပ်ငန်းများအား သက်ဆိုင်ရာ ရေလမ်းထိန်းသိမ်းရေးဌာန၊ ဆည်မြောင်းဌာနနှင့် ကုမ္ပဏီများပူးပေါင်း၍ အချိန်မီပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''တာဆိုးဆိုးဝါးဝါး ပြိုကျတဲ့နေရာကတော့ ငသိုင်းချောင်းမြို့နဲ့ ကပ်လျက်မှာပါပဲ။ တာက ဟင်္သာတကနေ သာပေါင်းမြို့နယ်အထိ ၇၄ မိုင် ရှည်ပါတယ်။ အခု ဆိုးဆိုးဝါးဝါး ပြိုကျနေတဲ့တာက မိုင်တိုင် ၄၄   နဲ့ ၄၆ ကြား နေရာတွေမှာပါ။ တောင် မရှိတော့ဘူး။ ပြိုကျတဲ့နေရာတွေကလည်း အရှည်ပေ ၂၀၀ ၀န်းကျင်လောက်စီ ရှိတယ်။ မနှစ်တုန်းကတည်းက အရေးပေါ်ပမ်းတာတစ်ခု သက်ဆိုင်ရာက ဆောင်ရွက်ခဲ့တာပါ။ ဒါပေမယ့်ပမ်းတာကမြေသားအသစ် ဆိုတော့ရေဖိအားနဲ့ တွန်းအားဒဏ်ကို မခံနိုင်လောက်ဘူး''ဟု ငသိုင်းချောင်း မြို့မှဒေသခံတစ်ဦးကပြောကြားသည်။
ယခုကဲ့သို့ ရေထိန်းတာများ ပြိုကျရခြင်း၏ အဓိကအကြောင်းအရင်းသည် မြစ်အလယ်တွင်ရှိသည့် သောင်ခုံများ ကျယ်ပြန့်မြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
''ကျွန်တော်တို့အခုပေါက်နေ တဲ့နေရာကတော့ သောင်ကြီးကျေး ရွာအုပ်စု အထက်စုကျေးရွာကနေ ဒေါင့်ကြီးကျေးရွာအုပ်စု သောင်ဖျားကျေးရွာ အထိပါ။ မြစ်ကြောင်းက ဂငယ်ကွေ့ဖြစ်နေတော့ မြစ်ကြောင်းမြို့ရဲ့ တိုင်းတာတွက်ချက်မှုနဲ့ နဂိုမြစ်ကြောင်း ဟောင်းကို အတည့်အတိုင်းဖြစ်အောင် ဖောက်လုပ်သွားမှာပါ။ ပေအရှည်ကတော့ ၇၃၈၀ ရှိပါမယ်။ ထိပ်ဝအကျယ်က ပေ ၁၆၀၊ အနက်ကတော့ ၄၂ ပေရှိမှာပါ။ တဖြည်းဖြည်း ဒီဘက်ကို မြစ်ကြောင်းပြောင်းသွားရင် တာဘက်ခြမ်းကတော့ မြစ်ကျိုးအင်း ဖြစ်သွားမှာပါ''ဟု ဆည်မြောင်း ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသိန်းဝင်းထွန်းက ပြောပြသည်။
ယခင် မြစ်ကြောင်းတူးဖော်ရာတွင် မြေကျင်းပေါင်း ၃၂၉၆၀၀ ကျော်အား တူးဖော်သွားမည်ဖြစ်ပြီး ဆည်မြောင်းဦးစီးဌာနနှင့်အတူ မြန်မာ့အလှကုမ္ပဏီနှင့် MMIC မြန်မာ့စွမ်းပကားကုမ္ပဏီတို့မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစတင်၍ ဧပြီလလယ်ခန့်အ ထိ ဖောက်လုပ်သွားမည်ဟု သိရသည်။ ယခုဖောက်လုပ်နေသော အနက်သည် လက်ရှိမြစ်ကြမ်းပြင်အနက်နှင့် တစ်ညီတည်းရှိနေခြင်းကြောင့် ဖောက်လုပ်ပြီးစီးပါက မြစ်ကြောင်းသွား ယာဉ်များအတွက် စိုးရိမ်ရဖွယ် အနေအထားများမရှိဟု သိရသည်။
မြစ်ကြောင်းဖောက်လုပ်ရာတွင် မြစ်ကြောင်းနှင့်မလွတ်သည့် အိမ်ခြေ ၅၁ လုံးအားဖယ်ရှား၍ ရွာ၏ နောက်ဘက်တစ်မိုင်ခန့်အကွာ ပလပ်မြေတွင် အိမ်ရာကွက်များ သတ်မှတ်၍ ပြန်လည်နေရာချထားပေးကြောင်း သိရသည်။
EMG

ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမိန့် ခွန်း ကောက်နှုတ်ချက်

Posted: 04 Mar 2012 02:33 AM PST

 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းတိုင်း တွင်သိန်းချီရှိသော
လူထုအား ကျန်းမာရေး မကောင်းသည့်ကြားကပြောကြားနေသည်။

အန်တီကတော့အဲဒီမိန့်ခွန်းမှာထည့်ပြောသွားပါတယ်။ပြည်သူက
ထားတဲ့ မေတ္တာကြောင့်သူနေလို့ကောင်းသွား
ပြီတဲ့။
သတင်း-ဓါတ်ပုံ D-Wave 

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဇေယျာရွေမြေစစ်ကိုင်းမြေ အ၀င်
စစ်ကိုင်းတံတားပေါ်တွင် လူထုက ကြိုဆိုနေကျစဉ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၅ ရက် (မနက်ဖြန်) တွင် နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကြောင်း၊ လမ်းခရီးတွင် နွားထိုးကြီး၊ မိထ္ထီလာစသည့်မြို့ကြီးများတွင် မိန့်ခွန်းများ ပြောကြားမည် ဖြစ်ရာ နေပြည်တော်သို့ ထိုနေ့ ညနေ ၄ နာရီတွင်ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း နေပြည်တော် ပုဗသီရိမြို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်က ပြောကြားခဲ့သည်။

ဖျာပုံမြို့နယ်အထူးသတင်း

Posted: 04 Mar 2012 02:15 AM PST

ဒေါ်အောင်ဆန်းစုကြည် နှင့် ဖျာပုံမြို့ နယ် NLD ကိုယ်စားလှယ်လောင်း ဦးမင်းဆွေ
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌကြီးရဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရပါမယ်ဆိုတဲ့ စကားကို သံသယဖြစ်စရာလေးတွေတော့ စတင်တွေ့ရှိနေရပါပြီဗျာ။

(၁) ဖေဖော်ဝါရီလ (၂၉) ရက်နေ့ကစပြီး မဲပေးနိုင်မယ့်လူဦးရေစာရင်းတွေကို ကြေငြာရ မှာဖြစ်ပေမယ့် ဖျာပုံမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ (၁၅) ရွာ (လောလောဆယ်သိရှိရသလောက်) မှာ ယခုအချိန်အထိ မဲပေးနိုင်မယ့်လူဦးရေစာရင်းတွေကို ကြေငြာထားခြင်းမရှိသေးပါဘူး။

(၂) မဲစာရင်းကြေငြာထားပြီးတဲ့ ကျေးရွာနှစ်ရွာမှာတော့ လူဦးရေစာရင်းအတိအကျကို သိရှိရဖို့ ကျေးရွာ NLD အဖွဲ့ဝင်တွေက သွားရောက်ကူးယူတဲ့အခါမှာ ကူးယူခွင့်မပြုနိုင်ပါဘူးလို့ တားမြစ်ခံခဲ့ပါတယ်။ (မဲစာရင်းကို ကူးယူတာဟာ ဘယ်လိုဥပဒေပုဒ်မနဲ့ ညှိစွန်းနေတယ်ဆိုတာ နားမလည်နိုင် လောက်အောင်ပါပဲ)

(၃) အဲ ... ဆိုးတာကတော့ မဲစာရင်းကပ်ထားပြီး ကူးယူခွင့်ရတဲ့ကျေးရွာတွေမှာတော့ NLD ပါတီဝင်တွေထဲက အတော်များများရဲ့ နာမည်တွေကို ချန်လှပ်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။ အဲဒီ ချန်လှပ်ခံခဲ့ရသူတွေအားလုံးဟာလည်း ရွေးကောက်ပွဲဥပဒေနဲ့ ညှိစွန်းခြင်း အလျင်းမရှိတဲ့သူတွေပဲ ဖြစ်နေပါတယ်။

(၄) အဆိုးတကာ့ အဆိုးဆုံးကတော့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့စာရင်းထဲမှာ သေဆုံးပြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးအသင်းဝင်/ပါတီဝင်တွေရဲ့ နာမည်တွေကို တွေ့ရှိနေရတာပဲဖြစ်ပါတယ်ဗျား ... .... ...။

မဲပေးနိုင်ခွင့်ရှိတဲ့လူစာရင်းတွေကို အချိန်နဲ့ တစ်ပြေးညီ မထုတ်ပြန်တာ၊ မဲပေးနိုင်ခွင့် နဲ့ ပြည့်စုံတဲ့လူတွေကို မဲစာရင်းကနေ ချန်လှပ်ထားခဲ့တာ၊ သေဆုံးပြီးသူတွေကို မဲပေးနိုင်ခွင့် စာရင်းထဲထည့်ထားတာတွေဟာ .... ဘယ်လိုရည်ရွယ်ချက်ကြောင့်ဆိုတာ အထူးအထွေ ရှင်းပြနေစရာလိုမယ် မထင်တော့ပါဘူး။

ဒီစာရင်းတွေကို မတ်လ (၆) ရက်နေ့ ညနေ (၄) နာရီမှာမှ အမှန်အတိုင်းဖြစ်အောင် မပြုပြင်နိုင်ရင်တော့ .... .... .... လက်ရှိ အမှားအတိုင်းကိုပဲ အတည်ယူရတော့မလိုဖြစ်နေပါ တယ်။

ဖျာပုံမြို့နယ် NLD အဖွဲ့ချုပ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မဲရုံကော်မရှင် ကို တင်ပြဖို့ ကြိုးစားနေပြီလို့ သိရပါတယ် ... ။

အဲ ... အခုလောလောဆယ်မှာတော့ ကျွန်တော်အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌကြီးရဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရပါမယ်ဆိုတဲ့ စကားကို ပဲ (အမှတ်မရှိ) နောက်တစ်ခါ ထပ်ပြီး ကြားချင်နေမိပါတော့တယ်ဗျာ ... ... .... ။

မင်းခေါင် (ဖျာပုံ)

ဒေါ်အောင်ဆန်းစုကြည် မန္တလေးရောက်ရှိစဉ် အင်တာနက်လိုင်းများ ခတ္တပြတ်တောက်

Posted: 04 Mar 2012 02:06 AM PST

ဈေးချိုသို့ ရောက်ရှိလာစဉ် (ဓါတ်ပုံ-The Voice)
 ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမြို့တွင် လူထုဟောပြောပွဲ ပြုလုပ်ပြီး မန္တလေးမြို့ သို့ ပြန်လည်ရောက်ရှိလာချိန်မှ စတင်ကာ မန္တလေးတစ်မြို့လုံးရှိ အင်တာနက်ဆိုင်များတွင် အင်တာနက်လိုင်းများ ခေတ္တ ပြတ်တောက်သွားခဲ့သည်။ ၀ိုင်ဖိုင်များလည်း ပြတ်တောက်လျှက်ရှိပြီး McWill ဖုန်းအင်တာနက်လိုင်းများလည်း အသုံးပြု၍မရခဲ့ကြောင်း သိရသည်။ တစ်နာရီကျော်ကြာ လိုင်းများပြတ်တောက်သွားခြင်းဖြစ်သည်။ ""အခုတော့ လုံးလုံးပြတ်သွားပြီဟု"" ၂ နာရီ ၅၅မိနစ်တွင် Nice အင်တာနက်ကဖေးက ပြောသည်။ McWill ဖုန်းအင်တာနက်လိုင်း များပြတ်တောက်မှုကြောင့် သတင်းဓာတ်ပုံဖိုင်များအချိန်မှီပေးပို့ရာတွင် အခက် အခဲဖြစ်ခဲ့ကြောင်းမန္တလေးမြို့တွင် ရောက်ရှိနေသည့် နိုင်ငံခြားသတင်းထောက်တစ်ဦးက ပြောသည်။
 7Day News Journal

ဈေးချိုသူဈေးချိုသားတွေလည်း အမေစု ကို သိန်းနှင့်ချီကြိုဆို (ဓါတ်ပုံ)

Posted: 04 Mar 2012 01:45 AM PST

 ဒေါ်အောင်ဆန်းစုကြည် ၄ - ၃ - ၂၀၁၂ ရက်နေ့ နေ့လည် ၁:၃၀ နာရီ မန္တလေး ဈေးချို ၂၆ ဘီလမ်း သွားရောက်သောပုံပါ ။ မန္တလေးမှပြည်သူတဦး Myanmar News Now ကို ပေးပို့ ထားတာဖြစ်ပါတယ်။

အောက်ကဓါတ်ပုံတွေကတော့ ဒေါ်အောင်ဆန်းစုကြည် ဈေးချို သွားရောက်စဉ် မှတ်တမ်းတင် ရိုက်ကူးထား တဲ့ Facebook ပေါ်မှ ဓါတ်ပုံများဖြစ်ပါတယ်။ သိန်းနှင့်ချီတဲ့ လူထုကြီးကို ဈေးချိုနာရီစဉ်ကြီး တ၀ိုက်မှာ တွေ့ ရှိနိုင်ပါတယ်။

အမေစု စစ်ကိုင်းခရီးစဉ် ပြည်သူတွေ သိန်းနှင့်ချီကြိုဆို (ဓါတ်ပုံ)

Posted: 04 Mar 2012 12:05 AM PST

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဇေယျာရွှေမြေစစ်ကိုင်းခရီးစဉ် (ဓါတ်ပုံ-Eleven- EMG)
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမြို့ ပါတီစည်းရုံးရေးခရီးစဉ်မှာ စစ်ကိုင်းပြည်သူလူထု သိန်းနှင့်ချီ ကြိုဆိုနှုတ်ဆက်ကြပြီး၊ ဇေယျာရွှေမြေစစ်ကိုင်း သဲသောင်ပြင်လူထုဟောပြောပွဲကိုလည်း သိန်းနှင့်ချီတဲ့လူထု တက်ရောက်နား ထောင်ခဲ့ပါတယ်။

ဒါတ်ပုံ  Eleven နှင့် 7Day

ဈေးချို မှာ အမေစု ကို စောင့်မျှော်နေသူများ (ဓါတ်ပုံ)

Posted: 03 Mar 2012 11:49 PM PST

မန္တလေး ဈေးချိုမှာ ဒေါ်အောင်ဆန်းစုကြည် အလာကို စောင့်မျှော်နေကြများ။



ဓါတ်ပုံ - Swar Lay

ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းခရီးစဉ် (ဓါတ်ပုံ)

Posted: 03 Mar 2012 11:44 PM PST

ယနေ့ (၄.၃.၂၀၁၂) နေ့လည်က စစ်ကိုင်းမြို့၊ စစ်ကိုင်းတံတားအောက်ဖက်အနီး သဲသောင်ပြင်ပေါ်တွင် ဒေသခံလူထုကြီး အား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။

ဓာတ်ပုံ- ဥက္ကာကိုကို
စစ်ကိုင်းတံတားကြီး ပြည့်နေတယ်။ ကျိုးကျမလားစိုးမိတယ်။ အသစ်မို့လို့ ခိုင်လှတယ်။
ခွပ်ဒေါင်းမောင်တို့ ပျော်ကြကွယ်....

ဓာတ်ပုံ- ဥက္ကာကိုကို

စစ်ကိုင်းတံတားမှ ဆင်း၍ စစ်ကိုင်းမြို့သို့ဝင်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြသည့် စစ်ကိုင်းမြို့ခံများကို လမ်းလုံးပြည့်မြင်တွေ့ရစဉ်။

ဓာတ်ပုံ- ဥက္ကာကိုကို

အဲဒီလူတွေ... အဲ့လူတွေ... အဲ့လောက်များတဲ့လူတွေကြားမှာ ကပိုကရိုနဲ့ တစ်နာရီလောက် ပိတ်နေတယ်။ မူးလဲတဲ့လူကလဲ။ ဘုရား ဘုရား.. ကံသီလို့ လူမနင်းတာ။ စစ်ကိုင်းမြို့။

ဓာတ်ပုံ- ဥက္ကာကိုကို
7 Day

အမရပူရရှိ မဟာဂန္ဓာရုံကျောင်းတိုက်သို့ အသွား လူထုအား နှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ)

Posted: 04 Mar 2012 12:11 AM PST

ဆရာတော်များအား ဆပ်ကပ်လှူဒါန်းစဉ် (ဓါတ်ပုံ-Eleven)
မန္တလေးမြို့မှ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်သို့ သွားရောက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက်ပိုင်းက တွေ့ရစဉ်။

ဓာတ်ပုံ- ဥက္ကာကိုကို

ယနေ့ (၄.၃.၂၀၁၂)တွင် မန္တလေးမြို့မှ အမရပူရရှိ မဟာဂန္ဓာရုံကျောင်းတိုက်သို့ သွားရောက်ရာလမ်းတစ်လျှောက် လူထုအား နှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည်။

ဓာတ်ပုံ-ဥက္ကာကိုကို
7Day

ဒေါ်အောင်ဆန်းစုကြည် မန္တလေးမှ စစ်ကိုင်းသို့ မထွက်ခွါခင် (ရုပ်/သံ)

Posted: 03 Mar 2012 11:05 PM PST

မတ်၊၄၊၂၀၁၂ (YPI) (နေ့လည် ၁း ၁၅ ) ။ ။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကိုင်းမြို့မှ မန္တလေးမြို့သို့ပြန်လည်ရောက်ရှိလာပြီး မန္တလေးမြို့ဈေးချိုတော်အနီး နာရီးစင်အနီးသို့ရောက်ရှိနေကာ သံဃာများအပါအ၀င် လူထုပရိတ်သတ်က ကြိုဆိုလျက်ရှိသည်။

 04.03.2012 - Daw Aung San Suu Kyi before leaving Mandalay in the morning
ယနေ့ နံနက် ဒေါ်အောင်ဆန်းစုကြည် မန္တလေးမှ စစ်ကိုင်းသို့ မထွက်ခွါခင် (ရုပ်/သံ)
ဒီဗွီဘီမှရိုက်ကူးတင်ဆက်ထားတာပါ။


အောင်ပင်လယ်မှာ အောင်မြေနင်းခဲ့တဲ့ အမေစု (ဓါတ်ပုံ)

Posted: 03 Mar 2012 10:26 PM PST

စစ်ကိုင်းတံတားအနီးက သဲသောင်ပြင်မှာ ဒေါ်အောင်ဆန်းစုကြည်က လူထုဟောပြောပွဲပြုလုပ်ခဲ့ပြီး နေ့လည် ၁၁ နာရီခွဲလောက်မှာ ဟောပြောပွဲပြီးဆုံးသွားပါတယ်။ ညနေ ၄ နာရီမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးမြို့က မဟာမြတ်မုနီဘုရာကြီးကို ဖူးမြော်မယ်လို့ Weekly Express Times သတင်းထောက်က သတင်းပေးပို့ထားပါတယ်။
"ကျမ အခုကတည်းက ပြောထားပါမယ်။ ဒီမိုကရေစီဆိုတာ ရဖို့လည်း မလွယ်ဘူး၊ ရပြီးတဲ့အခါ တည်တံ့ခိုင်မြဲအောင် လုပ်ဖို့လည်း မလွယ်ဘူး၊ အင်မတန်မှ အလုပ်ကို များများလုပ်ပြီးတော့ ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်။"
ဒေါ်အောင်ဆန်းစုကြည် အောင်ပင်လယ် မိန့် ခွန်းကောက်နှုတ်ချက် ဓါတ်ပုံ(News and Information Department of NLD)

အွန်လိုင်းပေါ်မှ ဓာတ်ပုံများနှင့် ပတ်သက်၍ ဦးဇော်ဇော် ရှင်းလင်း စကားဆို

Posted: 03 Mar 2012 09:48 PM PST

ပြီးခဲ့သည့် ရက်သတ္တပတ် များက အွန်လိုင်းပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့သည့် ဓာတ်ပုံများနှင့် ပတ်သက်၍ ကာယကံရှင် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တုံ့ပြန် ပြောကြားမှု တစ်ရပ် ပြုလုပ်ခဲ့သည်။
မတ်လ (၃)ရက်နေ့ ရန်ကုန် - ရတနာပုံ ပွဲစဉ်သို့ လာရောက် ကြည့်ရှုခဲ့သူ ဦးဇော်ဇော်က "အဲဒီတုန်းက ကျွန်တော်တို့ မိသားစုတွေ အပါအ၀င် ရန်ကုန်က မီဒီယာတွေရော၊ မန္တလေး မြို့မိမြို့ဖတွေရော အားလုံး အတူရှိနေ ခဲ့ပါတယ်။ ဗထူးကွင်းမှာ ပထမဆုံး ကစားမယ့် ရတနာပုံရဲ့ ပွဲစဉ် မတိုင်မီ ဖွင့်ပွဲ အစီအစဉ်မှာ အဲဒီ သရုပ်ဆောင်တွေ၊ မော်ဒယ်တွေက အခကြေးငွေ မယူဘဲ သီဆိုဖျော်ဖြေ ပေးခဲ့ကြတာပါ။ ဒါကြောင့် သူတို့ကို ညဘက် ဒင်နာမှာမှ ဆုချပေးတဲ့ သဘောပါ" ဟု ရှင်းလင်း ပြောကြား သွားခဲ့သည်။

အဆိုပါ ဓာတ်ပုံများသည် မန္တလေး ဗထူးကွင်းအား နိုင်ငံရေး ပါတီတစ်ခုသို့ မငှားခဲ့ခြင်းနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေကြချိန်တွင် အချိန်ကိုက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာစိုင်း တို့က နာမည်ကြီး မော်ဒယ် သရုပ်ဆောင် အချို့အား ဆုချနေသည့် ပုံများဖြစ်သည်။ ဦးဇော်ဇော်က "ဒါဟာ ရည်ရွယ်ချက် ရှိရှိ ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်တာပါ။ ဒါပေမဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မလုပ်ခဲ့ပါဘူးလို့ ငြင်းချက်တော့ မထုတ်နိုင်ပါဘူး။ တစ်ခုတော့ သတိထားစရာ ဖြစ်လာပါတယ်။ ကျွန်တော်တို့ တတွေ ဒီလို မနေထိုင် သင့်ဘူး ဆိုတာကို သိလိုက်ရပါတယ်" ဟု ဆိုခဲ့သည်။
soccermyanmar

Myanmar News Now မှ ဖော်ပြခဲ့တဲ့ ဦးဇော်ဇော် ရဲ့ အွန်းလိုင်းပေါ်က ဓါတ်ပုံများ အောက်မှာ
ကြည့်ရှုနိုင်ပါတယ်။
မယ်လိုဒီ ၊ ဂျင်းနီ (ခ)ဟန်နွေငြိမ်း၊ ချောရတနာ ၊ အမည်မသိ ၊ MAXဇော်ဇော်၊ ဒေါက်တာစိုင်း
တို့ ရဲ့ ပုံတွေဖြစ်ပါတယ်။



နိုင်ငံတော်သမ္မတကြီးထံသို့ ၅ ထောင်တန်ဖုန်းအဆိုပြုလွှာ မရောက်သေးကြောင်းသူရဦးရွှေမန်းပြောကြား

Posted: 03 Mar 2012 09:35 PM PST


 4 March 2012 —- ရွှေပြည်တံခွန်ကုမ္ပဏီလုပ်ငန်းစုမှ ၅ထောင်တန်ဖုန်းကိစ္စခွင့်ပြုချထားပေးနိုင်ရေးအတွက် အဆိုပြုလွှာကို နိုင်ငံတော်သမ္မတထံနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌထံများသို့ တင်သွင်းလျှောက်ထားခဲ့ရာတွင် ယင်းအဆိုပြုလွှာသည် နိုင်ငံတော်သမ္မတထံသို့ မရောက်သေးကြောင်း ပြည်သူလွှတ်တော်ဥက္ကဌသူရဦးရွှေမန်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ပြောကြားသွားကြောင်းနှင့် ယင်းအဆိုပါပြောကြားချက်ကို ရွှေလက်ချောင်းများသာရေးကူညီမှုအသင်းဥက္ကဌ ဦးဗအုပ်ခိုင်ထံမှ သတင်းရရှိသည်။   
´´အဆိုပြုလွှာနှစ်စောင်ရေးတင်တာ၊ သမ္မတကြီးဆီသို့ တစ်စောင်၊ ပြည်သူ့လွှတ်တော်သို့တစ်စောင်၊ ပြည်သူ့လွှတ်တော်ထဲကိုတော့ စာရောက်သွားပြီပြောတယ်´ဟု ယင်းအသင်းဥက္ကဌ ဦးဗအုပ်ခိုင်ကပြောသည်။

နေပြည်တော်သို့ စာတင်ရာ၌ ဥပဒေကြမ်းအတွက် အဆိုတင်သွင်းလျှင်တစ်လ၊ သာမန်အဆိုတင်သွင်းလျှင် နှစ်ပတ်ကြာမည်ဆိုပါက  နောက် လွှတ်တော်အစည်းအဝေးလုပ်တော့မှသာ အဆိုပြုတင်သွင်းသွားနိုင်မည်ဖြစ်ကြောင်း၊ ၄င်းက ထပ်မံရှင်းလင်းသည်။
Newday News weekly journal

အမေစု စစ်ကိုင်းခရီးစဉ်ကြိုဆိုသူများလွန်သဖြင့် လမ်းပိတ်ဆို့ မှုဖြစ်နေ

Posted: 03 Mar 2012 09:17 PM PST

မတ်၊၃၊၂၀၁၂ ရက်နေ့ က 
လမ်းပိတ်ဆို့ အောင် သိန်းနှင့်
ချီကြိုဆိုကြတဲ့မြင်ကွင်းပါ
မတ်၊၄၊၂၀၁၂(YPI)။ ၁၀:၄၀ ။ ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတံတား(ရတနာပုံ) သို့ ရောက်ရှိနေပြီး တံတားတလျှောက်ကြိုဆိုသူများပြားသဖြင့် လမ်းပိတ်လျှက်ရှိကြောင်း မန္တလေးသို့ ရောက်ရှိနေသော YPI သတင်းထောက်က ပေးပို့သည်။
 မတ်၊၄၊ ၂၀၁၂(YPI)။ ။ ဒေါ်အောင်ဆန်းစုကြည်သည် မဟာဂန္ဓာရုံကျောင်းတိုက် မှ စစ်ကိုင်းမြို့သို့ ထွက်ခွာလျှက်ရှိပြီး ယခု တံတားဖြူရေထိမ်းတံခါးသို့ ရောက်ရှိနေပြီဖြစ်သည်။

ဆတ်သွား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ

Posted: 03 Mar 2012 08:47 PM PST

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ခွဲ ဆတ်သွား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရုံးခမ်းဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို မတ်လ(၂)ရက်နေ့
နံနက်(၁၁)နာရီတွင် ဆတ်သွား(၂)ရပ်ကွက် အဖွဲ့ချုပ် ဥက္ကဌဒေါက်တာဝင်းမြင့်ထွန်း၏
 နေအိမ်တွင် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တောင်တွင်းကြီးမြို့၊အမှတ်(၄)မဲ
ဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးအောင်
ကြည်ညွန့်နှင့်အဖွဲ့သည် မတ်လ(၂)ရက်နေ့တွင် ဆတ်သွားသို့ ရောက်ရှိလာပါသည်။
 
ဆတ်သွားအ၀င်တွင် ကြိုဆိုသူများက ရာနှင့်ချီပြီး လမ်းတစ်လျှောက် အိုးစည်၊ဒိုးပတ်များ၊ မြန်မာ့
ရိုးရာအကများဖြင့် ၀မ်းပမ်းတသာကြိုဆိုကြသည်။ အသံချဲ့စက်များဖြင့်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ။ ဦးအောင်ကြည်ညွန့်
ကျမ်းမာပါစေ။တိုင်းပြည်အကျိုး
ဆထက်တစ်ပိုး သယ်ပိုးနိုင်ပါစေဟု အော်ဟစ်ကာ လမ်းဘေးမှ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။ ထို့နောက် အဖွဲ့ချုပ်ရုံးတွင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
လောင်း ဦးအောင်ကြည်ညွန့် ၊ ဒေါက်တာဝင်းမြင့်ထွန်း တို့မှ ဟောပြောခဲ့ကြသည်။
 
ယင်းဖွင့်ပွဲသို့ တောင်တွင်းကြီး၊ဆတ်သွားအုပ်စု၊ ပရပ်ကြယ်အုပ်စု၊ ကုက္ကိုလ်ကုန်းအုပ်စုများမှ
 ပါတီဝင် အဟောင်းအသစ်များ ၊ ကျေးရွာပြည်သူလူထုများ တိုင်းရင်းသားလူများများ 
စုစုပေါင်းအင်အား (၁၀၀၀)တစ်ထောင်ကျော်ကျော် တက်ရောက်ခဲ့ပီး အခမ်းအနားကို
 အောင် မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
Myanmar News Now
 



 

ဆိုင်ကယ်အစီးပေါင်း သောင်းကျော် ၀န်းရံ လို်က်ပါအားပေးခဲ့တဲ့ အမေစု မန်းခရီးစဉ် (ရုပ်/သံ)

Posted: 03 Mar 2012 08:06 PM PST

စည်းရုံးရေးဆင်းခဲ့သမျှနယ်တွေထဲမှာ လူအများဆုံး…
၃ ကီလိုမီတာ ခရီးစဉ်မှာ ဆိုင်ကယ်အစီးပေါင်း သောင်းကျော် ၀န်းရံ လို်က်ပါအားပေးခဲ့တဲ့ 
မန်းလေး စည်းရုံးရေးခရီးစဉ် …စင်မြင့်ထက်မှာ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည် အတူတက်ရောက်ဟောပြောခဲ့တဲ့ ထူးခြားတဲ့ပွဲ… .လာရောက်နားထောင်ခဲ့တဲ့ အထဲက အီတလီနိုင်ငံသူတဦးကတော့ We come here because of this very famous lady
 all over the world, and I love her." လို့ပြောဆိုသွားပါတယ်။ (ရို်က်တာသတင်း)

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်း ဇေယျာကမ်းခြေ ခရီးစတင်

Posted: 03 Mar 2012 07:36 PM PST

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
 မန္တလေးတိုင်းခရီးစဉ်အတွင်း ၃-၂-၂၀၁၂ က
Mandalay Hill Resort တွင်ကျင်းပသော ညစာစားပွဲမြင်ကွင်း
မန္တလေးမြို့သို့ ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းက ရွှေကျင်သာသနာပိုင် မစိုးရိမ်တိုက် ဝါဆိုကျောင်း ဆရာတော်ကို သွားရောက်ဖူးမြော်ခဲ့ပြီး ယခုအခါ မဟာဂန္ဓာရုံကျောင်းသို့ သွားရောက်နေကြောင်း၊ ထို့နောက် စစ်ကိုင်းခရီးစဉ်ကို စတင်မည် ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
မတ်၊၄၊၂၀၁၂ (နံနက် ၈း ၃၀ ) ။ ။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်တွင် မန္တလေးမြို့၊ တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်သို့သွားရောက်လျက်ရှိပြီး ထိုကျောင်းရှိဆရာတော်ကြီးများကို ဖူးမြော်ပြီးပါက စစ်ကိုင်းမြို့သို့ဆက်လက်ထွက်ခွာမည်ဖြစ်သည်။
မတ်၊၄၊၂၀၁၂ (ypi) မန္တလေးမြို့တွင် စည်းရုံးရေးဆင်းရန်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်တွင် တည်းခိုရာဟိုတယ်မှ ထွက်ခွာလာပြီး မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက်သို့ရောက်ရှိကာ တရားနာလျက်ရှိပြီး ထိုကျောင်းတိုက်မှ မကြာမီပြန်လည်ထွက်ခွာတော့မည်ဖြစ်သည်။
 

ဒေါ်စု ညစာစားပွဲ နှင့် ယနေ့ နံနက် စစ်ကိုင်း ခရီးစဉ်ပြင်ဆင်နေပုံ (ဓါတ်ပုံ)

Posted: 03 Mar 2012 05:49 PM PST

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်းခရီးစဉ်အတွင်း ၃-၂-၂၀၁၂ က
Mandalay Hill Resort တွင်ကျင်းပသော ညစာစားပွဲမြင်ကွင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်းခရီးစဉ်အတွင်း ၃-၂-၂၀၁၂ က
Mandalay Hill Resort တွင်ကျင်းပသော ညစာစားပွဲမြင်ကွင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်းခရီးစဉ်အတွင်း ၃-၂-၂၀၁၂ က
Mandalay Hill Resort တွင်ကျင်းပသော ညစာစားပွဲမြင်ကွင်း
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာ Golden Hill Resort မှ
စစ်ကိုင်းတိုင်း ခရီးစဉ်အတွက် ပြင်ဆင်နေကြစဉ်နှင့် မိုးမလင်ခင်တည်းက
စောင့်ကြိုနေကျသောပြည်သူများ

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာ Golden Hill Resort မှ
စစ်ကိုင်းတိုင်း ခရီးစဉ်အတွက် ပြင်ဆင်နေကြစဉ်နှင့် မိုးမလင်ခင်တည်းက
စောင့်ကြိုနေကျသောပြည်သူများ


သတင်းဓါတ်ပုံ D-Wave သတင်းထောက်မှ Myanmar News Now  ကို ပေးပို့ ထားတာဖြစ်ပါတယ်။

ပြည်သူတွေအအေးမိမှာဆိုလို့ ခဏပဲပြောသွားတဲ့ အမေစု အောင်ပင်လယ် မိန့် ခွန်း-၂ (ရုပ်/သံ)

Posted: 03 Mar 2012 02:02 PM PST

ပြည်သူတွေအအေးမိမှာဆိုလို့ ခဏပဲပြောသွားတဲ့ အမေစု အောင်ပင်လယ် မိန့် ခွန်း-၂ (ရုပ်/သံ)
ဒီဗွီဘီမှတင်ဆက်ထားတာပါ။



ဒေါ်စု ကို ကြိုဆိုတဲ့တပ်မတော်သားလေး ကျော်ဇင်ဝင်း ထိုးကြိတ်ခံရပြီး တပ်ချုပ်ချထားခံရ

Posted: 04 Mar 2012 02:19 AM PST

ဒေါ်အောင်ဆန်းစုကြည်၏ကလောမြို့နယ်ခရီးစဉ်တွင်တပ်မတော်သားတစ်ဦးမှ ကြိုဆိုနှုတ်ဆက်ပုံကို NLD ပါတီထုတ်စာစောင်ဖြစ်သည့် ဒီလှိုင်းဂျာနယ် (ယခုအပတ်ထုတ်) တွင် ဖော်ပြထားသည်။ ယင်းတပ်မတော်သားမှာ ကလောမြို့ တပ်မ (၅၅) မှ တပ်သားကျော်ဇင်ဝင်းဆိုသူဖြစ်ကြောင်း ကလောမြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ဒေါ်စုရဲ့ အောင်ပန်း-ကလော-ဟဲဟိုးခရီးစဉ်မှာ နှုတ်ဆက်ကြိုဆိုတဲ့ တပ်မတော်သားလေး ကျော်ဇင်ဝင်းတစ်ယောက် ထိုးကြိတ်ခံရပြီး တပ်ချုပ်ချထားခံရပါတယ်တဲ့။ ဒီတပ်မတော်သားလေးနာမည်..တပ်သားကျော်ဇင်ဝင်းလို့ ခေါ်ပါတယ်.. အောင်ပန်းGE...တပ်မှဖြစ်ပါတယ်..သူအခုအထိုးအကျိတ်ခံရပီးလူရုပ်မပေါ်တော့ ပါဘူး.... ကွာတား(တပ်အချုပ်ချခံထားရတယ်) ဒီသတင်းလေးကိုshareပေးကြပါ.. တိတိကျကျသိလိုပါကဖုန်း0949353386.ကိုဖိုးချိုထံမေးနိင်ပါတယ်။
Facebook ပေါ်မှာပျံနှံနေတဲ့ သတင်းဖြစ်ပါတယ်။ ဒီသတင်းနှင့် ပါတ်သတ်၍ 
Myanmar News Now မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
အောင်ပန်းမြို့မှာ အမေစုခရီးစဉ်ကို လာအားပေးတဲ့ အငြိမ်းစား ပြည်သူ့တပ်မတော်သားတွေပါ။ တယောက်က တိုက်ပွဲမှာ ခြေထောက်ပြတ်ပြီး နောက်တယောက်က လက်ပြတ်သွားပါတယ်။ အခု တော့ အငြိမ်းစား ပြည်သူ့တပ်မတော်သားတွေပေါ့ဗျာ။ ဒီလို တပ်မတော်သားတွေကို စာနာ ကြပါ။ ကူညီကြပါ။ 

Myanmar News Now 




--
Ƭнαиκƨ, 

                         \\\ ///
                       /        \
                      | \\    // |
                    ( | (.)  (.) | )
 ---------------o00o-- (_)--o00o---------------
        
======ஜ۩۞۩ஜ=======
◄██▓░
  Ѧя Ƨσяcɛяɛя  ░▓██►
         ======ஜ۩۞۩ஜ=======

 
-------------ooo0---------------------------------
               (   )        0ooo
                \ (          (   )
                 \_)         )  /
                             (_/


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ