ကျနော် ကိုယ်ချင်းစာမိတယ်။
On Wed, Mar 7, 2012 at 12:34 AM, Lu Bo <lubo601@gmail.com> wrote:
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: Tue, Mar 6, 2012 at 11:06 PM
Subject: [လူဗိုလ်ဟူသည် ...] အဆိုးမြင်ဝါဒီ နေတဲ့ မြို့
To: lubo601@gmail.comby Zay Ya on Tuesday, March 6, 2012 at 8:25pm ·
ဒီကနေ့ ရန်ကုန်ရဲ့ ကောင်းကင်က အရှင်းသားပဲ။ -- ကျယ်တယ်။ ပြာညို့နေတယ်။ တစ်ခွင် တစ်ပြင်လုံး ဘယ်တိမ်မှ ရှိမနေဘူးရယ်။ ဟိုတစ်နေ့က နေရောင်မျိုး အရိပ်ထိုးနေဆဲ ရှိတယ်။ ဒါပေတဲ့ ဒီရန်ကုန်ဟာ ဟိုနေ့က ရန်ကုန် မဟုတ်သလို၊ ဒီနေရောင်ကလည်း ဟိုနေ့က နေရောင် မဟုတ်ဘူး ပဲ။
တကယ်လို့ ဒီရန်ကုန်ဟာ တောင်တန်းပြာတွေ ပေါ်မှာ ၊အင်းလေးကန်ရဲ့ ကမ်းပါး မှာ ခိုနားရင်း ရှိနေခဲ့ရင်~ အခုလို ဟုတ်ပါ့မလား ။ ကျနော် ခဏ ပျောက်သွားခဲ့တယ်။
အဲ့အချိန် ဟာ ဒီလို အချိန်ပေါ့။ ရန်ကုန်ရဲ့ ကောင်းကင်မှာ - ငှက်တစ်ချို့ကို မြင်ကောင်း မြင်နိုင် မယ် ။ ဒီ ကောင်းကင် ပြာပြာ ကို နောက်ခံ ထား ရင်း သူရို့ ပျော်ပျော် ပါးပါး ပျံဝဲ နေမယ်။ ရန်ကုန် ရဲ့ မြေမျက်နှာပြင် - ဟိုနား ဒီနားက လမ်းစ တစ်ချို့မှာ သူတို့ အရိပ်တွေ ထင်ဟပ် နေလိမ့်မယ်။ တစ်ခါ တစ်လေ - ခပ်လှမ်းလှမ်း တောင်ပြာ တန်း ဆီက လေအေးအေး တစ်ချက် လွတ်ထွက် လာနိုင် တယ်။ ရန်ကုန် မြေ ကို သာသာလေး ခိုးနမ်း သွားလိမ့်မယ်။ ကန်ရေပြင်ကို တိုက်ခတ်၊ ရှမ်းပဲပုတ်နံ့ ရနိုင်သေး တယ်။ ရာသီ အပြောင်း အလဲ မှာ ဝါလွင်ဖို့ အားခဲ ထားတဲ့ ပင်အို ပင်ကျ တွေ ရှိမယ်။ ခင်ဗျား သူတို့ကို တွေ့ရနိုင် တယ်။ ရှော့ပင် မထွက်ဘဲ အိမ်တိုင် ရာရောက် တွေ့ ရနိုင် တာတွေ လည်း ရှိတယ် ~ အဲ့ဒါတွေ က - ရေငွေ့ ပါမယ့် လေ ရယ် ၊ ကမ္ဘာပေါ် မှာ အရှားပါးဆုံး အပြုံးအစစ်ရယ် ၊ နောက်ပြီး ~ ခင်ဗျားအတွက် ဘဝ အသစ်ရယ်။
ဒါပေမယ့် ~ ကံဆိုးချင်တယ် ပြောမလား၊ ကံကောင်းတယ်ပဲ ဆိုမလား ~
အခု စင်စစ် ရန်ကုန် ဟာ တောင်တန်းတွေ ပေါ်မှာ မဟုတ်ဘူး။ အင်းလေး မှာလည်း မရှိဘူး။ ရန်ကုန်ဟာ ရန်ကုန်မှာပဲ ရှိနေတယ်။
ပညာရှင်များ တိုင်းထွာချက် အရ -ပင်လယ် ရေပြင် အထက် ဘယ်လောက် ဘယ်ရွေ့။ ကိန်းဂဏန်း အချို့ ပါးပါး လျားလျား လေထွားနေ တဲ့ ဒီ မြေ ဒီရေ ...။ ဒါဟာ ရန်ကုန် ဖြစ်ပါတယ်။ အခြားမြို့တွေထက် -ဝတ်လစ်စလစ် ဆန်တယ်။ ကလူကျီစယ် လဲလျောင်း နေ တာ တွေ့ရ လိမ့်မယ်။
ခင်ဗျား သတင်းစာထဲမှာ တွေ့မှာပါပဲ။ ~ အခု စင်စစ် ရန်ကုန်ဟာ ဈေးကောင်း ရဖို့ ချောင်းမြောင်း နေတယ်။ အလောင်းတွေ ကို နှုတ်ခမ်းနီ ဆိုးပေး တယ်။ သောက ထိန်းကွပ်တဲ့ ဘဝ ဥခွံအလွတ်တွေ ဟိုနား ဒီနား အော်ဟစ် ရောင်းချ နေကြတယ်။
ခင်ဗျား သတင်းစာ ဖတ်ရဲ့လား ။ ကျနော် အောင်းနေတဲ့ ဒီ ရန်ကုန်မှာ တကျီကျီ တေးသီ နေမယ့် ငှက် တွေ မရှိဘူး။ ပြေပြေအေးအေး တိုက်ခတ် မယ့် လေပြေ မရှိဘူး။ ဝူးဝူး ဝါးဝါး ကားသံ တွေတော့ ရှိတယ်။ ဒါလည်း သိပ် မနိပ်ဘူး။
အခု ရှိနေတဲ့ ရန်ကုန်မှာ -
အပြုံး တွေနဲ့ ဖုံးဖိရင်း မျိုးတုံး နေတဲ့ ဗုံးတွေ ရှိတယ်။
အချိန်မရွေး ကြည့်ကြည့်။
ရန်ကုန်ရဲ့ လူမြင်ကွင်းမှာ- မိတ်ကပ် အဖွေးသား ထင်ရာစိုင်းမယ့်
( အသွေးနဲ့ ကိုယ်၊ အသားနဲ့ ကိုယ်၊ သူလို ကိုယ်လို ) မိုင်း တွေ ရှိတယ်။
ဘယ်အခါ မဆို ထကြည့်။
ရေလာ နိုင်ဖို့ မြောင်းပေး နေတဲ့ ပုခုံး တံဆိပ်စွဲ မျက်နှာမွဲ တွေ ရှိတယ်။
တစ်ချက်ကလေး ငုံ့ကြည့်။
ကျနော် အောင်းနေတဲ့ ရန်ကုန်ဟာ ~ အဲ့ဂလောက် ကို သာယာတယ်။
ဒီ ရန်ကုန် မြေဟာ စိမ်းစိုနေဖို့ မရှိ ~ ခြောက်သွေ့နေတဲ့ ခြုံပုတ် ပျပျတောင် ခင်ဗျား ရှာတွေ့ဖို့ မလွယ်လှဘူးပဲ ။
တကယ်စင်စစ် ရန်ကုန် ဟာ -
တကယ် စင်စစ် ရန်ကုန် ဆိုတာ -
လေ စွေ ရင် ကြွေ မယ့် ရွက်ခြောက် တစ်စ နှစ်စနဲ့
ခပ်ငွေ့ငွေ့ အသက်ဆက် ၊ မာန်တက် နေတာ သက်သက်။
.................
March 6th 2012 at 7:30 PM
.................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
................
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/06/2012 11:06:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ