Re: [mrsorcerer:20555] "ဘယ်လိုခွင့်လွှတ်ကြမလဲ ?"

Yeah Right! This post is the best for Group Members.

Good to read for you all.

On Wed, Mar 7, 2012 at 9:02 AM, MayMonkyaw 27 <mmonkyaw36@gmail.com> wrote:

"ဘယ်လိုခွင့်လွှတ်ကြမလဲ ?"

         နေ့စဉ်ဘ၀မှာ စိတ်တိုစရာကိစ္စတွေကို တော်တော်လေး တွေ့ရပါတယ်။
ကျောင်းမှာပဲဖြစ်ဖြစ်၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ် ကျနော်တို့ကို စိတ်တိုအောင်လုပ်နေတဲ့ လူတွေ၊ အဖြစ်အပျက်တွေက တော်တော်များပါတယ်။
         အဲဒါတွေ အားလုံးကိုသာ စိတ်တိုနေရမယ်ဆိုရင် ကျနော်တို့ မြန်မြန် အသက်တိုရလိမ့်မယ်ထင်တယ်။
ကျောင်းတို့၊ အလုပ်ခွင်တို့၊ လူမှုဆက်ဆံရေးတို့ဆိုတာကလည်း ကျနော်တို့ဘ၀မှာ မဖြစ်မနေ ပတ်သက်နေတဲ့အရာတွေဆိုတော့ အဲဒါတွေကို ရှောင်လွှဲလို့ မရနိုင်ပေဘူး။
        ပြီးတော့ လူတွေကို ခွင့်လွှတ်တတ်ခြင်းဟာ ကျနော်တို့ရဲ့ အောင်မြင်ပျော်ရွှင်ရေးမှာ အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။
ဒီတော့ စိတ်တိုအောင် လုပ်တဲ့လူတွေကို ဘယ်လို ခွင့်လွှတ်ကြမလဲ။
        လူတွေကို ခွင့်လွှတ်ဖို့ အခြေခံကျတဲ့ အကြောင်းတစ်ရပ် ရှိပါတယ်။ ဒါကတော့ သင်က သူတို့ကို ခွင့်မလွှတ်ဘူးဆိုရင် အဲဒီစိတ်က သင့်ဘ၀ကို ဖျက်ဆီးပစ်မှာပဲဖြစ်တယ်။ ဆိုကြပါစို့ -

- သင်က ကျနော့်ရဲ့ သူဋ္ဌေး၊ ပြီးတော့ သင် ကျနော့်ကို အလုပ်ထုတ်ပစ်လိုက်တယ်။
ဒါမှမဟုတ်
- သင်က ကျနော့် ကောင်မလေး၊ ပြီးတော့ ကျနော့်သူငယ်ချင်းနဲ့ လိုက်ပြေးသွားတယ်။
ဒါမှမဟုတ်ရင်လည်း သင့်ရဲ့မွေးနေ့အတွက် ဖိတ်ကြားတဲ့ စာရင်းမှာ ကျနော့်ကို ချန်ထားမယ်။
ဒီတော့ ကျနော်က ပြောမယ်။
" ငါ မင်းတို့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး "
ဒါဆို ဘယ်သူ ခံစားရမလဲ။
သင်ကတော့ ခံစားရမှာမဟုတ်ဘူး။
ကျနော့်မှာတော့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရပြီ။ ဗိုက်ထဲမှာလည်း အလုံးကြီး တက်လာတယ်။ အိပ်လို့လည်း မရတော့ဘူး။
အဲဒီအချိန်မှာ သင်ကတော့ ပါတီပွဲတောင် ကျင်းပချင် ကျင်းပနေမှာပေါ့။ လူတွေကို ခွင့်မလွှတ်ဘူးဆိုရင် သူတို့ ခံစားရမယ်ဆိုတဲ့ အတွေးကို ကျနော်တို့ ဘယ်က ရတာပါလဲ။
ဒါဟာ ရူးတာပါပဲ။ ကျနော် သင့်ကို ဒေါသထွက်နေချိန်မှာ ကျနော်ပဲ ခံစားရတယ်။
အဲဒီအချိန်မှာ ကျနော်က ကိုယ့်ကိုယ်ကိုယ်ပြောမယ် – "ငါ မှန်တယ်"
ဒါပေမဲ့ "မှန်ကန်ခြင်း" ဆိုတာဟာ ပျော်ရွှင်မှုအတွက် အာမခံချက် မဟုတ်ပါဘူး။

အဓိကအချက်က ဒီမှာပါ- တစ်ယောက်ယောက်ကို ခွင့်လွှတ်ဖို့အတွက် သူတို့လုပ်သမျှကို သင်က သဘောတူစရာမလိုပါဘူး။
ကိုယ့်အလုပ်ကို ဆက်လုပ်နေဖို့ပဲ လိုတာပါ။
လူတွေကို ခွင့်လွှတ်ခြင်းဟာ သူတို့ရဲ့ ကောင်းကျိုးအတွက်မဟုတ်ပါဘူး။
သင့်ရဲ့ ကောင်းကျိုးအတွက်ပါပဲ။  တစ်ခါတစ်ရံမှာ ကျနော်တို့က ပြောကြတယ်။

 "ငါ ခွင့်လွှတ်မယ်နော်၊ ဒါပေမယ့် မေ့မှာတော့ မဟုတ်ဘူး"
ဒါက အခုအချိန်လေးပဲ ခွင့်လွှတ်တာ၊ ဒါပေမဲ့ အရင်ကနေ အခုအထိ ဖြစ်ခဲ့တာတွေကို ပြန်အမှတ်ရချင်သေးတယ်လို့ ဆိုလိုပါတယ်။

ခွင့်လွှတ်တယ်ဆိုတာ စိတ်ထဲမှာ လုံးဝမထားဘဲ လွှတ်လိုက်မှ ခွင့်လွှတ်တာပါ။

        ကာလီဖိုးနီးယားက ပြည်သူ့ကျန်းမာရေးဋ္ဌာနရဲ့ မကြာခင်က လေ့လာမှုတွေအရ ရန်လိုစိတ်နဲ့ မကျေမချမ်းဖြစ်စိတ်တွေက သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ဖြိုဖျက်ပစ်တယ်လို့ သိရပါတယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ အဖျားရောဂါအားလုံး သင့်မှာ ဖြစ်လာဖို့ အဲဒီစိတ်တွေက ဖြစ်နိုင်ချေ နှစ်ဆ ပိုများစေတယ်လို့ အတည်ပြုထားပါတယ်။ နာကျည်းမုန်းတီးမှုကလည်း သင့်ကို နေမကောင်းဖြစ်စေတာပါပဲ။

        ခွင့်လွှတ်ခြင်းအကြောင်း ပြောနေစဉ်မှာ သင့်ဘ၀မှာ ပထမဆုံး လုပ်ရမှာက သင့်မိဘတွေကို ခွင့်လွှတ်ဖို့ပါပဲ။ သူတို့ဟာ အပြစ်ဆိုဖွယ်မရှိအောင် အလွန် ပြည့်စုံကောင်းမွန်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်အဖေနဲ့အမေဟာ သင့်ကို ကျွေးမွေးပြုစု စောင့်ရှာက်ရတာတွေအပြင် တခြား စိုးရိမ်သောက ဖြစ်စရာတွေ အများကြီးကို ရင်ဆိုင်ခဲ့ကြရတာပါ။ သူတို့မှာ တိုင်ပင်စရာ၊ အကြံဥာဏ်ယူစရာဆိုလို့ ကျော်ကြားတဲ့ စိတ်ပညာစာအုပ်တွေ၊ Blog တွေက သူတို့ ကြီးပြင်းတဲ့အချိန်မှာ မရှိခဲ့ကြဘူးလေ။                  သင့်အမေကို ခွင့်လွှတ်ဖို့ ငြင်းဆန်တဲ့ နေ့တိုင်းဟာ သင့်ဘ၀ကို ကမောက်ကမဖြစ်ဖို့ မဲတစ်မဲပဲ ဖြစ်ပါတယ်။

        လူတွေကို ခွင့်လွှတ်ခြင်းနဲ့ ပတ်သက်လို့ နောက်ထပ် ပြောစရာတစ်ခုရှိပါသေးတယ်။ ဒါကတော့ ခွင့်လွှတ်ခြင်းဟာ စဉ်ဆက်မပြတ် ဆက်ကာဆက်ကာ ဖြစ်တဲ့ဖြစ်စဉ်ဆိုတာပါပဲ။ သင် ပျော်ချင်တယ်ဆိုရင်တော့ အရာရာကို အမြဲ ခွင့်လွှတ်နေရပါမယ်။ သင့်ရဲ့ မကျေနပ်မှု စာရင်းထဲက အရာတွေကို ဖျက်ပစ်လိုက်ပါတော့။

       လူတွေကို ခွင့်လွှတ်ခြင်းဟာ လွယ်သလား။ အမြဲတော့ မလွယ်ပါဘူး။ ဒါပေမယ့် သင်က လူတွေကို သူတို့ရဲ့ အကျိုးအတွက် ခွင့်မလွှတ်တောင် သင့်ရဲ့ ကောင်းကျိုးအတွက်တော့ သင်က ခွင့်လွှတ်ရမှာပေါ့။
အဲဒါက သင့်ကို ပိုပြီး ပျော်ရွှင်စေပါတယ်။

Ref: Forward Mail

Posted By: Nan

မေမွန်ကျော်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ