Re: [mrsorcerer:20628] Fwd: [လူဗိုလ်ဟူသည် ...] ပုဂ္ဂိုလ်ရေးပေါ် မူတည်တဲ့ နိုင်ငံရေး စနစ်မှ သည် ...

ကျွန်တော့်အမြင်ကတော့အခုလိုအချိန်မှာ ဒေါ်စု ကိုယ်တိုငလုပ်တာမှန်ပါတယ်။အကြောင်းက အန်အယ်ဒီရဲ့ ဒုတိယအကြိမ်မြောက်ခြေလှမ်းအစဖြစ်နေလို့ပါ။ ၁၉၉၀ မှ ၂၀၁၂ ဆိုတဲ့ကြားကာလမှာ လူထုကိုစည်းရုံးပြောဆိုခွင့် တ၇ားဝင်မ၇ရှိခဲ့ပါဘူး ဆိုတော့ မျိုးဆက်ပြတ်သလိုဖြစ်နေပါတယ်ဟောပြောစည်းရုံးတဲ့အပိုင်းကိုပြောတာဘာ ။ အဲ့အလုပိကလွယ်မလိုနဲ့ခက်ပါတယ်။နောက်ြီပီး အတွေ့အကြုံ လူရိုသေလေးစားမူ ပြောဟန်ဆိုဟန်  မာန် အမူအရာ စကားလုံးကြွယ်ဝမူ ကာလံ ဒေသံ စသဖြင့် အများကြီးလေ့ကျင်ဖို့လိုအပ်ပါတယ်။အင်အယ်ဒီ မှာ လုံလေလာက်တဲ့အချိန်မ၇ှိပါဘူး ဒေါ်စု ကိုယ်တိုင်ထွက်တာဟာ သူ့အမတ်လောင်းတွေကို လက်တွေ့ သင်ကြားပေးတယ်လို့ ယူဆနိုင်ပါတယ် နောက်တခုက ပါတီမဲ၇ဖိုတင်မဟုတ်ဘဲ လူထုတ၇ပ်လုံးကို ဒီမိုကေ၇စီနှင့် လူ့အခွင့်အေ၇းဆိုတာ ကိုမိတ်ဆက်ပေးနေတာလဲဖြစ်ပါတယ် ကိုယ့်နိုင်ငံ၇ဲ့ပြောင်းလဲသွားတဲ့စနစ်အကြောင်းကိုလူထုတ၇ပ်လုံးသိဖို့အတွက် နားလည်ဖို့အတွက် သင်ကြားပေးနေတာလဲဖြစပါတယ် ဒီဟာတွေလုပ ဖို့အတွက် ဒေါ်စုမှာသာလုပ်နိုင်ပါတယ။ တခြားသူတွေလျုက်လုပ်မယ်ဆို၇င်ဒီ့တ၀တတောင်အောငမြင်မယ်မထင်ပါဘူး ။ 
ပါတီ၇ဲ့ အ၇ည်အသွေးကို level မြှင့်တင်ပေးဖို့အချိန်ယူ၇အုံးမှာပါ။ အာဏာရှင်ပုံစံ ဖြစ်လာလိပ့်မယ်လို့တော့မထင်ပါဘူ့း    လေးစားစွာဖြင့်

On Mar 7, 2012 11:22 PM, "Mr. Jugger" <juggernaut.mm@gmail.com> wrote:
အရမ်းကောင်းပါတယ်ဗျာ.....ဟုတ်တယ်....ပုဂ္ဂိုလ်ရေးအပေါ်အရမ်းမှီခိုနေတော့
အဖွဲ့အစည်းမှာ အားနည်းသွားမှာကိုစိုးရိမ်တယ်ဗျာ.....ဒေါ်အောင်ဆန်းစုကြည်အပေါ်
အရမ်းမှီခိုနေတော့ အဖွဲ့အစည်းကအရည်အချင်းမရှိတော့မှာ စိုးရိမ်တယ်။
ပြီးတော့ ပါတီအကြံဥာဏ်တွေလည်း ဆုတ်ယုတ်သွားမယ်လို့ထင်တယ်။
အောက်ခြေပါတီဝင်တွေလည်း အရမ်း Inform တွေများလာပြီး ကိုယ်ပိုင် Decision
တွေပျောက်သွားရင် တိုင်းပြည်က အရင်လို
ဒုံရင်းဒုံရင်းဖြစ်သွားမယ်.....ဒေါ်အောင်ဆန်းစုကြည်ကို
နေရာတကာလိုက်ရှင်းခိုင်းသလိုဖြစ်သွားမယ်......တိုင်းပြည်ဖခင်ရဲ့သမီးဖြစ်တာရယ်....နိုဗယ်ဆုရှင်ဖြစ်တာရယ်ကြာင့်အရမ်းလေးစားပေမယ့်...ဘေးကြက်တွေအရမ်းခြေပြင်းနေတာကြည့်ပြီးတော့
အရင်ပုံစံမျိုးပြန်ရောက်သွားပြီလားလို့တောင် စိတ်ခုနေတယ်ဗျာ...အဲဒါကို
ထိန်းချုပ်ဖို့တော့လိုနေပြီ...ဘယ်အရာမှ
အစွန်းရောက်သွားရင်မကောင်းဘူးဆိုတာသိထားရင် ပိုကောင်းမှာပဲလို့
ကျွန်တော့်ရဲ့အမြင်ကိုတင်ပြလိုက်ရပါတယ်ဗျာ

On 3/6/12, Lu Bo <lubo601@gmail.com> wrote:
> ---------- Forwarded message ----------
> From: Blogger <no-reply@blogger.com>
> Date: Wed, Mar 7, 2012 at 11:59 AM
> Subject: [လူဗိုလ်ဟူသည် ...] ရးပေါ် မူတည်တဲ့ နိုင်ငံရေး စနစ်မှ သည်
> ...
> To: lubo601@gmail.com
>
>
>  by Ko Htike <http://www.facebook.com/profile.php?id=594643322> on Tuesday,
> March 6, 2012 at 2:31am ·
>
>    ကျွန်တော့် ဆီမှာ လာ "တတ် (Tag)" ထားတဲ့ "ဒီလိုခေါင်းဆောင်နဲ့ ဘုရားတောင်
> မခွဲခြားတတ်တဲ့ လူ့အဖွဲ့အစည်းမှာ စစ်အာဏာရှင်မဟုတ်တဲ့ အရပ်သားအာဏာရှင်
> ပေါ်လာမှာကိုလည်း ကျွန်တော်မလိုလားပါဘူး ကျွန်တော့်သူငယ်ချင်းရဲ့ ဘုရားစင်မှာ
> ဗုဒ္ဒဘုရားပုံနဲ့ ဒေါ်စုပုံက ယှဉ်တွဲလျက် ဗုဒ္ဒဘာသာမှာ တခြားမိန်းမတွေကိုသာ
> ခွဲခြားတာ ဒေါ်စုတော့ ချွင်းချက် အားလုံးက အမေအမေနဲ့ ကိုယ့်အမေရင်းကိုတော့
> နေ့စဉ်စော်ကားလျက် ဒေါ်စုကတော့ ............. အာဏာရှင် ဖြစ်လာတော့မှာပဲ" ဆိုတဲ့
> ပြောဆိုချက်နဲ့ ပြန်လှန် ဆွေးနွေးနေကြတာတွေကို ကျွန်တော် သတိထားမိပါတယ်။
>
> ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု လွန်ကဲနေတာကို သတိပေးလိုပြီး၊
> ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရဲ့ တောင်းဆိုမှုကြောင့် အာဏာရှင် လက်သစ်
> ဖြစ်လာနိုင်တယ် ဆိုတာကို စိုးရိမ်မှုလို့ ကျွန်တော် မြင်ပါတယ်။
> ဒါကို ပြန်လှန် ဆွေးနွေးနေကြရာမှာတော့ သဘောထား အမြင် မတူသူတွေ၊
> ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစားသူတွေက ဆွေးနွေးနေကြတာကိုလည်း တွေ့ရပါတယ်။
>
> ဒါ့အပြင် အခြားနေရာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်က NLD တစ်ခုလုံး ကိုယ်စား
> တစ်ယောက်တည်း လိုက်ပြီး စည်းရုံနေရတာရယ်၊ အခြား လူတွေက
> ဒေါ်အောင်ဆန်းစုကြည်လိုမျိုး လုပ်နိုင်ရေ မရှိတာတွေရယ် မူတည်ပြီး၊ အားမလို
> အားမရ ဖြစ်တာတွေရယ်၊ ဒေါ်အောင်ဆန်းစုကြည်သာ မရှိတော့ရင် ဘယ်လို လုပ်မလဲဆိုတဲ့
> စိုးရိမ်မှုတွေရယ်ကိုပါ တွေ့ရပါတယ်။
>
> ဒီနေရာမှာ ကျွန်တော် ဆွေးနွေးလိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်နဲ့
> လက်ရှိ ရောက်နေတဲ့ နေရာကို ပြောလိုပါတယ်။
>
> ကျွန်တော် ထင်တာ မမှားဘူးဆိုရင် ကြားဖြတ် ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်ပြီး
> လူထုစည်းရုံးရေးကို လုပ်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD စည်းရုံရေး
> တစ်ခုတည်း လုပ်နေတယ်လို့ မမြင်ပါဘူး။ ဒီလို လုပ်နေတာတွေ ပြီးသွားရင် (တနည်း)
> ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလို လူထုကြားထဲ
> သူကိုယ်တိုင် စည်းရုံးရေးကို လုပ်တော့မှာ မဟုတ်ပါဘူး။ အခု အချိန်က လိုအပ်လို့
> လုပ်နေရတယ်လို့ မြင်ပါတယ်။ ဆိုလိုတာက အခု စည်းရုံးရေးတွေဟာ ပါတီ
> စည်းရုံးရေးထက် ပိုတဲ့ လူထု စည်းရုံရေး ခရီးစဉ်တွေပါ။ လူထုတွေ နိုင်ငံရေးထဲ
> ပါဝင်လာအောင် အခုလို လုပ်နိုင်သူဟာ လောလောဆယ်မှာ သူနဲ့ ၈၈ မျိုးဆက်က
> ကိုမင်းကိုနိုင်တို့လို လူမျိုးပဲ ရှိပြီး ကိုမင်းကိုနိုင်ရဲ့ စည်းရုံရေး
> စွမ်းအင်ဟာ သူရဲ့ တဝက်လောက်ပဲ ရှိနိုင်ပါတယ်။ (ခန့်မှန်းကြည့်တာပါ။
> မသေချာပါဘူး။ သို့သော် သူ့ထက် နည်းတာတော့ သေချာပါတယ်။)
>
> နောက်ပြီး ကိုမင်းကိုနိုင်က သူ့လို တရားဝင် ကြီးကြီးကျယ်ကျယ် လိုက်ပြီး
> ပြောဆိုလို့ မရနိုင်သေးပါဘူး။ ဆိုလိုတာက ကိုမင်းကိုနိုင်ကို ဦးသိန်းစိန်
> အစိုးရက ဖမ်းလို့ ရနိုင်စရာ ဖြစ်သွားနိုင်ပါတယ်။ အခုလို လူသိန်းချီတဲ့
> ပွဲဖြစ်လာမယ်ဆိုရင် ဥပဒေအရ အကြောင်းပြပြီး ဖမ်းလို့ ရနိုင်စရာ ရှိလာနိုင်ပါတယ်။
>
> ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တချက်ခုတ်၊ ၂ ချက်ပြတ်တဲ့ နည်းနဲ့
> နိုင်ငံလှည့်ပြီး စည်းရုံနေရတာ ဖြစ်တာကြောင့် NLD က အခြား အမတ်တွေလောင်းတွေက
> သူ့လို မလုပ်နိုင်ကြပါဘူး။ မဖြူဖြူသင်းဟာ မင်္ဂလာတောင်ညွန့်မှာ စည်းရုံးရေ
> ဟောပြောပါတယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်လောက် သဲသဲလှုပ် မအောင်မြင်ပါဘူး။
> စည်းရုံးရေး ဟောပြောတာ အောင်မြင်အောင် လုပ်ဖို့ အများကြီး လုပ်ရပါတယ်။
> ဟောပြောမယ့် လူဟာ ပြဇာတ်ကသလို အကြိမ်ကြိမ် လေ့ကျင့်ရပါတယ်။ မှန်ရှေ့မှာ
> ကြည့်ပြီး လေ့ကျင့်ဖို့ လိုရင် လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ
> လေ့ကျင့်ယူလို့ ရတဲ့ အရည်အချင်းတွေပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒေါက်တာ ဘမော်
> စကားပြောဟန်ကို အတုယူပြီး မှန်ရှေ့မှာ ခဏ ခဏ လေ့ကျင့်တာကြောင့် သခင်စိုးတို့က
> အမြင်ကတ်ပြီး "ဘမော်" အသေးစားလေးလို့ နောက်ပြောင်ခဲ့ဖူးပါတယ်။ စကားပြောဟန်၊
> စကားလုံး ရွေးချယ်မှု၊ နိုင်ငံရေး လေ့လာမှု ကိုယ်ခံအား၊ နိုင်ငံရေး အမြင်၊
> အဝတ်အစား၊ နောက်က အထောက်အပံ့၊ .. စတာတွေ သေချာ လုပ်နိုင်မှ အောင်မြင်တဲ့
> စည်းရုံရေး ဖြစ်နိုင်ပါတယ်။ ဒါကို ကျောင်းမှာ ဘာသာရပ် တစ်ခုကို သင်ယူသလိုကို
> ပြုပြင်ရမယ့် အထိ လိုအပ်တယ်ဆိုရင် လုပ်ရမှာ ဖြစ်ပါတယ်။ အခုတော့ NLD က အခြား
> အမတ်လောင်းတွေဟာ အဲဒီလို ပြင်ဆင်မှု မတွေ့ရသေးပါဘူး။
>
> ဒီတော့က လူထုက ထောက်ခံပြီးသား ဒေါ်အောင်ဆန်းစုကြည်ကပဲ တာဝန်ယူပြီး
> လူထုစည်းရုံးရေး လုပ်ရပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်တဲ့ အဝတ်အစားတွေက
> အစ သတိထားပြီးကြည့်ပါ။ သေချာ စဉ်းစားပြီး နောက်ကနေ ပြင်ဆင်ပေးနေသူ ရှိတယ်
> ဆိုတာ သေချာပါတယ်။ စကားလုံးတွေ၊ နိုင်ငံရေး အမြင်တွေကတော့ နဂိုကတည်းက
> လေ့ကျင့်ပြီးသားလို ဖြစ်နေပါတယ်။ နိုင်ငံရေး သြဇာကလည်း ရှိပြီး၊
> မျိုးရိုးကလည်း ပြည့်စုံပါတယ်။ ဒီတော့ ပြည်သူလူထုက သဲသဲလှုပ်
> ဖြစ်လာရတော့တာပါပဲ။ ဒါဟာ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု (personalization) ဘက်အထိကို
> ရောက်လာသလို ဖြစ်နေပါတယ်။
>
> ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လမ်းစဉ်ကတော့ တော်လှန်ရေး လမ်းစဉ်
> (Revolution) ထက် နိုင်ငံရေး ဖြစ်ပေါ် တိုးတတ်မှု (Political evolution)
> ပုံစံကို သွားနေတာ ဖြစ်တယ်လို့ မြင်ပါတယ်။ ဒုတိယ လမ်းစဉ်အရ အာဏာရ
> အစိုးရဆိုလျှင် မူဝါဒ ချမှတ်ပြီး ပြုပြင်လို့ ရနိုင်စရာ ရှိပေမယ့် .. အာဏာ
> မရှိတဲ့ ပါတီအတွက် လူထု ထောက်ခံအားကို ရယူပြီးမှ နောက်တဆင့်ကို သွားရတာ
> ဖြစ်ပါတယ်။ ဒီလမ်းစဉ်ကို ရွေးတာကြောင့် လူထု အင်အားကို အခုလို စုစည်းနေတာ
> ဖြစ်ပါတယ်။ လက်တလောမှ သူ့နေရာကို အစားထိုးပြီး အခြားသူကို ဒီအလုပ်တွေ
> လွှဲပေးလို့ ရနိုင်စရာလည်း မမြင်သေးပါဘူး။ ဒါကြောင့် အခုလို ခရီးထွက်
> စည်းရုံးနေတာကို ကြားဖြတ် ရွေးကောက်ပွဲကာလအထိ လုပ်နေရတာ ဖြစ်ပါတယ်။
> ပြီးသွားရင် လုပ်မှာ မဟုတ်တော့ပါဘူး။
>
> အဲဒီအခါ NLD ရဲ့ မူဝါဒ နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်ဟာ
> ပုဂ္ဂိုလ်ရေးအစွဲကို ဖယ်ခွာရေး (de-personalization) လုပ်ရမှာ ဖြစ်ပါတယ်။
> ပုဂ္ဂိုလ်ရေးအစွဲကို ဖယ်ခွာရေး (de-personalization) ကို မလုပ်လို့ကို မရပါဘူး။
> ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန် ဖြစ်သလို၊ NLD တဖွဲ့လုံးရဲ့ တာဝန်
> ဖြစ်ပါတယ်။ အဲဒီလို မလုပ်ရင်တော့ အထက်ပြောခဲ့တဲ့ စိုးရိမ်မှုတွေလို "အာဏာရှင်"
> ဖြစ်လာမယ်ဆိုတဲ့ အမြင်တွေ ပိုများလာနိုင်သလို .. မော်စီတုန်း၊
> ကင်ဂျုံအိတို့ကို လူတွေက ကိုးကွယ်သလို ဖြစ်လာမှာကိုလည်း စိုးရိမ်ရပါတယ်။
> (ဒီနေရာမှာ brain-wash လုပ်ထားတယ် ပြောပြော .. သူ့နိုင်ငံက လူတွေက အဲဒီ
> လူတွေကို ဘုရားလောက် နီးနီးကို ကိုးကွယ်ကြတာကို နှိုင်းယှဉ်တာ ဖြစ်ပါတယ်။
> အာဏာရှင်ပုံစံကို နှိုင်းယှဉ်တာ မဟုတ်ပါဘူး။) ဒါကြောင့် NLD မှာ ပုဂ္ဂိုလ်ရေး
> အစွဲကို ဖယ်ခွာရေး (de-personalization) လုပ်ဖို့ တာဝန် ရှိပါတယ်။
>
> ဒီလိုလုပ်ဖို့ NLD ဟာ ပါတီ ဖွဲ့စည်းပုံ၊ ပါတီတွင်း အဖွဲ့ဝင်တွေကို စနစ်တကျ
> အလုပ် လုပ်ကိုင်စေရေး၊ အဖွဲ့ဝင်တွေကို လေ့ကျင့်ပျိုးထောင်ရေး၊ ပါတီရဲ့
> အထက်အောင့် အဆင့်ဆင့် စနစ်တကျ ဖြစ်ရေး၊ မျှတတဲ့ ပါတီတွင်း ရွေးကောက်ပွဲ
> ဖြစ်ပေါ်ရေး .. စတဲ့ စနစ်ကျတဲ့ ပါတီ (institutionalization) တွေကို
> လုပ်သွားရမှာ ဖြစ်ပါတယ်။ လူထုကိုလည်း ပါတီနဲ့ ဘယ်လို ထိတွေ့နိုင်မလဲဆိုတဲ့
> ပါတီဆက်သွယ်ရေးစနစ်၊ ပါတီရဲ့ သတင်းထုတ်ပြန်ချက်၊ ပါတီမူဝါဒ .. စတာတွေကို
> ပွင့်ပွင့်လင်းလင်း တိတိကျကျ ဖြစ်အောင် ပြထားဖို့ လိုပါတယ်။ ပါတီတွင်း
> ပါတီခေါင်းဆောင်နဲ့ အရေးကြီးတဲ့ နေရာတွေကို ရွေးကောက်တဲ့အခါ ပြည်သူတွေက
> ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါတယ်။ ငွေစာရင်း ကို ထင်သာမြင်သာ ရှိဖို့ကတော့
> ပြောစရာတောင် လိုမယ် မထင်ပါဘူး။
>
> အဲဒီလို NLD ပါတီကို စနစ်တကျ အဖွဲ့အစည်း ဖြစ်အောင် လုပ်နိုင်လျှင်
> ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။
> (ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူက ချစ်ခင်မှုနဲ့ နိုင်ငံတကာက လေးစားမှုကိုတော့
> လျော့ကျအောင် လုပ်လို့ မရပါဘူး။) ပုဂ္ဂိုလ်ရေးပေါ် မူတည်တဲ့ နိုင်ငံရေး စနစ်ကနေ
> ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်သစ်တွေကို လေ့ကျင့်ပေးနိုင်တဲ့ စနစ်ကျတဲ့ ပါတီ
> အဖြစ် ပြောင်းလဲဖို့ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့ NLD တဖွဲ့လုံးမှာ
> တာဝန်ရှိနေပါသေးကြောင်း .. ။
>
> လေးစားစွာဖြင့်
> ကိုထိုက်
>
>
> --
> Posted By Blogger to လူဗိုလ်ဟူသည်
> ...<http://www.lubo601.com/2012/03/blog-post_4630.html>at 3/07/2012
> 11:59:00 AM
>
> --
> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/mrsorcerer/subscribe?hl=en  ကို နှိပ်ပြီး
> မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်  mrsorcerer+unsubscribe@googlegroups.com
> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
>  တွင် ဖတ်ရှုနိုင်ပါသည် ။
>
> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
> mrsorcerer2@groups.facebook.com
> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>
> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက  >>>
> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
> ပေးပို.နိုင်ပါသည် ။
>
> ခင်မင်စွာဖြင့်
> ဦးဦး မှော်ဆရာ
>


--

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက  http://groups.google.com/group/mrsorcerer/subscribe?hl=en  ကို နှိပ်ပြီး  မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက  mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်  mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်  http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en  တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက  >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ