Re: [mrsorcerer:20837] အပေါင်းသင်းမှား၍ အပါယ်ဘဝကျင်လည်ခဲ့သူ

သာဓု သာဓု သာဓု

On Mar 10, 2012 10:00 AM, "Naing Min" <naing.min14@gmail.com> wrote:

အပေါင်းသင်းမှား၍ အပါယ်ဘဝကျင်လည်ခဲ့သူ

ဤကမ္ဘာမှ ပြန်၍ရေသည်ရှိသော် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းထက်က သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာဘုရား အထံတော်၌ ဘုရားဆုပန်တော်မူခဲ့သည် ။ဒီပင်္ကရာမြတ်စွာဘုရားက နောင်ကမ္ဘာပေါင်း လေးသင်္ချေနှင့် တစ်သိန်းလွန်သော ကာလဘဒ္ဒကမ္ဘာ၌ ဂေါတမ မည်သော မြတ်စွာဘုရားဖြစ်လတ္တံ့ ဟု နိယတဗျာဒိတ် ပေးတော်မူခဲ့သည် ။ ထိုဗျာဒိတ်ပွဲ၌ များစွာသော လူတို့ သည်ဤသုမေဓာရှင်ရသေ့
ဂေါတမမြတ်စွာဘုရား အဖြစ် ပွင့်တော်မူသောအခါ၌ တရားတော်နာရ၍ ကျွတ်တမ်းဝင်ရပါလို၏ ဟု ဆုတောင်းကြကုန်၏ ။
အမျိုးသားတစ်ဦးသည်လည်း ထိုသို့ ဆုတောင်း၍ ဒီပင်္ကရာမြတ်စွာဘုရားထံမှ ဗျာဒိတ်ရခဲ့လေ၏ ။သို့ သော် ထိုအမျိုးသားသည် ထိုဘဝ၌ပင် မကောင်းသော အဆွေခင်ပွန်းတို့ နှင့် ပေါင်းဖော်၍ ပဉ္စာနန္တရိယကံ အထိ ကျုးလွန်မိသည် ။ ထိုကြောင့် ထိုဘဝမှနောက်တွင် အပါယ်ငရဲ၌ ကျရောက်ခဲ့လေသည် ။ငရဲမှ ကျွတ်လွတ်ပြန်သော် တိရစ္ဆာန်ဖြစ်၍ နိုင်ရာစားဘဝဖြင့် ပါဏာတိပါတကံတို့ ကို ကျူးလွန်မိပြန်သည် ။ငရဲဘဝ တိရစ္ဆာန်ဘဝတို့ ဖြင့်သာ အပြန်ပြန် အလှန်လှန် ဖြစ်ခဲ့လေသည် ။သို့ နှင့် လေးသင်္ချေနှင့် တစ်သိန်းသော ကမ္ဘာကာလတို့ တွင် သုဂတိဘဝတို့ ၌ မဖြစ်ဘဲ ဒုဂ္ဂတိဘဝတို့ ၌သာ ဖြစ်၍ နေခဲ့လေသည် ။ထိုသူသည် ဤကမ္ဘာ၌ ဂေါတမမြတ်စွာဘုရားပွင့်တော်မူစ ကာလတွင် ပင်လယ်သမုဒ္ဒရာအတွင်း၌ ငါးကြီးဖြစ်၍ နိုင်ရာစားဘဝဖြင့် ကျင်လည်နေသည် ။တစ်နေ့ သောအခါ မဇ္ဈိမဒေသအနီး ပင်လယ်ပြင်၌ လှေငယ်တစ်စင်းကို မိမိအမြီးဖြင့် ရိုက်ပုတ်၍ ရေဝယ်နှစ်လိုက်သည် ။ထိုအခါ လှေပေါ်တွင်ပါလာသော ဥပသကာတစ်ဦးက ဂေါတမမြတ်စွာဘုရား ကယ်တော်မူပါ ဟု ဟစ်အော်လိုက်လေသည် ။ ထိုအခါ ငါကြီးသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်က ဂေါတမမြတ်စွာဘုရား ဖြစ်လတ္တံ့ ဟူသော ဒီပင်္ကရာ ဘုရား၏ ဗျာဒိတ်တော်သံကို အမှတ်ရလိုက်သည် ။သြော် ..ငါ့အဆွှေတော် သုမေဓာတောင်ဘုရား ဖြစ်နေရောပေါ့လား ဟု သတိရလိုက်လေ၏ ။ ထိုနောက်မကြာမီမှာပင် ငါးဘဝမှ စုတေစိတ်ကျ၍ ဗာရာဏသီပြည်တွင် သူဌေးတစ်ဦး၏သား ဖြစ်လာလေသည် ။
ရုစိရ သတို့ သားဟု အမည်ရလေ၏ ။အသက် ၇-နှစ်အရွယ်တွင် မိဘများနှင်အတူ သာဝတ္ထိပြည်သို့ ရောက်လာပြီး မြတ်စွာဘုရားထံ ဝင်ရောက် ဖူးမြော်သည် ။မြတ်စွာဘုရားက ရုစိရ ကြာလှချည်လား ဟု နှုတ်ဆက် မေးမြန်လိုက်လေသည် ။ရုစိရ သတို့ သားသည် မျက်ရည် ဖြိုင်ဖြိုင်ကျ၍ ဗျာဒိတ်ရပြီးနောက် မကောင်းသော မိတ်ဆွေ ယုတ်တို့ နှင့်ပေါင်းသင်းမသဖြင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် အပါယ်ဒုဂ္ဂတိ၌ သာ နစ်မြုပ်ခဲ့ရပါသည် ဘုရား ဟု လျှောက်ထားသည် ။ထိုနောက် တရားတော်ကို နာယူရာ ၇-နှစ်အရွယ်မှာပင် ရဟန္တာ ဖြစ်ခဲ့ရလေသည်း ။
ကျမ်းကိုး။ ။အပါဒါန် ပါဠိနှင့် အဌကထာ ။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ