2012/3/11 demonprince13 <demonprince13@gmail.com>
လက်လုပ်လက်စား နိုင်ငံရေးမနေ့ က ဘာနဲ့စားပြီးခဲ့လဲဒီနေ့ ဘာနဲ့ စားရမလဲနိုင်ငံရေးဆိုတဲ့ ဝေါဟာရထက်အဲ့ဒါက ပိုအရေးကြီးပါတယ် . . .ကျမ အဖို့ဒီမိုကရေစီ ဆိုတာဘာမှန်းမသိပေမယ့်ဟိုပါတီကြီးကပေးတဲ့ ပိုက်ဆံ၃သောင်းကတော့အိမ်အမိုးလေးမိုးလို့ရတယ်အပေါင်ဆုံးလုဆဲဆဲ ထမိန်နှစ်ထည်ရွေးလို့ရတယ်ကလေးသုံးယောက်ကိုမနက်ဖြန်နဲ့ ဒီနေ့အတွက်ထမင်းဟင်းကောင်းကောင်းကျွေးလို့ရတယ် . . .ဟင့်အင်းဟင့်အင်းလာမပြောကြပါနဲ့မသိချင်ပါဘူးနိုင်ငံရေးအကြောင်းသိလဲမသိဘူးသိလဲမသိချင်ဘူး၈၈ တုန်းက သေနတ်မှန်ပြီးသေသွားတဲ့အဖေလဲအခုဆို အရိုးဆွေး၂၀၀၇ မှာ အရိုက်ခံရလို့ သွပ်ချာချာဖြစ်နေတဲ့ယောင်္ကျားလည်း အားကိုးလို့မရကျမက မုဆိုးမတပိုင်းပါ ကဗျာဆရာနိုင်ငံရေးအကြောင်းတွေလာမရွတ်ပြစမ်းပါနဲ့ . . .ကျမ သိတာကတော့သူတို့တွေအခုဆိုကျမတို့ကို ပိုပြီးချော့နေရတယ်အရင်က ဆို ဟိန်းလားဟောက်လားအခုဆို ချော့လားမော့လားအဟာဟားဘာရယ်ညာရယ်တော့မသိအကျီနဲ့ထမီတွေလည်းပေးရဲ့သူတို့ရုံးကိုခေါ်ပြီး ပိုက်ဆံတွေလဲ ချေးရဲ့ဘာပဲဖြစ်ဖြစ်ကျမကတော့ ကြိုတင်မဲဆိုလား ပေးပေးပြစ်တယ် . . .ကဲ ကဲ အ၀တ်သွားလျှော်ရဦးမယ်အရေမရ မဖတ်မရတွေနောက်မှပြောကြစို့လက်လုပ်လက်စားဆိုတာသိတယ်မလားနိုင်ငံရေးကို ရင်ဘတ်ထဲမှာခံစားလို့မရဘူးဦးနှောက်နဲ့ပဲ ရင်နှီးထားရတာ မျိုး ကဗျာဆရာရဲ့ . . .မာဃလုလင်
--
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ