--ချောက်
တစ်ခါတလေ--
ငါ့ရဲ့ အတ္တကိုယ်ထဲက ထွက်ပြီး
ငါ့ကိုယ်ငါ ပြန်သုံးသပ်မိတယ်------။ ။
ကြည့်စမ်းးးး
( ဒီလူ အသက်တော်တော်ရနေပြီပဲ )
သူဖြတ်ခဲ့တဲ့ ဘဝလမ်းမှာ
ဒေါသကို ရှေ့တန်းတင်
စိတ်လိုက်မာန်ပါနဲ့
မောင်းတင်ပြီး ပြန်တိုက်
ခပ်မိုက်မိုက် လည်းနေခဲ့တယ်။
သူဖြတ်ခဲ့တဲ့ ဘဝလမ်းမှာ
အတ္တကို ရှေ့တန်းတင်
ပါတ်ဝန်းကျင် ကိုမျက်ကွယ်ပြု
ငါ``တစ်ခုတည်းစဉ်းစား
အတ္တသမား လည်းဖြစ်ခဲ့တယ်။
သူဖြတ်ခဲ့တဲ့လမ်းမှာ
မေတ္တာနဲ့ ပေးကမ်း
အကူအညီတွေ လက်ဆင့်ကမ်းလည်း
အရမ်းနည်းခဲ့ပါတယ်။
သူဖြတ်ခဲ့တဲ့လမ်းမှာ
အားနည်းသူဘက်က ဖေးကူ
လဲနေသူ ထူပေး
ကောင်းတဲ့အတွေးတွေ ရှိခဲ့ပေမယ့်
လက်တွေ့ဆန်ခဲ့တာလည်း နည်းနည်းလေးပါပဲ။
ဒါပေမယ့်---
သူ့အတွက်နဲ့
ဘယ်သူ့လက်က ထမင်းမှ
ပုတ်မချ ခဲ့တာ -- သူ့ကောင်းကွက်ပါပဲ။
သူ့အတွက်နဲ့
ဘယ်သူမှ မျက်ရည်မဝဲစေခဲ့သလို
မျက်ရည်အချို့ကိုတောင်
နှစ်သိမ့်ပြီး သုတ်ပေးနိုင်ခဲ့တယ်။
ဟာ-----------
ဘာလိုလိုနဲ့
ငါ့ကိုယ်ငါ ပြန်မြှောက်
အတ္တရဲ့ ချောက်ထဲ
ငါ ``မလွတ်မြောက်ဆဲ`` ပါလား။ ။
ကိုစိုးနိုင်
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--