Re: [mrsorcerer:22504] NLD သို့ပေးစာ (သို့မဟုတ်) ဒီမိုကရေစီမျိုးစေ့ကာင်းကိုသာ ချပေးစေချင်

ဂရုထဲကဒီနေ့ပို့တဲ့ဟာသတွေထဲမှာ ဒီဟာသကအရီရဆုံးပဲ
ဟားးဟားးဟားးဟားးဟားးဟားးးးးးးးးးးး
ကျွန်တော်ကလဲ ဘိုးတော်ဖိုးဇော်ဆိုသူကို ပြန်မေးချင်ပါတယ်
(၁) ကြံ့ဖွတ်ပါတီ ဂျာနယ်လိုက်မရောင်းဘဲနဲ့
သူတို့သုံးနေတဲ့ပိုက်ဆံတွေဘယ်ကရသလဲ၊ ဘယ်သူ့ပိုက်ဆံတွေလဲ

(၂) ကြံ့ဖွတ်ပါတီပိုင်စီးပွားရေးလုပ်ငန်းတွေက ဘယ်အကောင်သေလို့ အမွေပေးခဲ့တာလဲ၊

(၃) စစ်အစိုးရလက်ထက်ထဲက လုပ်ငန်းရှင်တွေကို လုပ်ငန်းအလိုက် သိန်း ၁၀၀၊
၅၀၀၊ ၁၀၀၀ မထည့်မနေပါတီအလှုငွေခေါင်းစဉ်တပ်ပြီးဒမြတိုက်ခဲ့တဲ့ပိုက်ဆံတွေဘယ်မလဲ

(၄)အဲသလို ကြံဖွတ်ပါတီအလှုငွေခေါင်းစဉ်တပ်ပီး အတင်းအကြပ်တောင်းစားတာ ၊
ဒမြတိုက်စားတာ ဘယ်ဒီမိုကရေစီစနစ်နဲ့ ညီပါသလဲ

(၅) ဂျာနယ်ရောင်းပြီး ပါတီရန်ပုံငွေရှာတာ၊ ဈေးရောင်းပွဲတော်လုပ်ပြီး
ရန်ပုံငွေရှာတာ ဘယ်လိုဒီမိုကရေစီနဲ့မညီတာလဲ ရှင်းပြပါဦး ဘိုးတော်ကြီး

(၆) ပါတီတံဆိပ်တွေ ၊ လက်ဆောင်ပစ္စည်းတွေ၊ စားစရာမုန့်တွေကိုမရောင်းဘဲ
အလကားပေးပြီး ပြည်သူတွေကိုလာဘ်ထိုးတာကရော ဒီမိုကရေစီနဲ့ ညီသလား၊
(ကြုံတုန်းပြောရရင် ကြံ့ဖွတ်က အလကားပေးတဲ့ တီရှပ်ကို
ခွေးတကောင်ကိုဝတ်ပေးထားတယ်လို့ သတင်းကြားတယ်။ဒီလုပ်ရပ်ကိုတော့
ရှုပ်ချတယ်။အဲဒီပါတီကို အားမပေးရင်ဗြောင်အားမပေးဘဲနေ)

(၇) အန်အဲလ်ဒီက သူများကိုဒုက္ခမပေးဘဲ
ဒီလိုပုံစံမျိုးနဲ့ပါတီရန်ပုံငွေရှာပြီး ပြည်သူတွေကို
ကိုယ့်အားကိုယ်ကိုးတတ်အောင်မျိုးစေ့ချပေးနေတယ်လို့ကော
မမြင်မိဘူးလားဗျ။စစ်အစိုးရက ပြည်သူတွေကို
နှစ်ပေါင်းများစွာဒမြတိုက်နည်းပဲပြခဲ့လို့ အခု အန်အဲလ်ဒီက
ခင်ဗျားပြောသလို စီးပွားရေးလုပ်နည်းနဲ့ ဒီမိုကရေစီကို မိတ်ဆက်ပေးနေတာကို
ခင်ဗျားအံ့သြစရာလို့မြင်နေဖြစ်မယ်.

(၈) ဒီတော့မသေခင် ဒီမိုကရေစီစစ်စစ်နိုင်ငံကြီးကို တွေ့မြင်ချင်ရင် NLD
ကို မဲပေးလိုက်ပါလို့အကြံပေးလိုက်ပါတယ်။ စေတနာနဲ့ပြောတာနော်။

ခင်ဗျားပြန်ဖြေပေးမယ်လို့ မျှော်လင့်ပါတယ်။


On 3/30/12, July * <julysmit@gmail.com> wrote:
> NLD သို့ပေးစာ (သို့မဟုတ်)
>
> ဒီမိုကရေစီမျိုးစေ့ကာင်းကိုသာ ချပေးစေချင်
>
>
>
> ၂ဝ၁၁ ခုနှစ်၊ မတ်လ(၃၁) ရက်နေ့ကစ ပါတီစုံဒီမိုကရေစီနိုင်ငံသစ်အဖြစ် စတင်
> အသက်ဝင်လာခဲ့ပါတယ်။ ပါတီစုံစနစ်စဖို့ တာအထွက်မှာ နိုင်ငံရေးပါတီပေါင်း
> ရာချီရှိခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်မီဘဲ ပေါ်ပင် ပါတီ များ ပျက်ပြယ်သွားပြီး
> ၂ဝ၁ဝ ရွေးကောက်ပွဲမှာတော့ ပါတီပေါင်း (၄၈) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်
> ခဲ့ကြတယ်။ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီ အသွင် ကူးပြောင်းရေး
> လမ်းကြောင်းဟာလည်း ယခင်အစိုးရမှ ချမှတ်ပေးခဲ့တဲ့ လမ်းပြမြေပုံ အတိုင်း
> တည်တည်ငြိမ်ငြိမ်ခရီးဆက်နိုင်ခဲ့ပါတယ်။
>
>
>
> ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးမှုတွေကိုလည်း ပါတီပေါင်းစုံက ပုံစံအစုံ၊
> အသွင် အမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့ကြတာကို အားပါးတရ တွေ့ခဲ့ပါတယ်။
> ပြည်သူတွေကလည်း ဒီမိုကရေစီ စနစ်ကို ကြိုဆိုတဲ့ အနေနဲ့
> ပါတီမဲဆွယ်စည်းရုံးမှုတွေမှာ ပါဝင်ခဲ့ကြပါတယ်။
>
>
>
> ယခု ၂ဝ၁၂ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှာလည်း အားလုံးသိကြတဲ့အတိုင်းဘဲ လစ်လပ်
> သွားတဲ့ ကိုယ်စားလှယ်(၄၈)ဦးရဲ့ နေရာမှာအစားထိုးဖို့ ကြားဖြတ်ရွေးကောက်ပွဲကို
> ကျင်းပ သွားဦးမှာ ဖြစ်ပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ၂ဝ၁ဝ ခုနှစ်
> နိုဝင်ဘာလ(၁၃)ရက်နေ့မှာ နေအိမ်အကျယ်ချုပ် က ပြန်လည် လွတ်မြောက်လာတဲ့
> ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ ပါဝင် လာတာတွေ့ရပါတယ်။ NLDပါတီ ပြန်လည်
> အသက်ဝင်လာချိန်ကစလို့ မြန်မာ့နိုင်ငံရေး ပွဲခင်း ဟာ ရုတ်ရုတ်သည်းသည်း လှုပ်လှုပ်
> ရှားရှားဖြစ်လာပါတော့တယ်။ အရင်ကဆို NLD အနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတိုင်းကို
> ခိုးကြောင်ခိုးဝှက် လုပ်ခဲ့ရပြီး
> တရားဝင်မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့ဒီဇင်ဘာလ(၂၃)ရက်နေ့ကစလို့ ပေါ်ပေါ်ထင်ထင်ဘဲ
> ပြည်သူကြား ထဲ ရောက်လာခဲ့ပါတယ်။ ပါတီရန်ပုံငွေရှာပွဲတွေကတစ်ဆင့် NLD ပါတီ
> စတစ်ကာ၊ တီရှပ်၊ ဦးထုပ်၊ အလံ၊ ရင်ထိုး၊ သော့ချိတ်၊ ဓာတ်ပုံ၊ ပြက္ခဒိန်၊ ဂျာနယ်၊
> အစရှိသဖြင့် ခွပ်ဒေါင်းနဲ့ ကြယ်တစ်ပွင့်ဟာ ပြည်သူ တွေ ဆီကို ရောက်ရှိခဲ့ပါတယ်။
>
>
>
> မီးပွိုင့်မှာ မီးနီလို့ ကားရပ်လိုက်ရင် ကားပေါ်ပါလာတတ်တဲ့ မြေးကလေးကတောင်
> NLD ဈေးသည်
> လာတော့မယ်ဆိုပြီး ပြောတတ်နေပါပြီ။ ရပ်ကွက်ဈေးလေးတွေအထိ NLD ပါတီက ညီငယ်၊
> ညီမငယ်တွေ က ဒီလှိုင်းစာစောင်တွေ လက်ပွေ့လာရောင်းကြရှာပါတယ်။ ဘယ်သွားသွား NLD
> ရန်ပုံငွေ ရှာနေတာနဲ့ မကင်းပါဘူး၊ ဆိုတော့ NLD ပါတီဟာ
> နိုင်ငံရေးလုပ်တာကိုမတွေ့ဘဲ စီးပွားရေးလုပ်နေတာနဲ့ချည်း တွေ့နေ ရပါတယ်။
> ရန်ပုံငွေလိုချင်တာလား၊ ပါတီစည်းရုံးရေး ဆင်းတာလား ရည်ရွယ်ချက်
> (၂)ခုလုံးနဲ့ဘဲလားတော့ မသိတော့ဘူး၊ ဘုရားပွဲဈေးတန်းတိုင်းမှာ NLD ဆိုင်တွေ
> တွေ့ရပါတယ်။ ရေငံပိုင်ဦးရှင်ကြီးပွဲဈေး၊ ဗဟန်းမြို့နယ် ဆရာစံ
> နှစ်ကျိပ်ရှစ်ဆူပွဲ ဈေး၊ ကျိုက်ဝိုင်းဘုရားပွဲဈေး၊ကျိုက်ခေါက်ဘုရား ပွဲဈေး၊
> ရွှေတိဂုံ ဘုရား ပွဲ စုံလို့ပါဘဲ၊ အောင်မြင် တယ်လို့လည်း ဆိုနိုင်ပါတယ်။
> တိုင်းရင်းသားများပညာရေး ရန်ပုံငွေပွဲ စတိတ်ရှိုးပွဲမှာလည်း အမြတ်သိန်း ၅ဝဝ
> ကျော်တောင်ရခဲ့ပါတယ်။
>
>
>
> ခုဒီစာရေးနေရင်းတောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း
> စည်းရုံးရေးဆင်းတဲ့အချိန် ညစာစားပွဲမှာ မန္တလေးသားတွေ လှူလိုက်ကြတာ
> ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းအတွက် ပစ္စည်း လက်ဆောင်တွေမပါသေးဘဲ ငွေသား
> ချည်းသိန်း(၆ဝဝ)ကျော်နဲ့ NLD ပါတီအတွက်ကတော့ သိန်း(၁၇ဝဝ)ကျော် ရခဲ့ကြောင်း
> မန္တလေး နည်းပညာကောလိပ်၊ ဇီဝနည်းပညာဌာနမှာ ဆရာမလုပ်နေတဲ့ ကထိကသမီးက ပြောပြလာ
> ပါတယ်။ ကျန်တဲ့ခရီးစဉ်တွေကိုတော့ အဘလည်း လက်လမ်းမမှီလို့မသိပါဘူး၊
> 'ဒေါ်အောင်ဆန်း စုကြည်ကိုကြိုဆိုကြတဲ့ ပရိသတ်ကိုကြည့်တာနဲ့တင်
> အခြားမြို့တွေမှာလည်း အလှူငွေတွေ ဒီ့လောက်မများတောင် ဒီ့ထက်မလျော့ဘူးဆိုတာ
> သိနိုင်ပါတယ်။ အဲဒီလောက်ရန်ပုံငွေတွေ ရနေတာကို လည်း ဝမ်းသာပါတယ်။
> ရခဲ့တဲ့ရန်ပုံငွေတွေ ဘယ်မှာသုံးမယ်၊ ဘာတွေလုပ်မလဲ အဘ စိတ်မဝင်စားပါဘူး။
>
>
>
> အဘအနေနဲ့ကတော့ ပါတီစုံနိုင်ငံရေးဆိုတာ မြေစမ်းခရမ်းပျိုးစ၊ ဒီမိုကရေစီဆိုတာ
> ခုမှသင်ယူခါစ၊ လူ့အခွင့်အရေးဆိုတာ ခုမှအသုံးချခါစ မြန်မာပြည်သူတွေကို
> စီးပွားရေး လုပ်နည်းနဲ့ ဒီမိုကရေစီနိုင်ငံရေးကို မိတ်ဆက်ပေးနေတဲ့ NLD ပါတီမှ
> တာဝန်ရှိ သူများအနေနဲ့ အချိန်မီပြင်ဆင်နိုင်ဖို့ နိုင်ငံ့တာဝန်ကို
> နှစ်ပေါင်းများစွာ ထမ်းဆောင်လာတဲ့ဝန်ထမ်းပင်စင်စားတစ်ဦးအနေ နဲ့ရော၊
> မြန်မာပြည်မှာမွေး၊ မြန်မာ့ရေ ကိုသောက်ပြီး မြန်မာပြည်သူ တွေကိုချစ်တဲ့၊
> ဒီမိုကရေစီ စစ်စစ်မြန်မာနိုင်ငံတော်ကြီးအဖြစ် မသေခင်မြင်ချင် လှတဲ့
> ဘိုးဘိုးကြီး တစ်ယောက်အနေနဲ့ပါ စေတနာရှေ့ရှု အပြုသဘော
> ထောက်ပြဝေဖန်လိုက်ရခြင်းဖြစ်ပါတယ် ခင်ဗျား၊ စာရေးသားရာမှာ မှားတာပါတယ်
> ယူဆရင်တော့ အဘရဲ့စေတနာအမှားသာ ဖြစ်ပါ တယ်ဗျာ။ ။
>
>
>
> ဘိုးတော်ဖိုးဇော်
>
> --
> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
> မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
> တွင် ဖတ်ရှုနိုင်ပါသည် ။
>
> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
> mrsorcerer2@groups.facebook.com
> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>
> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
> ပေးပို.နိုင်ပါသည် ။
>
> ခင်မင်စွာဖြင့်
> ဦးဦး မှော်ဆရာ
>


--
Best Wishes,
Htet Wai Yan

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ