Re: [Real Family: 24192] အမြဲတမ်းရှိနေတဲ့ အန္တရာယ်

ဖတ်သွားတယ်နော်  ဗဟုသုတလည်းရတယ် ကျေးဇူးပါ

2012/3/20 "☆•❤´¯``THAINGI´¯``❤•☆ -" <ms.theinginwe@gmail.com>

အမြဲတမ်းရှိနေတဲ့ အန္တရာယ်

             













နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်တိုစရာ၊ စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာတွေဟာ ကိုယ့်ရဲ့စိတ်အင်အား (Mental Energy) နဲ့ စိတ်အခြေအနေ၊ စိတ်ကြည်လင်ရွှင်လန်းမှု ( Frame of mind) ကို ဖျက်စီးနေတဲ့အရာတွေထဲမှာ အကြီးမားဆုံးပဲ။ ဒါကြောင့် နေ့တိုင်း နေ့တိုင်း ထပ်တလဲလဲ ကြုံတွေ့နေရတဲ့ စိတ်တိုစရာတွေကို သတိထားရမယ်။ ကိုယ့်ငွေနဲ့ အချိန်တွေ အကျိုးမဲ့ လေလွင့်မှု ဖြစ်နေတာ၊ ကုန်သွားတာကို ဘယ်သူမဆို နှမြောတတ်ကြတယ်။ အဲလိုပဲ ကိုယ့်စိတ်အင်အားတွေ စိတ်ကြည်လင်မှုတွေကို မဖြစ်စလောက်ကိစ္စ အသေးအမွှားလေးတွေနဲ့ နေ့စဉ် စိတ်တိုရင်း ကုန်သွားတာကို နှမြောတတ်ဖို့ လိုပါတယ်။


          အလုပ်ကို အဆင်ပြေပြေ အောင်အောင်မြင်မြင် လုပ်ချင်တယ်ဆိုရင် အဲဒီလို စိတ်တိုစရာတွေကို ရှောင်နိုင်သလောက် ရှောင်ရမယ်။ ရှောင်လို့မရတာကိုတော့ သတိလေးနဲ့ စိတ်ကို သိပြီးတော့ ဒေါသကြီးကြီး မပေါက်ကွဲအောင် နေတတ်ရမယ်။ ဒေါသဟာ အမြဲတမ်း ဖြစ်နိုင်တယ်။ ဒေါသဟာ ဒုက္ခလည်း ဖြစ်စေတယ်။ ဒါကြောင့် ဒေါသဟာ အမြဲတမ်းရှိနေတဲ့ အန္တရာယ်လို့ ဆိုနိုင်တယ်။


           ဒီလို အမြဲတမ်းရှိနေတဲ့အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ လေ့လာထားဖို့ သိထားဖို့ နားလည်ထားဖို့ လိုတယ်။ ကိုယ့်ကို စိတ်တိုအောင် ဒေါသဖြစ်အောင် လုပ်နိုင်တဲ့အရာ၊ လုပ်နိုင်တဲ့သူဟာ ကိုယ့်အတွက် အန္တရာယ် ဖြစ်တယ်။ အဲဒီလို အန္တရာယ်မျိုးကလည်း ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲတမ်းရှိနေတယ်။ ကိုယ့်ကို စိတ်တိုအောင်၊ စိတ်ဆိုးအောင်၊ မခံချင်အောင်၊ ဆင်းရဲအောင် လုပ်နိုင်တဲ့ကိစ္စတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲပဲ ရှိနေတယ်။


           ဒီစိတ်တိုစရာတွေဟာ ကိုယ်နဲ့ အမြဲလိုလို ရှိနေတတ်တဲ့ အဖော်ပဲ (အဖော်ကောင်းတော့ မဟုတ်ဘူး)။ သူတို့ကို ကိုင်တွယ်တတ်အောင် လေ့လာထားရမယ်၊ သူတို့နဲ့ နေတတ်အောင်လည်း လုပ်ထားရမယ်။ လုံးလုံးကြီး ရှောင်လို့ကလည်း ဖြစ်နိုင်တာမှ မဟုတ်ပဲနော်။ တကယ်လို့ ရှောင်နိုင်တယ်ဆိုရင် ရနိုင်သလောက် ရှောင်ပါ။ ဖယ်ရှားနိုင်ရင် ဖယ်ရှားပါ။ ရှောင်လို့မရ၊ ဖယ်ရှားလို့ မရရင်တော့ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းကို သေသေချာချာလေ့လာထားရမယ်နော်။

နေ့တိုင်း လူတွေနဲ့ တွေ့နေကြတယ်၊ စကားပြောနေကြတယ်။ နေ့တိုင်း အလုပ်လုပ်နေကြတယ်၊ အဆင်မပြေမှုတွေ အလိုမကျတာတွေကို နေ့တိုင်း အနဲနဲ့အများတွေ့ရလို့ စိတ်တိုမိတယ်၊ ဒေါသဖြစ်မိတယ်။ ဒါတွေကို သတိနဲ့ ဥာဏ်နဲ့ ကြည့်ပြီးတော့ သိပြီးတော့ ယူတတ်ရင် ကိုယ့်ကိုယ်ကို ပိုပြီးသဘောထားကြီးတဲ့သူ၊ သဘောထားပြည့်တဲ့သူ၊ မျှတတဲ့သူ၊ နားလည်တတ်တဲ့သူ၊ သည်းခံတတ်တဲ့သူ ဖြစ်အောင် လုပ်နိုင်တယ်။ အဲဒါမှ ပိုပြီးအဆင့်မြင့်တဲ့လူတစ်ယောက် ဖြစ်လာမယ်။ အဲဒါဟာ ကျေနပ်စရာ အကောင်းဆုံးပဲ။


(ဆရာတော်ဦးဇောတိက)


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


            ရင်နှင်း အရမ်းကြိုက်တဲ့တရားလေးပါ။ ကောင်းတစ်ခါ ဆိုးတလှည့် လောကဓံနဲ့ နပန်းလုံးနေရတဲ့ဘ၀ကြီးမှာ ပျော်စရာတွေ ကြုံနိုင်သလို စိတ်ညစ်စရာ စိတ်ရှုပ်စရာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပြဿနာတွေကတော့ ကြုံကို ကြုံရမှာပဲလေ။ ချမ်းသာတဲ့လူရော၊ ဆင်းရဲတဲ့လူရော၊ အောင်မြင်နေတဲ့သူရော၊ မအောင်မြင်တဲ့သူရော၊ ဆရာဝန်ရော၊ ကျောင်းဆရာရော ဘယ်သူမဆိုပါပဲနော်။


            အဲဒီလို ကြုံလာရပြီဆိုရင် အနည်းဆုံးတော့ စိတ်ရှုပ်ရပြီပေါ့။ အဲလို ဖြစ်နေပြီဆိုရင် ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာမှာ အနှောင့်အယှက်ဖြစ်ရုံမကဘူးနော်.. နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလည်း သေချာအာရုံစိုက်နိုင်တော့မှာ မဟုတ်ဘူး။ အလှအပဘက်ကကြည့်ရင်လည်း စိတ်မကြည်လင်တဲ့အခါ မျက်နှာ မသာမယာနဲ့ ဘယ်ကြည့်ကောင်းတော့မှာလဲ။ ဘာမှကို မကောင်းဘူးနော်။ အဲဒီတော့ ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စတွေဟာ ကိုယ့်အတွက် အန္တရာယ်ပါပဲ။


           ဒီအန္တရာယ်တွေကလည်း ကိုယ့်ဘေးမှာ အချိန်မရွေးပေါ်လာနိုင်တော့ အဲဒါတွေကိုပဲ အမြဲအာရုံလိုက်စိုက်နေရင် အချိန်ကုန် လူပင်ပန်းရုံကလွဲပြီး ဘာမှအကျိုးရှိနိုင်မှာ မဟုတ်ဘူးနော်။ ဘာမဟုတ်တဲ့ပြဿနာတွေကြောင့် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေ ကုန်သွားမှာ နှမြောစရာကြီး။ အဲဒီတော့ ရှောင်လို့ရတာဆိုရင် ရှောင်ပါ။ ရှောင်လို့မရတာဆိုရင် ထိပ်တိုက်ဖြေရှင်းပါ။ ဒါပေမယ့် စိတ်အနှောင့်အယှက် အဖြစ်မခံပဲ စိတ်အေးအေးနဲ့ အတတ်နိုင်ဆုံး ပြေလည်အောင်ဖြေရှင်းပါ။ ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။ ဒါပေမယ့် ဘယ်လိုမှ ဖြေရှင်းလို့မရတဲ့ ကိုယ့်ကို အမြဲစိတ်အနှောင့်အယှက်ဖြစ်နေစေတဲ့ အခြေအနေမျိုးဆိုရင်တော့ လျစ်လျူရှုလိုက်တာ အကောင်းဆုံးပါပဲ။ ဒါမှမဟုတ်ရင်လည်း ဟာသလုပ်ပြီး ရီလိုက်ပါ။


           အခြေအနေတစ်ခုနဲ့ ကြုံလာတဲ့အခါ အဲဒီအခြေအနေက ကိုယ့်အပေါ် ဘယ်လိုလွှမ်းမိုးမလဲဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာတွေကြောင့် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်လေးတွေကို မကုန်ဆုံးစေဖို့ သတိ အသိလေးနဲ့ နေတတ်အောင် ကြိုးစားရမှာပါ။ ရင်နှင်းသူငယ်ချင်းလေးတွေ အမြဲစိတ်ချမ်းသာပြီး ပျော်ရွှင်နိုင်ပါစေရှင်..


http://www.myanmarskylink.com
--

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။



--
zm.gif

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။