80,000 = ရှစ်သောင်း
800,000 = ရှစ်သိန်း
8,000,000 = ရှစ်သန်း
80,000,000 = ရှစ်ကုဋေ
800,000,000 = ကုဋေရှစ်ဆယ်
800,000,001 = ကုဋေရှစ်ဆယ် တစ်
800,000,010 = ကုဋေရှစ်ဆယ် တစ်ဆယ်
800,000,020 = ကုဋေရှစ်ဆယ် နှစ်ဆယ်
800,000,021 = ကုဋေရှစ်ဆယ် နှစ်ဆယ့်တစ်
810,000,000 = ရှစ်ဆယ့်တစ်ကုဋေ
810,000,001 = ရှစ်ဆယ့်တစ်ကုဋေ တစ်
810,000,010 = ရှစ်ဆယ့်တစ်ကုဋေ တစ်ဆယ်
ကုဋေရှစ်ဆယ့်တစ် ဆိုတာ မြန်မာစာမှာ မရှိပါဘူး ကို AUNG THURA AYE ရ :)
On Fri, Mar 9, 2012 at 9:26 AM, Aung Thura Aye <ayeyarwady.thuraaye@gmail.com> wrote:
ကုဋေရှစ်ဆယ့်တစ် ဆိုတာကို သဘောတူပါတယ်စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်နိုင်ပါစေ ...2012/3/9 လူစိမ်း <ayethein90@gmail.com>
ဒီလိုပါ ကျနော် အရူးထတာ မဟုတ်ပါဘူး :)
ကျနော့်မိတ်ဆွေ တစ်ယောက်က မြန်မာဂဏန်း ရွတ်ဖတ်ပုံကို ကွန်ပျူတာကို သင်ပေးမလို့ပါတဲ့။ ကွန်ပျူတာက တတ်အောင်သင်ဘို့ အရေးကြီးတယ်လေ။ သူမတတ်ရင် ကျနော်တို့ သူ့ကို ခိုင်းရ အဆင်ပြေမှာမဟုတ်ဘူး။ သင်ပေးတဲ့ အခါ စံ စံနစ်ကို တိကျဘို့ လိုတယ်လေ။ ပလုံဂလမ်းမင်းမှာတော့ cultureinfo လို့ ခေါ်မလားပဲ။ အဲ့တာ မြန်မာ culture အတွက် မရှိသေးဘူး။ မြန်မာ cultureinfo ကို indentity လုပ်ပေးဘို့ ကဏ္ဍ (စာလုံးပေါင်း သည်းခံပါ) က မြန်မာတစ်ယောက်အတွက် တာဝန်လို့ ယူဆလို့ပါ။ တော်ကြာ မစ္စတာဒေါ်လာ (M$) က ဆူလည်နပ်လွယ် (ဖြစ်ကတတ်ဆန်း) cultureinfo ဆောက်ပေးလိုက်ရင် အမှားတွေ အတည် ဖြစ်ကုန်မှာပါ။ အဲ့ဒီ cultureinfo အထဲက numberFormatInfo ဆိုတဲ့ အပိုင်းမှာ မြန်မာတစ်ယောက်အနေနဲ့ အတည်ပြူပေးထားတဲ့ numberFormatInfo ရှိပါကြောင်း ကမ္ဘာကို သိစေချင်တာပါ။
@metalliczombie ကျေးဇူးပါ။ ကွန်ဖမ်းပေးတာ အလုံးစုံ လက်ခံပါတယ်။ ကိုပေါင်ပြောတာလည်း လက်ခံပါတယ်။
@nayoowaytun ရေ.. ကျေးဇူးပါ။ ' နှင့်' (or) အလားတူ conjucation တစ်ခုခုကို ထည့်မထည့်က user ၏ Option လို့ မြင်မိပါတယ်။ (ထည့်ချင်ထည့် မထည့်ချင်နေပေါ့နော်း) တခြား ကူညီ ဆွေးနွေးပေးတဲ့သူများလည်း ကျေးဇူးတင်ပါတယ်။ :)
On Fri, Mar 9, 2012 at 1:05 AM, metallic zombie <metalliczombie@gmail.com> wrote:မြန်မာစကားမှာက ဆယ်ပြည့်/ရာပြည့်တွေဆို မျိုးပြနာမ်ပစ္စည်းကို ရှေ့မှာထားပြီး သုံးတတ်ပါတယ်။ ဥပမာ - ၁၅ လမ်း ... ၁၆ လမ်း ခေါ်ပေမယ့် ဆယ်ပြည့်ကျတော့ လမ်း ၂၀ ၊ လမ်း ၃၀ ခေါ်သလိုမျိုး။
တစ်ရာလေးဆယ့်ငါးသိန်း၊ နှစ်ရာခြောက်ဆယ့်သုံးသိန်း ခေါ်ပေမယ့် ရာပြည့်မှာ 'သိန်း' နဲ့အစပြုပြီး သိန်းတစ်ရာ၊ သိန်းနှစ်ရာ ခေါ်သလိုမျိုးပေါ့။ အဲ့ဒီသိန်းနှစ်ရာပြီးရင် သိန်းနှစ်ရာ - တစ် လို့ ဆက်ရေပါတယ်။
(နှစ်ရာ့တစ်မဟုတ် 'အောက်ကမြင် မပါပါ')
ကုဋေမှာလည်း အလားတူပါပဲ။ ကုဋေရှစ်ဆယ်-တစ် သို့မဟုတ် ကုဋေ ရှစ်ဆယ်နဲ့ တစ်ကျပ် လို့ သုံးလို့ရပါတယ်။ ရှစ်ဆယ့်တစ်ကုဋေနဲ့တော့ မှားစရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒါဟာ ဆယ်ပြည့်မဟုတ်တဲ့အတွက် ရှစ်ဆယ့်တစ်ကုဋေလို့ပဲ ဖတ်ရမှာဖြစ်ပြီး ကုဋေရှစ်ဆယ့်တစ်လို့ ဖတ်ထုံးမရှိလို့ပါ။ (ဖတ်ထုံးနားမလည်လို့ မှားဖတ်ကြရင်တော့လည်း မတတ်နိုင်ဘူး)
2012/3/8 Peace Htet <peace.htet@gmail.com>ရှစ်ဆယ့် တစ်ကုဋေဟာ ကုဋေ ရှစ်ဆယ့်တစ် နဲ့ အတူတူပဲ ဖြစ်သလို့.. ဂဏန်းဖတ်တဲ့နေရာမှာပဲဖြစ်ဖြစ်.. စကားပြောတဲ့နေရာမှာပဲဖြစ်ဖြစ်.. ပြောလို့ ဆိုလို့ ပိုကောင်းတယ်လို့ထင်ပါတယ်။
ပြီးတော့ သိန်းတစ်ရာ.. သိန်းတစ်ထောင်.. သိန်းနှစ်ထောင်ဆိုပြီး.. ပိုက်ဆံရဲ့တန်ဖိုးကို ဂဏန်းအရေအတွက်အရှေ့မှာ ပြောဆိုတတ်ကြတာမို့လည်းပါတာပေါ့… အဲဒါကြောင့် ကုဋေ ရှစ်ဆယ့်တစ်လို့ ပြောသင့်ပါတယ်.. ပြီးတော့ ကုဋေး ရှစ်ဆယ့်တစ်လို့ ပြောမယ့်အစား သိန်းရှစ်ထောင်နဲ့1ကျပ်လို့ပြောရင်.. လူတွေ ပိုနားလည်မယ်လို့ထင်ပါတယ်.. ထက် နားလည်သလို့ပြောပြတာပါ.. ထက်လည်း သေချာမသိပါဘူးရှင့် :)
2012/3/8 soe naing <snsoenaing4@gmail.com>
ရှစ်ဆယ်ကုဋေ တစ် လို့ဖတ်သင့်တယ် ထင်ပါတယ်။ ကုဋေ ရှစ်ဆယ့်တစ် ဟာ ရှစ်ဆယ့် တစ်ကုဋေ ဟု အဓိပ္ပါယ် တူဖြစ်နေလို့ပါ။ ကြံကြံဖန်ဖန် ကိုလူစိမ်းရယ်။ ဘာတွေများ အရေးကြီးနေပါလိမ့် ။ ဖြစ်သင့်တာပြောတာနော်- သိလို့တတ်လို့မဟုတ်ဘူး။
2012/3/8 လူစိမ်း <ayethein90@gmail.com>ဘာဖြစ်ဖြစ် ရပါတယ်
ဥပမာ ကျပ် သုံးပြီး ဖြေပေးပါ
On Thu, Mar 8, 2012 at 5:56 PM, zin mgmg lwin <zinmgmglwin84@gmail.com> wrote:ကျပ်လား ပြား
ဘတ် လား ယွမ် ..လား. ရူးပီးလား.....
သေချာသိမှ ပြောပြလို့ရမှာပေါ့
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

AUNG THURA AYE
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။