[aurorageneration] အချစ်စစ်ရဲ့ ရုပ်ပုံလွှာ

အချစ်စစ်ရဲ့ရုပ်ပုံလွှာ.................။ Jan 12   , 2009 3:53 AM for everyone

ကေသာမြစိမ်း

ရှေ့ဆက်ရမယ့်လမ်းက အရှည်ကြီး

တင်းတင်းဆုတ်ထားတဲ့ လက်ကို ဖြုတ်မချခဲ့နဲ့...

တစ်နေ့က မဆုံတာကြာပြီဖြစ်တဲ့ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်နဲ့

ညစာစားဖြစ်တယ်။ အိမ်ထောင်သက် (၃)နှစ် ရှိပြီဖြစ်တဲ့ သူ့အမျိုးသားကိုပါ

ခေါ်လာခဲ့တယ်။

 

ပထမဆုံးအကြိမ်ဆုံတဲ့ သူ့အမျိုးသားကို ကျွန်မ အကဲခတ်လိုက်မိတယ်။

အရပ်မမြင့်၊ ရုပ်မချောတဲ့အပြင် ဝတ်စားပုံကလည်း ခေတ်နဲ့ တပြေးမညီခဲ့ဘူး။

စကားလက်ဆုံကျရင် စကားထဲက သူ့အမျိုးသားဟာ ဘဏ်တစ်ခုရဲ့ သာမန်တာဝန်ထမ်း

တစ်ဦးဆိုတာ သိရပြန်တယ်။

 

မှတ်မိပါသေးတယ်။ ကျောင်းနေတုန်းက ကျွန်မတို့မေဂျာဟာ အချောအလှပေါတဲ့

မေဂျာအဖြင့် နာမည်ကြီးခဲ့တယ်။ ဒုတိယနှစ်ကစပြီး အတန်းတစ်ချိန်နားတိုင်း

အတန်းထက်ဝက်ကျော် မိန်းကလေးတွေက မိတ်ကပ်တွေထုတ်၊ မှန်တွေထုတ်ပြီး

နူတ်ခမ်းနီ ပါးနီဖို့တတ်ကြတယ်။ အဲဒီတုန်းက ခေတ်စားတဲ့ အဝတ်အစား၊

ဘောင်းဘီ၊ ဖိနပ်တွေက ကျွန်မတို့မေဂျာမှာ လျော့ခဲ့တယ်ဆိုတာ မရှိခဲ့ဖူးဘူး။

 

ကျွန်မရဲ့ ဒီသူငယ်ချင်းက အရပ်(၁၆၆) စီတီမီတာရှိတဲ့အပြင်

ကိုယ်လုံးကိုယ်ပေါက်ကလည်း သူ့နေရာနဲ့သူ ပြည့်စုံလှပနေသူ ဖြစ်တယ်။

နှာတံစင်းစင်းနဲ့ မျက်နှာပေါက်ကလည်း ပြောစရာမရှိဘူး။ လမ်းလျှောက်ရင်လည်း

နာမည်ကျော် မော်ဒယ်စတိုင်လ် အပြည့်နဲ့မို့ ကျောင်းဝင်းထဲ

သူဝင်လာပြီဆိုရင် ဘာသားချောတွေက တစ်ဝုန်းဝုန်းပဲ။

အဆောင်ရှေ့မှာဆိုရင်လည်း အပေါက်စောင့် နှစ်ဦးထက် ပိုထားရတယ်။

 

ဒါပေမယ့် သူက ဖြစ်သလိုနေတတ်တဲ့ မိန်းကလေးမဟုတ်မှန်း ကျွန်မတို့သိတယ်။

အစာစားရင်လည်း ထမင်းနဲ့ ကော်ဖီလွဲရင် တစ်ခြားသူဘာမှ မစားဘူး။

ကိုယ်စရိတ်ကိုယ်ရှင်း ဆိုတာမျိုးပဲ သူကျင့်သုံးတယ်။

တတိယနှစ်နောက်ပိုင်းမှာ မပြတ်ဝင်လာတတ်တဲ့ သူ့ဖုန်းတွေ၊ ပုံစံမတူတဲ့ကား၊

ဒါရိုက်ဘာတွေ သူပြောင်းစီးတတ်တာ မြင်နေကျ ကျွန်မတို့အတွက် ရိုးနေခဲ့တယ်။

 

မတူတဲ့ယောက်ျားလေးတွေနဲ့ သူတွဲပေမယ့် ရည်းစား လုံးဝ သူမထားခဲ့ဘူး။

ရွေးစရာလူတွေများလို့ အခက်တွေ့နေတာလား? အချစ်စစ်ကို မတွေ့ခဲ့လို့လား?

လို့ တစ်နေ့မှာ ကျွန်မ မအောင့်နိုင်ဘဲ သူကိုမေးခဲ့တယ်။

"ခံစားမှုဆိုတာ ကြာရှည်တဲ့အရာလို့ ထင်လား?" သူ့အမေးကို ကျွန်မခေါင်းညိတ်လိုက်တယ်။

 

"ဒါဆိုရင် ကြာရှည်တဲ့အရာတွေက တည်ငြိမ်ရမှာပေါ့ ဟုတ်လား?" သူ့စကားကို

ကျွန်မ ချက်ချင်း ပြန်မဖြေနိုင်ခဲ့ဘူး။

 

"ကားကောင်းတွေကို ကျွန်မအများကြီး စီးခဲ့ဖူးတယ်။ ဒါပေမယ့် ဒါရိုက်ဘာတွေက

ပေါ့ပေါ့တန်တန်ပဲ ကားကို ဂရုတစိုက်မမောင်းခဲ့ဘူး။ စီးရတဲ့လူကို

စိုးရိမ်ထိတ်လန့်စေတယ်။ အစားကောင်းတွေ ကျွန်မအများကြီး စားဖူးတယ်။

ဒါပေမယ့် တစ်ဖက်လူတွေက သူတို့အစာကို ချန်ချန်ခဲ့တတ်တယ်။ ဒါကြောင့်

အစားကောင်းရဲ့ အရသာကို ကျွန်မ မခံစားခဲ့ရဘူး။ အိမ်ကြီးအိမ်ကောင်းတွေကို

ကျွန်မမြင်ဖူးတယ်။ တကယ်လို့ လစဉ်ပုံမှန်ဝင်ငွေ ရှိမယ်ဆိုရင်

ဒီလိုအိမ်ကောင်းမျိုးနဲ့ မဝေးဘူးဆိုတာကို ကျွန်မနားလည်လိုက်တယ်။ သိပ်ချော

သိပ်ခန့်တဲ့ ယောက်ျားလေးတွေ ကျွန်မအများကြီး ကြုံခဲ့ဖူးတယ်။ ဒါပေမယ့်

နောင်၁ဝနှစ်မှာ သူတို့ ဒီလိုမချောနိုင်တော့သလို ကျွန်မလည်း

အခုလိုလှပနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီအချိန်ကျရင် အပြင်ပန်းကြည့်ပြီး

တစ်ယောက်ကိုတစ်ယောက် နှစ်သက်တာမျိုး ဖြစ်နိုင်တော့မလား?"

ပြောစရာစကားမရှိအောင် ကျွန်မဆွံအသွားခဲ့တယ်။

 

"ဒါကြောင့် ပတ်ဝန်းကျင် အဆောင်အယောင်တွေကြားမှာ မပြောင်းမလဲဘဲ

ရှိနိုင်တာတွေက တကယ့် ရင်ထဲကနေလာတဲ့ ဂရုစိုက်မှု၊

စောင့်ရှောက်မှုတွေပဲဖြစ်တယ်။ တည်မြဲတဲ့ ပုခုံးတစ်စုံလိုပေါ့။

ငြိမ်ငြိမ်လေး ကိုယ့်ဘေးမှာပဲရှိနေပြီး ကိုယ်နာကျင်တဲ့အခါ၊

ထိခိုက်ခံစားရတဲ့အခါ ကိုယ်ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပြီး

ပျော့ညံ့တဲ့ဖက်ကနေ ကြံ့ခိုင်တဲ့ဖက်ကို တွဲခေါ်ပေးတတ်တယ်"

 

အဲဒီစကားကို ခုထက်ထိ ကျွန်မမှတ်မိနေခဲ့တယ်။ ခွဲခွါပြီး ၇နှစ်ရဲ့ ဒီနေ့မှာ

သူ့ဘေးက သူနဲ့လုံးဝ မလိုက်ဖက်တဲ့၊ မချမ်းသာတဲ့၊ လူတွေ ထင်မှတ်မထားတဲ့

အမျိုးသားတစ်ဦးက သူ့ဖူးစာရှင်ဖြစ်ခဲ့တယ်။ ညစာစားနေတဲ့အခိုက် သိချင်တဲ့

မေးခွန်းပေါင်းများစွာက ကျွန်မရင်ထဲ စုပြုံတိုးဝင်လို့လာတယ်။

 

ညစာအပြီးမှာ သူ့အမျိုးသားက သူ့လက်ကိုကိုင်ဆွဲပြီး တွဲခေါ်လိုက်တယ်။

ကြင်ကြင်နာနာနဲ့ လုံးဝ တွဲလက် မဖြုတ်ခဲ့ဖူးသလိုပါပဲ။ ကျွန်မရင်ထဲက

မေးခွန်းတွေကို သူမြင်သွားတယ် ထင်ပါရဲ့.... ကျွန်မနား နား

တိုးတိုးလေးကပ်ပြီး "ကျွန်မတို့ ချစ်သူ စဖြစ်တဲ့နေ့ကနေ အခုချိန်ထိ သူက

အဲလိုပုံစံပဲ" လို့ ရှက်ပြုံးလေးနဲ့ ပြောတယ်။

 

ဒါကပဲ ကျွန်မသိချင်တဲ့ အဖြေဖြစ်မယ်လို့ ကျွန်မထင်တယ်။ မပြောင်းလဲတဲ့၊

ခိုင်မြဲတဲ့၊ ဒီလိုဂရုစိုက် ကြင်နာခြင်းတွေနဲ့ နွေးထွေးနေတဲ့ လက်တစ်စုံက

သက်ဆုံးထိတိုင် တွဲလက်မဖြုတ်တမ်း တွဲသွားမယ်ဆိုတာကို

ကျွန်မယုံကြည်နေမိတယ်။

 

တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ထွက်သွားတဲ့ သူတို့နှစ်ယောက်ရဲ့

ရုပ်ပုံကို ကြည့်ပြီး အချစ်စစ်ဆိုတာ ဒါပဲဖြစ်ရမယ်လို့

ကျွန်မခံစားလိုက်မိတယ်။

by ရွှေအာလူး(ရွှေအိမ်စည်၏ပျံသန်းခြင်းအနူပညာ) on Wednesday, April 18, 2012 at 8:01pm

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။