[aurorageneration] မင်းကိုနိုင် တို့ သံချပ်အဖွဲ့ ကို တိုက်ခိုက်သူတွေ သံလျှင်ရဲစခန်းက လိုက်လံဖမ်းဆီးလျှက်ရှိ ညနက်ပိုင်းအထိ (၇) ဦး ဖမ်းဆီးမိထား

မင်းကိုနိုင် တို့ သံချပ်အဖွဲ့ ကို တိုက်ခိုက်သူတွေ သံလျှင်ရဲစခန်းက လိုက်လံဖမ်းဆီးလျှက်ရှိ ညနက်ပိုင်းအထိ (၇) ဦး ဖမ်းဆီးမိထား


Posted By Richard Aung to Richard Aung at 4/16/2012 09:38:00 AM

 

ဧပြီလ ၁၆ ရက်နေ့ ၂၀၁၂
သန်လျှင်NLDလူငယ်များ စီစဉ်သော သင်္ကြန်မဏ္ဍပ် သို့ ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပါဝင်သောသံချပ်အဖွဲ့ ကား ၀င်ရောက်ရပ်နားချိန်တွင် လူ၁၅ ယောက်ခန့် ပါသော လူအုပ်တစုမှ အကြောင်းမဲ့ဝင်ရောက် ရိုက်နှက်မှု တခု ဧပြီလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့ )ညနေ ၆နာရီ၅ မိနစ်ခန့် က ဖြစ်ပွားခဲ့ပါတယ်။
ရိုက်နှက်မှုဖြစ်ဖြစ်ချင်း ကိုမင်းကိုနိုင်ပါဝင်သော ကားကို အမြန်မောင်းရန် ပြောကြားနိုင်ခဲ့မှုကြောင့် သံချပ်အဖွဲ့ ဝင်များ တစုံတရာထိခိုက်မှု မရှိခဲ့သော်လည်း ကျန်ရှိနေခဲ့သော ဒေသခံ သန်လျှင် NLD အဖွဲ့ ဝင် လူငယ်၅ ဦးထက် မနည်းမှာ တုတ်များ၊အုတ်နီခဲများဖြင့် ထုနှက်ခံရမှုကြောင့် ဒဏ်ရာများရရှိခဲ့ကြောင်းသိပါတယ်။ ထိုလူအုပ်တွင် အမျိုးသမီးတဦးပါဝင်ပြီး ကြံ့ ခိုင်ဖွံ့ ဖြိုးရေး ပါတီအကျီင်္ဝတ်ထားသူ တဦးကိုလည်းတွေ့ လိုက်ရကြောင်း ပြောပါတယ်။
သန်လျှင်ရဲစခန်းကို သွားရောက် အမှုဖွင့် တိုင်ကြားခဲ့တဲ့ သန်လျှင် NLD မှ ကိုညီညီဦးကတော့ အခုချိန်ကိုက်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို ဒုတိယ ဒီပဲယင်း ဖြစ်စဉ်ကဲ့သို့ ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောပါတယ်။သန်လျှင်ရဲစခန်းမှလည်း ပါဝင်သူများကို လိုက်လံဖမ်းဆီးလျှက်ရှိပြီး ညနက်ပိုင်းအထိ လူ ၇ ဦးခန့် ဖမ်းဆီးရရှိထားကြောင်းသိရပါတယ်။ ထိုလူစုမှာ အခြားခရီးသည်တင်ကားတစီးကိုလည်း တားဆီးပြီး ခရီးသည်တဦးကို ခေါင်း ၈ ချက် ချုပ်ရသည်အထိ ရိုက်ခဲ့ကြောင်း သိရပါတယ်။
ဘားမားဗီဂျေ