ဒီမိုဝေယံ

ဒီမိုဝေယံ


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ကော့မှူးခရီးစဉ် မြင်ကွင်းများ...

Posted: 17 Apr 2012 07:35 AM PDT

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မင်္ဂလာနှစ်သစ် ဖြစ်ပါစေ..

Posted: 16 Apr 2012 07:58 PM PDT

ယနေ့ ကျရောက်တဲ့ မြန်မာ့နှစ်သစ် အခါသမယမှာ မြန်မာပြည်သူ၊ ပြည်သားအပေါင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည်စုံပြီး ကောင်းကျိုးလိုအင် ဆန္ဒများ ပြည့်ဝကြပါစေ။ မြန်မာပြည်သူများ ဘေးဘယာ အပေါင်းကင်းဝေးပြီး စစ်မှန်တဲ့ ဒီမိုကရေစီလမ်းပေါ် လျှောက်လှမ်းနိုင်ကြပါစေ..။
အိုင်တီတိုကျို သင်္ကြန်ရဲ့ အမေစုနဲ့ အဖွဲ့ချုပ်အတွက် ဆုတောင်း..

သင်္ကြန်အတက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းရှေ့ မြင်ကွင်းများ..

Posted: 16 Apr 2012 12:49 PM PDT

သင်္ကြန်အတက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းရှေ့မှာ လာရောက်ဖျော်ဖြေကြတဲ့ သံချပ်အဖွဲ့များ..၊ လူထု ပရိသတ်များနဲ့ မေတ္တာရေစင်သင်္ကြန်ရေ ပြန်လည် ပက်ဖြန်းပေးနေတဲ့ အမေစု
 ၈၈မျိုးဆက်ကျောင်းသားများရဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့မှ လာရောက် ဖျော်ဖြေစဉ်..
ပြည်သူများအား အောင်သပြေဖြင့် သင်္ကြန်ရေ ပက်ဖြန်းနေစဉ်...
 သာဓုပါဗျာ သံချပ်အဖွဲ့ လာရောက်ဖျော်ဖြေစဉ်
သာဓုပါဗျာ အဖွဲ့သားများအား ပြန်လည် ရေပက်ဖြန်းစဉ်..

ဓာတ်ပုံ Reuters,Getty Images, AP

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းသူများအဖွဲ့၏ ဖိတ်ကြားလွှာ

Posted: 16 Apr 2012 10:08 AM PDT

လာမည့် ၁၇ ရက် ၄ လ ၂၀၁၂ (နှစ်ဆန်း ၁ ရက်) နေ့ နံနက်(၇း၀၀)တွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းသူများအဖွဲ့ (ဒေါ်နော်အုန်းလှနှင့်အဖွဲ့)သည် မြောက်ဥက္ကလာပမြို့နယ်ရှိ ပဏ္ဍိစ္စာရာမ ပရိယတ္တိကျောင်းတိုက်တွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရဟန်းသံဃာတော်များအား အာရုံဆွမ်းကပ်လှူပွဲ၊ ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ ကိုကျင်းပမည်ဖြစ်ရာ ရပ်နီးရပ်ဝေးရှိ ပြည်သူများ၊ နိုင်ငံရေးအကျဉ်းကျ မိသားစုဝင်များနှင့် နိုင်ငံရေး မိတ်ဆွေများအား ဖိတ်ကြားအပ်ပါသည်။