သစ်ထူးလွင်
သစ်ထူးလွင်
မြန်မာကာစတန်များ ကုန်ကားတစ်စီး ငွေကျပ် ၅ သောင်း တောင်း
Posted: 18 Apr 2012 04:56 AM PDT
တရုတ် - မြန်မာနယ်စပ် ကျယ်ဂေါင် - မူစယ်အဝင်အထွက် ဂိတ်ပေါက်တစ်ခုဖြစ်သည့် မန်ဝိန်းဂိတ်တွင် မြန်မာအကောက် အခွန်ဝန်ထမ်းများမှ ကုန်ကားတစ်စီး အနည်းဆုံး ကျပ်ငွေ ၅ သောင်း တောင်းယူနေကြောင်း ကုန်သည်အသိုင်းအဝိုင်း အဆိုအရ သိရသည် ။
မူဆယ် ၁၀၅ မိုင်ဂိတ်
အခွန်ဆောင်ထားသော ကုန်ကားများ တရုတ် ကျယ်ဂေါင်ဘက်မှ မူစယ်ဘက်သို့ ၀င်ရောက်ရာတွင် မန်ဝိန်းဂိတ်တာဝန်ကျ အကောက်အခွန်ဝန်ထမ်းများမှ မလိုအပ်ပဲ ရှာဖွေစစ်ဆေးပြီး ငွေတောင်းယူနေခြင်း ဖြစ်ကြောင်း အမည်မဖေါ်လို သူ ကုန်သည်တစ်ဦးက ဆိုသည် ။"မန်ဝိန်းကာစတန်ပေါ့နော် အခွန်ဆောင်ပြီးသား ဂျူတီနဲ့ထွက်တဲ့ ကုန်တင်ကားတွေကို သွားလို့မရအောင် ခုံတန်းကြီးချ ထားပြီးတော့ ဖွင့်ဖေါက်စစ်ဆေးတယ်  ပိုက်ဆံတောင်းတာ အနည်းဆုံး ၅ သောင်းပေါ့နော်" ဟု သူက ဆိုသည်။
မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌သာ ကုန်စစ်ဆေးရေးဂိတ် အဓိကနေရာ အဖြစ်ထားရှိသည့် အတွက် မန်ဝိန်းဂိတ်တွင် စစ်ဆေးရန်  မလိုအပ်ကြောင်း သူက ဆက်ပြောသည် ။"အခွန်ဆောင်ထားတဲ့ စာရွက်စာတမ်းတွေကို တောင်းယူပြီး ကုန်ပစ္စည်းနဲ့ တိုက်ကြည့်တာပေါ့နော်။ ကားတွေကို မိုးကာ လှန်ပြီးဖွင့်ဖေါက် စစ်ဆေးတာပေါ့နော်။ တကယ်တမ်းပြောရရင် မန်ဝိန်းက ကုန်စစ်ဆေးတဲ့ ချက်ပွိုင့်မဟုတ်ဘူးလေ ။ တကယ်လို့ အဲဒီပိုက်ဆံ ၅ သောင်းပေးတယ်ဆိုရင်တော့ မစစ်ဘူးပေါ့ " ဟု ဆိုသည် ။၂၀၀၆ ခုနှစ်အတွင်းက တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းများတွင် တာဝန်ကျသည့် ကာစတန်ဝန်ထမ်း အများစုကို လာဘ်စားမှုဖြင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ကာစတန်ဌာနကို ပြန်လည်အသစ်ဖွဲ့စည်း ထား ခြင်း ဖြစ်ကြောင်း သိရသည် ။ယခင်က ကာစတန်ဌာနကို နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန လက်အောက်တွင် ထားရှိခဲ့ရာမှ ယခုနှစ်ဆန်းပိုင်း၌ သီးခြား တာဝန်ချထားခဲ့ကြောင်း သိရသည် ။
သျှမ်းသံတော်ဆင့်
မြန်မာအပေါ် အမေရိကန် အရေးယူမှု လျှော့ပေါ့ရေး စတင်
Posted: 18 Apr 2012 04:37 AM PDT
မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် အထောက် အကူ ဖြစ်စေမယ့် ငွေကြေးလွှဲပြောင်းမှုတွေကို ခွင့်ပြုတာလို အရေးယူဒဏ်ခတ်မှု တချို့ကို အမေရိကန်ပြည်ထောင်စုက လျှော့ပေါ့ပေးသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာ လိုက်ပါတယ်။
မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ပိတ်ဆို့ ဒဏ်ခတ် မှုတွေ လျှော့ပေါ့ ပေးသွားမယ့် အစီအစဉ် တစိတ်တပိုင်းအဖြစ် အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက အင်္ဂါနေ့မှာ ကြေညာလိုက်တာပါ။
ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ အားကစားတို့လို ကဏ္ဍတွေမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ စီမံကိန်းတွေအတွက် ငွေကြေး လွှဲပြောင်းမှုတွေကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး ဌာနရဲ့ ပြည်ပပိုင်ဆိုင်မှု ကြီးကြပ်ရေးဌာနက ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်လို့  အမေရိကန်နိုင်ငံခြားရေး ဌာနပြောခွင့်ရ Mark Toner က အင်္ဂါနေ့ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနဲ့ အမေရိကန် လူထုကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာစေဖို့ ရည်ရွယ်ပြီး အမေရိကန် ပုဂ္ဂလိကအဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို ပရဟိတ လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်လာအောင် အားပေးလိုတာကြောင့် အခုလို ဆောင်ရွက်ရတာ ဖြစ်တယ်လို့လည်း  ဆိုပါတယ်။ ဧပြီလတစ်ရက်နေ့ မှာ မြန်မာအစိုးရက လွှတ်တော်ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တဲ့နောက် အမေရိကန်အပါအ၀င် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ နိုင်ငံတွေက ပိတ်ဆို့ထားတာတွေကို လျှော့ပေါ့လာခဲ့ကြတာ ဖြစ်ပါ တယ်။
ဥရောပသမဂ္ဂ (EU) ကလည်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုတွေကို ဒီသီတင်းပတ်ကုန် ပြန်ပြောင်း သုံးသပ်ဖို့ ရှိနေရာမှာ လျှော့ပေါ့ပေးမယ့် အရိပ်အယောင်တွေ ပြသနေပါတယ်။ အစိုးရအရာရှိတွေ အပေါ် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားတာတွေ ဇန်န၀ါရီလမှာ ဖယ်ရှား ပေးလိုက်ပြီးတဲ့နောက် ဒီလကုန်ပိုင်းမှာ နောက်ထပ် ထပ်မံလျှော့ပေါ့ပေးဦးမှာ ဖြစ်တယ်လို့လည်း EU နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton က အင်္ဂါနေ့မှာ ပြောလိုက်တာ ဖြစ်ပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
မြိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သက်ကြီးပူဇော်ပွဲသတင်း
Posted: 18 Apr 2012 03:57 AM PDT
17.4.2012 မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မြိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 
လူငယ်များမှကြီးမှုးကျင်းပသောပထမအကြိမ်မြောက်သက်ကြီးပူဇော်ပွဲအခမ်းအနားကို 
ယင်းနေ့ညနေ (၃)နာရီအချိန်တွင်စတင်ပြုလုပ်ခဲ့ပါသည်။
နိုင်ငံရေးသမားဟောင်းကြီးများကု
ဂါရ၀ပြုပူဇော်ကန်တော့ခဲ့ကြခြင်းဖြစ်ပါသည်။ 
ဖိုးဖွားများအားလုံး အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး(၁၂)ဦး ပေါင်း၂၃ ဦးတို့ကို
လှူဖွယ်ပစ္စည်းများနှင့် တကွ ဂါရ၀ပြုကန်တော့ခဲ့ကြပါသည်။ အခမ်း
အနားစတင်
သည်နှင့် သံဃာတော်များမှအန္တရယ်ကင်းပရိတ်တရားတော်များကိုရွတ်ဖတ်ပေးပြီး 
အခမ်းအနားကိုစတင်ခဲ့ပါသည်။
ယင်းနောက်ဖိုးဖွားများကို ကန်တော့ကြပြီးဖိုးဖွားများမှ ဆုတောင်မေတ္တာများပို့သ 
ခဲ့ကြပါသည်။ ပြီးနောက် အခမ်းအနားသို့တက်ရောက်လာသော
ဧည့်သည်တော်များအား ဆီထမင်း၊လဘက်ရည်နှင့် အအေးများ ဖြင့်
ဧည့်ခံကျွေးမွေးကာအခမ်းအနားကို
ညနေ (၄)နာရီခွဲ ခန့်တွင်ရုပ်သိမ်းခဲ့ပါသည်။
သင်ခန်းစာများယူသင့်သည့် လားရှိုးမြို့က သက်သာဆိုင်ခန်းမီးလောင်မှု
Posted: 18 Apr 2012 03:51 AM PDT
လားရှိုးမြို့တွင် မန်ဆူဘုရားကြီး သက်သာရန်ပုံငွေဆိုင်ခန်းမှ မီးအားမြင့် စက်၏အပူလွန်ကဲမှုကြောင့် မီးလောင်မှု ဖြစ်ပြီး ဆိုင်ခန်းနေလူ ၂ ဦးသေဆုံးရမှု မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းကဖြစ်ပွား သည်။
ဖြစ်စဉ်အကျဉ်းမှာ သေဆုံးသူ ရဲလင်း  ထွန်း(ခ) ကုလား (၃၀နှစ်) နှင့် မရှိုးပန်း အိမ်(ခ) မေရှိုးတို့သည်လက်ထပ်မင်္ဂလာ ပွဲကျင်းပပြီး အိမ်ထောင်သက်(၁)လနှင့် (၃)ရက်သာရှိပြီး မန်ဆူဘုရားကြီးသက် သာဆိုင်ခန်းအမှတ် (၈)တွင် ငှားရမ်းကာ စံချိန်ဦးစားသောက်ဆိုင်ဖွင့်ဝမ်းကြောင်း နေထိုင်ကြသူများဖြစ်သည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားသော မတ် လ ၂၀ ရက် နံနက် ၁ နာရီ မိနစ် ၄၀ (မတ်လ ၂၁ရက်)တွင် အိပ်ခန်းပြုလုပ် ထားသော အကျယ် ၁၀ပေ ရှေ့နောက် အလျား ပေ ၂၀ မှ နောက်ပိုင်းတွင် နှစ် ယောက်ကုတင်တစ်လုံးထားနိုင်ရုံမျှ အိပ် ခန်းကိုသုံးထပ်ပြားကာရံ အခန်းဖွဲ့နေသည်  ဖြစ်ရာ အိပ်ခန်းအပြင်တွင်ဆိုင်ခန်းသုံး မီးအားမြင့်စက်ထားရှိသည်။ ထိုမှမီးအား မြင့်စက်အပူလွန်ကဲပေါက်ကွဲလောင်ကျွမ်း သည်။
မီးစတင်လောင်ကျွမ်းချင်းပင် အိပ်ခန်းကာရံထားသော သုံးထပ်သားနံ ရံကိုလောင်နေပြီဖြစ်သည်။ အိပ်ခန်းအပြင် ရှိဆိုင်အတွင်း ရရာနေရာတွင် မော်တော် ဆိုင်ကယ်၊ ဟင်းလျာချက်ပြုတ်ရာတွင် အသုံးပြုသောစားသုံးဆီ၊ မီးဖိုဂတ်စ်အိုး များကြောင့် မီးလောင်မှုကိုတိုးမြှင့်အား ကောင်းစေပါသည်။
တစ်ခုတည်းသော ဆိုင်ခန်းရှေ့မျက် နှာစာမှ အလူမီနီယံအထက်/အောက်တင် ချ လိပ်တံခါးသာရှိပါသည်။ ဘယ်ညာ အခြားဆိုင်ခန်းများရှိ၍ ပြုတင်းပေါက်မ ရှိပါ။ အနောက်ပိုင်း (အိပ်ခန်းဖွဲ့ထားသော နောက်ခြမ်း)တွင်လည်း ပြုတင်းပေါက် လုံးဝမရှိ၊ လှောင်ပိတ်သောခန်းဖွဲ့မှုစနစ် ရှိနေသည်။
ဇနီးမောင်နှံနှစ်ဦးမှာ မီးလောင်ကျွမ်း မှုကို စတင်သိရှိကြသည်နှင့် အိပ်ရာကု တင်မှထက ကုတင်အခြေဒေါင့်ရှိရေသုံး ၆ လက်မခန့်သာမြင့်သည့် ရေလှောင် ကန်မှ ရနိုင်သမျှရေကိုယူကာ စောင်ကို ရေဆွတ်၍ ရေလှောင်ကန်ကို မှောက်နေ သော ဇနီးသည်အထက်မှ လွှမ်းခြုံသည်။ မီးအပူကိုရနိုင်သမျှ ကြိုးပမ်းသွားဟန်ဖြင့် မီးသတ်သူများ ဆိုင်ခန်းအလူမီနီယံတံခါး  ကိုခွင့်ဝင်ရောက်ရှိလာချိန်တွင် အသက် ရှုမွမ်းကြပ် (အောက်ဆီဂျင်ပြတ်) သေဆုံး  ကြရလေဟန် နှစ်ဦးထပ်လျက်တွေ့ကြရ သည်။ တွေ့မြင်ကြရသူများ မရှုရက်မမြင် ရက်၊ ၀မ်းနည်းဖွယ်အနိဌာရုံမြင်ကွင်းသာ ဖြစ်ရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၁) ရဲစခန်းမှ ပ-၉၁/၂၀၁၂ ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်ကာ ရဲလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
ဝန်ထမ်းသက်သာရန်ပုံငွေဆိုင်ခန်း များ လက်ရှိကာလတွင် ၀င်ငွေကောင်း သောလုပ်ဆောင်မှုများအဖြစ်ဌာနအများ အပြားတိုးတက်လုပ်ကိုင်လာနေကြဖြစ် ရာ ရနိုင်သမျှဧရိယာကျဉ်းကျဉ်းတွင် စနစ်မကျသောခန်းဖွဲ့မှုများကြောင့် ယခု ကဲ့သို့ကြေကွဲဖွယ်ဖြစ်ရသည်ဟု အများ ပြည်သူကသုံးသပ်ပြောကြားလျက်ရှိသည်။ အခန်းဖွဲ့မှုအခြေအနေအရ ဘေးဝဲယာပြု တင်းပေါက်မရှိသော်လည်း နောက်ခြမ်း နံရံတွင်မူ ပြုတင်းပေါက် (အရေးပေါ် အပေါက်ပဲဖြစ်ဖြစ်) ရှိသင့်ပါသည်။ (အနောက်ဘက်နံရံမှာ ဌာနဆိုင်ရာဝင်း တံတိုင်းအဖြစ်အသုံးပြုထား၍ လုံခြုံမှု အရ ပိတ်ထားရခြင်းဖြစ်သည်။)
လားရှိုးမြို့တွင် (အခြားမည်သည့်မြို့ တွင်မဆို) ၀န်ထမ်းဆိုင်ခန်းများဖြင့် ဌာန ဆိုင်ရာများ ၀င်ငွေကောင်းကြပါသည်။ သိန်းရာချီရှိနိုင်ပါသည်။ ဥပမာ အား/ ကာဆိုင်ခန်း၊ ရဲစခန်းဆိုင်ခန်း၊ ယခုမီး လောင်မှုဖြစ်သော မန်ဆူဘုရားကြီးဆိုင် ခန်းများရှိနေပါသည်။ ၀င်ငွေကောင်းကြ သော ဆိုင်ခန်းများလည်းဖြစ်ပါသည်။ အလားတူမြို့တွင်းလူစည်ကားရာ အကွက်အကွင်းကောင်းရာတွင်ရှိကြသော ဌာနဆိုင်ရာရုံးခန်းများလည်း အများအပြား  ရှိနေပါသည်။
ဌာနဆိုင်ရာဆိုင်ခန်းတိုင်းသည် ရုံး ၀င် ဌာပိုင်မြေနေရာကို ၀ိုင်းပတ်စည်းခြား ထားသော တံတိုင်းနံရံများအဖြစ်တည် ဆောက်ထားကြရသည်ဖြစ်ရာ ယခုကဲ့သို့ မီးလောင်မှုများကလိုအပ်ချက်ကို မီးမောင်း  ထိုးပြသကဲ့သို့ရှိနေပါသည်။ ဥပမာဆိုလျှင်  ရဲစခန်းတိုက်တန်းဆိုပါက ဆိုင်ခန်း အနောက်ခြမ်းနံရံသည် ရဲစခန်း၏စည်းရိုး၊ အုတ်တံတိုင်းဖြစ်၍ ပြတင်းပေါက်ထား ရှိပါက လုံခြုံရေးကိုထိခိုက်မည်သာဖြစ် သည်။ မည်သည့်နည်းနှင့်မျှ ပြတင်းပေါက်   ထားရှိခွင့်ပြုမည်မဟုတ်၊ ခန်းဖွဲ့မှုပုံစံအား နည်းသည်ဟူ၍ တည်ဆောက်မှုအင်ဂျင် နီယာများကို အပြစ်ပုံချမရနိုင်ပါ။ အလုပ် အပ်နှံသူ၏လိုအင်ဆန္ဒအရ တည်ဆောက်  ကြရခြင်းကြောင့်ဖြစ်ပါသည်။
သို့ဆိုလျှင် မည်သို့လုပ်ကြပါမည်နည်း။ မသိကျိုးကျွံနေကြမည်သာဖြစ်သည်။ ၀န် ထမ်းဆိုင်ခန်းမရှိစေရဟူ၍လည်း (ယခင် ကအသံထွက်ခဲ့ဖူးသော်လည်း) ယခု အချိန်တွင် မည်သူမျှပြောကြမည်မဟုတ်၊ အဘယ်ငမိုက်သားသည်ဤကဲ့သို့ပုံမှန်ရွှေ ဥပေးသော ငန်းမကြီးကိုသတ်ကြပါမည် နည်။
သို့ဖြစ်ရာ ဤသို့မီးမောင်းကြီးဖြင့် (၀မ်းနည်းကြေကွဲဖွယ်အနိဌာရုံဖြင့်) ထိုး ပြနေသော သင်ခန်းစာကို မမြင်ယောင် ပြုကာ ""နောင် ဒါမျိုးမဖြစ်အောင်လုပ် ကြ"" ဟူ၍သာ အထက်ပုဂ်္ဂိုလ်များက ညွှန်ကြားကြရန်ရှိကြောင်းပါ။
(လားရှိုးမီဒီယာ)
Hot News
ပြည်ပရောက်မြန်မာများ နေရာပြန်ချထားရေး ကွင်းဆင်းလေ့လာ
Posted: 18 Apr 2012 03:47 AM PDT
နော်နိုရင်း DVB ၁၈ ဧပြီ ၂၀၁၂
အကြောင်းမျိုးမျိုးကြောင့် ပြည်ပရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် မြ၀တီမြို့နယ် တာဝန်ရှိသူတွေဟာ ကွင်းဆင်းလေ့လာမှုတွေ ဒီနေ့မနက်က ပြုလုပ်နေတယ်လို့ သိရပါတယ်။
မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်တင်နဲ့ အစိုးရဌာနပေါင်း ၁၄ ခုက တာဝန်ရှိသူတွေဟာ မြ၀တီမြို့နယ်အတွင်းမှာရှိတဲ့ ကလိုထူးဘော ကရင်အစည်းအရုံး (ကေကေအို)ရဲ့ ထိန်းချုပ်ဒေသဖြစ်တဲ့ ဝေါ်လေနဲ့ ချူးကလိ ဒေသဘက်မှာ ကွင်းဆင်းလေ့လာတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ တာဝန်ပေးချက်အရ ခုလို ကွင်းဆင်း လေ့တာတာဖြစ်ပြီး ဒီမနက်ပိုင်းမှာ ကေကေအို အခြေစိုက် ဆုံစည်းမြိုင်မှာ သွားရောက်ပြီး ကေကေအို တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြ၀တီခရိုင် တာဝန်ရှိသူတွေ လာရောက် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ကေကေအိုအတွင်းရေးမှူး စောဂုဏ်အောင်က အခုလို ရှင်းပြပါတယ်။
"သူတို့ပြောတာက ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ဒုက္ခသည်စခန်းက လူတွေကို ပြန်ပြီးတော့ လက်ခံဖို့အတွက်ဆိုတဲ့ အစီအစဉ်နဲ့ လာတာ ဖြစ်ပါတယ်။ အဲဒါကို သူတို့က ဝေါလေနဲ့ ချူးကလိဘက်မှာ ပြန်ပြီး နေရာချထားပေးပေမယ့်ဟာကို ကျနော်တို့ဆီလာပြီး ဘယ်နေရာချထားပေးရင် အဆင်ပြေမလဲဆိုတာကို ဆွေးနွေးတာပေါ့။ ကျနော်တို့ကတော့ ဒီဥစ္စာက ကျနော်တို့ လုပ်ပိုင်ခွင်ထဲမှာ မရှိဘူးဆိုတဲ့ အကြောင်းနဲ့ ကေအန်ယူတို့၊ ကေအာရ်စီတို့၊ ဒုက္ခသည်တွေကို ထောက်ပံ့ပေးနေတဲ့ အန်ဂျီအို အဖွဲ့အစည်းတွေရယ်၊ ထိုင်းအာဏာပိုင်တွေ၊ ယူအန်အိပ်ခ်ျစီအာက အရာရှိတွေ အစရှိသူတွေ အားလုံးနဲ့ မြန်မာအစိုးရတို့ ဆွေးနွေးပြီးမှ ဒါက လုပ်လို့ရမယ့် ကိစ္စ ဖြစ်တယ်။ အဓိကတော့ ဒုက္ခသည်တွေက သူတို့ကိုယ်တိုင် လိုလိုလားလားနဲ့ စိတ်အပူအပင်ကင်းစွာ ပြန်နိုင်ဖို့ အရေးကြီးဆုံး ဖြစ်တယ်လို့ ကျနော်တို့က ရှင်းပြလိုက်ပါတယ်။"
တွေ့ဆုံဆွေးနွေးအပြီး ညနေပိုင်းမှာတော့ ဦးမြင့်တင်နဲ့အဖွဲ့ဟာ ဝေါ်လေကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ညအိပ်ပြီး မနက်ဖြန်မှာ ချူကလိဘက်ဆက်ပြီး ဖွံ့ဖြိုးရေးနဲ့ ပြန်လည်နေရာချထားရေးအတွက် သွားရောက်မှာဖြစ်တယ်လို့ စောဂုဏ်အောင်က ပြောပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေကတော့ မြန်မာနိုင်ငံကို ပြန်ဖို့ ဘယ်အဖွဲ့အစည်းကမှ တိုက်တွန်းတာ မရှိသလို ပြန်ဖို့လည်း အစီအစဉ် မရှိတဲ့အကြောင်း၊ မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှိရင်တော့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အနေအထားရှိတယ်လို့ မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောထွန်းထွန်းက ပြောပါတယ်။
"နယ်စပ်ဒေသမှာ တိုက်ပွဲတွေ မရှိတော့ဘူး။ တစုံတရာထိ ငြိမ်းချမ်းမှုတွေ ရယူနိုင်မယ်ဆိုရင်တော့ ပြန်ဖို့ အနေအထားတော့ ရှိတာပေါ့။ ဒါပေမယ့် ဒုက္ခသည် ပြန်ဖို့ စတင် ဆွေးနွေးနိုင်မယ့် အခြေအနေတွေ၊ နေရပ်ကို ပြန်ပို့နိုင်ဖို့ အစီအစဉ်တွေ ဆွဲနိုင်ဖို့ အခြေအနေကတော့ မြန်မာနိုင်ငံမှာ တကယ့် စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိနိုင်မယ့် အချိန်၊ ရရှိနိုင်မယ့် လမ်းစတွေ မြင်လာမယ်။ လှုပ်ရှားဆောင်ရွက်မှုတွေ ရှိလာမယ့် အချိန်လောက်မှပဲ ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်တွေ စတင်လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်။"
ထိုင်း-မြန်မာနယ်စပ်နေ ဒုက္ခသည်တွေကို ပူးပေါင်းကူညီပေးနေတဲ့ (တီဘီဘီစီ)အဖွဲ့ရဲ့ စာရင်းအရ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံက ဒုက္ခသည် ၁သိန်းခွဲခန့် ရှိတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ နော်ဝေသံတမန်ရုံး ဖွင့်လှစ်ဖို့ရှိ
Posted: 18 Apr 2012 03:31 AM PDT
မြန်မာနိုင်ငံမှာ မကြာခင် နော်ဝေသံတမန်ရုံး ဖွင့်လှစ်ဖို့ရှိကြောင်း အော်စလိုမြို့ကိုရောက်ရှိနေတဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဥိးအောင်မင်းက ပြောကြားလိုက်ပါတယ်။ 
 နော်ဝေနိုင်ငံခြားရေးဝန်ကြီးနဲ့ ဧပရယ်လ ၁၇ ရက်နေ့က တွေ့ဆုံပြီးတဲ့နောက် ဥိးအောင်မင်းက အဲဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။ နှစ်ဘက်တွေ့ဆုံရာမှာ ဥိးအောင်မင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကိစ္စကို အဓိကထားရှင်းပြခဲ့ပြီး နော်ဝေးနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနီးကပ် ကူညီသွားမယ်လို့ ကတိပေးခဲ့ပါတယ်။
ဒီဗွီဘီ
NLD သက်ကြီးပူဇော်ပွဲ
Posted: 18 Apr 2012 03:24 AM PDT
18 April 2012 - ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ သက်ကြီးပူဇော်ပွဲတခု ဒီနေ့  နှစ်ဆန်း ၂ ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်သွားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်တဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦးစတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အဖွဲ့ချုပ် သက်ကြီးခေါင်းဆောင်တွေဖြစ်တဲ့ ဦးအောင်ရွှေ၊ သူရဦးတင်ဦး၊ ဦးဝင်းတင်(ဟံသာဝတီ)၊ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေ စသူတို့ကို မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မြန်မာကျပ်ငွေ ၁ သောင်းစီနဲ့ အ၀တ်အစားတွေကို ကန်တော့ခဲ့ကြတာပါ။
ဒီဗွီဘီ
ဒေါ်အောင်ဆန်းစုကြည် လာမည့်ဇွန်လတွင် နော်ဝေနှင့် ဗြိတိန်နိုင်ငံတို့သို့ သွားရောက်လည်ပတ် မည်
Posted: 18 Apr 2012 03:18 AM PDT
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် လာမည့်ဇွန်လတွင် နော်ဝေနှင့် ဗြိတိန်နိုင်ငံတို့သို့ သွားရောက်လည်ပတ် မည်ဖြစ်ကြောင်း အေအက်ဖ်ပီနှင့် ရိုက်တာသတင်းဌာနများက သတင်းဖော်ပြသည်။
 နော်ဝေနိုင်ငံခြားရေးဝန်ကြီးထံ
သို့ ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံ၊ အော်စလိုမြို့သို့ လာမည့်ဇွန်လတွင် လာရောက်လည်ပတ်မည့် ခရီးစဉ်နှင့်ပတ်သက်၍ တနင်္ဂနွေနေ့တွင် ဆွေးနွေးခဲ့ကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားကြောင်း အေအက်ဖ်ပီသတင်းဌာနက သတင်းဖော်ပြထားသည်။
 နော်ဝေအပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသို့ပါသွားရောက်မည်ဖြစ်ကြောင်း NLD မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ကိုးကား၍ ရိုက်တာသတင်းဌာနကလည်း သတင်းရေးသားထားသည်။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် လာမည့်ဇွန်လ၌ ဗြိတိန်လို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
 ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် ၂ နှစ်က ထိုသို့ဖိတ်ကြားပါက ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်သည်ဟုသာ ပြောနိုင်ပြီး မလာနိုင်ဟု ပြန်ဖြေမည်ဖြစ်ကာ လက်ရှိအခြေအနေတွင် ခရီးစဉ်မှာဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
NLD မှ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦးသို့ 7Day News က ဆက်သွယ်မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားကြောင်း ပြန်လည်ဖြေကြားသည်။
 7Day News
မုံရွာမြို့ မှာ နှစ်ဆန်းတစ်ရက်နေ့ ည က မီးလောင်မှုဖြစ်ပွါး
Posted: 17 Apr 2012 08:56 PM PDT
 ဧပြီလ ၁၇ ရက်နေ့ ၂၀၁၂
စစ်ကိုင်းတိုင်း မုံရွာမြို့ မှာ နှစ်ဆန်းတစ်ရက် ည ၉ ခွဲလောက်မီးလောင်ပါတယ်။ 
ဗိုလ်ချုပ်လမ်းအနီး ဘုရားကြီးရပ်ကွက် တရုတ်တန်းလမ်း အဝင် မှာလောင်တာပါ။
မြင်းပျံ ဘီစ ကစ် ဆိုင် တော့ ပါသွားပြီး တစ်နာရီ နီးပါးအတွင်း မီးညိမ်းသွားရဲ့ 
နှစ်ဆန်း ၁ရ က် နေ့ မှာ မီးလောင် လို့  မကောင်းဘူး လို့  ဆို ကြပေမဲ့ 
သတ္တဝါ အားလုံး ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်
အား လုံး ယုံကြည် ရာ ဘာသာတရား စွဲ မြဲ နိုင်ပါစေ။
Heinminhtet Htet (Facebook) ဓါတ်ပုံ-ပေတရု 
မုံရွာမှာ နှစ်ဆန်းတစ်ရက် ည ၉ ခွဲလောက်မီးလောင်ပါတယ်။ဗိုလ်ချုပ်လမ်းအနီး ဘုရား
ကြီးရပ်ကွက်တရုတ်တန်းလမ်း အဝင် မှာလောင်တာ။
ဒါ ကတော့  မီးလောင်ချိန်မှာ မီးသတ်ကားနောက် ကျ လို့  ခဲ နဲ့ ထု
လို့ မီးသတ် ရဲဘော်တစ်ဦး သတိလစ်သွား လို့  ဆိုက်တွဲနဲ့ ဆေးရုံပို့ လိုက်ရတဲ့ ပုံ ပါ
ဓာတ်ပုံ=ပေတရု
iPay (သို့) ဟိုမရောက်ဒီမရောက် ယာဉ်စီးခပေးကဒ်
Posted: 17 Apr 2012 07:06 PM PDT
စကြားကြားချင်းကတော့ အတော့်ကို အားတက်စရာ သတင်းပါဘဲ... ကျနော်တို့ဆီမှာလည်း အများနည်းတူ ကဒ်စံနစ်ဖြစ်ပြီပေါ့။ အဓိပတိအပြာလိုင်းမှာဘဲစမ်းသပ်တပ်ဆင်မယ်ဆိုတော့ အားမလိုအားမရဖြစ်မိတယ်။ ဘာလို့ရှိသမျှ မ.ထ.သ လိုင်းအားလုံးတစ်ပြေးညီ မတပ်ဆင်တာလဲလို့....
ညက youtube က MRTV4 channel မှာ ကြည့်ရတော့မှ တော်တော်စိတ်ပျက်သွားတယ်။သူတို့လုပ်မယ့်စက်က ဒီလိုဟာမျိုးတဲ့ဗျာ..ဒီလို စက်မျိုးသာသုံးမယ်ဆိုရင်တော့ ကားစံပါယ်ယာတွေ တော်တော်ဒုက္ခရောက်မယ့်အမျိုး...ကဒ်ကို လုပ်နေတာနဲ့တင် မှတ်တိုင်တစ်ခုတစ်ခုကနေ ဘယ်လိုထွက်တော့မတုန်း.? အထူးသဖြင့် busy hour (ရုံးဆင်းရုံးတက်ချိန်မှာ)
သူများတွေဆီမှာက အဆင်ပြေအောင်လို့ RFID( radio frequency identification ) contactless စံနစ်၊ ဒီ iPay ဆိုတာက contact စံနစ်
နတ်ပိုက်ဆံဟု ထူးထူးဆန်းဆန်း အမည်မှည့်ခေါ်ထားသော iPay ကဒ်ဖတ်စက်။ ကျသင့်သည့်ပမာဏကို စက်တွင်ပုံပါအတိုင်းရိုက်ထည့်ပြီး၊ စက်ညာဖက်မှ မြောင်းတွင် ကဒ်၏ magnet line အားပွတ်ဆွဲ၍ ကျသင့်ငွေအားနှုတ်သောစံနစ်ဖြစ်သည်။ များသောအားဖြင့် ဈေးဝယ်သည့်နေရာ၊ တက္ကစီခရှင်းသည့်နေရာတို့တွင်သုံးသည်။
ဘတ်စကားခပေးကဒ်ဆိုတာ ဒီလိုမျိုးမှ မဟုတ်ပဲဗျာ.... အခုဟာက ဈေးဝယ်ကဒ်လိုမျိုးကဒ် ။ မနက်၊ညနေ busy hour မှာဆိုရင် ဘယ်လိုလုပ်မလဲ ? မ.ထ.သ နဲ့ ဦးပိုင်က ပုဂိုလ်တွေ တကယ်ဘဲ မသိတာလား...သိလျက်သားနဲ့ ခွင်ရိုက်တာဘဲလား.... ဒါမှမဟုတ် နားမလည်ပါးမလည် ခွင်ထဲဝင်လာတဲ့ သူကို ရိုက်စားလုပ်တာလား...မေးခွန်းတွေ တသီတတန်းနဲ့ ဒီပို့စ်ကို မနေနိုင် မထိုင်နိုင် တင်လိုက်ပါတယ်။ ထိုဂွင်ထဲမှာ ပါဝင်ပါတ်သက်နေသော လူကြီးမင်းအပေါင်း..ကျနော့်အား စိတ်ရှိလက်ရှိမုန်းကြပါကုန်....
Bus ကားခကို ကောက်ခံသည့်စက်
ဘတ်စကားပေါ်သို့ အတက် ပိုက်ဆံအိတ်(သို့) လက်ကိုင်အိတ်ထဲတွင်ထည့်ထားသော်လည်း စက်ကို အိတ်နှင့်ကပ်သည်နှင့် စက်ကသိရှိမှတ်သားနိုင်သည်။
ဘတ်(စ)ကားပေါ်ကို လူတက်တာနဲ့ ကဒ်ကို ပုံပါအတိုင်း စက်တွင်ကပ်လိုက်ရသည်။ ထိုအခါ စက်ကလက်ရှိတည်နေရာကိုမှတ်သားသည်။ LCD မော်နီတာအောက်တွင် အချက်ပြမီး (၃)ခုရှိသည်။
ကဒ်တွင်ငွေအလုံအလောက်ရှိပါက ကဒ်ကို မှတ်သားပြီးသည်နှင့် အသံတစ်ချက် မြည်ကာ မီးစိမ်းသွားမည်ဖြစ်သည်။
သင်၏ကဒ်တွင် ပိုက်ဆံလက်ကျန်နည်းနေပါက အ၀ါရောင်မီးပြကာ မြည်သံ(၃)ချက်ပေးသည်။ မော်နီတာပေါ်တွင်လည်း Top up your card (ငွေထပ်ဖြည့်ပါ) ဟု စာသားပေါ်မည်။
သင်၏ကဒ်တွင်ရှိသော ပိုက်ဆံသည် ယခုသင်စတက်သောနေရာမှ ခရီးစဉ်အဆုံးထိ စီးနင်းရန်မလုံလောက်လျှင် မီးနီလင်းကာ အချက်ပေးသံ(၅)ချက် ထပ်ပေးလိမ့်မည်။ ထိုအခါ ယာဉ်မောင်းမှ သင့်အား ငွေမလုံလောက်ကြောင်း၊ ပိုက်ဆံပေးစီးရန် အကြံပြုလိမ့်မည်။ သွားမည့်ခရီးကို ယာဉ်မောင်း(Bus Captain) အားပြောပါ။ ကျသင့်ငွေကို တွက်ပေးလိမ့်မည်။ ထိုအခါ ကျသင့်ငွေကို အကြွေစေ့ထည့်စက်သို့ထည့်ပါ။ သင့်အား စလစ်ထုတ်ပေးလိမ့်မည်။ ထိုလက်မှတ်ခဖြတ်ပိုင်းအား ကားပေါ်မှ မဆင်းမချင်း ထိန်းသိမ်းထားပါ။ လက်မှတ်စစ်တက်လာလျှင် ထိုဖြတ်ပိုင်းအားပြပါ။
ကားပေါ်မှဆင်းသည့်အခါ အဆင်းပေါက်(နောက်ဘက်အပေါက်)တွင် ကဒ်အားစက်တွင် ကပ်ရပါမည်။ ထိုအခါ စက်မှ ကျသင့်ငွေအား နှုတ်ပြီး မော်နီတာပေါ်တွင် လက်ကျန်ပမာဏအား ပြသပေးမည်ဖြစ်ပါသည်။ အဆင်းတွင်ကဒ်ရိုက်ရန်မေ့လျှင် သိပ်ပြဿနာ မရှိပါ။ ခရီးစဉ်အဆုံးမှတ်တိုင်အထိတွက်ပြီး ငွေဖြတ်ပါလိမ့်မည်။
ဘတ်စကားပေါ်မှ အဆင်း အောက်နားရှိ အဖြူရောင်ပုံးငယ်မှာ အကြွေစေ့ထည့်စီးသူများ၏ လက်မှတ်ဖြတ်ပိုင်းစွန့်ပစ်ရန်ပုံးဖြစ်သည်။
စွယ်စုံသုံး
စားသောက်ဆိုင်များတွင် ဘတ်(စ)ကားစီးသည့်ကဒ်ဖြင့် ငွေရှင်းနေစဉ်
ထိုကဒ်အား ဘတ်(စ)ကားခ ပေးရာတွင်သုံးနိုင်သလို ရထားခပေးရာတွင်လည်း သုံးနိုင်ပါသည်။ စင်္ကာပူ ဟောင်ကောင်တို့တွင် ဘတ်(စ)ကား နှင့် ရထားမှာ operator (ကိုင်တွယ်စီမံခန့်ခွဲသူ) တစ်ဦးတည်းဖြစ်ရာ ရထားနှင့်ကားကို ဆက်တိုက်ပြောင်း၍ စီးသွားလျှင် ကနဦးကျသင့်ငွေကို စုစုပေါင်းတွင်ပြန်နှုတ်ပေးပါသည်။ ကိုရီးယားတွင်လည်းထို့အတူပင်ဟု သိရပါသည်။
ထိုကဒ်ကိုပင် taxi ခပေးရာတွင်အသုံးပြုနိုင်ပါသည်။ 7-11 stores တွင်လည်းဈေးဝယ်နိုင်ပါသည်။
ယခုအခါ ထိုကဒ်ကိုပင် အလိုအလျောက်အခပေး ကားပါကင်များတွင်လည်းကောင်း၊ ERP (electronic road payment) ဟုခေါ်သော ကားကျပ်သည့်နေရာများတွင် လမ်းအသုံးပြုခကောက်ခံသည့်စံနစ် တွင်လည်းကောင်း ၊ ကုန်တိုက်ကြီးများရှိ ကင်တန်း များတွင်လည်းကောင်း အသုံးပြုနိုင်ပါသည်။
ERP (လမ်းအသုံးပြုခကောက်ခံသည့်စက်တွင် တပ်ဆင်ထားသော ဘတ်စကားကဒ်၊ ထိုစက်၊ထိုကဒ်ဖြင့် အလိုအလျောက် ကားခပေး ပါကင်များတွင်လည်း သုံးနိုင်ပါသည်။
ငွေဖြည့်တင်းသည့် စံနစ်
Top-up Kiorsk... ငွေပြန်လည်ဖြည့်တင်းသည့်စက်
ထိုကဒ်အား အထက်ဖော်ပြပါ ရထားဆိပ် ၊ ကားဂိတ်များရှိ top-up kiorsk များတွင်လည်းကောင်း၊ ခရီးသည်ဝန်ဆောင်မှုဌာနများ၊ မြို့တော်တွင်းနေရာအနှံ့တွင်ရှိသော 7-11 stores များ၊ ATM ငွေထုတ်စက်များ၊ smart phone များမှသော်လည်းကောင်း၊ ငွေပြန်လည် ဖြည့်တင်းနိုင်ပါသည်။ Online မှဖြည့်တင်း၍ ရသည်ဟုလည်း ဆိုပါသည်။( ကျနော်တော့ မလုပ်ဘူးပါ။)
by Thar Lay
ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲ မြန်မာနိုင်ငံ ပါဝင်
Posted: 17 Apr 2012 06:53 PM PDT
ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ HDI ၂၀၁၁ ခုနှစ် ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲမှာ ပါရှိနေပါသေးတယ်။
Photo courtesy of UN web site
ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ HDI ၂၀၁၁ ခုနှစ် ညွှန်းကိန်းဖော်ပြချက်
ကုလသမဂ္ဂက လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ ညွှန်းကိန်းပြုစုရာမှာ နိုင်ငံပေါင်း ၁၈၇ နိုင်ငံက ဖွံ့ဖြိုးမှုတွေကို လေ့လာရာမှာ မြန်မာနိုင်ငံက အဆင့် ၁၄၉ မှာရှိနေတဲ့အတွက် ဖွံ့ဖြိုးမှုနှုန်း နည်းလွန်းတဲ့နိုင်ငံတွေ စာရင်းထဲမှာ ရှိနေသေးကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။
HDI ပျမ်းမျှခြင်း ညွှန်းကိန်းတစ်ခုရဖို့ အခြေခံတိုင်းထွာတဲ့ အချက် ၃ ချက်က-အသက်ရှည် ကျန်းမာစွာနေထိုင်နိုင်မှု၊ ပညာဗဟုသုတ ရှာဖွေဆည်းပူးနိုင်မှုနဲ့ လူနေမှုအဆင့်အတန်း စတဲ့ အချက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထက် အနည်းငယ်သာနေတဲ့ နိုင်ငံတွေကတော့ အိမ်နီးချင်း လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ ဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်လောက်က လူတစ်ဦးခြင်းစီရဲ့ ပျမ်းမျှ အသက်ရှည် နေထိုင်နိုင်မှုဟာ ၅၅ နှစ်သာရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှာတော့ ပျမ်းမျှ ၆၅ နှစ်အထိ ရှိပါတယ်။
ဒါ့အပြင် ပညာသင်ကြားမှု နှစ်ကာလကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ထက် တဖြည်းဖြည်း သာလာသလို လူနေမှုအဆင့်အတန်းကို တိုင်းထွာတဲ့ ပျမ်းမျှဝင်ငွေအပိုင်းမှာလည်း များလာတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုထားပါတယ်။
RFA
ကေအိုင်အေတပ်သား ၃၅ ယောက် အစိုးရထံ လက်နက်ချ
Posted: 17 Apr 2012 03:53 PM PDT
Photo (Google Images)
ကချင်လွတ်လပ်ရေးတပ်မတော် KIAက အကြပ်တပ်သား ၃၅ယောက်က လက်နက်မျိုးစုံ ၂၃လက်နဲ့အတူ ပြီးခဲ့တဲ့ သင်္ကြန်အတက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးရွာမှာ အခြေချနေတဲ့ အစိုးရ တပ် စခန်းကို လာရောက် လက်နက်ချခဲ့ပါတယ်။ ဒေသခံတွေကတော့ ဒီလို လက်နက် ချလာ သူတွေ ဟာ KIAက အဓမ္မ တပ်သားသစ်စုဆောင်းခံရ သူတွေဖြစ်တာကြောင့်  ပြန်လာ တာဖြစ်ကြောင်းပြောဆိုပြီး KIA ဘက်ကို ဆက်သွယ် မေးမြန်းရာမှာတော့ ဒီသတင်း မကြားသိသေးကြောင်း နဲ့ အတင်းအကျပ် ကောက်ယူတာ မရှိကြောင်း ငြင်းဆိုထားပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးမှာ ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIAက တပ်ကြပ်ကျော်ဆန်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၃၅ယောက် ဟာ မြစ်ကြီးနား မြို့နယ် တာလောကြီး ကျေးရွာမှာ အခြေချနေတဲ့ ခလရ ၃၇ တပ်စခန်းကို ဒီလ ၁၆ရက်နေ့ မနက်ပိုင်း က  လက်နက်ချဝင်ရောက်လာတာဖြစ်ပါတယ်။
ဒီလို ၀င်ရောက်လာသူတွေကို ခလရ ၃၇က ဒုရင်းမှုးက လက်ခံပြီး နေရာချထားပေးတယ်လို့ တာလောကြီး ရွာသား တယောက်က ပြောပါတယ်။
-   သူတို့က သူတို့ကို ဦးဆောင်ခဲ့တဲ့ စစ်ကြောင်းမှုးကိုတော့ မပါလာဘူး။ သူက ကချင်လေ။ သူနဲ့ အပြန်အလှန်ဖြစ်ပြီးမှ သူတို့ တပ်စိတ်မှုးတွေပဲ အချင်းချင်းညှိနှိုင်းပြီးမှ ဒီဘက် ထွက်ခဲ့ကြတာ။ သူတို့ ၃၅ယောက်။ လက်နက်မျိုးစုံ ၂၃လက်ပါတယ်။ အားလုံး အမှတ် ၃၇ သူတို့ တူးအိုင်စီကိုယ်တိုင် အဲဒီ ကိစ္စကို နေရာချထားပေးတယ်။ ကောင်းကောင်းမွန်မွန်ပဲ။
ပြန်လည်ဝင်ရောက်လာသူတွေဟာ ရှမ်း၊ ဗမာနဲ့ ကချင် လူမျိုးတွေဖြစ်တယ်လို့ လည်း ပြောပါတယ်။
အခုလို ပြန်လည်ဝင်ရောက်လာသူတွေဟာ သူတို့ စိတ်ဆန္ဒမပါဘဲ အမှုထမ်းရသူတွေဖြစ်တာကြောင့် ပြန် လာတာဖြစ်တယ်။ ဒီလို ပြန်လာတာကြောင့် သူတို့ ရွာလုံခြုံရေးထိခိုက်မှာလည်း စိုးရိမ်နေရတယ်လို့ တာလောကြီး ရွာသားက ဆက်ပြောပါတယ်။
-       သူတို့က KIA တွေ ပေါ်တာဆွဲပြီး ဖမ်းသွားတာတွေ၊ နောက်တခါ ဖိအားပေးပြီး စာနဲ့ ဆင့်ပြီး ခြိမ်းခြောက်ခေါ်ခံရသူတွေ၊ နောက်ဆုံး လုပ်ငန်းခွင်မှာ အဖမ်းအဆီးခံရတဲ့ ကလေးတွေ ချည်း ပဲ။ ပြဿနာတော့ ရှာမှာပဲ။ အရင့်အရင် ဒါမျိုးထွက်ခဲ့သူတွေကို မိသားစုကို ရန်ရှာတာတို့၊ သူတို့ ဆွေမျိုးတော်စပ်သူကို ရန်ရှာတာတို့ အစဉ်အလာ ရှိခဲ့ဖူးတယ်။ အခုလည်း ပြောလို့ မရဘူးလေ။ သူတို့ လုပ်ရိုးလုပ်စဉ်တွေ ဆိုတော့ ရှာဖို့တော့ များပါတယ်။ အစိုးရက ဘယ်လောက်ထိ ကာကွယ်ပေးနိုင် မလဲ ဆိုတော့ ဒီလုပ်ငန်းခွင်မှာတော့ တာဝန်ယူကာကွယ်လို့ မရပေမဲ့ ကျေးရွာ တခုလုံး လုံခြုံမှုကိုတော့ အမှတ် ၃၇ ကနေ တာဝန်ယူပြီး စောင့်ရှောက်ပေးနေတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIOက ပြောရေးဆိုခွင့် ရှိသူတွေကို ဆက်သွယ်ရာ မှာတော့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။
KIA အဆင့်မြင့် အရာရှိတယောက်ကတော့ လက်နက်ချတဲ့သတင်းကို အတိအကျ မသိ ရသေးကြောင်း  ပြောပါတယ်။ ဒေသခံတွေ ပြောသလို KIA က အတင်းအကျပ် စစ်သား စုဆောင်း ကောက်ယူ သလား ဆိုတာကိုတော့ KIA အရာရှိက အခုလို ဖြေပါတယ်။
-    မူဝါဒတော့ အဲလို မရှိဘူး။ ဒါမျိုးတော့ မရှိဘူးလေ ကျနော်တို့က။ ဟိုဘက် ရောက်သွားရင်တော့ အဲလိုပဲ ပြောရမှာပေါ့ကွာ။ အဲလို မပြောရင်တော့ သက်သာမှာ မဟုတ်ဘူးလေ။
လောလောဆည်မှာတော့ ကချင်ပြည်နယ် ၀ိုင်းမော်ဒေသ၊ မိုးမောက်ဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
KIA နဲ့ မြန်မာအစိုးရတပ်တွေအကြားမှာ ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ရာက တိုက်ပွဲတွေ ပြန်လည် စတင် နေတာ အခုဆိုရင် ၁၀ကျော်လာပြီ ဖြစ်ပါတယ်။
ဒီတိုက်ပွဲပြန်စခဲ့တဲ့ အစောပိုင်း ၂လတာ ကာလအတွင်းမှာ အစိုးရတပ်တွေက အမျိုးသမီးနဲ့ မိန်းကလေး ငယ် ၃၇ ယောက်ကို အဓမ္မ ပြုကျင့်ခဲ့ပြီး ၁၃ယောက်သတ်ဖြတ်ခဲ့တယ်လို့ ကချင်အမျိုးသမီးအဖွဲ့က  အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရပိုင်သတင်းစာတွေကတော့ KIA အဖွဲ့တွေက လမ်း၊ တံတားတွေ၊ မီးရထားသံလမ်းတွေကို မိုင်းခွဲ ဖျက်ဆီး ခဲ့ကြောင်း နဲ့ အဓမ္မ လူသစ်ကောက်ယူစုဆောင်းနေကြောင်း သတင်းစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
အခုလက်ရှိအချိန်မှာတော့ လောလောဆည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၆သောင်းလောက် ဟာ ကချင်ပြည်နယ်အတွင်း မြို့ကြီးတွေနဲ့ တရုတ်မြန်မာနယ်စပ်ဒေသဘက်တွေကို ထွက်ပြေး တိမ်းရှောင်နေ ရ ပါတယ်။
KIO ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေအကြားမှာ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိဖို့ အနည်းဆုံး ၃ကြိမ်ဆွေးနွေးခဲ့ပေမဲ့ ဒီကနေ့အထိတော့ မအောင်မြင်သေးပါဘူး။
By မိုးဇော် (ဗွီအိုအေ)
မြန်မာ့အရေး အိန္ဒိယအကြံပေးချက် အမေရိကန် ချီးကျူး
Posted: 17 Apr 2012 03:50 PM PDT
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell(ဓါတ်ပုံ-Google Images)
မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ရဲရဲတင်းတင်း ဆောင်ရွက်လာတာကြောင့်၊ အမေရိကန် ပြည်ထောင်စု အနေနဲ့လည်း မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုအချို့ ရုပ်သိမ်းတာ အပါအ၀င် အပြုသဘော တုံ့ပြန်ချက်တွေကို ဆောင်ရွက်ဖို့ စီစဉ်နေပြီလို့ အမေရိကန်ပြည်ထောင်စုရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ပြောဆို လိုက်ပါ တယ်။ ၅ကြိမ်မြောက် India US Dialogue ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ Mr.Campbell က သတင်းထောက်တွေကို ပြောသွားတာပါ။
မြန်မာနိုင်ငံခြားရေးဝန်ကြီး အမေရိကန်ပြည်ထောင်စုကို အလည်အပတ် လာရောက်ဖို့လည်း ဖိတ်ခေါ် ထားတဲ့ အပြင်၊ မြန်မာခေါင်းဆောင်တွေကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ထားတာကိုလည်း ပြန်လည် ရုပ်သိမ်းဖို့ရှိတယ်လို့ Mr.Campbell က ပြောပါတယ်။ မြန်မာအစိုးရရဲ့ သတ္တိရှိရှိ ရဲရဲ တင်းတင်း ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို ဆက်ဆံရေး ထူထောင် လာတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာ့အရေးကို ဘယ်လို ကိုင်တွယ်ဆောင်ရွက်မလဲလို့ သုံးသပ်တဲ့အခါမှာ၊ အိန္ဒိယနိုင်ငံနဲ့ တိုင်ပင် ဆွေးနွေးနိုင်တဲ့အတွက် လည်း အိန္ဒိယနိုင်ငံကို ချီးကျူးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့တုန်းက မြန်မာ ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နေရာအားလုံးနီးပါး အနိုင်ရခဲ့တဲ့နောက်၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်ကိုယ်တိုင် ကြေညာချက်ထုတ်ပြန်ပြီး မြန်မာအပေါ် ဒဏ်ခတ်မှုအချို့ကို ပြန်လည် ရုပ်သိမ်း ပေးမယ့် အကြောင်း ပြောခဲ့တာပါ။ ဒါပေမယ့်လည်း ဒီလိုပြောင်းလဲမှုတွေ နောက်ကြောင်း ပြန်လှည့် မသွားဖို့နဲ့၊ ပြောင်းလဲမှုအတွက် အဟန့်အတားဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကိုတော့ အရေးယူမှု တွေ ဆက်လုပ်သွားမယ်ဆိုတဲ့အကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
By ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ)
ဒေါ်စု မိခင်ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အလှူ ကော့မှူးမှာ မဲဖောက်
Posted: 17 Apr 2012 03:44 PM PDT
ဓာတ်ပုံ ASSOCIATED PRESS
ဧပြီလ ၁၆ ရက်နေ့ကမှ ထူထောင်လိုက်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဒီကနေ့မှာတော့ ကော့မှူး မြို့နယ် မှာ ဒေသဖွံ့ဖြိုးရေး အတွက် ရန်ပုံငွေကို မဲဖောက် လှူဒါန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ပြီးတော့ မြန်မာ့ ရိုးရာနှစ်သစ်ကူး အခမ်းအနားတခုနဲ့အတူ ရန်ပုံငွေတွေ မဲဖောက်ပေး ခဲ့တာပါ။ ရန်ပုံငွေ မဲပေါက်တဲ့ ကျေးရွာတွေအနေနဲ့ သူတို့ရွာရဲ့ လိုအပ်ချက်ကို ကိုယ့်ဘာသာ စုစည်းတိုင်ပင်ပြီး ဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ကြရမှာဖြစ်တယ်လို့ ခရီးစဉ်မှာ ပါဝင်သွားတဲ့ NLD တာဝန်ရှိသူ တဦးက ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုကျော်ကျော်သိန်း က သတင်း ပေးပို့ထားပါတယ်။
ကွယ်လွန်သူ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကမကထ ပြုပြီးတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ထူထောင်ခဲ့တာဖြစ်ပြီး ဖောင်ဒေးရှင်းရဲ့ ပထမဆုံး အလှူဒါနကို မြန်မာနှစ်ဆန်း တရက်နေ့ ကော့မှူးမြို့နယ် မှာ သွားလုပ်ခဲ့တာပါ။ ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေလည်း  လိုက်ပါသွားခဲ့ပြီး လူထုကို ဖျော်ဖြေခဲ့ကြပါတယ်။
အခမ်းအနားအဖွင့်မှာ ဒေါ်အောင်ဆန်းစုကြည်က အနုပညာရှင်တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အခုလို ပြောခဲ့ပါတယ်။
-      အနုပညာရှင်များ ကျမတို့ရဲ့ လုပ်ငန်းမှာ ပါဝင်လာတာဟာ ကျမတို့နိုင်ငံအတွက် အင်မတန်ကောင်း တဲ့ လက္ခဏာ ဖြစ်ပါတယ်။ အနုပညာရှင်ဆိုတာဟာ ရိုးရိုးစကားနဲ့ အဓိပ္ပါယ်ဖော်ရမယ်ဆိုရင် အနုအယဉ် အလှကို ဖော်ဆောင်ပေးတဲ့ သူတွေ ဖြစ်ပါတယ်။
ဒီကနေ့လုပ်ခဲ့တဲ့အစီအစဉ်အသေးစိတ်၊ နှစ်သစ်ကူးအခမ်းအနား နဲ့ ရန်ပုံငွေ မဲဖောက်ပေးခဲ့တဲ့ အကြောင်းတွေ ကို ဒေါ်အောင်ဆန်း စုကြည် ရဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ဗွီအိုအေကို ရှင်းပြ ပါတယ်။
-      ကော့မှူးကို မနက်က ရောက်ရောက်ချင်းမှာတော့ ဘုန်းကြီးကျောင်း သွားတယ်၊ ဘုန်းကြီးကို သက်န်းကပ်ပါတယ်၊ ငါးပါးသီလ ခံပါတယ်။ နောက် ဘုန်းကြီးကျောင်းနဲ့ ကပ်လျက် လယ်ကွင်းထဲမှာ ထိုးထားတဲ့ စင်၊ အရင် မဲဆွယ်စည်းရုံးစဉ်ကာလတုန်းက ထိုးထားတဲ့ ကွင်းပါပဲ၊ နေရာတော့ မတူ ဘူးပေါ့။ ပြီးတော့ အခမ်းအနားဖွင့်ပြီး ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောပါတယ်။ သွားတဲ့ ရည်ရွယ်ချက်လေး ပြောပြတယ်။ အဆိုတော်တွေ ရုပ်ရှင်မင်းသား မင်းသမီးတွေ ပါပါတယ်။ သူတို့က သီချင်းဆိုပြီးတော့ နှစ်သစ်ကို ကြိုတယ်ပေါ့ဗျာ။ အဲဒါပြီးတော့ မဲနှိုက်တဲ့ အစီစဉ်ပေါ့။ မဲနှိုက်နေတုန်းမှာ အဆိုတော်တွေက ဖျော်ဖြေတယ်။ ပြီးတော့ ကြေညာတယ်။ အဆိုတော်တွေက ဆက်ဖျော်ဖြေ တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ပါ စင်ပေါ်တက် နှုတ်ဆက်ပြီးတော့ အခမ်းအနား ပိတ်လိုက်ပါ တယ်။
ပထမဆုက ကျပ် ၁၇၅ သိန်း၊ ဒုတိယဆုက ကျပ် ၇၅ သိန်းနဲ့ တတိယဆုက ကျပ်သိန်း ၅၀ အသီးသီး သတ်မှတ်ထားတဲ့ ရန်ပုံငွေ အလှူ မဲဖောက်ရာမှာတော့ ကော့မှူးမြိ့နယ်၊ ၀ါးဘလောက်သောက်ကျေးရွာ အုပ်စုထဲက သမာမတ်ကျေးရွာက ပထမဆုမဲကို ပေါက်သွားတဲ့အကြောင်း ဦးခွန်သာမြင့်က ဆက်ပြော ပါတယ်။
-      ပထမဆုံးဖောက်တဲ့ တတိယဆုက ပုပ္ပါးကျေးရွာအုပ်စု၊ အဲဒီကျေးရွာအုပ်စုမှာလည်း ပုပ္ပါးက တရွာ တည်း ရှိပါတယ်။ ပုပ္ပါးရွာ ရတယ်။ ဒုတိယကတော့ စရိုင်မွတ်၊ စရိုင်မွတ်ကလည်း တရွာတည်းရှိတယ်။ ဒုတိယဆုရတယ်။ နောက်ဆုံး ပထမဆုကိုတော့ ၀ါးဘလောက်သောက်ကျေးရွာအုပ်စုပေါက်ပါတယ်။ အဲဒီထဲကမှ သမာမတ်ဆိုတဲ့ ရွာ။ အဲဒီရွာက ပထမဆု ရသွားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁ ရက်နေ့က ကျင်းပ ခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ မှာ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ၀င်ရောက် ယှဉ်ပြိုင်ပြီး ရွေးကောက် တင်မြှောက် ခံခဲ့ရတာ ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ကော့မှူးမြို့နယ်က မဲဆန္ဒရှင်တချို့နဲ့ ဗွီအိုအေက တွေ့ဆုံမေးမြန်း ခဲ့တာမှာ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ပေးနိုင်မယ် လို့ မျှော်လင့် ထားတဲ့ မဲဆန္ဒရှင်မျိုးကိုလည်း တွေ့ခဲ့ရဖူးပါ တယ်။ အခုလို ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအလှူ မဲဖောက်ပေးပြီးတော့ ဆုမဲပေါက်တဲ့ ရွာတွေက ရွာသားတွေကိုယ်တိုင် ဘာလုပ်မယ် ဆိုတာကို ရွေးချယ် ဆုံးဖြတ်ကြရမှာပါလို့ ဦးခွန်သာမြင့်က ပြောပါတယ်။
-      ခုဟာက ရွာသားတွေကို သူတို့ကိုယ်ပိုင် သူတို့ ဆုံးဖြတ်ချက် ပြဋ္ဌာန်းချက်အတိုင်း လုပ်ဖို့ လေ့ကျင့်ပေးတဲ့ သဘော၊ ကျနော်တို့က မြင်ချင်တာပေမဲ့ သူတို့လိုတာ ဖြစ်ချင်မှ ဖြစ်နေမှာပေါ့၊ အဲတော့ သူတို့ ဆုံးဖြတ်ပါလိမ့်မယ်။ ဒေသခံ NLD က ကိုယ်စားလှယ်တယောက်တော့ ပါမှာပေါ့။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်ပါ။
ဖောင်ဒေးရှင်းတခုကို နာမည်နဲ့တကွ ထူထောင်ပြီး ဂုဏ်ပြုခံရတဲ့ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ဟာ မြန်မာ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သလို ပထမဆုံး အမျိုးသမီးသံအမတ်ကြီး လည်း ဖြစ်ခဲ့သူပါ။ အသက် ၇၇ နှစ်အရွယ်၊ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ လေဖြတ်တဲ့ဝေဒနာ ကို ဒုတိယအကြိမ် ခံစားရပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ဗြိတိန်နိုင်ငံမှာ မိသားစုနဲ့ အတူ နေထိုင်နေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နာမကျန်းဖြစ်နေတဲ့ မိခင်ကြီးကို ပြုစုဖို့ မြန်မာနိုင်ငံ ဆီ ပြန်လာပြီးတဲ့နောက် ၈ လေးလုံး လူထုလှုပ်ရှားမှုကြီးနဲ့ ကြုံတွေ့ရပြီး မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တာပါ။
 By ကျော်ကျော်သိန်း (ဗွီအိုအေ)
မ​ကွေး​တိုင်း​ ကံမမြို့ အခင်း​ဖြစ်ပွား​မှု ပြန်လည်​အေး​ချမ်း
Posted: 17 Apr 2012 03:38 PM PDT
မ​ကွေး​တိုင်း​ ကံမမြို့ နယ်မှာ သင်္ကြန်ရက်ပိုင်း​အတွင်း​ ဖြစ်ပွား​ခဲ့​တာ​တွေဟာ ဘာသာ​ရေး​နဲ့​ လူမျိုး​ရေး​အဓိကရုဏ်း​မဟုတ်ဘဲ အခုအခါ ပြန်လည်​အေး​ချမ်း​နေပြီလို့​ ဒီအခင်း​ဖြစ်ပွား​မှုကို ထိန်း​သိမ်း​ပေး​ရာမှာ ပါဝင်ခဲ့​တဲ့​ ကံမြမို့​ ဓမ္ဓမိကာရုံ​ကျောင်း​တိုက်​နေ ဦး​ပဉ္ဇင်း​ ဦး​ဇာဂရက မိန့်​ကြား​ပါတယ်။
ကံမမြို့ နယ်မှာ ၂ ရာခိုင်နှုန်း​ခန့်​သာရှိတဲ့​ မွတ်စလင်ဘာသာဝင်​တွေနဲ့​ ကျန်ဘာသာဝင်​တွေဟာ အစဉ်အဆက် ​အေး​အတူပူအမျှ​နေထိုင်ခဲ့​တဲ့​အ​ကြောင်း​နဲ့​ အခုဖြစ်ရပ်မှာ အပျက်အစီး​တချို့  ရှိခဲ့​တာ မှန်​ပေမယ့်​ သက်ဆိုင်ရာ အုပ်ချုပ်​ရေး​အာဏာပိုင်​တွေနဲ့​ ဘုန်း​တော်ကြီး​တွေရဲ့​ ဝင်​ရောက်ဖျန်​ဖြေမှု​ကြောင့်​ အ​ခြေအ​နေ ​အေး​ဆေး​ငြိမ်သက်သွား​ပြီလို့​ ဦး​ပဉ္ဇင်း​ ဦး​ဇာဂရက မိန့်​ကြား​သွား​ပါတယ်။
ဒီလ ၁၃ ရက်​နေ့​ညက မြန်မာလူမျိုး​တဦး​နဲ့​ အိန္ဒိယနွယ်ဖွား​တဦး​ အချင်း​များ​ရာက စီး​ပွား​ရေး​ဆိုင်တချို့ ဖျက်ဆီး​ခံခဲ့​ရတဲ့​ သတင်း​ဟာ ဘာသာ​ရေး​အဓိကရုဏ်း​၊​ လူမျိုး​ရေး​အဓိကရုဏ်း​လိုလို
ပံျ့​နှံ့​ခဲ့​ပါတယ်။
ဒီ​နောက်မှာ လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က နိုင်ငံတွင်း​ ​နေထိုင်ကြသူအချင်း​ချင်း​ သည်း​ခံကြဖို့​၊​ မဖြစ်ကြ​တော့​ဖို့ မေတ္တာရပ်ခံ ပန်ကြား​ခဲ့​ပါတယ်။
စောင့်​ကြည့်​ထိန်း​သိမ်း​နေတဲ့​ ကံမမြို့ ခံ လူရွယ်တဦး​ကလည်း​ အဓိကရုဏ်း​ မဟုတ်ဘဲ လူအုပ်ဟာ
ကံမမြို့ ​က အိန္ဒိယနွယ်ဖွား​ အနည်း​ငယ်ရဲ့​ ဆိုင်တချို့ ​ကိုသာ ​ရွေး​ပြီး​ ဖျက်ဆီး​ခဲ့​တာဖြစ်ပြီး​ ဘုန်း​တော်ကြီး​တွေနဲ့​ သက်ဆိုင်ရာ အာဏာပိုင်​တွေရဲ့​ ထိန်း​သိမ်း​မှု​ကြောင့်​ ပြန်လည် ​အေး​ချမ်း​စပြု​နေပါပြီလို့​ ​ပြောပါတယ်။
ဒီလိုအဖြစ်အပျက်နဲ့​ ပတ်သက်လို့​ မန္တလေး​မြို့  မစိုး​ရိမ်တိုက်သစ်က ဆရာ​တော် ဦး​ဝီရသူက ဒီလိုအခင်း​တွေနဲ့​ ပတ်သက်လို့​ အကျယ်အကျယ် မဖြစ်ရ​အောင် သက်ဆိုင်ရာ ဘာသာ​ရေး​ခေါင်း​ဆောင်​တွေ အချင်း​ချင်း​ ​တွေ့​ဆုံခွင့်​ပေး​ပြီး​ ညှိနှိုင်း​လုပ်​ဆောင်ဖို့​ တိုက်တွန်း​ မိန့်​ကြား​ပါတယ်။
ဒီဗွီဘီ
အခင်းဖြစ်ပွါးမှုကြောင့် အပျက်အစီးတချို့ မြင်တွေ့ ရပုံ (ဓါတ်ပုံ-Myanmar News Now)
ဥပ္ပါတသန္တိစေတီတော်ရှိ ဓာတ်လှေကားနှစ်စင်း တွင်တစ်စင်းပျက်နေသောကြောင့် ဘုရားဖူးလာသူများ အခက်အခဲဖြစ်
Posted: 17 Apr 2012 03:19 PM PDT
နေ့စွဲ - ၁၇.၄.၂၀၁၂ မြန်မာနှစ်ဆန်းတစ်ရက်နေ့
နေရာ- ဥပ္ပါတသန္တိစေတီတော် (နေပြည်တော်)
အကြောင်းအရာ ။          ။    ဥပ္ပါတသန္တိစေတီတော်ရှိ ဓာတ်လှေကားနှစ်စင်း တွင်တစ်စင်းပျက်နေသောကြောင့် ဘုရားဖူးလာသူများ အခက်အခဲဖြစ်ခြင်း။
                                        ဥပ္ပါတသန္တိစေတီတော်ရှိ ဓာတ်လှေကားနှစ်စင်း တွင်တစ်စင်းပျက်နေသောကြောင့် ဘုရားဖူးလာသူများ အခက်အခဲဖြစ်ကြရပါသည်။ အတက်ရော အဆင်းပါ အသုံးပြုနေတဲ့ တစ်ခုတည်းရှိသော ဓာတ်လှေကားကို လူအများ တိုးဝှေတက်သောကြောင့် အလွန်ပင်ကြည့်ရဆိုးလှပါသည်။ ဧပြီလ၏ ပူပြင်းသောနေရောင်ကြောင့် အပြင်လှေကားထစ်များမှ တက်ရောက်ရန် မလွယ်ကူသောကြောင့် ဘုရားဖူးများမှာ တစ်ခုတည်းသောဓာတ်လှေကားလေးအား တိုးဝှေ့ကာတက်ရောက်ကြရပါသည်။
နေပြည်တော်မှပေးပို့ လာတဲ့စာဖြစ်ပါတယ်။
တောင်ကြီးမြို့ သကြန်ပွဲတော်အတွင်း အမှတ် ၁ ရဲစခန်းမှ လက်စားမှုကြီး (ပေးစာ)
Posted: 17 Apr 2012 03:14 PM PDT
၂၀၁၂ ခုနှစ် တောင်ကြီးမြို့ သကြန်ပွဲတော်အတွင်း အမှတ် ၁ ရဲစခန်းမှ လာဘ်စားမှုကြီး
တောင်ကြီးမြို့၊ ( ) ရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ ( )အနီး၌ 10th April,2012 ည ၁၀နာရီနှင့် ၁၀း၃၀ အချိန်အတွင်း၌ ယဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ယဉ်တိုက်မှုဖြစ်ပွားပုံမှာ ယဉ်အမှတ် --/2324 တပ်ဆင်ထားသော လိုင်စင်မဲ့ယဉ် မတ်တူး {Mark 2} ကားအဖြူရောင်မှာ မြို့ပတ်လမ်း တောင်မှမြောက်သို့ မောင်းနှင်လာပြီး လမ်း ( ) ရှိအိမ်ဝိုင်း နံရံကိုပွတ်တိုက်ပြီး တစ်ဆင့်ပြန်ထွက်လာကာ လမ်းဘေး၌ ရပ်နေသော (ဖုန်းပြောနေသော) ကို( )၊ မိထ္ထီလာ ( ) ယဉ်လိုင်းမောင်းနှင်သူအား ၀င်တိုက်မိခဲ့သည်။ ထိုသို့ဖြစ်ပွားမှု၌ ကားပေါ်တွင် မောင်းနှင်သူမှာ တောင်ကြီးမြို့မှ ဆီစက်ပိုင်ရှင် ဦးဖီးယား၏ မြေးဖြစ်သူနှင့် တောင်ကြီးမြို့မှ "အရှေ့တိုင်း" ကားပစ္စည်းရောင်းဝယ်ရေးမှ သားဖြစ်သူတို့ နှစ်ဦးပါရှိလာကြောင်း သိရသည်။
ကားတိုက်မှု အခင်းဖြစ်ပွားပြီး မကြာမှီတွင် အမှတ်(၁) ရဲစခန်းမှ စခန်းမှူး အပါအ၀င် ရဲများ ရောက်ရှိလာကာ ပြဿနာအားဖြေရှင်းပေးကြသည်။ အဆိုပါ ဖြေရှင်းမှု၌ ကားအတိုက်ခံရသူကို ဆေးရုံသို့ ချက်ချင်းပို့ဆောင်မှု မရှိခြင်း။ ကားမောင်းသူဘက်မှ ရောက်ရှိလာသော သူများနှင့် ကားတိုက်ခံရသူဘက်မှရောက်ရှိလာသူ
တို့ ရိုက်နှက်သည်အထိ ပြဿနာဖြစ်ရခြင်း။ ဆိုင်ရာ ယဉ်ထိမ်းများကို ခေါ်ဆိုမှုမရှိဘဲ ရဲရေးဖြင့်သာ ရှင်းခြင်းများ ဖြစ်ပွားခဲ့သည်။
အဓိကအားဖြင့် ဖြစ်ပွားသော ယဉ်တိုက်မှုကို မဖြေရှင်းဘဲ ကားပေါ်တွင်ပါလာသော မူးယစ်ဆေးဝါးများ (ကိစ္စ)ကိုသာ ဖြေရှင်းနေကြကြောင်းသိရသည်။ ထိုကားပေါ်တွင် စက္ကူဖြင့်ပါတ်ထုပ်ထားသော ပုလင်းတစ်လုံးနှင့် ဆေးပြားများပါရှိလာသည်။ ထိုပစ္စည်းများကို ယဉ်မောင်းသူများမှနေ၍ ရဲများထံမှ ငွေ ငါးသိန်း (သို့) ဆယ်သိန်းဖြင့် ပြန်လည် ရယူလိုကြောင်းပြောဆိုနေကြသည်။ ရဲများမှလည်း ထိုပစ္စည်း စခန်းရောက်လျှင် အရက်ပုလင်းဖြစ်စေရမည် ဟုပြောဆိုသံကြားရသည်။ အမှုကိစ္စကို ယဉ်မောင်းသူဘက်မှ ငွေကြေးဖြင့် လိုက်လံမည်ဆိုကြောင်းကိုလည်း သိရှိရသည်။
နောက်နေ့တွင် အဆိုပါ ကိစ္စအား စုံစမ်းကြည့်ချိန်၌ ကားကိုဖမ်းဆီးထားခြင်းမရှိ လူများ(ယဉ်မောင်း)ကို ဖမ်းဆီးအရေးယူထားခြင်းမရှိ။ ထိုကိစ္စကို အမှုဖွင့်ထားခြင်းမရှိကြောင်းသိ
ရသည်။ ဆေးရုံရောက်လူနာမှာလည်း ထိုတစ်ညလုံး ဆေးဝါးကုသမှုခံယူရခြင်းမရှိပဲ ကြီးစွာသော ဝေဒနာကို ခံစားနေရကြောင်းခြေထောက်ကို ၀ါးဂွမ်းပတ်၍ ဤအတိုင်းသာ ထားထားကြောင်းသိရသည်။ တစ်ဘက်သော လူတို့၏ ဖိအားများကြောင့် ဤအတိုင်းပြစ်ထားခြင်းမျိုး ဖြစ်နိုင်သည်။
ဤဖြစ်ပွားမှုနှင့် ပတ်သတ်၍ တောင်ကြီးမြို့၌ ငွေများတရားနိုင် ကိစ္စများ ဖြစ်ပေါ်လျက်ရှိကြောင်း တရားဥပဒေ စိုးမိုးရေးကို ရှေ့ရှုလျှက် တင်ပြအပ်ပါသည်။
အဂတိလိုက်စားမှု
တရားဥပဒေအား လှည့်စားထိန်ချန်မှုများ ပပျောက်စေလိုသော ရည်ရွယ်ချက်ဖြင့် တင်ပြသည်။
Pointer (တောင်ကြီး)