သစ်ထူးလွင်
သစ်ထူးလွင်
လွှတ်တော်တွင်တပ်မတော်သားကိုယ်စားလှယ်များက ပြည်သူဘက်က ရပ်တည်နေ
Posted: 25 Apr 2012 04:47 AM PDT
ဗိုဟိန်+ရှု့မ၀(မြစ်မခ)
ဧပြီ(၂၄)ရက်၊၂၀၁၂ခုနှစ်။
 အစားထိုးပြောင်းလဲလိုက်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှာ ဒီမိုကရေစီမိတ်ဘက် ပါတီများက တင်သွင်းသည့်အဆိုများအား ထောက်ခံအားပေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ထံက သိရှိရသည်။
မတ်လ(၂၄)ရက်လွှတ်တော်အစည်းအဝေးတွင် ရှေ့နေနှင့်တရားသူကြီးများ အဂတိလိုက်စားသည့် တရားစီရင် ရေး မဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်စေရန်အတွက် ၀ိုင်းဝန်းကူညီထောက်မပေးရေး အဆိုအား အမျိုးသားဒီမိုကရေစီ ပါတီသစ်က ပြည်သှုလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များက တင်သွင်းရာ တပ်မတော်သားကိုယ်စားလှယ်များက ထောက်ခံအားပေးခဲ့ ခြင်းဖြစ်သည်။
"မနေ့ကတင်သွင်းခဲ့တဲ့ ရှေ့နေတွေ တရားသူကြီးတွေအဂတိလိုက်စားမှုကို အဆိုတင်သွင်းရာမှာ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေနဲ့တသားထဲ အဲ့ဒီအဆိုကို လက်ခံတဲ့အတွက် ကျေနပ်အား ရတယ်၊"ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီက ပြည်သှုလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြော သည်။
တပ်မတော်သားကိုယ်စားလှယ် အစားထိုးပြောင်းလံနေရာချထားမှုကြောင့် အရာရှိငယ်များအစား အရာရှိကြီး များရောက်ရှိလာသဖြင့် လွှတ်တော်တွင်းရှိ ကိစ္စရပ်များအား အကဲ့ဖြတ်ရာတွင် ပိုမိုအားကောင်းစေနိုင်ကြောင်း ၄င်းက သုံးသပ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်သို့ ၀င်ရောက်လာမည် ဖြစ်သဖြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွင် အရာရှိကြီးများအား အစားထိုးပြောင်းလဲမှုနှင့် ပတ်သက်၍  အထင်နှင့်မှတ်ချက်မပေးလိုကြောင်း ဦးသိန်းညွှန့်က ဆက်လက်ပြောဆိုခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ကိုယ်စားလှယ်များ လွှတ်တော်အတွင်း ၀င်ရောက်မည်ဖြစ်သဖြင့် တပ်မတော်သား ကိုယ်စားလှယ်များဘက်က ကြိုတင်ပြင်ဆင်မှု အနေဖြင့် အစားထိုးပြောင်းလဲခြင်းဖြစ်ကြောင်း အငြိမ်းစားတပ်မတော်သားဟောင်းတစ်ဦးက သုံးသပ်သည်။
''အခုဆို လွှတ်တော်မှာ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်တွေလည်း ၀င်ရောက်ရမယ်ဆိုတော့ စစ်တပ်ဘက်က ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အစားထိုးတာဖြစ်နိုင်တယ်"ဟု တပ်တော်ကြည်း အငြိမ်းစားဗိုလ်မှူးဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပထမအကြိမ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမည် စာရင်းတင်သွင်းထားသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအနက်  ပြည်သူ့လွှတ်တော်တွင် (၃၉)ဦး၊ အမျိုးသားလွှတ်တော်တွင် (၂၀)ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစစ်၍ ဗိုလ်မှူးချုပ် အဆင့်၊ ဗိုလ်မှူးကြီးအဆင်နှင့် ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိ တပ်မတော်သားများအား သက်ဆိုင်ရာလွှတ်တော် များတွင် ပြောင်းလဲတာဝန်ထမ်းဆောင် စေခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများက သတင်းထုတ်ပြန်သည်။
"လွှတ်တော်ထဲမှာ NLD ပါလာမှာမို့လို့ ပြင်ဆင်တာလားဆိုတာ သူတို့ကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်၊ တကယ်တမ်းကျတော့ တကယ့်ကောင်းကျိုးလုပ်မယ်ဆိုရင် အရာရှိငယ် အရာရှိကြီးဆိုတာ မရှိပါဘူး အကုန်ပါလာပါလိမ့်မယ်၊ တကယ်လို့ လွှတ်တော်မှာ တစ်ခုခုမကောင်းတာရှိရင် အရာရှိငယ်တွေက မပယ်ဖျက်နိုင်ဘူး၊ အရာရှိကြီးတွေကတော့ တားနိုင်လိမ့်မယ် " ဟု တပ်မတော်တွင် တာဝန်ထမ်း ဆောင်ဖူးသည့် ဦးမျိုးသန့်ကပြောသည်။
နိုင်ငံသားတစ်ဦးနှင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးအနေဖြင့် လွှတ်တော်တွင် အရာရှိငယ်များအား တာဝန်ပေးခြင်းထက် လုံခြုံရေးအသိအပြည့်အ၀ရှိသည့် အရာရှိကြီးများအား တာဝန်ထမ်းဆောင်စေခြင်းက ပိုမိုသင့်လျော်ကောင်းမွန်ကြောင်းကိုလည်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။
အဆိုပါထုတ်ပြန်ချက်ကို ကြေညာချက်အမှတ်(၂၂/၂၀၁၂)နှင့်(၂၃/၂၀၁၂)ဖြင့် ဧပြီလ(၂၂)ရက်နေ့တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၅၉)ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဝင်းကိုက အစားထိုးပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ကျင်းပပြုလုပ်နေသော လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်တစ်ရပ်လုံး၏ ၂၅%ရှိသော တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်(၁၁၀)ဦးနှင့် အမျိုးသားလွှတ်တော်တွင် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၅၆)ဦး တတ်ရောက်တာဝန်ထမ်းဆောင်နေရာမှာ ယခုကဲ့သို့ လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားကိုယ်စားလှယ် (၅၉)ဦးအား ပြောင်းလဲ အစားထိုးတာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ(၂၃)ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး(၁၉)ရက်မြောက်ကို နေပြည်တော်ရှိ သက်ဆိုင်ရာလွှတ်တော်ခန်းမအသီးသီးတွင် ကျင်းပခဲ့သည်။
Shwe Myitmakha Media Group
လွှတ်တော်ကကောင်တွေ ဆယ်တန်းတောင်မအောင်ပါဘူး
Posted: 25 Apr 2012 04:03 AM PDT
ဧပြီလ ၂၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များပန်ကြားစာ
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအား စော်ကားကျူးလွန်မှုမျာကို တရားဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်
ယင်းကိစ္စအပေါ်ယ္ခုအချိန်ထိ မည်သည့်တုံ့ ပြန်မှုမှမရှိသေး
ဧပြီလ ၂၃ ရက်နေ့ က လွှတ်တော်ပုံမှန်အစည်းအဝေးကျင်းပနေစဉ်
Hot News ဂျာနယ်တွင်ပါဝင်သော လယ်/ဆည် ၀န်ကြီးနှင့် ဂျာနယ်ဆို့ ၏ ဆွေးနွေးမေးမြန်းမှုတွင်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားများအား ပြည်သူလူထုက အထင်လွဲမှားစေရန်၊ အယုံအကြည်
ကင်းမဲ့စေရန် နှင်ဂုဏ်သိက္ခာလုံးဝကျဆင်းစေရန် ပြောကြားခဲ့မှုအတွက် လွှတ်တော်ကိုယ်စားလှယ်
များအား နိုင်ငံတော်ပိုင် သတင်းစာများ ၊ ရုပ်မြင်သံကြားတို့ ၌ တရားဝင် ၀န်ခံခြင်း ၀န်ချတောင်းပန်
ခြင်းများ ပြုလုပ်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များက (၂၃-၄-၂၀၁၂)ရက်နေ့ က လက်မှတ်
ရေးထိုးတောင်းဆိုခဲ့ ကြောင်းသတင်းရရှိသည်။
အဆိုပါတောင်းဆိုချက်ကို ယ္ခုအချိန်အထိ မည်သည့်တုံ့ ပြန်မှုမှမရှိသေးကြောင်းသိရပါသည်။
Hot News နှင့် အင်တာဗြူးတွင် လည်/ဆည် ၀န်ကြီးဦးမြင့်လှိုင်က "လွှတ်တော်ကကောင်တွေ ဆယ်တန်းတောင်မအောင်ပါဘူး " ဟုပြောဆိုခဲ့တာဖြစ်ပါသည်။
နေပြည်တော် သတင်းထောက် (Myanmar News Now)
အမျိုးသမီးတဦးအား ထိုးကြိတ်ခဲ့သူများ အရေးယူမခံရသေး
Posted: 25 Apr 2012 03:18 AM PDT
ပဲခူးတိုင်း ဝေါမြို့နယ်မှာ မြို့ နယ်အုပ်ချုပ်ရေးမှူးရဲ့ သား အပါအဝင် အမျိုးသား ၃ ဦးက အမျိုးသမီးတဦးကို ထိုးကြိတ်မှု ရဲစခန်းမှာ အမှုဖွင့်တာ တပတ်ကြာပေမယ့် အရေးယူခြင်း မရှိဘူးလို့ ထိုးကြိတ်ခံရတဲ့ အမျိုးသမီးက ပြောပါတယ်။
သင်္ကြင်္န်တွင်း ဧပြီ ၁၆ ရက် မွန်းလွဲပိုင်းက ဝေါမြို့ နယ် သင်္ကြန်မဏ္ဍပ်တခုရှေ့ လူမြင်ကွင်းမှာ သူငယ်ချင်းတွေနဲ့ စကားပြောနေတုန်း ဝင်ရောက် ထိုးကြိတ်ခံခဲ့ရတယ်လို့ ကာယကံရှင်ဖြစ်သူ အသက် ၂၁ နှစ်အရွယ် မနှင်းလြပည့်ဝန်းက ပြောပါတယ်။
"သမီးတို့ သူငယ်ချင်းတွေ ရေကစားမဏ္ဍပ်မှာ စကားရပ်ပြောနေချိန်မှာ မြို့ နယ်အုပ်ချုပ်ရေးမှူးရဲ့ သား ထွန်းစိန်ဝင်း၊ သူ့ယောက်ဖ ကျော်လင်းနဲ့ သူ့ရုံးစာရေး ချမ်းမင်းဇော်တို့က သမီးတို့ကို အကြောင်းမဲ့ ဝင်ရောက် ထိုးကြိတ်တယ်။ မျက်နှာတွေကိုထိုးတာ ပေါက်ပြဲကုန်ပြီး မျက်မှန်လည်းကွဲသွားတယ်။ အင်္ကျီကြယ်သီးတွေလည်း ပွင့်ထွက်သွားတယ်။ ရင်ဘတ်ကိုလည်း ထိုးတယ်။ အင်္ကျီလည်း ပြဲသွားတယ်။ ထိုးကြိတ်ပြီးတော့ သမီးကမေ့သွားပြီး ဆေးရုံရောက်သွားတယ်။"
ထိုးကြိတ်ချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သူ့ဇနီး မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌတို့ နှစ်ဦးစလုံး မဏ္ဍပ်တွင်းမှာ ရှိနေပါတယ်လို့ သူက ပြောပါတယ်။
"မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လေးနဲ့ သူ့မိန်းမ သီတာဝင်းကလည်း အမျိုးသမီးရေးရာ ဥက္ကဋ္ဌ။ ဘာမှဆောင်ရွက်ပေးခြင်း မရှိဘူး။ ဖြစ်နေတဲ့အချိန်လည်း မလာဘူး။ ဆေးရုံရောက်တော့လည်း မလာဘူး။ အိမ်လည်းသိလျက်နဲ့ မလာဘူး။ ဖုန်းနဲ့လည်း မလာဘူး။"
ဝင်ရောက် ထိုးကြိတ်သူတွေဟာ မူးနြေပီး အရင်တုန်းကလည်း အသိအကျွမ်း မရှိခဲ့ဖူးဘူးလို့လည်း ဆိုပါတယ်။
မျက်နှာနဲ့ ရင်ဘတ်တွေကို ထိုးကြိတ်တဲ့ဒဏ်ကြောင့် မျက်မှန်ကွဲကြေပီး သတိလစ်မေ့မြောခဲ့တဲ့ သူမကို သူငယ်ချင်းတွေက ဝေါမြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဝေါမြို့ နယ်ဆေးရုံအုပ်က ပဲခူးဆေးရုံကို လွှဲစာပေးလို့ ပဲခူးဆေးရုံကို သွားရောက်ကုသပြီး တညအိပ်ခဲ့ရပါတယ်။
"ဆေးရုံရောက်တော့လည်း ဆေးရုံက ဆရာဝန်ကြီးက မျက်နှာလွှဲခဲပစ်၊ လာလည်း မြကည့်ဘူး။ ဆေးတလုံးထိုးပေးပြီးတော့ ကျမနာမည်ပို့ပြီးတော့ သမီးကို မြကာဘူး။ ပဲခူးဆေးရုံကို လွှဲစာပေးတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတွေက သေလောက်အောင်ဖြစ်တဲ့ ရောဂါမဟုတ်ဘဲနဲ့ ဘာလို့ပဲခူးကို လွှဲစာပေးရတာလဲ မေးတော့ ဆေးရုံအုပ်ကြီးက မင်းတို့နဲ့ ဥက္ကဋ္ဌကြားမှာ ငါဝင်မပါချင်လို့ဆိုပြီး ခေါင်းရှောင်တယ်လေ။"
ကာကယံရှင်အမျိုးသမီးက ဒီကိစ္စကို ဝေါမြို့ နယ်ရဲစခန်းမှာ ဧပြီ ၁၉ ရက်က အမျိုးသမီးကာယအိနြေ္ဒပျက်ပြားမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေနဲ့ အမှုဖွင့်ခဲ့ပါတယ်။ ရဲက သက်သေတွေကို စစ်ဆေးပေမယ့် ထိုးကြိတ်သူ ၃ဦးကို ဒီနေ့ထက်ထိ အရေးယူခြင်း မရှိသေးတဲ့အတွက် မနှင်းလပြည့်ဝန်းက မကျေမနပ် ဖြစ်နေတာပါ။
"အမှုကိုလက်ခံတယ်။ ခုချိန်ထိ တရားခံတွေကို ဖမ်းဆီးခြင်း မရှိသေးဘူး။ တရားခံတွေက ဒီတိုင်းပဲ သွားလာနေတုန်းပဲ၊ သူတို့အမှုကို အချိန်ဆွဲနေသလိုပဲ။ မိန်းကလေးမှန်း သိလျက်နဲ့ တမင်တကာလည်းထိုးတယ်။ လူပုံအလယ်ထဲမှာ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတယ်။ သူတို့ကို တရားဥပဒေအတိုင်း လုပ်ချင်တယ်။ အုပ်ချုပ်ရေးမှူးကလည်း သူတို့သားကိစ္စကို အမှုလုပ်မှာကြောက်လို့ တိုးတိုးတိတ်တိတ် လိုက်ပိတ်ခိုင်းတယ်။"
သူမဟာ ဆေးရုံစရိတ် ကိုယ့်ဘာသာကျခံရပြီး ကျူးလွန်သူတွေဘက်ကတော့ သတင်းလည်းမမေး၊ ဆေးဖိုးလည်း မပေးဘဲ အမှုကျေအေးပေးဖို့သာ လာရောက်ညှိနှိုင်းနေတာ ၃ ကြိမ်ရှိပြီလို့ မနှင်းလပြည့်ဝန်းက ပြောပါတယ်။
အမျိုးသမီးတဦး နစ်နာတဲ့ကိစ္စကို တရားလွှတ်တော်ရှေ့နေ ဒေါ်နှင်းဝင်းအောင်က လိုက်ပါကူညီဖို့ရှိပြီး ရဲစခန်းက အမှုကို တရားရုံး လွှဲပြောင်းတာ စောင့်ဆိုင်းနေပါတယ်။
အခုလို အမှုကြန့်ကြာတာဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘူးလို့ သူထင်မြင်တဲ့အကြောင်းနဲ့ လိုက်ပါ ကူညီဆောင်ရွက်သွားမယ်လို့ ရှေ့နေ ဒေါ်နှင်းဝင်းအောင်က ပြောပါတယ်။
"အမှန်တကယ် ဥပဒေအတိုင်း သွားမယ်ဆိုရင် သူတို့အမှုဖွင့်တာနဲ့ တရားလိုပြ သက်သေ၊ အခင်းဖြစ်ချိန်မှာရှိတဲ့ သက်သေကိုစစ်၊ စစ်ပြီးပြီဆိုရင် သူတို့ ရဲအနေနဲ့ ဘာလုပ်ရမလည်းဆိုတော့ ပုံမှန်ဆိုရင် တရားခံကို ဖမ်းရမယ်။ ဖမ်းပြီးမှ အာမခံနဲ့ ခံဝန်နဲ့ ရဲစခန်းကနေ ခံဝန်နဲ့ အြပင်မှာထားလို့ရတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်တော့ မလုပ်ဖူးလို့ ကျမအနေနဲ့မြင်တာပေါ့။ တြခားဖြစ်ရိုးဖြစ်စဉ်၊ တခြားအမှုတွေဆို သူတို့လုပ်တာပဲလေ။ သာမန်ပြည်သူတွေဆို သူတို့လုပ်တာပဲလေ။"
ဒီအမှုနဲ့ ပတ်သက်လို့ ဝေါမြို့ ရဲစခန်းကို မေးမြန်းဖို့ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် မရပါဘူး။
မနှင်းလပြည့်ဝန်းတို့ဘက်ကတော့ ဒီကိစ္စကို ရဲကအရေးမယူရင်တော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီ တင်ပြ တိုင်တန်းမယ်လို့ ပြောပါတယ်။
 by အေးနိုင် (DVB)
မင်္ဂလာဒုံရဲစခန်းရဲ့မော်တော်ဆိုင်ကယ်များကိုမတရားဖမ်းဆီနေမှု
Posted: 25 Apr 2012 03:09 AM PDT
ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ မင်္ဂလာဒုံရဲစခန်းက ရဲတပ်ဖွဲ့ဝင်များဟာမင်္ဂလာဒုံမြို့နယ်အတွင်းမှာရှိတဲ့ တရားမ၀င် မော်တော်ဆိုင်ကယ်တွေကိုမကြာခဏလှည့်လယ် ဖမ်းဆီးနေပါတယ်။
 အဲဒီလိုဖမ်းအရေးယူတဲ့အခါမှာ လည်း မော်တော်ဆိုင်ကယ်များစီနင်းသွားလာတဲ့
အခါမှာ စနစ်တကျ တားဆီးပြီး စစ်ဆေး ဖမ်းဆီးတာမျိုးမဟုတ်ဘဲ ရှောင်တခင်
ရပ်ကွက်အတွင်းရှိ  လမ်းကျိုလမ်းကြားများ အထိမော်တော်ကားတစ်စီးဖြင့်
ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်နေကြပါတယ်၊ ယာဉ် စည်းကမ်းဥပဒေအရ
ယာဉ်စည်းကမ်းဖေါက်ဖျက် ကျူးလွန်မှုကို ငွေဒဏ်နှင့် ထောင်ဒဏ်သာကြား
ဖူးပါတယ်။
 ယခုအခါမှာတော့ အဲလိုမဟုတ်ဘဲ မော်တော်ဆိုင် ကယ်စီးနင်းသူများကို
မောင်းလာစဉ်  ရှေ့ကနေ မျက်နှာကို ဖြတ်ရိုက်ပြီး ဆိုင်ကယ်လဲပြီဆိုမှ ဆိုင်ကယ်ကို
သိမ်းဆီးဖမ်းကြတာပါ၊ အဆိုပါမြို့နယ်အတွင်း မှာရှိကြတဲ့ ဒေသခံလူငယ်တွေဟာ
အလုပ်အကိုင်ရှားပါးမှုနဲ့ မိသားစုဝင်ငွေ မျှတစေဖို့အတွက် မော်တော်ဆိုင်ကယ်
တစ်စီးကို သုံးသိန်းခွဲမှ ငါးသိန်းခွဲ ခြောက်သိန်းအထိရင်းနှီးကာရပ်ကွက်အတွင်းခရီး
သည်တင်ယာဉ်လိုင်းများမရောက်သည့်နေရာများကို ခရီးတိုအဖြစ် ငွေကျပ်နှစ်ရာ
သုံးရာကျပ် တို့နဲ့နေ့စဉ်  လုပ်ကိုင်ရှာဖွေစားသောက်နေကြသူများဖြစ်ပါတယ်။
တချို့လူငယ်တွေမတည်ရင်းနှီးစရာမရှိတာကြောင့် ရှိတဲ့ မြေဂရံ၊ အိမ်ဂရံ လေးတွေကို
အတိုးနဲ့ ပေါင်နှံ ပြီးမှမော်တော်ဆိုင်ကယ်တစ်စီး ၀ယ်ယူကာ မိသားစုစားဝတ်နေရေးကို
 ဖြေရှင်း  နေကြရတာပါ၊နိုင်ငံတော်အကြီးအကဲများကလည်း  ဆင်းရဲမွဲတေမှုလျော့ကျ
 ရေး ဆိုတဲ့အစီအမံများကိုဆောင်ရွက်လုပ်ကိုင်နေကြသလို၊သန့်ရှင်းတဲ့အစိုးရကောင်း
မွန်တဲ့အုပ်ချုပ်မှု ဆိုတဲ့ မှုဝါဒတွေကိုလည်း ချမှတ်ဆောင်ရွက်နေတာကလည်း အရှင်း
သားဖြစ်ပါတယ်။
ဒါပေမယ့် အပေါ်ကဘယ်လောက်အထိ ကောင်းအောင် လုပ်နေပါစေအောက်ချေ
အကျင့်ပျက်ဝန်ထမ်းများရဲ့ အကျင့်ပျက်ချစားမှုများ ရှိနေသရွေ့နိုင်ငံတော်အကြီးအက
ဲများရဲ့ ရည်မှန်းချက်ဟာ အကောင်အထည် ပေါ်လာနှိုင်စရာမရှိဘူးဆိုတာကိုလည်း
 ရဲရဲကြီးပြောရဲပါတယ်။
 အခုဆိုရင် လည်း နိုင်ငံ့ဝန်ထမ်းများကို အဲဒီလို အဂဓိလိုက်စားမှုမျိုးတွေ မရှိအောင်
လစာဝင် ငွေတွေကအစတိုးမြှင့်ပေးထားတာကလည်းပြည်သူအားလုံးအသိဖြစ်ပါတယ်။
လွန်ခဲ့တဲ့လထဲကဆိုရင် မင်္ဂလာဒုံအမှတ်(၃)လမ်းဆုံကနေ အမျိုးသမီးငယ်တစ်ဦးဟာ
 စမ်းကြီးဝရပ်ကွက်ကိုပြန်ဖို့ မော်တော်ဆိုင်ကယ် တက္ကစီကိုငှားစီ လာရာ  ခရေပင်
ရိပ်မွန်ရှေ့ရှိ(၄၃)အထူးကားကြီးဂိတ်အနီးကနေ ဖမ်းဆီးတဲ့သူတွေက မော်တော်
ဆိုင်ကယ်အရှိန်နဲ့စီးလာစဉ်မှာ ကားကြီးအကွယ်မှ ရုတ်တရက်ထွက်ပြီး ဆိုင်ကယ်
 မောင်းလာသူ လူငယ်ကို မျက်နှာအားဖြတ်ရိုက်လိုက်တာကြောင့် ဆိုင်ကယ်
 ဟာအရှိန်ပြင်းစွာနဲ့ မှောက်သွားပြီး ငှားစီးလာတဲ့ အမျိုးသမီးငယ်မှာ ၀ဲဘက် တင်ပါးနဲ့
မျက်နှာများမှာ ဒဏ်ရာများပြင်းထန်စွာရရှိတဲ့အပြင် ၀ဲဘက်လက် ကျိုးသွား
ကာဆိုင်ကယ်မောင်းနှင်လာသူလူငယ်မှာလည်း ဦးခေါင်းပေါက်ပြဲကာ တတောင် ဆစ်များမှာပွန်းပဲ့ဒဏ်ရာများပြင်းထန်စွာရရှိသွားခဲ့တယ်လို့သိရပါတယ်။
ယခုလိုစည်းကမ်းမဲ့ဥပဒေမဲ့ဖမ်းဆီးတာမျိုးဟာ အင်မတန်မှ အန္တရာယ်ကြီးမားနေပြီးတော့
 မတော်လို့ မော်တော်ယာဉ်များမောင်းနှင်လာစဉ် အလားတူဖြစ်ရပ်မျိုးများ ဖြစ်ပွားခဲ့ပါက
 အသက်ပါဆုံးရှုံးသွားနှိုင်ပါတယ်၊ ဖမ်းဆီးထားတဲ့ မော်တော်ဆိုင်ကယ် များကိုလည်း
မည်သည့်နေရာကိုပို့တယ်ဆိုတာကိုမသိရဘဲ မင်္ဂလာဒုံမြို့နယ် ရဲစခန်း အတွင်းမှာ
နှစ်ပရိတ်ဆေဒကြာမြင့်စွာ ဖမ်းဆီးထားတဲ့ ဆိုင်ကယ်များရှိနေပြီး ဆိုင်ကယ်များရဲ့မီးလုံး
များ၊ဘယ်ထရီအိုးများ၊ဒူးကာများ၊ တချို့သော မော်တော် ဆိုင်ကယ်များမှာ
အင်ဂျင်ပင်မရှိတော့တာတွေလည်းရှိပါတယ်။
ယခုလက်ရှိမင်္ဂလာဒုံရဲစခန်းအတွင်းမှာဖမ်းဆီးထိန်းသိမ်းထားတဲ့မော်တော်ဆိုင်ကယ်
ပေါင်းထောင်ချီရှိနေပြီးရင်းနှီးမြှုပ်နှံရှာဖွေလုပ်ကိုင်သူများရဲ့ပစ္စည်းများကိုနိုင်ငံတော်
ဘဏ္ဍာအဖြစ်ထားရှိမယ်ဆိုရင်တောင်ဖြေသာပေမယ့်နေ့စဉ်ဖမ်းဆီးထားတဲ့မော်တော်
ဆိုင်ကယ်များကိုရဲစခန်းအတွင်းပြစ်စလတ်ခတ်ထားရှိထားတာကိုတွေ့ရခြင်းအားဖြင့်
အလွန်တရာမှစိတ်ပျက်မိပါတယ်။
ဒါဟာနိုင်ငံတော်အကြီးများရဲ့မူဝါဒလားဒါမှမဟုတ်အောက်ချေမမာသူဝန်ထမ်းတွေ
ရဲ့ပြည်သူတွေအပေါ်မတရားနိုင်လိုမင်းထက်ပြုလုပ်ထားတာလားဆိုတာကိုတာဝန်ရှိ
သူများသိရှိနှိုင်ဖို့ တင်ပြလိုက်ရပါတယ်။
ပေါက်ကျိုင်း
Myanmar News Now
ရွှေလောင်းမြို့ နယ်မှာ အရက်ဆီကို ပုလင်းထဲ ပြောင်းထည့်ပြီး ချိတ်ပြိတ်နေစဉ် မီးလောင်မှု ဖြစ်ပွား
Posted: 25 Apr 2012 02:48 AM PDT
လွန်ခဲ့သည့် ဧပြီလ (၁၂) ရက်နေ့ ၌ ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့ နယ်
ရွှေလောင်းတိုက်နယ်၊ ရွှေလောင်းမြို့ ရှိ ဒေါ်စီစီညွန့် (ခ)
ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်တွင် အရက်ဆီကို ပုလင်းထဲ ပြောင်းထည့်ပြီး
ချိတ်ပြိတ်နေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။
ယင်းနေအိမ်သည် အရက်ပုလင်းများ၊ အရက်ဆီပေပါများ၊
နိုင်ငံခြားဖြစ်အရက်များကို လှောင်ထားသော နေအိမ် ဖြစ်ပါသည်။ ထိုအိမ်မှ
မီးစတင်လောင်ကျွမ်းခဲ့ပါသည်။ မီးလောင်မှုဖြစ်ပွားချိန်မှာ ညနေ (၆) နာရီ
(၁၀) မိနစ်ခန့် တွင် လောင်ကျွမ်းခဲ့ပြီး ယင်းမီးလောင်မှုတွင်
အနီးနားပတ်ဝန်းကျင်မှ အိမ်ခြေ (၈) လုံး နှင့် သင်္ဘောဆိပ်ဟောင်း ဆိုင်ခန်း
(၁၁) ခန်း လောင်ကျွမ်းသွားရာ ည (၁၀) နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါ ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်တွင် အရက်ဆီမှ
မီးလောင်နေသည်ကို ကိုဝင်းဦး (ခ) ကိုစာကလေးမှ မီးလောင်မှုဖြစ်ပွားရာတွင်
ဝင်ရောက်ငြိမ်းသတ်ခဲ့ပါသည်။ မီးငြိမ်းသတ်ပေးရာတွင် ကူညီခဲ့သော ကိုဝင်းဦး
(ခ) ကိုစာကလေးသည် ၄င်းဘေးနားတွင် ရှိသော အရက်ဆီပေပါမှ မီးစွဲလောင်ခဲ့ရာ
ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါသည်။ ကိုဝင်းဦး (ခ) ကိုစာကလေးအား ၀ါးခယ်မမြို
့နယ်ဆေးရုံတွင် လေးရက် ကုသခဲ့သော်လည်း ဒဏ်ရာမသက်သာ၍ ပုသိမ်မှ
နာရေးကူညီမှုကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ 
ခေါ်ဆောင်သွားခဲ့ပါသည်။ 
ယခုအခါ ကိုဝင်းဦး (ခ) ကိုစာကလေးသည် ရန်ကုန်ပြည်သူ
့ဆေးရုံ အရေးပေါ်လူနာဌာန အမှတ် (၅၊၆)၊ အခန်း (၉)၊ အခန်း (၁၀) တွင်
အတွင်းလူနာအဖြစ် ကုသမှုခံယူနေရပါသည်။ ယင်း ကိုဝင်းဦးအား ဒေါ်စီစီညွန့်
(ခ) ဒေါ်မျိုးမျိုးခိုင် က တာဝန်ယူကုသပေးခြင်း မရှိသေးပါ။
ထိုသို့ မီးလောင်သွားခဲ့သော်လည်း ၀ါးခယ်မမြို့ နယ်အုပ်ချုပ်ရေး၊
တိုက်နယ်စခန်းမှုးတို့မှ အစ မီးစတင်လောင်ကျွမ်းခဲ့သောနေအိမ်
မှ
ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်အား အရေးယူခြင်းမျိုးကို မရှိခဲ့ပါ။
မီးလောင်ကျွမ်းခြင်းခံခဲ့ရသော နေအိမ်များမှ ကျိတ်မနိုင်ခဲမရ
ဖြစ်ခဲ့ရပါသည်။ ထို့ အတူ ၀ိုင်းဝန်းကူညီသူ ထိခိုက်ဒဏ်ရာရရှိမှုအားလည်း
မီးလောင်ကျွမ်းရမှု တရားခံဖြစ်သူ ဒေါ်စီစီညွန့် (ခ)
ဒေါ်မျိုးမျိုးခိုင်နှင့် သက်ဆိုင်ရာမှ တာဝန်ယူဆေးကုသပေးခြင်း မပြု
လစ်လျူရှုနေမှုသည်လည်း မတရားသောလုပ်ရပ် ဖြစ်ပါသည်။
အရက်သိုလှောင်ရောင်းချ စီးပွားရေးရှင် ဒေါ်စီစီညွန့် (ခ)
ဒေါ်မျိုးမျိုးခိုင်နှင့် ငွေကြေးရယူကာ မီးလောင်မှုအား လုံးဝအရေးယူခြင်း
မရှိဘဲ နှုတ်ပိတ်နေသော ၀ါးခယ်မမြို့ နယ်အုပ်ချုပ်ရေး၊
ရွှေလောင်းတိုက်နယ်စခန်းမှုးတို့ ၏ လုပ်ရပ်အားလည်း
ပြည်ထဲရေးဝန်ကြီးဌာနနှင့် သမတကြီးများ သိရှိစေရန် တိုင်ကြားအပ်ပါသည်။
မီးလောင်ကျွမ်းခြင်းခံခဲ့ရသော ပြည်သူများ၊
(ရွှေလောင်းတိုက်နယ်၊၀ါးခယ်မမြို့ နယ်)။
Myanmar News Now
ရွှေလောင်းမြို့ မီးလောင်မှုမြင်ကွင်း
မြန်မာပြည်မှာ အလုပ်လက်မဲ့ဦးရေ လျော့နည်းနေတယ်ဆိုပြီးတော့
Posted: 25 Apr 2012 02:51 AM PDT
ဧပြီလ ၂၅ ရက်နေ့ ယနေ့ အလုပ်လျှောက်လွှာအား ၀ိုင်းကြည့်နေသူများကိုတွေ့ ရစဉ်
ဧပြီလ၂၅ ရက်နေ့ ၂၀၁၂
    (၂၅-၄-၂၀၁၂) နေ့က နေပြည်တော်ပျဉ်းမနား ဗိုလ်တောက်ထိန်လမ်းမပေါ်ရှိ အသစ်ဖွင့်လှစ်လိုက်မည့်ကမ္ဘောဇ ဘဏ် အတွက် လုပ်သား စုစုပေါင်း (၂၀)လောက် လိုအပ်သဖြင့် အလုပ်လျှောက်လွှာများ ဝေငှရာ အလုပ်လျှောက်လိုသူ အင်အားများ အဆမတန် များပြားနေသဖြင့်  ဘဏ်တစ်ဝိုက်ရှိ ဗိုလ်တာရာလမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု နာရီဝက်အကြာဖြစ်ပြီးပြီး ဘဏ်အဆောက်အဦးရှိ ရှေ့ ၀င်မှန်တံခါးပင် တိုက်မိ ပြီး ကွဲအက်သွားအောင်ပင် အလုပ်လာလျှောက်လိုသူ များပြားလာခဲ့ကြောင်း သိရသည်။
    ``အလုပ်လျှောက်လွှာတင်ရက်မဟုတ်ပါဘူး။ အလုပ်လျှောက်လွှာ ဝေတဲ့ရက်မှာကို ဘဏ်ရှေ့က ဗိုလ်တောက်ထိန်လမ်းမတစ်ခုလုံး ယာဉ်ကြောတောင်ပိတ်ဆို့သွားတယ်။ အမှန်တကယ် ဘဏ်အနေနဲ့လူလိုတာက (၂၀)ကျော်ကျော်ပါပဲ လျှောက်လွှာလာယူတာတွေက အဆမတန်ပါပဲဗျာ။ နေ့လည် (၁၀)နာရီနောက်ပိုင်းက အဆိုးဆုံး လူများချိန်ပဲ တိုးကြဝှေ့ကြနဲ့ပေါ့´´ ဟု အလုပ်လျှောက်လွှာ  သွားယူသူ လူငယ်တစ်ဦးက ပြောဆိုသည်။
    လျှောက်လွှာသွားယူသူ အမျိုးသမီးတစ်ဦးကလည်း ``ဒီလောက်မထင်ထားပါဘူး လူတွေက ပိတ်ညှပ်သပ်နေတယ်။ လျှောက်လွှာတွေ ဝေပြီလို့လဲ ကြော်ငြာလိုက်ရော ဘဏ်အဆောက်အဦးထဲ တိုးဝှေ့ပြီးဝင်လိုက်ကြတာ လူဝင်ပေါက်က မှန်တခါးတောင် ကွဲထွက်သွားလို့ ဘဏ်က တာဝန်ရှိသူက လျှော် လျှော် နင်တို့အားလုံးကြောင့်ဖြစ်ရတာ စုလျှော်ကြဆိုလို့ အလုပ်တောင်မရကြသေးဘူး အလျှော်က အရင်ဆိုတော့ ကျမတို့တောင် စိတ်ပျက်သွားတယ်´´ဟု ယင်း၏ အတွေ့အကြုံကို ရင်ဖွင့်လာသည်။
    ဆက်လက် ယင်းက ပြောဆိုသွားသည်မှာ ``တလောက အစိုးရရဲ့ ထုတ်ပြန်ချက်အရ မြန်မာပြည်တစ်နိုင်ငံလုံးမှာ အလုက်လက်မဲ့ဦးရေ ရာခိုင်နှုန်း (၂၀)ကျော်ပဲရှိတဲ့အတွက် တစ်ခြားနိုင်ငံတွေနဲ့စာရင် မြန်မာပြည်မှာ အလုပ်လက်မဲ့ဦးရေ အနည်းဆုံးလို့ သိရပါတယ်။ ဒါဆို ကျမ ပြန်မေးပါရစေ အဲသည့် ရာခိုင်နှုန်း (၂၀)ကျော်ထဲက အများစုက နေပြည်တော်ဒေသတွင်းနေထိုင်သူတွေလားလို့---´´
နေပြည်တော်သတင်းထောက် (Myanmar News Now)
အလုပ်လျှောက်လွှာ
ဟန်းဖုန်းတစ်လုံးကြောင့် လူသတ်မှု မှ အာမခံ ရရှိသွားတဲ့ နေပြည်တော်ကဖြစ်ရပ်
Posted: 25 Apr 2012 02:23 AM PDT
 နေပြည်တော် ဥတ္တရသီရိ၊ သရက်တောကျေးရွာအုပ်၊ ပိုးစာတောကျေးရွာ တွင် (၂၃.၃.၂၀၁၂)နေ့က ဖြစ်ပွားခဲ့သော လူသတ်မှုမှ တရားခံများကို အမှုမှ အာမခံပေးခွင့်
မရှိပဲ တက်ရှိန်းစခန်းမှူးရဲအုပ်အောင်ဝင်းထံ တရားခံများ၏ ဆွေမျိုးအသိုင်းအ၀ိုင်းမှ
ထောက်ပံမှုအသီးသီးနှင့် ဟန်းဖုန်းတစ်လုံးပေးလိုက်မှုကြောင့် တရားခံများအား အာမခံပေးလိုက်ကြောင်း သေဆုံးသူ၏ ဆွေမျိုးအသိုင်းအ၀ိုင်းများက ပြောဆိုသည်။
ဖြစ်စဉ်မှာ (၂၃.၃.၂၀၁၂)နေ့ ညပိုင်းက နေပြည်တော်ဥတ္တရသီရိ၊ သရက်တော
ကျေးရွာအုပ်၊ ပိုးစာတောကျေးရွာနေ ဇင်မင်းပိုင်မှာ နေအိမ်တွင်ရှိနေစဉ် ယင်း၏
သူငယ်ချင်းဖြစ်သူ ဖိုးတုတ် (၂၅)နှစ်၊ (ဘ)ဦးထွန်းဝေ နေပြည်တော်ဥတ္တရသီရိ၊
သရက်တောကျေးရွာအုပ်၊ ပိုးစာတောကျေးရွာနေနှင့် နေပြည်တော်ဥတ္တရသီရိ၊
သရက်တောကျေးရွာအုပ်၊ မသိမ်ကျေးရွာနေ တင်နိုင်ဦးတို့ အကြိမ်ကြိမ်လာရောက်
 ခေါ်သဖြင့် ဇင်မင်းပိုင်းလည်း ယင်းတို့နှင့်အတူ ဆိုင်ကယ်တစ်စီးတည်းစီးနင်းပြီး
မသိမ်ရွာဘက်သို့ လိုက်သွားကြောင်း၊ နောက်တစ်နေ့မနက် (၈း၀၀)အချိန်ခန့်တွင်
 ယင်း ဇင်မင်းပိုင်မှာ ရွာနှစ်ရွာကြားရှိ လမ်းဘေးတွင် စူးဝင်ဒါဏ်ရာ (၅)ချက်၊ ခေါင်းကွဲဒါဏ်ရာနှစ်ချက်တို့ရရှိပြီး သေဆုံးနေကြောင်းသိရသဖြင့်
ဇင်မင်းပိုင်၏ မိဘများက တက်ရှိန်းရဲစခန်းသို့ အမှုဖွင့်ခဲ့ကြောင်း သိရသည်။
    တက်ရှိန်းရဲစခန်းမှ စခန်းမှူးရဲအုပ်အောင်ဝင်းနှင့်အဖွဲ့က ဇင်မင်းပိုင်အား ခေါ်ဆောင်
သွားသော ဖိုးတုတ်နှင့် တင်နိုင်ဦးအား ဖမ်းဆီးစစ်ဆေးရာ ကွင်းဆက်တရားခံအဖြစ် ၀ဲကျော်(ခ)နေထက်လင်းအား ဖမ်းဆီးရမိပြီး ၀ဲကျော်(ခ)နေထက်လင်း၏ ထွက်ဆိုချက်
အရ အခင်းဖြစ်ပွားစဉ်က ၀ဲကျော်(ခ)နေထက်လင်းက ဇင်မင်းပိုင်အား တံပိုးကြီးတုတ်ဖြင့်
ရိုက်ပြီး ဖိုးတုတ်ဆိုသူက ယင်းဆိုင်ကယ်ထိုင်ခုံအောက်တွင်ပါသော စကေဘာဖြင့်
ထိုးခဲ့ကြောင်း ထွက်ဆိုသဖြင့် ရဲစခန်းမှူးက သွေးများစွန်းကျန်ရစ်နေသော သက်သေခံ
 တံပိုးကြီးဒုတ်အား သိမ်းဆည်းခဲ့ပြီး ယင်းပြစ်မှုကျူးလွန်သူတို့အား ဖမ်းဆီးသွား
ခဲ့ကြောင်းဆို၏။
    အဆိုပါ အမှုအတွက် စစ်ဆေးဆောင်ရွက်နေချိန်တွင် ဖိုးတုတ်၏ ဦးလေးတော်
စပ်သူ ကောက်ကြီး (ခ)ဇော်မင်းထွန်း (၃၈)နှစ်ခန့်က အမှုစစ်အရာရှိ တက်ရှိန်းစခန်းမှူး သွားလာလှုပ်ရှားသမျှ ကားဖြင့် အကြိုအပို့ ပြုလုပ်ပေးခြင်း၊ အထောက်အပံ့များပေးခြင်း၊
 ငွေကြေးများပေးခြင်း စခန်းမှူးအား နေပြည်တော် ငါးသိန်းတန် CDMA ဖုန်းတစ်လုံး
 ပေးခြင်းတို့ ပြုလုပ်ရာ ၀ဲကျော်(ခ) နေထက်လင်း၏ ထွက်ဆိုချက်မှာ မခိုင်လုံကြောင်း
ယင်းထံမှ သိမ်းဆည်းထားသော သွေးများပေနေသည့် တံပိုးကြီးတုတ်မှ သွေးများသည် လူသွေးများမဟုတ် နွားသွေးများသာဖြစ်ကြောင်း သတင်းလွှင့်ခဲ့သည်။ အမှန်တကယ်တော့ တံပိုးကြီးတုတ်အား သက်ဆိုင်ရာ မှုခင်းဌာနမှ ယင်းအကြောင်း (စစ်ဆေးတွေ့ရှိချက်)ကို တစုံတရာပြန်ကြားမှု မရှိသေးပါ။
    ရဲစခန်းတွင် အဆိုပါ အမှုနှင့် ချုပ်နှောင်ထားသူများ (22.4.2012)နေ့တွင် အမှုမှ အာမခံ ပေးသည်ဟုဆိုကာ ပြန်လည်လွှတ်ပေးထားသည်ကို တွေ့ရသဖြင့် သေဆုံးသူ
ဇင်မင်းပိုင်ဘက်မှ မိဘဆွေမျိုးများက များစွာ မကျေမနပ်ဖြစ်နေသည်ကို သိရသည်။
      ``သေတဲ့သူကသေသွားတာတော့ အမှန်ကို အမှန်တိုင်းဖြစ်စေချင်တာပါ။ ပြီးတော့ တရားခံဘက်က ပြစ်မှုကျူးလွန်စဉ်ကသုံးတဲ့ သက်သေခံပစ္စည်းအပ်ထားသလို ၀န်ခံထွက်ဆိုချက်တွေလည်း ပေးထားပြီးသားပါ။ ဒါကိုတောင် ဒီလိုလူသတ်မှုမျိုးက
တရားခံကိုတောင် အာမခံပေးထားတယ်ဆိုတော့ ကျနော်တို့အနေနဲ့ ဘယ်လိုနားလည်ရမှန်းမသိ ဖြစ်နေတယ်ဗျာ´´ ဟု သေဆုံးသူ၏ ဦးလေးတော်စပ်
သူက ပြောဆိုသည်။
နေပြည်တော်သတင်းထောက် (Myanmar News Now)
ယာဉ်တိုက်မှုကို ဥပဒေအတိုင်း အမှုဖွင့်အရေးယူ ဆောင်ရွက် ထားခြင်းမရှိ
Posted: 25 Apr 2012 04:46 AM PDT
ဓါတ်ပုံ (Google Images)
၁၃.၄.၂၀၁၂ နံနက်(၁၀)နာရီအချိန်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်၊ ကမ်းနားလမ်းရှိဗဟိုမဏ္ဍပ်၏ ရေကစားမဏ္ဍပ်ရှေ့တွင် ရေပက်ခံထွက်လာသော ရတခ စစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းနိုင်ဦး၏ သမီးနှင့်သားပါ တပ်မတော်သုံး အစ်ဆူဇူး အမျိုးအစားမော်တော်ယာဉ် သည်ရုတ်တရက်ထိုးရပ်လိုက်သဖြင့် နောက်မှလိုက်လာသော မောင်မျိုးထက်အာကာနှင့် မောင်ပြည်သိမ်းတို့မောင်းနှင်လာသော ဆိုင်ကယ် ၁၃ယ/၄၀၅၀၅ သည် စစ်ကား၏ ညာဘက်နောက်မီးအား မတော်တဆ ၀င်တိုက်မိရာ နောက်မီးခွက်အနည်းငယ် ကွဲသွားသော်လည်း စစ်ကားမှ မည်သူမှ မသိရှိပါ။
 ဆိုင်ကယ်မောင်းသူနှစ်ဦးမှ မဏ္ဍပ်အလွန် ကားရှင်း သောနေရာတွင် စစ်ကားအလာကို ရပ်စောင့်ပြီး လူမှုရေးအရ ကားအားဝင်တိုက်မိကြောင်း ကားဘာဖြစ်သွားသလဲဟုမေးမှ စစ်ကားမှ နောက်မီးအနည်းငယ် ကွဲသွားကြောင်းသိရှိရာ မီးခွက်လဲလှယ်ပေးရန် အတွက် သွားရောက်ဝယ်ယူရာ ဆိုင်ရှင်မှ သင်္ကြန်လွန်မှရမည်၊ ရန်ကုန်မှာပေးမည် တန်ဘိုးမှာ ၂သောင်းခွဲ၊ ၃သောင်းသာကျမည်ဟုပြောပါသည်။ 
ကားပေါ်မှ အရပ်ဝတ်တစ်ဦးမှ ထိုပစည်းမှာ ၂သိန်းခွဲ၊ ၃သိန်းတန်ကြောင်းပြောဆိုပြီး မောင်မျိုးထက်အာကာနှင့် မောင်ပြည်သိမ်းတို့ကို ဆိုင်ကယ်နှင့်အတူ ရတခသို့ခေါ်ဆောင်သွားပြီး လျှော်ကြေးငွေ ၃သိန်းပေးရန်၊ မပေးပါက အချုပ်ထဲထည့်ထားမည် ဆွဲရိုက်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး အတင်းအကြပ်လက်မှတ်ရေးထိုးခိုင်း
ခဲ့ပါသည်။ ၁၄ရက်နေ့တွင် မောင်မျိုးထက်အာကာဖခင်မှ ၄င်းဖြစ်စဉ်အား ဥပဒေအရ အရေးယူဆောင်ရွက်ရန်သွားရောက်ပြောဆိုသော်လည်း လျှော်ကြေးငွေ ၃သိန်းသာပေးရန် ပြောဆိုခဲ့ပါသည်။
၁၆ရက်နေ့နံနက်တွင် ဥပဒေအတိုင်း အမှုဖွင့်အရေးယူ ဆောင်ရွက် ထားခြင်းရှိ၊ မရှိ မော်လမြိုင်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့တွင် သွားရောက် မေးမြန်းရာ ဥပဒေအရ ဆောင်ရွက်ထားခြင်းမရှိကြောင်း သိရှိရသဖြင့် ၁၇ရက်နေ့ နံနက်တွင် ငွေ၃သိန်းဖြင့် ဆိုင်ကယ်အား သွားရောက် ရွေးယူခဲ့ရပါသည်။
၎င်းဖြစ်စဉ်တွင် ယာဉ်တိုက်မှုဥပဒေအတိုင်း အမှုဖွင့်အရေးယူဆောင်ရွက်ခြင်း
မရှိခြင်း၊ ဥပဒေကိုသိရှိနားလည်သူ အရာရှိတစ်ဦးမှ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ မိမိပိုင်နက်အတွင်းသို့ ခေါ်ဆောင်ကာ အတင်းအကြပ်ခြိမ်းခြောက် လက်မှတ်ရေးထိုးခိုင်းခြင်း၊ ငွေ၃သိန်းတောင်းခံခြင်းတို့မှာ ပြန်ပေးဆွဲသကဲ့သို့ ဖြစ်ပွါးခဲ့ပါသည်။
ကိုဇော် (မော်လမြိုင်)
Myanmar News Now
ရန်ကုန်တိုင်းဒေသကြီးအတွင်းအလုပ်သမား အဖွဲ့အစည်း ၈ ဖွဲ့ တရားဝင်ဖွဲ့စည်းခွင့်ရရှိ
Posted: 25 Apr 2012 01:48 AM PDT
အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန မှတ်ပုံတင်အရာရှိချုပ် ဦးမျိုးအောင် က ရှင်းလင်းစဉ်
အလုပ်သမား ညွှန်ကြားမှု ဦးစီဌာနမှ ဧပြီ ၂၅ ၇က် က လှိုင်သာယာ စက်မှုဇုန်တွင်ပြုလုပ်သည့် အခမ်းအနားတွင် အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းခွင့် ကိုတရားဝင် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း လှိုင်သာယာ စက်မှုဇုန် ၊သာဓုကန် စက်မှုဇုန် နှင့် ရွှေပေါက်ကံ စက်မှုဇုန် တို့မှ အလုပ်သမားအဖွဲ့အစည်း (၇) ခုကို နိုင်ငံတော်မှ တရားဝင် အဖွဲ့အစည်းများ တိုက်ရိုက် ဖွဲ့စည်းခွင့် အသိအမှတ်ပြု လတ်မှတ်များကို ထုတ်ပေးခဲ့ ကြောင်း သိရ သည်။
 အလုပ်အသမား  အဖွဲ့အစည်းများ ဖွဲ့စည်းရန် အသင်းအဖွဲ့(၉)ခုမှ ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ပြီး အလုပ်သမားအဖွဲ့အစည်း(၇) ခုနှင့် မြန်မာနိုင်ငံ သင်္ဘောသားများ အဖွဲ့ချုပ်တို့ကို တရားဝင် အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် အလုပ်သမား  အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းခွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖွဲ့စည်း လိုက်သည့်   အလုပ်သမား အဖွဲ့အစည်း ၈ ဖွဲ့ မှာ
၁. တိုင်ရီ စက်ရုံ
၂. အိုပယ် စက်ရုံ
၃. အိုစန် စက်ရုံ
၎. ပုဝါ စက်ရုံ
၅. သာဓုကန် စက်မှုဇုန် (အထည်စက်ရုံ)
၆. ရွှေဇင်မင်း အထည်ချုပ် စက်ရုံ
၇. ရွှေပေါက်ကံ စက်မှုဇုန်မှ အထည်ချုပ်စက်ရုံ
၈. မြန်မာနိုင်ငံ သင်္ဘောသားများ အဖွဲ့ချုပ် တို့ဖြစ်ကြောင်း သိရသည်။
Yangon Media Group
မြန်မာနိုင်ငံတွင် အလုပ်သမား အဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့်ပြုလုပ်ပြီ
Posted: 25 Apr 2012 01:43 AM PDT
 မြန်မာနိုင်ငံတွင်အလုပ် သမားများအဖွဲ့အစည်းများကိုလွတ်လပ် စွာဖွဲ့စည်းခွင့်ပြု လုပ်ပြီးကြောင်း သိရသည်။ ထိုသို့အလုပ်သမားများအဖွဲ့ များအပြင်အလုပ်ရှင်များအဖွဲ့အစည်းများ ကိုလည်ဖွဲ့စည်း ခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ အနေနဲ့အလုပ် သမားများ အဖွဲ့အစည်း  ကိုရန်ကုန်မှာ ပထမဆုံး ဖွဲ့စည်း ခွင့်ပြုတာ ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်မှာ ဧပြီလဆန်းက လျှောက်ထားကြ တဲ့အလုပ်သမား အဖွဲ့အစည်း ရှစ်ဖွဲ့နဲ့ အသင်း ချုပ် တစ်ခုထဲက  အလုပ်သမား အဖွဲ့အစည်း ခုနှစ်ခုနဲ့ အသင်းချုပ် တစ်ခုဖွဲ့ကိုတရား ဝင်ဖွဲ့စည်းခွင့်ပြုပေး တာဖြစ်ပါတယ်။ ကျန်တဲ့တစ်ဖွဲ့ကိုတော့ သက်မှတ်ထားတဲ့ စည်းကမ်းတွေ မကိုက်ညီတဲ့ အတွက် ဆက်လက် စိစစ် နေပါတယ်" ဟုအလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ မှတ်ပုံတင် အရာရှိချုပ် ဦးမျိုးအောင်ကပြောသည်
ယင်းအလုပ်သမားအဖွဲ့အစည်း များဖွဲ့စည်း လိုသောအလုပ်သမား များအနေနှင့်အသင်း လူဦးရေ(၃၀)ဦး ရှိရမည်ဖြစ်သည့် အပြင်စက်ရုံရှိ အလုပ်သမား အားလုံး၏ဆယ်ရာခိုင်နှုန်းက  ထောက်ခံရမည်ဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့  အခု ဖွဲ့စည်းခွင့် ပြုလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းတွေ နဲ့ပတ်သက်ပြီး ဘာမှ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပါဘူး။ သူတိုအဖွဲ့နဲ့ သူတို့လွတ်လပ် စွာလုပ်ကိုင်ခွင့်ပြုပေး မှာဖြစ်ပါ တယ်။ အလုပ် သမား အဖွဲ့ အစည်း များအနေနဲ့အ လုပ်သမား များနှင့် သက်ဆိုင်တဲ့ အစည်းအ ဝေးတွေနဲ့ နိုင်ငံတော် အဆင့် အလုပ်ရုံဆွေး နွေးပွဲများမှာပါ  တက်ရောက်  ပါဝင်ခွင့်ရဖို့ ကျွန်တော်အလုပ်သမား  ဦးစီး ဌာန က  ကူညီ ပေးသွား မှာပါ"ဟုယင်းကရှင်းပြသည်။
အဆိုပါ အလုပ်သမား အဖွဲ့အစည်းများ အနေနှင့် အဖွဲ့ရန်ပုံငွေ အတွက် အသင်းဝင်များ အနေနှင့် လစာ၏ နှစ်ရာခိုင်နှုန်း  ကိုလစဉ်ထည့် ဝင်ရမည်ဖြစ်ကာ  ရန်ပုံငွေရရှိရန်  စီးပွာရေး လုပ်ငန်းများ  လုပ်ကိုင်ခွင့် မရှိကြောင်း သိရသည်။ ပထမဆုံး အလုပ်သမားအဖွဲ့  ဖွဲ့စည်းခွင့် ရရှိသောအလုပ်သမား  အဖွဲ့များမှာ တိုင်ရီစက်ရုံ၊ အိုပယ် (အထည်ချုပ်) စက်ရုံ ပဉ္စသုန္ဒရီ (အထည်ချုပ်) စက်ရုံ၊ ဘိုဆန်(ပိုက်) စက်ရုံ၊  ပုဝါမင်းသမီး စက်ရုံ၊  အောင်ကြွေပြား စက်ရုံ၊  ဆွေဇင်အေး (အထည်ချုပ်) စက်ရုံတို့ ဖြစ်ပြီး အသင်းချုပ် အနေနှင့် မြန်မာနိုင်ငံ သင်္ဘောသား များအသင်း  ချုပ်ဖြစ် ကြောင်း သိရသည်။
ဇော်လင်းထွဋ် (Yangon Media Group)
အစိုးရက ဗန်းမော်မြို့နယ်လူထုရှေ့မှောက် တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် KIO ကို ကမ်းလှမ်း
Posted: 25 Apr 2012 01:32 AM PDT
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲပါ (ဓါတ်ပုံ-Google Images)
နေပြည်တော်၊ ဧပြီ - ၂၃
ငြိမ်းချမ်းရေးဆွေးနွေးနေဆဲဖြစ်သော KIO, KIA အဖွဲ့နှင့် မြစ်ကြီးနား (သို့မဟုတ်) ဗန်းမော်မြို့နယ်တွင် လူထုရှေ့မှောက်၌ ထင်သာ၊ မြင်သာ
ဖြစ်စေရန်အတွက်ဆွေးနွေးရန် KIO, KIA အဖွဲ့ကိုအဆိုပြုထားကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင်ဦးအောင်သောင်းက ပြောသည်။
လူထုရှေ့မှောက်၌ ဆွေးနွေးမည်ဆိုသည်မှာ မျိုးနွယ်စုခေါင်းဆောင်များ၊ မြို့မိ၊ မြို့ဖများ၊ အငြိမ်းစားများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များပါဝင်မည်ဖြစ်သည်ဟု ဦးအောင်သောင်းကပြောသည်။ "ဆွေးနွေးဖို့အတွက် အစစအရာရာ တာဝန်ယူပါတယ်။ဆွေးနွေးမယ့်ရက်ကတော့ သူတို့ဘက်က ပြန်ကြားတာကိုပဲ စောင့်နေပါတယ်"ဟု ဦးအောင်သောင်းကပြောသည်။လက်ရှိ ငြိမ်းချမ်းရေးရယူလျက်ရှိသည့် အခြားသောလက်နက်ကိုင်အဖွဲ့များနှင့်
လည်း တတိယအကြိမ်၊ စတုတ္ထအကြိမ်ဆွေးနွေးမှုများ မကြာမီ ပြုလုပ်သွားမည်ဟုဆိုသည်။
အစိုးရသစ်လက်ထက်တွင် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေး နွေးလျက်ရှိရာ၌ အခြားအဖွဲ့များမှာ အပစ်အခတ်ရပ်စဲရေးကို
ဦးစွာဆွေးနွေးကာ နောက်ပိုင်းမှနိုင်ငံရေး ဆွေးနွေးခြင်းဖြစ်ပြီး KIO/KIA အဖွဲ့နှင့်မူ နိုင်ငံရေးအား ဦးစွာ ဆွေးနွေးနေရကြောင်း ဦးအောင်သောင်းက ပြောသည်။
ယခုကမ်းလှမ်းထားသည့်တွေ့ဆုံမှုဖြစ်မြောက်ပါကအစိုးရနှင့်ကေအိုင်အိုတို့ စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်လာမည်ဖြစ်ပြီး ပြီးခဲ့သောဆွေးနွေးမှု
သုံးကြိမ်စလုံးကို တရုတ်နိုင်ငံရွှေလီမြို့တွင်တွေ့ဆုံခဲ့သည်။
7Day News Journal
ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းအဖြစ် ကူးပြောင်းနိုင်
Posted: 25 Apr 2012 01:32 AM PDT
(၂၃-၄-၂၀၁၂) ည သန်းကောင်ယံကျော်အချိန်ကစပြီး ဘင်္ဂလား ပင်လယ်အော် အနောက်တောင် ပိုင်းမှာ ပြန့်ကျဲနေတဲ့တိမ် အစတွေဟာ တဖြည်းဖြည်းစုစည်း လာပြီး လေဖိအားနည်းရပ်ဝန်းတစ်ခု အဖြစ်ရောက်ရှိ လာပါတယ်။ 
 ဒီလေဖိအားနည်းရပ်ဝန်းဟာ အနောက်ဖက်ကို တဖြည်းဖြည်း ဆက်လက်ရွေ့သွားပြီး အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေကိုဝင်ရောက်ပြီး အားပျော့သွားမလား ဒါမှမဟုတ် အရှေ့မြောက် ဖက်ကို မျောပါသွားရင်း ကမ်းလျှောက် မုန်တိုင်းအဖြစ်နဲ့ပဲ ပိုမိုအားကောင်းလာမလား ဆိုတာ နောက်ထပ်(၂၄)နာရိလောက်စောင့်ကြည့်ရ့ါဦးမယ်။ 
ဘာဘဲပြောပြော မြန်မာပြည်အတွက်တော့  အန္တရာယ်ပေးဖို့ အများကြီး လိုပါသေးတယ်။ အရှေ့မြောက်ဖက်ကို မျောပါလာရင်တော့ (၂၈-၂၉) ရက်နေ့လောက်မှာ မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဘင်္ဂလားဒေ့ရှ် နဲ့ ရခိုင်မြောက်ပိုင်းစွန်းကမ်းခြေတွေ ကို စောင့်ကြည့်ရ ပါလိမ့်မယ်။  မြစ်ဝကျွန်းပေါ်ဒေသနဲ့တော့  မပတ်သက်နိုင်ဘူးလို့ ခန့်မှန်းရပါတယ်။
ကျွန်တောာ်က ဒီကနေ့ပဲ ဟိုင်းကြီးကို ဟောပြောပွဲအတွက် ခရီးထွက်ရပါ့မယ်။ (၂၆)ရက်နေ့မှ ပြန်ရောက်ပါ့မယ်။
အခြေအနေပေးသလို လမ်းမှာ update လုပ်ပါ့မယ်။ 
မိုးလေ၀သနှင့် ဇလဗေဒပညာရှင်ဦးထွန်းလွင်
ကချင်ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ သမ္မတနှင့်တွေ့ရန် တောင်းဆို
Posted: 25 Apr 2012 01:20 AM PDT
တရုတ်နိုင်ငံ ရွှေလီတွင် ငြိမ်းချမ်းရေးဆွေးနွေးစဉ်က (ဓါတ်ပုံ-Google Images)
ရန်ကုန်၊ ဧပြီ-၂၄
မြန်မာအစိုးရနှင့် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေးတွေ့ဆုံရန် အကျိုးဆောင်ညှိနှိုင်းပေးသော အဖွဲ့တစ်ဖွဲ့ဖြစ် သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG) သည်ကချင်ပြည်နယ်တွင်း လက်ရှိဖြစ်နေသော အခြေအနေများ၊ ပြည်သူ များ ကြုံတွေ့ခံစားနေရသည့် အခက်အခဲများနှင့် ကေအိုင်အေ၏ သဘောထားများကို ပြောပြနိုင်ရန်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရန်စာဖြင့်ပေးပို့တောင်းဆိုထားသည်ဟု အဖွဲ့ဝင်တစ်ဦးကပြောသည်။
သမ္မတနှင့် တွေ့ဆုံခွင့်ရခဲ့ပါက မကြာမီ မိုးတွင်းကာလရောက်ရှိတော့မည်ဖြစ်သဖြင့် စစ်ဘေး ဒုက္ခသည်များကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ကချင်ပြည်နယ်အတွင်း သင်္ကြန်ကာလ မတိုင်မီမှ စကာတိုက်ပွဲများ အရှိန်မြင့်လာ သည့်အကြောင်းများနှင့် ကေအိုင် အို၏သဘောထားများကို ပြောပြသွားမည်ဟု အဖွဲ့ဝင်တစ်ဦးကပြောသည်။
သမ္မတနှင့် တွေ့ဆုံနိုင်ရန် စာတစ်စောင်ရေးသားကာ ဧပြီ ၉ ရက်ကပေးပို့ထားပြီး အကြောင်းပြန်လာမည်ကို စောင့်မျှော်နေကြောင်း ယင်းအဖွဲ့ဝင်က ပြောသည်။ PCG အဖွဲ့သည် ကချင်တိုင်း ရင်းသား ၄ ဦးဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး အစိုးရနှင့် ကေအိုင်အိုတို့အကြားတွင် ငြိမ်းချမ်း ရေးတွေ့ဆုံဆွေးနွေးမှုများကြား ၀င်ညှိနှိုင်းဆောင်ရွက်နေသော အဖွဲ့ဖြစ်ပြီးထိုအဖွဲ့တွင် ဂျိတ်လန်းကုမ္ပဏီအကြီးအကဲ ဦးယွပ်ဇော်ခေါင်၊ ဦးလမိုင်ဂွန်ဂျာ၊ ဦခွန် အွမ်၊ ဦအန်ရှန်စန်အွမ်တို့ ၄ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အစိုးရ နှင့် ကေအိုင်အိုအဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့ ၃ ကြိမ်တိုင် တွေ့ဆုံနိုင်ရေး အကျိုးဆောင်ပေးခဲ့သည်။
လက်ရှိ ကချင်ပြည်နယ်တွင်းတွင် တိုက်ပွဲများမှာ အရှိန်မြင့်လာပြီး နေရပ်စွန့်ခွာထွက်ပြေးသူဦးရေမှာ ထပ်တိုးလာနေကြောင်း ပြည်နယ်တွင်း အကူအညီ ပေးရေးအဖွဲ့အစည်းများထံမှ သိရသည်။
 7Day News Journal
ကြံ့ခိုင်ရေးပါတီက NLD အမတ် လေးဦးကို ကန့်ကွက်လွှာတင်
Posted: 25 Apr 2012 01:09 AM PDT
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အနိုင်ရ လွှတ်တော်အမတ် လေးဦးကိုမဲမသမာမှုဖြင့် ကန့်ကွက်လွှာ တင်သွင်းထားပြီး NLD အမတ်တဦးကလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတဦးကို ဥပဒေမဲ့ပြုကျင့်မှုဖြင့် ပြန်လည် ကန့်ကွက်လိုက်ကြောင်း သတင်းရရှိသည်။
ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်ကာလက တွေ့ရသည့် မဲင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်း (ဓာတ်ပုံ - Reuters / Soe Zeya Tun)
NLD ရွေးကောက်ခံ အမတ်များဖြစ်ကြသည့် မင်္ဂလာ တောင်ညွှန့်မြို့နယ်မှ ဒေါ်ဖြူဖြူသင်း၊ လှည်းကူးမြို့နယ်မှ ဦးဖြိုးမင်းသိန်း၊ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှ ဒေါ်တင်တင်ရီ၊ စစ်ကိုင်းမြို့မှ ဦးခင်မောင်သိန်းတို့ကို မဲမသမာမှုများ ပြုလုပ်သည်ဟုဆိုကာ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ငွေဆယ်သိန်းတင် ကန့်ကွက်လွှာတင်သွင်းထားကြောင်း နေပြည်တော်ရှိ ကော်မရှင်ရုံးတွင် ရောက်ရှိနေသည့် ဒေါ်ဖြူဖြူသင်းက ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံတွင် ကန့်ကွက်လွှာ တင်သွင်းခံထားရသော ဒေါ်ဖြူဖြူသင်းကလည်း ကြံ့ခိုင်ရေးပါတီမှ ဒေါ်လဲ့လဲ့အေးကို ဘာသာရေးခုတုံးလုပ် မဲဆွယ်သည်ဟုဆိုကာ ပြန်လည် ကန့်ကွက်လွှာ တင်သွင်းလိုက်ကြောင်း သိရသည်။
"ကျမ အခုတင်ပဲ ကြံ့ခိုင်ရေးပါတီက ဒေါ်လဲ့လဲ့အေးကို ပြန်ပြီး တရားစွဲလိုက်တယ်။ အဓိက ဘာသာရေး အဆောက်အအုံတွေကို မဲဆွယ်မှုအတွက်သုံးတာ၊ နောက်ပြီး ဓမ္မာရုံတွေ ဆောက်ပေးတယ်၊ ဗလီဆောက်ပေးတယ်ဆိုပြီး ကြံ့ခိုင်ရေးက ဝေတဲ့ လက်ကမ်းကြော်ငြာတွေမှာ ထည့်သွင်းရိုက်နှိပ် မဲဆွယ်ထားတွေ အပါအ၀င် တရားမဲ့ ပြုကျင့်တာတွေအတွက် ကျမတို့ဘက်ကလည်း ကြံ့ခိုင်ရေးကိုယ်စားလှယ်ကို ပြန်ပြီး တရားစွဲထားပါတယ်။ ဒီနေ့ပဲ စွဲလိုက်တာပါ" ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒေါ်ဖြူဖြူသင်းကို ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားကြောင်း တရားဝင် အကြောင်းကြားထားပြီး ဖြစ်သော်လည်း ဦးဖြိုးမင်းသိန်း၊ ဒေါ်တင်တင်ရီနှင့် ဦးခင်မောင်သိန်းတို့ကို အကြောင်းကြားခြင်း မရှိသေးဟု သိရှိရသည်။
"ကျမကတော့ အကြောင်းကြားစာ ရထားပြီးပြီ။ ကျန်တဲ့သုံးဦးကတော့ ဒီနေ့ တရားဝင် စာထွက်မယ်လို့တော့ ကြားတယ်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားတဲ့ စာတွေတော့ ရွေးကောက်ပွဲကော်မရှင်ဆီ ရောက်နေပြီဆိုတာတော့ သိထားတယ်" ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။
ဦးဖြိုးမင်းသိန်းကမူ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ အောင်မြတ်သူက ကန့်ကွက်ထားသည်ဟုသာ ကြားသိထားပြီး တရားဝင် အကြောင်းကြားစာ မရရှိသေးဟု ဆိုသည်။
"ကျနော်ဆီကိုတော့ တရားဝင် အကြောင်းကြားတဲ့စာတော့ မရသေးဘူး။ ဒါပေမယ့် နေပြည်တော်မှာ ရောက်နေတဲ့ မဖြူဖြူသင်းဆီက သိရတာကတော့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားတာ ရှိတယ်လို့ သိရပါတယ်" ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။
ဧရာဝတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ကော်မရှင်က တစုံတရာ အတည်ပြုပြောဆိုခြင်း မရှိပေ။
ပြည်တွင်းနိုင်ငံရေးသမားတဦးက NLD အနေဖြင့် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းကို ပြန်လည်ကန့်ကွက်ခြင်းသည် အတိုက်အခံပါတီတရပ်၏ သဘောသဘာဝကို ပိုမိုပီပြင်စေသည်ဟု သုံးသပ်ပြောဆိုသည်။
"၂၀၁၀ တုန်းက ပြည်ခိုင်ဖြိုးက အင်အားကြီးပါတီ ဖြစ်တဲ့အပြင် အခုအချိန်မှာ အာဏာရပါတီဖြစ်နေပြီ။ ကြံ့ခိုင်ရေးက NLD အမတ်ကို မဲမသမာမှုရှိတယ်ဆိုပြီး တရားစွဲတာကို NLD က ပြန်ပြီးတော့ ကြံ့ခိုင်ရေးကို မသမာမှုနဲ့ တရားစွဲတယ်ဆိုတာက ဒါက ဒီမိုကရေစီစနစ်ပုံစံကို ပိုပြီးတော့ပီပြင်စေတယ်။ နိုင်ငံရေးပါတီ အချင်းချင်း Check and Balance ဖြစ်တယ်။ တခုပဲ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဘယ်ပါတီဘက်မှ မလိုက်ဘဲ တရားမျှမျှတတ ဆုံးဖြတ်ဖို့ပဲ အရေးကြီးတယ်" ဟု ၄င်းက ဆိုသည်။
လတ်တလောတွင် ဧပြီလ ၂၃ ရက်နေ့၌ ပြန်လည်စတင်သော လွှတ်တော်များသို့ ကျမ်းကျိန်လွှာ မပြင်ဆင်ပေးသေးသည့် ကိစ္စကြောင့် NLD အနိုင်ရအမတ်များက တက်ရောက်ခြင်း မရှိသေးပေ။
အောင်သက်ဝိုင်း (ဧရာဝတီ)
မအေးယုအောင် အိမ်ပြန်ရောက်ပြီ
Posted: 24 Apr 2012 08:08 PM PDT
ပဲခူးတိုင်း ပဲခူးမြို့ ဒုတိယမြို့နယ် တရားသူကြီး၏ ဇနီးက မီးပူဖြင့် လက်ရောက်ကျူးလွန်ပြီးနောက် အမှုမပေါ်ပေါက်စေရန် ထိန်းချုပ်ခြင်းကို ခံထားရသည်ဟု သတင်းထွက်နေသောအသက် ၁၅ နှစ် အရွယ်အိမ်ဖော် မအေးယုအောင် နေရပ်ရင်းသို့ ပြန်ရောက်ပြီဖြစ် ကြောင်း မိခင်ဒေါ်ကြူကြူက ပြောဆိုသည်။
မီးပူနှင့် အကပ်ခံရသည့် မအေးယုအောင် (ဓာတ်ပုံ - Facebook)
ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက်ရှိ တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်က ၎င်းတို့ထံတွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော မအေးယုအောင်အား မီးပူဖြင့် အရေပြားများ ပျက်စီးသည်အထိ ကျူးလွန်ခဲ့ပြီး တလခန့် မိဘထံ ပြန်မပို့ဘဲ ထိန်းသိမ်းထားပြီးနောက် ဒဏ်ရာများပျောက်ကင်းမှ ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူကပြောသည်။
"မနေ့ညနေပိုင်းက ဦးအောင်ဖုန်းဝင်းကိုယ်တိုင် သမီးကို ကားနဲ့လာပို့သွားတယ်။ ကလေးပြန်ရရှိကြောင်းလည်း လက်မှတ် ပြန်ထိုး ပေးလိုက်တယ်"ဟု ဒေါ်ကြူကြူက ဧရာဝတီသို့ ပြောသည်။
မအေးယုအောင် အိမ်သို့ ပြန်ရောက်လာသော်လည်း အမှုဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင် ဦးအောင်ဖုန်းဝင်းနှင့် ဒေါ်ဖြူဝင်းသက် တို့၏ နောက်ကွယ်မှ ထိန်းချုပ် ခြိမ်းခြောက်ထားခြင်းကို ခံထားရကြောင်းနှင့် စိတ်ကျမ်းမာရေးချို့ယွင်းမှုဖြစ်ပေါ်နေကြောင်း မိခင်ဖြစ် သူ ဒေါ်ကြူကြူက စွပ်စွဲ ပြောဆိုသည်။
"ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီး သမီးက မပြောပြချင်ဘူး။ ညရောက်မှ ချော့မေးကြည့်တော့မှ ဒေါ်ဖြူဝင်းသက်က သူမီးပူနဲ့ ကပ်တဲ့ ကိစ္စကို သူတို့မိသားစု တခုလုံး ဒုက္ခရောက်သွားမှာဖြစ်တဲ့အတွက် မပြောပါနဲ့ ဆိုပြီး သမီးဆီက ကတိတောင်းတယ် ပြောတယ်။ နောက် ဘုရားမှာ သစ္စာရေသောက်ပြီး ကျိန်ခိုင်းတယ်တဲ့။ ဒီဘဝတင် မကဘူး နောက်ဘဝထိပါ မပြောပါဘူး။ ပြောရင် ကျမတို့ မိသားစုလည်း ဒုက္ခရောက်ရပါစေဆိုပြီးတော့"ဟု ဒေါ်ကြူကြူက သမီးဖြစ်သူ ပြောပြချက်များကို ကိုးကား ပြောဆိုသည်။
ကျော်ခ (ဧရာဝတီ)
ထိုင်းစက်မှု ဥက္ကဌ ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင် ရှစ်ဆယ်ကျော် ရင်းနှီးမြုပ်နှံရန် လာရောက် ဆွေးနွေးမည်
Posted: 24 Apr 2012 07:20 PM PDT
ထိုင်းနိုင်ငံ စက်မှု အသင်းချုပ် ဥက္ကဋ္ဌ Mr. Payungsak Chartsutipol
ရန်ကုန်၊ ဧပြီ ၂၄
ထိုင်းနိုင်ငံ စက်မှု အသင်းချုပ် ဥက္ကဋ္ဌ Mr. Payungsak Chartsutipol ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင် ရှစ်ဆယ်ကျော်သည် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန်နှင့် ရင်းနှီးမြုပ်နှံရန် အတွက် လာရောက်မည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံမှ စုံစမ်းသိရှိ ရသည်။
အဆိုပါ စီးပွားရေး လုပ်ငန်းရှင် အဖွဲ့သည် ဧပြီလ ၂၅ ရက်နေ့ တစ်နာရီခွဲတွင် UMFCCI အသင်းချုပ်၌ မြန်မာ-ထိုင်း စီးပွားရေး လုပ်ငန်းများအလိုက် တွေ့ဆုံ ဆွေးနွေးရန် ရှိကြောင်း UMFCCI အသင်းချုပ်၏ သတင်း ထုတ်ပြန် ကြေငြာချက်အရ သိရသည်။
ယင်း စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့တွင် မော်တော်ယာဉ် အပိုပစ္စည်း စက်မှုလုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်ရေး စက်မှုလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ အလှကုန် လုပ်ငန်း၊ ရေနံ ဓာတုနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း၊ လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ စက်ပစ္စည်း၊ သကြား ထုတ်လုပ်မှု လုပ်ငန်း၊ သံ၊ စတီး စက်မှုလုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်း၊ ကြွေထည် မြေလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတို့ ပါဝင်ကြောင်း ယင်းထုတ်ပြန် ကြေငြာချက်တွင် ဆက်လက် ဖော်ပြထားသည်။
The Voice Weekly
မြစ်ကြီးနားမြို့တွင် ဗုံးပေါက်၊ ၃ဦးဒဏ်ရာရ
Posted: 24 Apr 2012 07:53 PM PDT
ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ မြစ်ကြီးနားမြို့ ဆေးရုံလမ်းထောင့်
ပေါက်ကွဲမှုဖြစ်ပြီး မိနစ်အတန်ကြာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ စစ်ဆေးနေကြစဉ်
ယနေ့နံနက် မြစ်ကြီးနားမြို့ တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးတနာရီကျော်အကြာ မြင်တွေ့ရပုံ
ဧပြီ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်၊ နံနက် ၈နာရီ၁၅ မိနစ်-ဆိုင်းဆွတ် YPI
ယနေ့နံနက် ၇နာရီခွဲက မြစ်ကြီးနားမြို့ ဆေးရုံထောင့် ယာဉ်ထိန်းရဲကင်း အနီး ဗုံးတလုံးပေါက်ကွဲရာ အနည်းဆုံး ၃ ဦးဒဏ်ရာရပြီး ယင်းတို့အနက် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားသူ တဦးပါဝင်ကြောင်း မျက်မြင်သက်သေများကပြောသည်။
မြစ်ကြီးနားမြို့ ဆေးရုံကြီးမှ ပြောဆိုချက်အရ ဗုံးပေါက်ကွဲမှုကြောင့် ဆေးရုံ...သို့ ဒဏ်ရာရရှိသူ ၃ ဦးရောက်ရှိလာသည်ဟု အတည်ပြုပြောဆိုသည်။
ဗုံးအမျိုးအစားနှင့် မည်သည့် အဖွဲ့အစည်းလက်ချက် ဖြစ်သည် ဆိုသည်တို့ကို မသိရှိရသေးပဲ လတ်တလော အဆိုပါ လမ်းထောင့်တွင် ယာဉ်ထိန်းရဲများ၊ လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား ကြည့်ရှုစစ်ဆေးနေသည်ကို တွေ့ရသည်။
ယခုလ ၁၄ ရက်နေ့ ညပိုင်းကလည်း မြစ်ကြီးနားမြို့ အထွက် ရထားလမ်းအနီး ဗုံးတလုံးပေါက်ကွဲ ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပေ။ ။
 Yangon Press International
တရားစီရင်ရေး မဏ္ဍိုင် ကြံ့ခိုင်ရေး အကြိတ် အနယ် ဆွေးနွေး
Posted: 24 Apr 2012 06:50 PM PDT
ပါလီမန် လွှတ်တော် အစည်း အဝေးတွေ ပြန်လည် ကျင်းပတဲ့ ဒုတိယမြောက် နေ့မှာ မြန်မာ့ လက်ရှိ တရား စီရင်ရေး စနစ် အတွင်း လာဘ်ပေး လာဘ်ယူမှုတွေ ရှိနေတာ၊ မမျှတ မှုတွေ ဖြစ်နေ တာကို ပြည်သူ့ လွှတ်တော် အမတ်တွေ အဓိက ဆွေးနွေး ခဲ့ကြ ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ကလည်း ဒုတိယ နေ့မှာ ဆွေးနွေးခဲ့
ကန်ပက်လက်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကို တင်သွင်း ခဲ့တဲ့ တရား စီရင်ရေး မဏ0x081ဍိုင် ဖြောင့်မတ် ကြံ့ခိုင် စေရေး ဝိုင်းဝန်း ကူညီ ထောက်မ ပေး ဆိုတဲ့ အဆိုကို လွှတ်တော် အမတ်တွေ က အထောက် အထားတွေနဲ့ တင်ပြ ဆွေးနွေး ခဲ့ကြ တယ်လို့ ကိုယ်တိုင် ပါလီမန်ထဲ မှာ သတင်း ရယူထားတဲ့ နေပြည်တော်ရောက် ဘီဘီစီ သတင်းထောက် ကိုချိုက ပြောပါတယ်။
တရားလွှတ်တော် ရှေ့နေ လည်းဖြစ် သင်္ဃာန်းကျွန်း မြို့နယ် လွှတ်တော် အမတ်လည်း ဖြစ်တဲ့ ဦးသိန်းညွန့်က တရားရုံး တွေမှာ တင်ထားတဲ့ ဆိုင်းဘုတ် တွေမှာ ရေးထား တာက တခြား၊ လုပ်နေတာက တခြား ဖြစ်နေ တယ်လို့ တင်ပြ ဆွေးနွေး သွားခဲ့ ပါတယ်။
အင်းတော် မဲဆန္ဒနယ်က အမတ် ဖြစ်သူ ဦးကျော်နိုင်ဌေး ကလည်း တရားရေး စနစ်မှာ လာဘ်ပေး လာဘ်ယူ ကိစ္စ အမြစ် တွယ်နေပေမဲ့ တရားသူကြီး တွေနဲ့ ရှေ့နေတွေ ဖြောင့်မတ် မှန်ကန်ဖို့ လိုတယ်လို့ ထောက်ပြ ဆွေးနွေး သွားခဲ့ ပါတယ်။
ပြည်ထောင်စု လွှတ်တော် မှာတော့ ထူးထူး ခြားခြား ဆွေးနွေးမှုတွေ မရှိခဲ့ပေမဲ့ သမ္မတက သဝဏ်လွှာတွေ ပေးပို့ပြီး မြန်မာ့ ဒီမိုကရေစီရေး လုပ်ဆောင်မှု တွေကို ရှင်းပြခဲ့တယ်လို့ သတင်းထောက် ကိုချိုက ပြောပါတယ်။
အဂင်0x081ါနေ့က လွှတ်တော်တွင်းမှာ အခုလို ဆွေးနွေးမှုတွေ ရှိခဲ့ကြ ပေမဲ့ မကြာသေးခင်က ပြုလုပ် ခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကအနိုင်ရ အမတ်တွေ ကတော့ ကျမ်း သစ0x081စာ ကျိန်ဆိုမယ့် စကားလုံး သုံး အနှုန်း ပြင်ဆင်ရေး ကိစ0x081စ ညှိနှိုင်းမှုတွေ မပြီးပြတ် သေးတဲ့ အတွက် လွှတ်တော် တွင်းကို ရောက် မလာကြ သေး ပါဘူး။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့ အခြေခံ ဥပဒေ အပါအဝင် ပြဌာန်း ဥပဒေတွေကို ပြင်ဆင် နိုင်ဖို့အတွက် အန်အယ်လ်ဒီ အမတ်တွေ လွှတ်တော်တွင်းကို အရင် လာပြီး လွှတ်တော်တွင်းက နေသာ လုပ်ဆောင် နိုင်မယ်၊ အခြေခံ ဥပဒေကို ပြည်ထောင်စု လွှတ်တော် ကသာ ပြင်ဆင်နိုင်တယ်လို့ ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ မှာ ပါတဲ့ အတိုင်း လွှတ်တော် အမတ် ၂၀ ရာခိုင်နှုန်းရှိရမယ်၊ လောလောဆယ်မှာ အဲဒီလောက် မရှိတဲ့ အတွက် ပြင်ဆင်နိုင်ရေးမှာ အခက်အခဲ ရှိနိုင်တယ် ဒါပေမယ့် လွှတ်တော်တွင်မှာ ပါတီပေါင်းစုံနဲ့ ညှိနှိုင်းပြီး အပြန်အလှန် နားလည်မှု ရယူ ဆောင်ရွက်နိုင်အောင် ကြိုးစား သင့်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
တရုတ်က မြေသိမ်းတဲ့ အရာရှိတွေကို အရေးယူ
Posted: 24 Apr 2012 06:50 PM PDT
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး ဝုကန်ရွာသားတွေ ဆန္ဒပြခဲ့ကြ
တရုတ်နိုင်ငံမှာ ဟိုးလေး တကျော်ဖြစ်ခဲ့တဲ့ မြေသိမ်းခံရွာသားတွေ ဆန္ဒပြကြတဲ့ကိစ္စမှာ တရုတ် အာဏာပိုင်တွေက တာဝန်ရှိတဲ့ ရွာလူကြီးတွေကို အခုတော့ အရေးယူလိုက်ပါပြီ။
တရုတ်တောင်ပိုင်း ဝုကန်ရွာက ခေါင်းဆောင် ဟောင်း နှစ်ဦးကို မြေသိမ်းမှု၊ ရွေးကောက်ပွဲ မဲမသာမှုတွေနဲ့ တရုတ် ကွန်မြူနစ် ပါတီထဲကနေ ထုတ်ပယ်ပစ်လိုက်ပါတယ်။
နောက်ထပ် အစိုးရ အရာရှိ နှစ်ဦးလည်း အပြစ်ပေးခံရပါတယ်။
မြေသိမ်းခံရတဲ့ ဝုကန်ရွာသားတွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စပြီး စုဝေး ဆန္ဒပြမှုတွေ ဆက်တိုက် လုပ်ခဲ့ကြပါတယ်။
အဲဒီ နောက်ပိုင်း အာဏာပိုင်တွေဟာ ရွာသားတွေကို သူတို့ကြိုက်တဲ့ ခေါင်းဆောင်သစ်တွေ ရွေးကောက် တင်မြှောက် ခွင့်လည်း ပေးခဲ့ပါတယ်။
ဘီဘီစီ(မြန်မာပိုင်း)
သဘာဝဓါတ်ငွေ့တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃ ဘီလျံခွဲကျော် ရရှိ
Posted: 24 Apr 2012 06:36 PM PDT
ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့မြေ
မြန်မာနိုင်ငံဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ သဘာဝဓါတ်ငွေ့တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃ ဘီလျံခွဲကျော် ရရှိခဲ့ကြောင်း ဆင်ဟွာသတင်းမှာ ရေးသားထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်နဲ့နှိုင်း ယှဉ်ရင် အမေရိကန်ဒေါ်လာ သန်း ၆၄၀ ပိုများတယ်လို့ ဆိုပါတယ်။
 လောလောဆယ် ရဲတံခွန်နဲ့ ရတနာ ဓါတ်ငွေ့စီမံကိန်းကနေ ပြည်ပကို ဓါတ်ငွေ့အများဆုံး တင်ပို့နေပြီး လာမဲ့ ၂၀၁၃ မှာတော့ ရွှေနဲ့ ဇောတိက စီမံကိန်းတွေကနေ တင်ပို့သွားမယ်လို့ သိရပါတယ်။
 ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအထိ မြန်မာ့ရေနံနဲ့ သဘာဝ ဓါတ်ငွေ့လုပ်ငန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၄ ဘီလျံနီးပါး ( 13.815 billion ) ရရှိခဲ့ကြောင်း အစိုးရစာရင်းအင်းဌာနကို ကိုးကားပြိး ဆင်ဟွာသတင်းမှာ ရေးသားထားပါတယ်။
 ဒီဗွီဘီ
ထိုင်းနိုင်ငံ လွှတ်တော်တွင်း ညစ်ညမ်း ဓါတ်ပုံ ပြသမှု ပညာရှင် အဖွဲ့မှ စစ်ဆေးမှု ပြုလုပ်ပြီ
Posted: 24 Apr 2012 06:28 PM PDT
381631လွှတ်တော် အတွင်း၌ ညစ်ညမ်း ဓါတ်ပုံကို Plasma ဖန်သားပြင်ပေါ်တွင် ပြသ ခဲ့ခြင်းနှင့် ပတ်သက်၍ CAT Telecom နှင့် ပါလီမန် အိမ်တော် IT ကျွှမ်းကျင် ပညာရှင်များ အဖွဲ့မှ ယမာန်နေ့က စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါ ညစ်ညမ်း ဓါတ်ပုံသည် ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့၌ လွှတ်တော် ကိုယ်စားလှယ်များ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်နေစဉ် ငါးစက္ကန့်ခန့် ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ရုံး အိမ်တော် အရာရှိချုပ် Khamphi Ditthakorn က "မနေ့က ကျွန်တော်တို့ ကျွှမ်းကျင် ပညာရှင်အဖွဲ့ကို ဖိတ်ပြီးတော့ ဧပြီလ (၁၆) ရက်နေ့က လွှတ်တော်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ညစ်ညမ်းဓါတ်ပုံ ပြသမှုဖြစ်ရပ်ကို စစ်ဆေးမှုတွေ ပြုလုပ် စေခဲ့ပါတယ်။ စစ်ဆေး တွေ့ရှိချက် အရတော့ ဒီညစ်ညမ်း ဓါတ်ပုံဟာ လွှတ်တော် စတီရီယိုခန်း တာဝန်ကျ အမှုထမ်းက ထုတ်လွှင့်ခဲ့တာ မဟုတ်ဘူး ဆိုတာကို တွေ့ရတယ်" ဟု ပြောဆို သွားပါသည်။
ပညာရှင် အဖွဲ့များသည် လွှတ်တော် စတီရီယိုခန်း တာဝန်ကျ အမှုထမ်း၏ Smartphone နှင့် မိုဘိုင်းဖုန်း အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ iPhone, Samsung Galaxy Notes, Samsung Galaxy Tabs နှင့် iPad များ အပါအဝင် Smartphone များနှင့် Tablets အများအပြားကို စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြသည်။ တစ်နာရီကြာ နည်းပညာရပ်များ စစ်ဆေးမှုအပြီး၌ လွှတ်တော် စတီရီယိုခန်းများမှ အမှုထမ်းများမှ ပေးပို့ ထုတ်လွှင့်ခဲ့ခြင်း မဟုတ်ကြောင်း ပညာရှင်များအဖွဲ့မှ ကောက်ချက်ချခဲ့သည်။
20120424.093914_samsung
ကျွှမ်းကျင် ပညာရှင် အဖွဲ့မှ ယမာန်နေ့က လွှတ်တော်အတွင်း
နည်းပညာ စစ်ဆေးမှုများ ပြုလုပ်ခဲ့စဉ် (ဓါတ်ပုံ - အင်တာနက်)
ပညာရှင်များအဖွဲ့မှ Samsung Galaxy Notes နှင့် Samsung Galaxy Tabs အမျိုးအစား နှစ်မျိုးသာလျှင် "All Share" ပရိုဂရာမ်ကို အသုံးပြုကာ ဒေတာ ပေးပို့မှုများကို Password မလိုအပ်ပဲ ပေးပို့နိုင်ကြောင်း တွေ့ရှိခဲ့သည်။ Samsung Devices ၏ ဒေတာ ထုတ်လွှင့်မှု signals များကို စစ်ဆေးအပြီး၌ ပညာရှင်အဖွဲ့မှ ထိုသို့ ထုတ်ဖော် ပြောကြားခြင်း ဖြစ်သည်။
သို့သော် ထိုညစ်ညမ်း ဓါတ်ပုံအား Wi-Fi system ဖြင့် ပေးပို့ကာ လွှတ်တော်ရှိ Plasma ဖန်သားပြင်ပေါ်တွင် ပြသခဲ့သူ၏ ဖုန်းနံပါတ်ကိုမူ မစစ်ဆေး နိုင်သေးကြောင်း သိရှိရပါသည်။ ထိုသို့ သဲလွန်စ ရပြီးနောက် ဖုန်းနံပါတ်နှင့် ပိုင်ရှင်ကို တစ်ရက်အတွင်း သိရှိနိုင်မည် ဖြစ်ကြောင်း ပညာရှင် အဖွဲ့မှ ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ထိုညစ်ညမ်းဓါတ်ပုံ ပေးပို့ပြသခဲ့ခြင်းအပေါ် အတိုက်အခံ ဒီမိုကရက်ပါတီ၏ လက်ချက် ဖြစ်ဖွယ်ရှိကြောင်း ထင်ကြေးပေးနေကြသည်။
381113
လက်သည်အဖြစ် ထင်ကြေးပေးခံရသူ ဒီမိုကရက်တစ် ပါတီ၏ ဗန်ကောက် အမတ်
မစ္စတာ Nat Bantadtan အား ညစ်ညမ်းပုံ ကြည့်နေစဉ် မှတ်တမ်း တင်ထားပုံ
(ဓါတ်ပုံ - အင်တာနက်)
ထိုကိစ္စနှင့် ပတ်သက်၍ အတိုက်အခံပါတီ ခေါင်းဆောင် မစ္စတာ အဖိဇစ် ဝေ့ချာချီဝမှ " ကျွန်တော်တို့ပါတီအနေနဲ့ ကျွန်တော်တို့ရဲ့ ဗန်ကောက်မြို့တော် အမတ်ဖြစ်တဲ့ Nat Bantadtan ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ကြိုဆိုပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုကို ပူးပေါင်းပါဝင် ဖို့လည်း ဗန်ကောက်မြို့တော် အမတ်ကို ကျွန်တော် ပြောထားပြီးပါပြီ။ အကယ်၍ သူလက်ချက် ဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ပြသနိုင်ရင် ကျွှန်တော်တို့ပါတီရဲ့ စည်းမျဉ်း စည်းကမ်းများအတိုင်း အရေးယူရပါလိမ့်မယ်" ဟု ပြောဆိုသွားခဲ့ပါသည်။
ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့သည့်နေ့၍ မစ္စတာ Nat သည် မိမိ၏ ဖုန်းပေါ်၌ ညစ်ညမ်း ဓါတ်ပုံများကို ကြည့်ရှူ့နေသည်ကို အမည်မဖော်လိုသည့် ဓါတ်ပုံသတင်းထောက် တစ်ဦးက ဓါတ်ပုံရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။ ဖန်သားပြင်ပေါ်၍ ပေါ်ခဲ့သည့် ညစ်ညမ်း ဓါတ်ပုံမှာ တစ်ဝက်ခန့် ဝတ်လစ်စလစ် မိန်းမပျို တစ်ဦးပုံဖြစ်၍ ထိုအဖြစ်အပျက်ကြောင့် လွှတ်တော် အမတ်များ အံ့အားသင့်ခဲ့ကြပြီး လွှတ်တော် တွင်း၌ အကြီးအကျယ် ဂယက်ရိုက်ခတ်မှု ခံခဲ့ရကြောင်း သိရှိရပါသည်။
ရွှေဟင်္သာသတင်းဌာန
မတ္တရာမြို့လယ်ခေါင်ရှိ တရားမ၀င် ဓါတ်ဆီဆိုင်များကို အာဏာပိုင်များ မသိချင်ယောင်နေ
Posted: 24 Apr 2012 06:11 PM PDT
မန္တလေးတိုင်း   မတ္တရာမြို့ အမှတ်(၂)နယ်မြေ၊ ဘူတာရပ် အထင်ကရ လမ်းမကြီး (ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး) ဘေးတွင် Top Cafe ဆိုင်ပိုင်ရှင် ဦးနေ၀င်း သည် 
လက်ဖက်ရည်ဆိုင်ကို အကြောင်းပြုပြီး တရားမ၀င် ဓါတ်ဆီဒီဆယ်ဆီများ သိုလှောင်
လျှက်   (ဂါလံခွက်များရှေ့ချလျှက်) ပေါ်ပေါ်တင်တင်ရောင်းချပေးလျှက် ရှိပါသည်။ 
သို့သော်  မည်သည့် စည်ပင်သာယာ၊ မီးသတ်၊ ရယက၊ မယက အုပ်ချုပ်ရေးမှုးကမျှ
မတားဆီးတာကို တွေ့ရပါတယ်။
( မြို့နယ်အုပ်ချုပ်ရေးမှုး-ဦးအောင်ဆွေမြင့်၏ ကားများပင်လျှင် အဆိုပါဆိုင်မှာ
(အခမဲ့) ဆီဖြည့်တာ မကြာခဏတွေ့ရသကဲ့သို့ ၄င်း၏အလှူတွင်လည်း ကူညီသော
ကားများကို အဆိုပါ(တရားမ၀င်ပေါ်တင်) ရောင်းနေသော တော့ပ်ကဖေး-ဆီဆိုင်မှ ထည့်ပေးတာတွေ့ရပါတယ်။)
ထိုနည်းတူ ဘူတာပေါက်မှ ဒေါ်အမီနာသည်လည်း ထိုဆိုင်ကဲ့သို့ပင် တရားဝင်ကဲ့သို့ 
ရောင်းချနေသော်လည်း မည်သည့်အာဏာပိုင်ကမျှ မတားဆီးတာကို တွေ့ရပါသည်။
ထိုသို့တရားမ၀င်ရောင်းချသဖြင့် မတ်လတတိယပတ်က တော့ပ်ကဖေးဆိုင်အတွင်း 
မီးလောင်မှုဖြစ်ပွားခဲ့ရာ ရဲစခန်းနှင့် မီးသတ်တို့အား ၁၅သိန်းစီပေးရကြောင်း ပိုင်ရှင်
 ဦးနေ၀င်းက လူအများကို ၀မ်းသာအားရ ရှင်းပြပီး အရောင်းအ၀ယ်မပျက်(ယနေ့
အထိ ဆက်လက်ရောင်းချနေသည်မှာ လည်း အံ့သြစရာပင် ဖြစ်ပါသည်။ )
ထိုမျှ အန္တရယ်ရှိလှသော လုပ်ငန်းကို အာဏာပိုင်များက မတားဆီးသည့်အပြင်
အဆိုပါတရားမ၀င်
ဆီရောင်းချသူဦးနေ၀င်းက ၄င်းဆိုင်အနီးတွင် (ဘူတာကြီးနှင့် 
မျက်နှာချင်းဆိုင်)တွင် ဓါတ်ဆီဆိုင်အသစ်ဖွင့်လှစ် မည်ဖြစ်ကြောင်း သတ္တုတွင်း
ကို သိန်း ၁၀၀ စွမ်းအင်ဝန်ကြီးဌာနကို သိန်း ၁၀၀ ပေးပြီးဖြစ်ကြောင်း ဆီကန်ကြီးပြု
လုပ်ပြီး အဆိုပါနေရာတွင်ထားရန် အဆင်သင့်အနေအထား ဖြစ်နေပြီ ဖြစ်ကြောင်း
 တွေ့ရပါသည်။
မြို့လယ်ခေါင်တွင် ဘယ်သူမှ ဆီဆိုင်ပါမစ်ချပေးတာ မဖြစ်နိုင်သော်လည်း
ထိုလော
ဘဇော်မသတ်နိုင်သူ ကဖြင့်မကြာမီ ရောင်းချတော့မည့်အနေအထားပင်
ရောက်ရှိနေသဖြင့် မြို့နေလူထုမှ မီးဘေးစိုးရိမ်လျှက် (အာဏာပိုင်များကိုလဲ
အားမကိုးရသဖြင့်) ကူကယ်ရာမဲ့ ဖြစ်နေလေသည်။
မြို့နေလူထုအနေနှင့် သတိအနေအထားဖြင့် စောင့်ကြည့်လျှက်ရှိပြီး
ဆီဆိုင်ဖွင့်ဖြစ်မည်ဆိုပါက   ရအောင်တားဆီးသွားမည်ဖြစ်ကြောင်း တင်ပြ
လိုက်ပါသည်။
ဧရာဝတီတိုင်း ကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဌအား လိုအပ်သလိုအရေးယူပေးပါရန်တိုင်ကြားခြင်း
Posted: 24 Apr 2012 06:00 PM PDT
ဧရာဝတီတိုင်းမှာ ကွန်ပျူတာ လုပ်ငန်းငန်းရှင် အသင်းနဲ့ ကွန်ပျူတာပညာရှင်အသင်းမှာ ဦးမောင်မောင်ဦးနဲ့ ဒေါ်မြတ်မြတ်မိုးဆိုတဲ့ လင်မယားနှစ်ယောက်က အသင်းအဖွဲ့ခုတုံးလုပ်ပြီး ထင်ရာစိုင်းနေပါတယ်။
ဧရာဝတီတိုင်းမှာ ကွန်ပျူတာ လုပ်ငန်းငန်းရှင်အသင်းမှ မတ်လတုန်းက ပြပွဲပြုလုပ်သွားပါတယ်။ အသင်းဥက္ကဌဦးမောင်မောင်ဦး မှ ကျွန်တော်တို့ EC အလုပ်မှုဆောင်တွေကို အရေးကြီးတဲ့ကိစ္စဘာတစ်ခုမှတိုင်ပင်ညှိနှိုင်းတာမလုပ်ဘဲ  သူတို့ စိတ်တိုင်းကျလုပ်ခဲ့ပါတယ်။
 နောက်ပြီးပြပွဲပြီးလို့ ငွေစာရင်းရှင်းတမ်းလည်း ဘာမှအသိပေးတာမရှိဘဲ သူတို့လုပ်ထားတဲ့ ရှင်းတမ်းတွေကို စာရင်းစစ်တွေနဲ့ ဘဏ္ဍာရေးမှူးတွေကို လက်မှတ်ထိုးခိုင်းပါတယ်။
စာရင်းတွေက ပြခန်းဖိုးတွေပိုက်ဆံမသွင်းတာ၊ company တွေက စပွန်ဆာရတာတွေမသွင်းတာအပါအ၀င် စာရင်းဖျောက်ထားတာတွေအများကြီးပါ။
အသေးစိတ်ကို ဧရာဝတီတိုင်း ကွန်ပျူတာ လုပ်ငန်းငန်းရှင်အသင်းမှ သက်ဆိုင်ရာဌာနတွေကို တိုင်ထားတဲ့ တိုင်စာမှာ ဆက်လက်ဖတ်ရှုပါ။
Ayeyarwady MCIA
နှစ်ဆန်း တစ်ရက် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်ဆိုင်းရေး လူပ်ရှားမူ လူပေါင်းရာချီ၍ ပူးပေါင်းပါဝင်
Posted: 24 Apr 2012 05:41 PM PDT
ဧပြီလ ၁၇ ရက်နေ့က ရခိုင် ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း ရပ်ဆိုင်းရေး အတွက် စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော လူပ်ရှားမူ အတွင်း ဒေသခံ ပြည်သူများ ရာချီ၍ တက်ကြွစွာ ပူးပေါင်း ပါဝင်ခဲ့သည်။
 စစ်တွေတွင် ဤကဲ့သို့ နှစ်ဆန်း တစ်ရက်နေ့က လူပ်ရှားခဲ့ကြသည်။
ရက္ခအလင်းတန်း အဖွဲ့မှ ဦးဆောင် ပြုလုပ်သော တီရှပ် အကျီင်္များ ဆင်တူ ၀တ်ဆင်ပြီး လူပ်ရှားမူ ပြုလုပ်ရာတွင် ထိုသို့ ပြည်သူများ ပူးပေါင်း ပါဝင်လူပ်ရှားခဲ့ကြခြင်း ဖြစ်ကြောင်း ပါဝင်လူပ်ရှားခဲ့သူ ကိုစိုးမြကျော်က ပြောသည်။
" ကျွန်တော်တို့က မိမိ အသိစိတ်ဓါတ်နဲ့ ပူးပေါင်း ပါဝင် လူပ်ရှားတာ ဖြစ်ပါတယ်။ ရခိုင်ပြည်သူတွေ အကျိုး တစ်စုံတစ်ရာ မခံစားရတဲ့ ဒီစီမံကိန်းကို ကျွန်တော်တို့ အလိုမရှိဘူး။ ဒါကြောင့် ကန့်ကွက်ဖို့ လိုအပ်တယ်လို့ ထင်မြင်တဲ့ အတွက် ပူးပေါင်း ပါဝင် ကန့်ကွက်တာ ဖြစ်ပါတယ်" ဟု ပြောသည်။
ဒေသခံ လူငယ် အများအပြားသည် " Our gas, Our Future" ဟု စာတန်းပါ တီရှပ် အကျီင်္များကို ဆင်တူ ၀တ်ဆင်ပြီး သံချပ်များထိုး၍ စစ်တွေမြို့ အနှံ့ လျှောက်လည်ကာ လူပ်ရှားခဲ့ကြသည်ဟု သူက ဆက်ပြောသည်။
" ကျွန်တော်တို့က တစ်မြို့လုံးကို အင်္ကျီတွေကို ဆင်တူ ၀တ်ဆင်ပြီး ရက္ခပူရ မြင်ကွင်း သံချပ်တွေထိုးကာ လျှောက်လည်ကြပါတယ်။ အစိုးရရုံးတွေရှေ့ကိုလည်း ရောက်ပါတယ်။ အရေးကြီးပြီး လူစည်ကားတဲ့ နေရာတိုင်းကို သွားကြပါတယ်။ ဟန့်တား နှောင့်ယှက်မူတွေလည်း မခံရပါဘူး။ အစိုးရက အရင်ထက် စာရင် သဘောကောင်းလာပါတယ်" ဟု သူက ပြောသည်။
နှစ်ဆန်း တရက်နေ့တွင် ရွှေဂတ်စ် ရပ်တန့်ရေး လူပ်ရှားမူ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ရက္ခ အလင်းတန်း တာဝန်ရှိသူ တစ်ဦးကို မေးမြန်းရာ အဖွဲ့ ခေါင်းဆောင် ဖြစ်သူ ဒေါ်မာမာကျော်ဇော က ယခုလို နိရဉ္စရာသို့ ပြောသည်။
" သာမန်နေ့တွေမှာ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်တန့်ရေး အတွက် ကျွန်မတို့ တော်တော် များများ လူပ်ရှားမူတွေ ပြုလုပ်လာခဲ့ပြီး ဖြစ်ပါတယ်။ အဲသလို နေ့တွေမှာ လုပ်ရင် ဟန့်တားတာတို့၊ နှောင့်ယှက်တာတို့ ရှိတဲ့ အတွက် သင်္ကြန်ကာလ နှစ်ဆန်း တစ်ရက်နေ့ကို ရွှေးပြီး စစ်တွေမှာ ပြုလုပ် တာ ဖြစ်ပါတယ်။ ခုလူပ်ရှားမူမှာ ဘာမှ နှောင့်ယှက်တာ၊ တားဆီးတာတွေ မရှိပါဘူး" ဟု ပြောသည်။
ရက္ခအလင်းတန်း အနေဖြင့် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်တန့်ရေး အတွက် အစိုးရအား တောင်းဆို ဆန္ဒပြမူများ နေရာ အများအပြားတွင် အကြိမ်ကြိမ် ပြုလုပ် လာခဲ့ပြီ ဖြစ်သော်လည်း အစိုးရ တာဝန်ရှိသူများမှ အပြုသဘော တုန့်ပြန်မူများကို ယခုအချိန်ထိ ရရှိခြင်း မရှိသေးသဖြင့် သူတို့အနေနှင့် ဆက်လက် တွန်းအားမြှင့် လုပ်ဆောင်သွားမည်ဟု သူမက ဆက်ပြောသည်။
" အခု အခြေအနေမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကလည်း ရခိုင်ပြည်နယ် အတွင်း ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် စာတန်းဖတ်တာတို့၊ တောင်းဆိုတာတို့ ပြုလုပ်နေပါတယ်။ ကျွန်မတို့ကလည်း တောင်းဆို လူပ်ရှားနေပါတယ်။ ဒါပေမယ့် အခုအချိန်ထိ ဘာမှ ထူးခြား ပြောင်းလဲမူ ရှိမလာသေးပါဘူး။ လူတွေက ကျွန်မတို့ လူပ်ရှားမူ ပြုလုပ်တာတွေကိုဘဲ မြင်နေကြတယ်။ အစိုးရဘက်က ဘာမှ လုပ်မပေးတာကျတော့ မမြင်ကြဘဲ ဖြစ်နေပါတယ်" ဟု ပြောသည်။
ရက္ခအလင်းတန်း အဖွဲ့သည် ယခုနှစ် သင်္ကြန်တွင် ရက္ခပူရ မြင်ကွင်း ရခိုင်သင်္ကြန် သံချပ်ခွေ တစ်ခုကိုလည်း ဖြန့်ချီခဲ့ပြီး ရခိုင်ပြည်သူများ၏ ကြုံတွေ့နေရသော ဒုက္ခ အ၀၀ကို သံချပ်မှ တဆင့် ပြည်သူများသို့ တင်ပြခဲ့သည်ဟု သူမက ပြောသည်။
ရက္ခအလင်းတန်း အဖွဲ့သည် ဧပြီလ ၁၉ ရက်နေ့ကလည်း မောင်တောမြို့တွင် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်တန့်ရန် လူပ်ရှားမူ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။
နိရဉ္စရာ
ဂက်စ်ပိုက်လိုင်းအတွက်လျော်ကြေး ဒေသခံမကျေနပ် သျှမ်းပြည်ဝန်ကြီးချုပ်ထံစာတင်
Posted: 24 Apr 2012 05:38 PM PDT
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ဆိုင်းခေါင်ဝ်အုပ်စု ဒေသခံများ၏ဂက်စ်ပိုက်လိုင်းဖြတ်သန်း မှုလျော်ကြေးငွေများအပေါ် မြေတိုင်းဦးစီးမှူးနှင့်အဖွဲ့က ဖြတ်စားသည့်အပြင် အသေးစိတ်စာရင်းကိုလည်း လယ်ယာပိုင်ရှင်များအား ရှင်းလင်းချပြခြင်း မရှိကြောင်း ဒေသခံများကပြောသည်။
0204
"နမ္မတူမြို့နယ် ဆိုင်းခေါင်ဝ်အုပ်စု ပန်မန့်ရွာသား ၄ ယောက်၊ ပိန်းကျောင်းရွာသား ၁ ယောက်။ သူတို့ရဲ့လယ်မြေတွေမှာ ဂက်စ်ပိုက်လိုင်းချတော့ မနှစ်က အောက်တိုဘာလက မြေတိုင်းဦးစီးမှူး ဦးဝင်းနိုင် မြင့်နဲ့အဖွဲ့ လျော်ကြေးပေးတယ်။ ဒါပေ မယ့် လျော်ကြေးရဲ့ ၂၀ % ကနေ  ၃၀% ကို  ဖြတ်ယူတယ်။ ရွာသားတွေကနေ လျော်ကြေးပေးတဲ့ စာရင်းတောင်းကြည့် တော့လဲ မပေးဘူး။ ဒီအတွက် ရွာသားတွေက မကျေနပ်လို့ သျှမ်းပြည်ဝန်ကြီးချုပ်ဆီကိုစာတင်ကြတယ်" ဟု နမ္မတူဒေသခံ စိုင်းခမ်းကပြောသည်။
ဖြတ်ယူထားသောလျော်ကြေးငွေများအား ဝေငှယူသည့် အာဏာပိုင်များမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ငွေ၊ မြေတိုင်း ဦးစီးမှူး ဦးဝင်းနိုင်မြင့်၊ ဆိုင်းခေါင်ဝ်အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြနှင့် စာရေးမ ဒေါ်ဝင်းဝင်းစိုး တို့ဖြစ်ကြောင်း၊ နမ္မတူမြို့နယ် ဆိုင်းခေါင်ဝ်အုပ်စုအတွင်း ပိုက်လိုင်းဖြတ်သန်းခံရသော လယ်မြေခန့်မှန်းခြေ ဧက ၆၀ ဝန်းကျင်ရှိပြီး လယ်ပိုင်ရှင် ၃၀ ဦး၏ လယ်မြေများဖြစ်ကြောင်း စိုင်းခမ်းကပြောသည်။
ပိန်းလောင်းရွာသားတဦးကမူ ၎င်း၏ ဒညင်းသီးခြံမှ ဒညင်းပင် ၁၈ ပင်ပါသွားရာ လျော်ကြေးမှာမူ ၁၄ ပင်စာသာရကြောင်း၊ အာဏာပိုင်များထံ ဆက်သွယ်မေးမြန်းရာ ၄ ပင်စာမှာအာဏာပိုင်များမှဖြတ်ယူထား လိုက်ပြီဟု ပြောကြောင်း၊ ထို့အတွက် ပြန်လည်ရရှိရန်နှင့် လျော်ကြေးစာရင်း အသေးစိတ်ရှင်းလင်းပြသပေး ရန်အတွက် သျှမ်းပြည်ဝန်ကြီးချုပ်ထံ ဧပြီလ ၂၃ ရက် က တိုင်ကြားလိုက်ပြီဖြစ်ကြောင်း  တိုင်ကြားသည့် လယ်ပိုင်ရှင် ၅ ဦး အနက် တဦးကပြောသည်။
"ကုမ္မဏီက ပြောတုန်းက ၅ နှစ်စာအတွက် လျော်ပေးမယ်လို့ပြောတယ်။ ခုကျတော့ စာရင်းမရှိဘာမရှိနဲ့ဘာ အတွက် လျော် တာလဲ မြေအတွက်လား သီးနှံအတွက်လား ဘယ်လောက်လျော်ပေးလဲ အာဏာပိုင်တွေက ဘယ်လောက် ဖြတ်ယူထားလဲ စသဖြင့်ပေါ့။ အတိအကျသိချင်နေကြတယ်" ဟု စိုင်းခမ်းကပြောသည်။
အဆိုပါကိစ္စများအတွက် ယခင်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ငွေနှင့် ကျားဖြူပါတီလွှတ်တော်အမတ် နန်းခမ်းအေး ထံ လည်း အကြိမ်ကြိမ်တိုင်ကြားခဲ့ကြောင်း၊ ယခုတကြိမ် ပိုမိုထိရောက်အောင် လယ်ပိုင်ရှင် ကိုယ်တိုင် သျှမ်းပြည်ဝန်ကြီးချုပ်ထံ သွားရောက်တိုင်ကြားခြင်းဖြစ်ကြောင်း နမ္မတူဒေသခံတဦးက လည်းပြော၏။
၂၀၁၁ ဒီဇင်ဘာလကလည်း နမ္မတူမြစ်ကို   မြစ်ရေစီးကြောင်း လွှဲပြောင်းရန် မြစ်ကမ်းဘေးရှိ ဒေါ်မြဦးဆာ၊ ဦးအိုက်ထွန်း၊ စိုင်းပန်းလူနှင့်ဦးဆန်လူ တို့၏လယ်ယာခြံမြေများကို ပိုင်ရှင်များအား အသိမပေးဘဲ  ကြိုးနီခတ်  သိမ်းယူလိုက်ကြောင်း၊ ဆိုင်းခေါင်  အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြ၊ ပိန်းလောင်းရွာလူကြီးဦးစံငြိမ်း၊ တရုတ်ကုမ္ပဏီက တာဝန်ခံနှင့် တရုတ်စကား ပြန်များက အဆိုပါ မြေပိုင်ရှင် လေးဦးကို စီမံကိန်းရုံးသို့ခေါ်ယူပြီး မြေများကို သိမ်းယူတာမဟုတ်  ၊ ၆ လတာကာလအတွက် ခေတ္တ ငှားရမ်းခြင်းဖြစ်ကြောင်း၊ စီမံကိန်း ပြီးဆုံးပါက ပြန်လည်ရယူ စိုက်ပျိုးနိုင်ကြောင်း ပြောကာ လျော်ကြေးငွေ အနည်း အကျဉ်း ပေးချေပြီး တရုတ်ဘာသာဖြင့် ရေးထားသော စာရွက်၌ လက်မှတ် ရေးထိုးခိုင်းကြောင်း www.kawli.info ကော့လီမီဒီယာက ရေးသားပါသည်။
သျှမ်းသံတော်ဆင့်