သစ်ထူးလွင် |
- "The Lady" ရုပ်ရှင်ဇာတ်ကားကို HD Quality ဖြင့် အစအဆုံး ကြည့်ရှုနိုင်ပါပြီ
- “သာဓုပါဗျာ” သံချပ်အဖွဲ့  ၏တင်ဆက်မှုကို အားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည် (ရုပ်/သံ)
- “သာဓုပါဗျာ” သံချပ်အဖွဲ့  ၏တင်ဆက်မှုကို အားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ)
- ပုဂံမြို့၊ ယွန်းပညာကောလိပ်၏ သတ္တမအကြိမ် ဒီပလိုမာအောင်လက်မှတ်အပ်နှင့်ပွဲကျင်းပ
- အနောက်နိုင်ငံတချို့ မြန်မာအပေါ် ပိတ်ဆို့မှုများ စတင်ရုပ်သိမ်း
- ပွင့်လင်းသင်္ကြန် မဏ္ဍပ် မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့ လာရောက် ဖျော်ဖြေ (ရုပ်/သံ)
- ကင်ဂျုံအွန်း လူထုကို ပထမဦးဆုံး မိန့်ခွန်းပြောကြား
- မင်းကိုနိုင် တို့ သံချပ်အဖွဲ့ ကို တိုက်ခိုက်သူတွေ သံလျှင်ရဲစခန်းက လိုက်လံဖမ်းဆီးလျှက်ရှိ ညနက်ပိုင်းအထိ (၇) ဦး ဖမ်းဆီးမိထား
- ကိုမင်းကိုနိုင် နှင့် သံချပ်ဖျော်ဖြေရေး အဖွဲ့ သံလျှင်မှာ တိုက်ခိုက်ခံရ
- သုံးခွမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာမှာ သောက်သုံးရေ ရှားပါးမှု့ ဖြစ်ပေါ်နေ
- သင်္ကြန်မှာ ဖော်ချွတ်ခြင်းအကြောင်း အက်ဆေး [သွန်းနေစိုး]
- ကိုမင်းကိုနိုင် ဦးဆောင်တဲ့ သင်္ကြန်သံချပ် အဖွဲ့ သင်္ကြန် ဒုတိယ အကြတ်နေ့ ဖျော်ဖြေမှု (ရုပ်/သံ)
| "The Lady" ရုပ်ရှင်ဇာတ်ကားကို HD Quality ဖြင့် အစအဆုံး ကြည့်ရှုနိုင်ပါပြီ Posted: 16 Apr 2012 04:56 AM PDT "The Lady" ဇာတ်ကားကိုကြည့်ရှုရန် ဒီနေရာကိုနှိပ်ပါ နိုင်ငံတကာမှာရုံတင်ပြသပြီးပေမယ့်..မြန်မာနိုင်ငံမှာ..ခုချိန်ထိပြသနိုင်ခြင်းမရှိသေးတဲ့....ဒေါ်အောင်ဆန်းစုကြည့်ရဲ့အကြောင်းကိုရိုက်ကူးထားသော " The Lady " ရုပ်ရှင်ဇာတ်ကားကို Online ကနေ HD Quality ဖြင့်ကြည့်ရှုနိုင်ပါပြီ။ ကြာမြင့်ချိန် (132) မိနှစ်ခွဲရှိပြီး..Download ဆွဲမယ်ဆိုရင်တော့ (396.62)MB ရှိပါမယ်။ | ||||||||||
| “သာဓုပါဗျာ” သံချပ်အဖွဲ့  ၏တင်ဆက်မှုကို အားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည် (ရုပ်/သံ) Posted: 16 Apr 2012 04:06 AM PDT | ||||||||||
| “သာဓုပါဗျာ” သံချပ်အဖွဲ့  ၏တင်ဆက်မှုကို အားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ) Posted: 16 Apr 2012 04:09 AM PDT | ||||||||||
| ပုဂံမြို့၊ ယွန်းပညာကောလိပ်၏ သတ္တမအကြိမ် ဒီပလိုမာအောင်လက်မှတ်အပ်နှင့်ပွဲကျင်းပ Posted: 15 Apr 2012 06:48 PM PDT ညောင်ဦးမြို့နယ်၊ ပုဂံမြို့ရှိ ယွန်းပညာကောလိပ်၏ ၂ဝ၁ဝ-၂ဝ၁၁ပညာသင် နှစ် သတ္တမအကြိမ်ပြောက် ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲကို ယခုနှစ်မတ်လ (၆)ရက်နေ့ အဆိုပါ ယွန်းပညာကောလိပ်ခန်းမမှာကျင်းပရာ ယခုနှစ် ဒီပလိုမာ အောင်လက်မှတ်ရရှိသူ (၁ဝ၁)ဦး ရှိကြောင်းသိရှိရပါသည်။ သမဝါယမပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် တက်ရောက်၍ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဆုချီးမြှင့်ခဲ့ပါသည်။ ယွန်းထည်လုပ်ငန်းအတတ်ပညာသည် ပုဂံခေတ်ကပင်ရှိခဲ့ပြီး ကမ္ဘောဒီးယား၊ ယိုးဒယား တို့မှတဆင့် ရောက်ရှိလာကြောင်း အဆိုရှိသည်။ဂျပန်၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အိန္ဒိယ စသည့်နိုင်ငံများတွင် နိုင်ငံအလိုက် နည်းစနစ်များ ကွဲပြားလျှက်ရှိရာ မြန်မာတို့၏ လက်နှင့်လုပ်သည့်(ံညေိြေိန)ဖြစ်ခြင်းနှင့် ရိုးရာဒီဇိုင်းတို့မှာ ထင်ရှားပါသည်။ ယွန်းထည်များကို မြန်မာများနှစ်သက်ဂုဏ်ယူစွာ သုံးစွဲနေသကဲ့သို့ အိမ်တွင်းအလှဆင် ပစ္စည်းများအဖြစ် တန်ဘိုးထားဝယ်ယူနေကြသလို ကမ္ဘာလှည့်ခရီးသွားများကလည်း အမှတ်တရ ဝယ်ယူနေသော မြန်မာ့ဂုဏ်ဆောင် လုပ်ငန်းဖြစ်ပါသည်။ အင်္ဂလိပ်လက်ထက် ၁၉၂၄ခုနှစ်မှစတင်ပြီး ယွန်းအတတ် ပညာများမတိမ်ကောစေရန် သင်ကြားပေးသည့် ယွန်းကျောင်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ခေတ်အဆက်ဆက်ဖွင့်လှစ်ခဲ့ရာ ယွန်းအတတ်ပညာသင်ကျောင်း၊ ယွန်းပညာသိပ္ပံမှ ယွန်းပညာကောလိပ်အထိ တိုးချဲ့ ဖွင့်လှစ်ပေးခဲ့ပါသည်။ ယွန်းအတတ်ပညာအပြင် စီးပွားရေးဘာသာရပ်များသင်ကြား ပေးပြီး (၂)နှစ်တက်ရောက်အောင်မြင်သူများကို ဒီပလိုမာအောင်လက်မှတ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ (၂)နှစ်တက်ရောက်အောင်မြင်ပြီးပါက သက်ဆိုင်ရာစီးပွားရေးတက္ကသိုလ် များတွင်ပေါင်းကူး တက်ရောက်နိုင်ပါသည်။ လာမည့်နှစ်မှစတင်ပြီး စီးပွားရေးတက္ကသိုလ်များသို့ချိတ်ဆက်တက် ရောက်စေမှုရပ် ဆိုင်းပြီး ဖွင့်လှစ်မည့် သမဝါယမတက္ကသိုလ်များသို့တက်ရောက်စေမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသွားပါသည်။ နိုင်ငံတော်သမ္မတရဲ့ ဒေသအပေါ်ထားတဲ့ တိုးတက်စေလိုတဲ့ စေတနာကိုလည်း ပြောပြပါသည်။ ယွန်းပညာကောလိပ်သည် ပုဂံမြို့ဟောင်းအတွင်း ဗူးဘုရား၊ မဟာဗောဓိဘုရား တို့အနီးတွင်တည်ရှိပြီး ရှေးဟောင်းဇုံအတွင်း အဆောက်အဦ အထူးတိုးချဲ့ခွင့်ရရှိခဲ့သော ကျောင်းဖြစ်ပါသည်။ နောက်ထပ်လည်း ဗူးဘုရားသွားလမ်းတဖက်မှာ တိုးချဲ့နေတာ တွေ့ခဲ့ရပါသည်။ တောင်ဘီရွာအနီး ကျုံးဘေးတွင် ဝန်ထမ်းအိမ်ယာ၊ ကျောင်းသား-ကျောင်းသူဆောင်များရှိသော်လည်း အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ ယခုနှစ်တွင်မထားတော့သည့်အတွက် အပြင်ဆောင်များတွင် နေထိုင်ပညာသင်ကြားနေရပါသည်။ ယခုပညာသင်နှစ်တွင် တက်ရောက်သူနည်းသွားပြီး(၅ဝ) ကျော်ခန့်သာရှိကြောင်းသိရပါသည်။ ဒီလောက်အဆောက်အဦတွေပိုလျှံနေတာ ပိုပြီးအကျိုးရှိမဲ့ ဒေသနဲ့ကိုက်ညီတဲ့ ပညာရပ်တွေ၊ သင်တန်းတွေဖွင့်ဖို့ မြို့တစ်မြို့လုံးရွှေ့ပြောင်းပေးခဲ့ရတဲ့ ဒေသခံတွေရဲ့ရင်ထဲမှာ ရှိနေကြောင်း သိရပါတယ်။ နိုင်ငံတကာနှင့်ဆက်ဆံနေရတဲ့ပုဂံမှာ ဒေသခံတွေလုပ်နေရတဲ့ ဟိုတယ်လုပ်ငန်း ပညာရပ်တွေ၊ ရှေးဟောင်းသုတေသနပညာရပ်တွေ၊ ဘာသာစကားမျိုးစုံတွေ တတ်မြောက်နေယင် သူတို့အတွက်ပိုမြင့်တဲ့အခြေအနေတွေဖန်တည်းနိုင် မည်ဖြစ်ပြီး တိုင်းပြည်အတွက်လည်း လိုအပ်နေမှာ ဖြစ်တာမို့ သက်ဆိုင်ရာ သင်တန်းကျောင်းတွေနဲ့ညှိနှိုင်းပြီးနိုင်ငံတကာဒီပလိုမာ အောင်လက်မှတ် ရသည်အထိဖွင့်လှစ်ပေးဖို့မျှော်လင့်နေကြပါတယ်။ ဦးရဲမြင့် (ပုဂံ) မှ ရေးသားပေးပို့ ထားတာဖြစ်ပါတယ်။ Myanmar News Now | ||||||||||
| အနောက်နိုင်ငံတချို့ မြန်မာအပေါ် ပိတ်ဆို့မှုများ စတင်ရုပ်သိမ်း Posted: 15 Apr 2012 05:37 PM PDT | ||||||||||
| ပွင့်လင်းသင်္ကြန် မဏ္ဍပ် မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့ လာရောက် ဖျော်ဖြေ (ရုပ်/သံ) Posted: 15 Apr 2012 05:07 PM PDT ၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားလူငယ်များ စီစဉ်သည့် ပွင့်လင်းသင်္ကြန် မဏ္ဍပ်သို့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ၏ မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့ လာရောက် ဖျော်ဖြေခဲ့ကြပါသည်။ ၄င်းဖျော်ဖြေရေးအဖွဲ့သို့ မြောက်ဥက္ကလာပမြို့ခံများက ဂုဏ်ပြု အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။ ဘားမားဗီဂျေ | ||||||||||
| ကင်ဂျုံအွန်း လူထုကို ပထမဦးဆုံး မိန့်ခွန်းပြောကြား Posted: 15 Apr 2012 03:38 PM PDT မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအွန်းဟာ လူထုရှေ့ကို ပထမဦးဆုံး အကြိမ် ထွက်လာပြီး ပြုံရမ်းမြို့ လူထုကြီးကို မိန့်ခွန်း ပြောကြားသွားရာမှာ ရန်သူတွေဟာ အဏုမြူဗုံး သုံးပြီး မိမိတို့တိုင်းပြည်ကို ခြိမ်းခြောက်နေတာတွေဟာ ကုန်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
မစ္စတာကင်ဟာ သူ့အဖိုးဖြစ်သူ မြောက်ကိုရီးယားကို တည်ထောင်သူ ကင်အီဆွန်းရဲ့ ရာပြည့်ပွဲ အတွက် ကြီးမားလှ စစ်ရေးပြ အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူက ငြိမ်းချမ်းရေးဟာ အရေးကြီးကြောင်း၊ ဒီထက် ပိုအရေးကြီးတာကတော့ အမျိုးသားရေး ဂုဏ်သိက္ခာဖြစ်တယ်လို့လည်း ပြောကြားသွားပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်ကတော့ မြောက်ကိုရီးယားတို့ဟာ ဒုံးပျံတစင်းပစ်လွှတ်ရာ မအောင်မမြင် ဖြစ်ပြီး ပျက်ကျသွားခဲ့ပါတယ်။ အခု စစ်ရေးပြပွဲမှာတော့ ဆေးရောင်ချယ်ပြီး ပုံဖျက်ထားတဲ့ ဒုံးကျဉ်တလုံးကို ပြသခဲ့ရာ ဒါဟာ မြောက်ကိုရီးယားတို့ရဲ့ နောက်ထပ် ပိုမြိုကြီးမားတဲ့ လက်နက် ဖြစ်ပုံပေါ်တယ်လို့ အကဲခတ် တွေက ပြောပါတယ်။ ဒီဒုံးကျဉ်ဟာ တကယ်အစစ် ဖြစ်ခဲ့ရင်တော့ ဘယ်လို အသုံးပြုနိုင်မယ်ဆိုတာကို ရှင်းရှင်း လင်းလင်း မသိရဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။ ဘီဘီစီ | ||||||||||
| Posted: 15 Apr 2012 03:06 PM PDT ဧပြီလ ၁၆ ရက်နေ့ ၂၀၁၂ သန်လျှင်NLDလူငယ်များ စီစဉ်သော သင်္ကြန်မဏ္ဍပ် သို့ ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားလူငယ်မျာ ရိုက်နှက်မှုဖြစ်ဖြစ်ချင်း ကိုမင်းကိုနိုင်ပါဝင်သော ကားကို အမြန်မောင်းရန် ပြောကြားနိုင်ခဲ့မှုကြောင့် သံချပ်အဖွဲ့ ဝင်များ တစုံတရာထိခိုက်မှု မရှိခဲ့သော်လည်း ကျန်ရှိနေခဲ့သော ဒေသခံ သန်လျှင် NLD အဖွဲ့ ဝင် လူငယ်၅ ဦးထက် မနည်းမှာ တုတ်များ၊အုတ်နီခဲများဖြင့် သန်လျှင်ရဲစခန်းကို သွားရောက် အမှုဖွင့် တိုင်ကြားခဲ့တဲ့ သန်လျှင် NLD မှ ကိုညီညီဦးကတော့ အခုချိန်ကိုက်ဖြစ်ပွားခဲ့သည ဘားမားဗီဂျေ | ||||||||||
| ကိုမင်းကိုနိုင် နှင့် သံချပ်ဖျော်ဖြေရေး အဖွဲ့ သံလျှင်မှာ တိုက်ခိုက်ခံရ Posted: 15 Apr 2012 02:52 PM PDT
ကိုမင်းကိုနိုင် သံချပ်ဖျော်ဖြေရေး အဖွဲ့ ညနေ ၆နာရီ ၅ မိနစ်မှာ သံလျင် ရှိ ကိုညီညီဦး မဏ္ဍပ်ကို ရောက်။ အဖွဲချုပ်လူငယ်အချို့မှ လက်ပြ နှုတ်ဆက်နေစဉ် ဘတ်စ်ကား တစီးနောက်မှ လူ ၁၅ယောက်ခန့် က ရန်ပြုတိုက်ခိုက် ရာ ကိုမင်းကိုနိုင်တို့ ယာဉ်အား အမြန်မောင်းနှင်ထွက်ခိုင်းလိုက်ပြီး ကာကွယ်ပေးသူ သန်လျင် လူငယ် သုံးဦးမှာ စိုးရိမ်ရလောက်သော ဒါဏ်ရာများရပြီး နှစ်ဦးမှာ သာမန် ဒါဏ်ရာရရှိထားပါ တယ်။ ထို ၁၅ ယောက်အုပ်စု အနက် နှစ်ဦးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အကျီ ၀တ်ဆင်ထားပြီး မိန်းကလေး တဦးပါဝင်၊ ကိုညီညီဦး အိမ်အတွင်း ခေါ်ယူထိမ်းသိန်းထားသော အဖွဲ့ချုပ် လူငယ်များကို ကာကွယ်ပေးသောကြောင့် ထို လူရမ်းကား ၁၅ ယောက်ခန့်မှ အိမ်ကို အုတ်နီခဲ့ ၁၀ လုံးခန့်ဖြင့် ထုခဲ့ပါတယ်။ ကိုညီညီဦးမှ သန်လျင် ရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်ကြားစဉ် ထို ၁၅ယောက် အုပ်စုမှာ သန်လျင်လျပ်စစ် ရုံးရှေ့ မဏ္ဍပ်တွင် သာမန် အရပ်သားတဦးရဲ့ ကားကို ထိုလူအုပ်ကပင် ခဲဖြင့်ထုပြီး မှန်ကိုခွဲရာ ကားသမား ထိခိုက်ပြီး ဦးခေါင်းတွင် ရှစ်ချက် ချုပ်ရရှိကြောင်း သတင်းရရှိပါတယ်။ Myanmar News Now
| ||||||||||
| သုံးခွမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာမှာ သောက်သုံးရေ ရှားပါးမှု့ ဖြစ်ပေါ်နေ Posted: 15 Apr 2012 03:11 PM PDT ဖြစ်ပေါ်နေပါတယ်။ ရေနောက်တွေကို ထုံးခတ် နှစ်ရက်လော ဒေသခံတွေကပြောပါတယ်။ အချိန်ကြာလာရင်တော့ သောက်ရေက ပုတ် အိမ်ခြေ (၁၀၀)ခန့် ရှိပြီး လူဦးရေ(၃၅၀)ခန့် နေထိုင်ကြတဲ့ရွာလေးတွေဟာပင်လယ် ရွာဦးဆရာတော်ကပြောပြတာတော့သူတိ ဆားငန်ရေတွေမို့ သောက်သုံးလို့ မရဘူး ၊ ဖောင်စီးရင်းရေငတ်နေတာလို့ ပြောပါတယ်။ ရွာရဲ့သောက်သုံးေ ထင်ပါတယ်။ အနီးအနား ရွာတွေဖြစ်တဲ့ ထွန်းစိန်ရွာ ၊ သာသာမြိုင်ရွာတွေမှာလည်းသောက်သုံး ရေရှားပါးနေတာသိခဲ့ရပါတယ်။ ကျေးရွာရဲ့သောက်သုံးရေကန်တွေလည်း ခန် နိုင်သလောက်ကူညီ ကိုလေး(သုံးခွ) Myanmar News Now
| ||||||||||
| သင်္ကြန်မှာ ဖော်ချွတ်ခြင်းအကြောင်း အက်ဆေး [သွန်းနေစိုး] Posted: 15 Apr 2012 08:14 AM PDT ဒါဟာ တစ်နှစ်ထက်တစ်နှစ် ပိုသောင်းကျန်းလာတဲ့ သင်္ကြန်မှာ ဖော်ချွတ်လာကြပုံတွေအကြောင်း ရှုံ့ချလိုတဲ့စာ မဟုတ်သလို အဲဒါကို ထောက်ခံရေးသားတဲ့စာလည်း မဟုတ်ပါဘူး။ အားလုံးသိကြတဲ့အတိုင်း ကျနော်တို့သင်္ကြန်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာတာတော့ အမှန်ပါပဲ။ ဒီအတွက် ရှုံ့ချမယ်ဆိုရင် လွယ်ပါတယ်။ ပစ်ပစ်နှစ်နှစ် ရစရာမရှိအောင် ပြောပစ်လိုက်လို့ ရတာပါပဲ။ ဒါပေမဲ့ ကျနော်စဉ်းစားကြည့်တယ်။ ဒီလိုပြောနေရုံနဲ့ ဒီကိစ္စကြီးကို တားဆီးလို့ ရမှာလား။ ဒီအတွက် ဘာလုပ်ကြမလဲ။ ကျနော် အခုရေးချင်တာက အဲဒီကိစ္စကို တားဆီးနိုင်ဖို့ဖြစ်ပါတယ်။ အကြမ်းဖျဉ်းစဉ်းစားကြည့်ရင်တော့ လွယ်ပါလိမ့်မယ်။ ဟာ ဒါများ ဘာခက်တာလိုက်လို့ ဒီလို မ၀တ်နဲ့ ၀တ်ရင် အပြစ်ပေးမယ် ဘာညာလုပ်လိုက်ပြီးတာပဲလို့ တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုလေးသတိပြုစေလိုတာက အရာရာကို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ လိုက်ချုပ်ချယ်လွန်းရင် အာဏာရှင်စနစ်အောက် ကျနော်တို့တွေ ပြန်ရောက်သွားပါလိမ့်မယ်။ လိုအပ်တာက အားလုံးက လိုလိုချင်ချင်နဲ့လိုက်နာလာစေဖို့ပါပဲ။ ကျနော် အရင်ဆုံးတစ်ခု ပြောကြည့်ပါမယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ စိတ်အဆင့်အတန်းဟာ တဖြည်းဖြည်းနိမ့်ကျလာတယ် ... လို့ပြောရင် သင်လက်ခံမှာလား။ တကယ်လို့ အတင်းမျက်စိမှိတ် ငြင်းချင်တယ်ဆိုရင် ကျနော်ကတော့ ပြိုင်မငြင်းလိုတော့ပါ။ သင်္ကြန်နဲ့ ပတ်သက်တာလေးပဲ ပြန်သွားကြရအောင်။ တကယ်တော့ ခုလိုဖော်ချွတ်လာတာတွေဟာ သင်္ကြန်မှ မဟုတ်ပါဘူး။ တစ်နှစ်ထက်တစ်နှစ် တစ်ချိန်ထက် တစ်ချိန် ပိုပိုပြီးဆိုးလာတာ ကျိန်းသေပါပဲ။ သင်္ကြန်ကျမှ မူးကလည်း မူးနေ၊ မြူးကလဲ မြူးနေတော့ ပိုသိသာကုန်တော့တာပေါ့။ ကျနော်ကတော့ ဒီအတွက် အကြောင်းရင်း တစ်ခုအဖြစ် မြန်မာမိန်းကလေးတွေ Identity ပျောက်နေကြတဲ့ အဖြစ်ကိုပဲ အရင်ဆုံး အကြောင်းရင်းရှာပြချင်ပါတယ်။ လူဆိုတာက သူများထက် သာချင်တယ်။ အများကြားမှာ ပေါ်လွင်ထင်ရှားနေစေ့ချင်တတ်တယ် မဟုတ်လား။ ဒီအတွက် သူ့မှာ အများထက်သာလွန်ထူးခြားတဲ့အရည်အချင်း မရှိတဲ့အခါ ဖော်ချွတ်တာတွေ ဖြစ်ကုန်တော့တာပေါ့။ ဒီတော့ဘာဖြစ်သလဲ? သူများဝိုင်းကြည့်တာ ခံရတယ်လေ။ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သူက ဒါကို သာယာပါတယ်။ ကျနော်တစ်ချိန်က လူသတ်မှုတွေအကြောင်းလေ့လာဘူးတယ်။ လူတော်တော်များများဟာ လူသတ်မှုဖြစ်ရခြင်းမှာ ဘေးတွန်းအားလည်း အများကြီးပါတာကို တွေ့ရပါတယ်။ အများရှေ့မှာ ငါဟာ မိုက်တယ်ကွ၊ လူသတ်ရဲတယ်ကွ ဆိုတဲ့စိတ်တွေက သူတို့ကို နောက်ဆုတ်လို့ မရတဲ့ မပြန်လမ်းဆီပို့သွားတော့တာ။ အခု ဖော်ကြချွတ်ကြတဲ့ကောင်မလေးတွေကလည်း ဒီအတိုင်းပါပဲ။ လူတွေ သူ့ကို ၀ိုင်းကြည့်ကြတဲ့အခါ ... ဟာ တယ်ဟုတ်တဲ့ ငါပါလား၊ လူတွေတောင် ၀ိုင်းကြည့်ကြတယ် ကြည့်စမ်းဆိုတဲ့ စိတ်ဓာတ်အခြေခံကနေ ဒီလိုမျိုးတွေ ပိုလုပ်ဖို့ တွန်းအားဖြစ်စေတယ်။ မိန်းကလေးဆိုတာကတော့ သူပိုင်တဲ့ အလှအပကို ဖော်ပြချင်တဲ့ စိတ်အခြေခံရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဘယ်ယောက်ျားလေးမှ ပုဆိုးကို ထောက်ထည့်ပြီး တင်အလှပေါ်အောင် မ၀တ်ဘူးမဟုတ်လား။ ဒါပေမဲ့ အဲဒီလို ယဉ်ကျေးမွန်ရည်တဲ့ အလှဖော်ပြလိုခြင်းမျိုးနဲ့ပဲဆိုကောင်းတာပေါ့။ အခုက တရားလွန်တွေ ဖြစ်ကုန်တော့တာ။ တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ အလှကို ဖော်ပြလိုခြင်းနဲ့ ဟိရိသြတ္တပ္ပတရားကင်းမဲ့ခြင်းကြားက မျဉ်းဟာ တော်တော်လေးပါးလျားပါတယ်။ ဒီအတွက် တားနိုင်တဲ့အရာတစ်ခုတော့ရှိတယ်။ ဒီလို အလွန်အကျွံသရုပ်ပျက်လုပ်လာခြင်းကို သူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတစ်ခုလုံးက အဆင့်အတန်းမရှိတဲ့အရာအဖြစ် ပုံဖော်သဘောထားကြဖို့ပါပဲ။ ဒီနေရာမှာ မိန်းကလေးချင်းရော ယောက်ျားလေးတွေရော လိုအပ်ပါတယ်။ ဒီလို မထော်မနှမ်းဝတ်ထားတဲ့ကောင်မလေးတစ်ယောက် မဏ္ဍပ်ပေါ်တက်လာတဲ့အခါ အနူကို တွေ့သလို မိန်းကလေးတွေက ရှဲကနဲဖြစ်သွားမယ်။ ယောက်ျားလေးတွေကလည်း သွားရည်ယိုတဲ့အကြည့်နဲ့ ကြည့်မနေပဲ ဘယ်လို အဆင့်အတန်းလဲ မသိဘူးလို့ နှာခေါင်းရှုံ့ မျက်နှာလွှဲလိုက်ကြမယ်ဆိုရင် ဒီလို ဘယ်သူမှ ၀တ်ရဲလိမ့်မယ် မဟုတ်ပါ။ နောက်တစ်ချက်က ကျနော်တို့ လူ့အဖွဲ့အစည်းကို ရှေ့ဆောင်ရှေ့ရွက်ပြုနေသူတွေနဲ့လဲ အတော်သက်ဆိုင်လိမ့်မယ် ထင်ပါတယ်။ လူငယ်တွေ အားကျအတုယူပြတဲ့သူတွေက ဘယ်လို ၀တ်ပြစားပြ နေပြထိုင်ပြလဲဆိုတာ အင်မတန်အရေးကြီးတယ်။ တနည်းပြောရရင် အနုပညာရှင်တွေပေါ့။ မင်းသမီးတွေက ဖော်ချွတ်ပြနေမှတော့ နောက်က ကောင်မလေးတွေ ဖော်ချွတ်ပြနေတာ ဘာဆန်းတော့မလဲ။ ဒီနေရာမှာ တစ်ခုလေးတော့ ဆွေးနွေးချင်ပါတယ်။ နာမည်ကြီး အကယ်ဒမီဒါရိုက်တာကြီးတစ်ယောက်က ကျနော့်ကို ပြောဘူးတယ်။ အခုခေတ်မင်းသမီးအသစ်တွေမှာ အနုပညာကိုတကယ်စိတ်ဝင်စားတဲ့သူ အတော်နည်းသွားပြီ တဲ့။ ဒါရိုက်တာကို ကုမ္ပဏီပိုင်ရှင်ကို မင်းသားကို လူပေးမယ်။ ဒါဆို မင်းသမီးဖြစ်ပြီလို့ ထင်နေသူတွေက များတယ်တဲ့။ အရင်က ဒေါ်ကြည်ကြည်ဌေးလည်းပြောခဲ့ဘူးတယ်။ ခုခေတ်က အနုပညာရှင်တွေ မဟုတ်တော့ဘူး၊ အညုပညာရှင်တွေတဲ့။ ဒါကို ဘယ်လို တားဆီးကြမလဲ? ဒီမိုကရေစီခေတ်ဖြစ်လေတော့ လည်ပင်းစာဆွဲ ရင်ပြင်ထုတ်ဒါဏ်ပေးဆိုတာမျိုးတော့ မရဘူး။ အရေးကြီးတာက လူငယ်တွေ အားကျအတုယူသူတွေမှာ အပေါ်ယံ ဗဟိဒ္ဒ ရုပ်သွင်သာမက အတွင်း အဇ္ဖတအရည်အချင်းလည်းရှိကြဖို့ ပျိုးထောင်ကြရပါမယ်။ ဒီအတွက်တော့ နိုင်ငံတော်ပိုင်းက အဓိက လိုအပ်လာပါပြီ။ အကယ်ဒမီလိုမျိုးကို အလှည့်ကျပေးနေတာမျိုး မလုပ်ပဲ ဒီနှစ်တော်သူ မရှိရင် ဘယ်သူမှ မပေးနဲ့။ တကယ်တော်သူကိုပဲ ပေးတာမျိုး။ အနုပညာသမားစစ်စစ်တွေ ထွက်ပေါ်လာစေရာ ကျောင်းကြီးတွေ ဖွင့်ပေးတာမျိုးလိုပါလိမ့်မယ်။ ပြောရရင်တော့အများကြီးပါပဲ။ အဓိကကတော့ တိုင်းပြည်ချမ်းသာရင် ဒါတွေအတော်များများ အဆင်ပြေလာမယ်လို့ ထင်ပါတယ်။ နောက်ပြီး ကျနော်တို့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ကိစ္စမှာ အသိပညာပေးပုံလည်း အတော်လိုတယ်လို့ ထင်မိတယ်။ အခုတက္ကသိုလ်တွေမှာ မြန်မာဝတ်စုံကို အတင်းဝတ်ခိုင်းတယ်။ ကလေးတွေက ရိုးရာဝတ်စုံကို ချစ်လာရမယ့်အစား မုန်းတောင်သွားတော့တယ်။ တကယ်က လူငယ်တွေရဲ့ အသွေးထဲ အသားထဲမှာ ရိုးရာကို ချစ်မြတ်နိုးစိတ်ပေါ်အောင်လုပ်ရမှာ။ အဲဒီလိုမဖြစ်ဖြစ်အောင်ဆိုပြီး ဇွတ်အတင်းကြိမ်လုံးနဲ့ ကြိုက်ခိုင်းလို့ မရဘူး။ လာစမ်း သီချင်းကြီးတွေ နားထောင်နေ၊ အိပ်မငိုက်စေနဲ့လို့ လုပ်လို့ မရဘူး။ ရုပ်မြင်သံကြားမှာတော့ ကိုရီးယားမင်းသမီးတွေ ဖော်ချင်သလောက်ဖော် ချွတ်ချင်သလောက်ချွတ်ခိုင်းထားပြီး မြန်မာကားတွေကို ဘယ်လိုဝတ် ဘယ်လိုစားရမယ်လုပ်လို့ မရဘူး။ ဒီနေရာမှာ ကြုံတုန်းပြောရရင် အခု သင်္ကြန်လိုမျိုးမှာ မိန်းကလေးတွေ အရက်ကို ပေါ်ပေါ်တင်တင်ဖောဖောသီသီသောက်လာတာ ကိုရီးယားဇာတ်ကားတွေရဲ့ သြဇာ အများကြီးပါတယ်လို့ ထင်ပါတယ်။ ဒီအတွက်ကိုတော့ ကျနော် ရေးဖြစ်ခဲ့တဲ့ Status လေးတစ်ခုရဲ့ အဓိကအကြောင်းအရာကို ပြန်ရေးပြခြင်းနဲ့ပဲ အဆုံးသတ်ပါရစေ။ သင်္ကြန်ဟာ အရက်ပွဲတော်ဖြစ်နေပါပြီ။ မိန်းကလေးတွေကတောင် ပေါ်ပေါ်တင်တင် ဖောဖောသီသီကြီး သောက်နေတယ်။ အဲဒါ ကိုရီးယားကားတွေရဲ့ သြဇာ တော်တော်ကြီးပါတယ်လို့ ယူဆပါတယ်။ ကိုရီးယားကားတွေ ဈေးကွက်မှာ ရှိနေတာကို မပြောလိုပါ။ ဈေးကွက်ဖွင့်ထားတဲ့အခါ ကိုရီးယားကားသာမက ဟောလီးဝုဒ်၊ ဘောလီးဝုဒ် အစုံရှိမှာပါပဲ။ ဒါပေမဲ့ မြန်မာပြည်မှာ လူကြည့်အများဆုံးဖြစ်တဲ့ ရုပ်မြင်သံကြားဌာနတွေ ကိုယ်တိုင်က ကိုရီးယားယဉ်ကျေးမှုလွှမ်းမိုးအောင် တင်သွင်းနေခြင်းအပေါ်သဘောမတူပါ။ ကျနော်တို့နဲ့ ယဉ်ကျေးမှု မတူပါ။ ကြာရင် တိုင်းပြည်ပျက်ပါတော့မယ်။ တိုင်းပြည်ကို ချစ်ရင် ကိုရီးယားကားတွေ ရုပ်မြင်သံကြားက ပြနေတာ ရပ်တန့်ပေးပါ။ ဘာကြောင့် ဒီလိုလုပ်လဲ စဉ်းစားမရပါ။ ကိုရီးယားဆို မြောက်ကိုရီးယားကတော့ ကျနော်တို့နဲ့တော်တော်နီးနီးစပ်စပ် ပတ်သက်ပါလေရဲ့။ဒါပေမဲ့ ... ဒုံးပျံလွှတ်တာတောင် ဖွတ်ကနဲ ရေထဲကျတဲ့နိုင်ငံကို ဘာမှ အထင်ကြီးစရာ မမြင်ပါ။ ![]() သွန်းနေစိုး Thorn Nay Soe | ||||||||||
| ကိုမင်းကိုနိုင် ဦးဆောင်တဲ့ သင်္ကြန်သံချပ် အဖွဲ့ သင်္ကြန် ဒုတိယ အကြတ်နေ့ ဖျော်ဖြေမှု (ရုပ်/သံ) Posted: 15 Apr 2012 08:06 AM PDT |
| You are subscribed to email updates from သစ်ထူးလွင် Myanmar News Now To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |










