သစ်ထူးလွင်

သစ်ထူးလွင်


TZK ရာဘာကုမ္ပဏီကြောင့် မလိဝမ်းရေတံခွန်ညစ်နွမ်း မှုများဖြစ်ပွား

Posted: 17 Apr 2012 04:48 AM PDT

၁၅ ဧပြီ ၂၀၁၂ ကော့သောင်း

                   တနင်္သာရီိတိုင်းဒေသကြီး၊ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်ရှိ မလိဝန်းကျေးရွာတွင် (TZK) ကုမ္ပ ဏီသည် ရော်ဘာ စိုက်ပျိုးရေးကို မလိဝမ်းရေတံခွန် အထက်ပိုင်းတွင် ဧက(၇၀၀၀) စိုက်ပျိုးလျှက်ရှိပါသည်။

ယခုအခါ မလိဝမ်းကျေးရွာ အထက်ပိုင်းမလိဝမ်းရေတံခွန်သို့စီးဆင်းရာ စမ်းချောင်းတစ်လျှောက်တွင် ၄င်ကုမ္ပဏီမှ ၀န်ထမ်းများ နေရာများချထားပေးရာမှ ၀မ်ထမ်းများ၏ အညစ်ကျေးများ၊ အမိုက်များ၊ မစင်နှုင့် စွန့်ပစ်ပစ္စည်းများကို ရေတံခွန်သို့စီး ဆင်းရာ တောင်ကြစမ်းချောင်းအတွင်သို့စွန့်ပစ်ခြင်း၊ ပေါင်းသတ် ၊မျက်သတ်ဆေးများ သုးံစွဲရာမှ ရေတံခွန်အတွင်း   သို့စီးဆင်းခြင်း၊ သဘာဝပါတ်ဝမ်းကျင်နှင့် ရေအရင်းမြစ်ကို ထိမ်းသိမ်းပေးသော သစ်ပင်ကြီးများကို ခုတ်ထွင်ရှင်းလင်း ခြင်းမှ ရေတံခွန်သို့စီးဆင်းရာ စမ်းချောင်များခန်းခြောက်ခြင်း စသည့် နောက်ဆက်တွဲဆိုးကြီးများ ဆက်တိုက်ဖြစ်ပေါ် လာလျှက် ရှိပါသည်။
                  မလိဝမ်းရေတံခွန်သည် ကော့သောင်းမြို့နေပြည်သူများနှင့် ကော့သောင်းမြို့သို့ရောက်လာကြသော ပြည်တွင်း၊ပြည်ပဧည့်သည်များ လာရောက်အနားယူအပန်းဖြေရာ ကော့သောင်းမြို့၏ ထင်ရှားသောနေရာဖြစ်သည့်အ ပြင် မလိဝန်းရေတံခွန်မှ စီးဆင်းနေသည့်ရေကို တိုက်ရိုက်သုးံစွဲနေသည့် မလိဝမ်းမိဘမဲ့ဘုန်းတော်ကြီး ပညာသင်    ကျောင်း၊ မလိဝမ်းကွက်သစ်ကျေးရွာမှ အများပြည်သူများ တိုက်ရိုက်သုးံစွဲရာနေရာလည်း ဖြစ်ပါသည်။
                 ထို့ကြောင့် (TZK) ကုမ္ပဏီအနေဖြင့် လွတ်လပ်သော ဈေးကွက်စည်းပွားရေခေတ်ကြီးတွင် လွတ်လပ်စွာ စည်းပွားရှာဖွေသည်ကို မပြောလိုသောလည်း မိမိကုမ္ပဏီကြောင့် အများပြည်သူကို ထိခိုက်နစ်နာစေနိုင်သည့် လုတ် ဆောင်ချက်များကို ရှောင်ရှားသင့်ပြီး ကုမ္ပဏီ၏ စွန့်ပစ်ပစ္စည်းနှင့် အမိုက်သရိုက်များကို စနစ်တကျစွန့်ပစ်ပေးပါရန် ကုမ္ပဏီတာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ ဌာနအကြီးကဲများအား တင်ပြတောင်းဆိုအပ်ပါတယ်။

ကော့သောင်းမြို့ မှ ပေးစာ
မလိဝမ်းရေတံခွန်

ရေထုညစ်ညမ်းနေပုံ



ဒေါ်အောင်ဆန်းစုကြည် နဲ့ အနုပညာရှင်တွေရဲ့  နှစ်ဆန်း ၁ ရက် ကော့မှူးခရီးစဉ် (ရုပ်/သံ)

Posted: 17 Apr 2012 03:41 AM PDT


ဒေါ်အောင်ဆန်းစုကြည် နဲ့ အနုပညာရှင်တွေရဲ့  နှစ်ဆန်း ၁ ရက် ကော့မှူးခရီးစဉ်


ကျပ်ငါးထောင်တန် ဖုန်းကဒ် သုံးခွင့်ရရေး နီးစပ်နေပြီ ဦးလွင်နိုင်ဦး နှင့် ဆက်သွယ်မေးမြန်းချက် (အသံဖိုင်)

Posted: 17 Apr 2012 03:30 AM PDT


ကျပ်ငါးထောင်တန်ဖုန်း သုံးရရေး ဆက်သွယ်ရေးဥပဒေကို စောင့်ဆိုင်းနေ
တယ်လီဖုန်း ဆင်းမ်ကတ်တခုကို ကျပ် ၅,၀၀၀ နဲ့ အများပြည်သူ အသုံးပြုနိုင်ဖို့ကိစ္စဟာ တဖြည်းဖြည်းနီးကပ်လာနေပါပြီလို့ ဒီဈေးနှုန်းကို မြန်မာပြည်မှာ စတင်မိတ်ဆက်တင်ပြသူ ရွှေပြည် တံခွန် ကုမ္ပဏီက မန်းနေဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောပါတယ်။ ကိုအေးနိုင်က မေးထားပါတယ်။
ဒီဗွီဘီ


ဒေါ်အောင်ဆန်းစုကြည် ပြည်ပကို ခရီးသွားနိုင်ပြီလား

Posted: 17 Apr 2012 03:21 AM PDT

လက်ရှိအပြောင်းအလဲတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြည်ပကို ခရီးသွားနိုင်ပြီလား၊ အဲဒီလိုသွားခဲ့ ယင် လက်ရှိအစိုးရက အပြောင်းအလဲတွေကို ပြန်ရုပ်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်နိုင်မလားဆိုပြိး ဒီကနေ့ ဟောင်ကောင်ကပေးပို့တဲ့ The New York Times သတင်းမှာ မေးခွန်း ထုတ်ထားပါတယ်။

ဒီကနေ့အချိန်မှာ ကမ္ဘာ့ခေါင်းဆောင်အများစုက ဒေါ်အောင်ဆန်းစုကြည်ကို နံပါတ် (၁) ဥိးစားပေးရမဲ့သူအဖြစ် အလေးထားဆက်ဆံနေပြိး သမိုင်းတွင်တဲ့ နိုင်ငံတော်ခရီးစဉ်တွေအဖြစ် သွားရောက် လည်ပတ်နေကြပါတယ်။

ဒါ့အပြင် ဘရစ်တိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက လာမဲ့ဇွန်လမှာ ဘရစ်တိန်ကို လာရောက်လည်ပတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ထားပြီး အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့ကလည်း အကြိမ်ကြိမ်ဖိတ်ခေါ်ထားပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖြစ်နိုင်မယ်ဆိုယင် ပြည်ပကို ခရီးသွားဖို့ ဆန္ဒရှိနေပြီး မြန်မာနိုင်ငံထဲ ပြန်ဝင်ခွင့် ရမရဆိုတာကို တိုးတက်မှုတခုအနေနဲ့ စမ်းသပ်လိုတဲ့အနေအထား ရှိကြောင်း The New York Times သတင်းမှာ ရေးသားထားပါတယ်။

ဒီဗွီဘီ


ဒေါ်အောင်ဆန်းစုကြည် ၏ ကော့မှူးမြို့ နယ် သက်ကြီးပူဇော်ပွဲ (ဓါတ်ပုံ)

Posted: 17 Apr 2012 03:01 AM PDT

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျေးရွာပေါင်း (၆၀)ကျော်ကရာနဲ့ ချီတဲ့သက်ကြီးရွယ်အိုတွေကို ဂါရ၀ပြုခဲ့ပြီး အနုပညာ၇ှင် တွေဖြစ်တဲ့ လူမင်း၊ ဝေလုကျော်၊ မျိုးကြော့မြိုင်၊ သျှီ၊သံသာဝင်း၊ အနဂ ၊ ဆောင်းဦးလှိုင်၊ လင်းနစ်၊ သားထွေး၊ ကိုရဲလွင် စသူတို့ ကလည်း ရွာသားတွေကို သီဆိုဖျော်ဖြေမှု တွေပြုလုပ်ခဲ့ပါ တယ်။


ဟုမ္မလင်းမြို့တွင် ကျင်းပပြုလုပ်သော မြန်မာရိုးရာ အတာသင်္ကြင်္န်

Posted: 17 Apr 2012 02:34 AM PDT

ဓါတ်ပုံ လေဘယ်က ပထမဆုရ ယိမ်းအဖွဲ့ပါ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၌ ၁၃၇၃-၇၄ခုနှစ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့ (၁၈၃၀)ချိန်၊ ဟုမ္မလင်းမြို့ အားကစားကွင်း
ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဟုမ္မလင်းမြို့နယ်ရှိ၊ တပ်နယ်၊ တပ်ရင်းများနှင့် ရပ်ကွက်ကျေးရွာအုပ်စု လုပ်သားပြည်သူများ ပါဝင်သော ယိမ်းအဖွဲ့ (၁၁)ဖွဲ့ တို့ ညစဉ် ယိမ်းအက အလှပြိုင်ပွဲများ
ပါဝင်ကြပြီး ၂၀၁၂ ဧပြီလ (၁၆)ရက်နေ့ (၂၀၃၀) ချိန်တွင် ဆုရရှိသော အသင်းများအား စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းရွှေ ၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအေး၊ ဟုမ္မလင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများမှ အသီးသီး
ဆုချီးမြှင့်၍ မန်းတောင်ရိပ်ခို သီချင်းဖြင့် အောင်မြင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ဟုမ္မလင်းမြို့ မှ အောင်ကျော် ရေးသားပေးပို့ ထားတာပါ။
Myanmar News Now


နှစ်ဦးဆွမ်းကပ်လှူခြင်းနှင့် အန္တရယ်ကင်းပရိတ်တရားတော်နာ အခမ်းအနား

Posted: 17 Apr 2012 02:29 AM PDT


ယနေ့ ၁၃၇၄ ခုနှစ်၊မြန်မာ နှစ်ဆန်းတစ်ရက် (၁၇.၄.၂၀၁၂)နေ့ နံနက်(၁၀)နာရီတွင် ပျော်ဘွယ်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးတွင် နှစ်ဦးဆွမ်းကပ်လှူခြင်းနှင့် အန္တရယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ကျင်းပခဲ့ရာ ဆရာတော်၊သံဃာတော်များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဆရာတော်များထံမှ ပရိတ်တရားတော်များ ညီညွတ်ရေး သြ၀ါဒများ နာကြားပြီးနောက် ပါတီဝင်များ နှင့် ဧည်သည်များသည် ဆက်လက်ဆောင်ရွက်ရန် ကိစ္စများကို တိုင်ပင်ဆွေးနွေးခဲ့ကြပြီး  နေ့ လည် (၂)နာရီတွင် အခမ်းအနားပြီးဆုံးခဲ့သည်။

Myanmar News Now


ကော့​မှူး​ သက်ကြီး​ရွယ်အိုများ​ကို ​ဒေါ်​အောင်ဆန်း​စုကြည် ဂါရဝပြု

Posted: 17 Apr 2012 02:25 AM PDT

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူး၍ ကော့မှူးမြို့နယ်တွင် ယနေ့နံနက်ရှစ်နာရီမှ ဆယ်နာရီအထိ ကျင်းပသော မြန်မာ့နှစ်သစ်ကူးအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား လူထုကြားထဲတွင် ဤသို့တွေ့ရစဉ် (ဓါတ်ပုံ-Popular Myanmar News Journal )
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့ မှာ ရန်ကုန်တိုင်း ကော့မှူးမြို့ နယ် ကိုသွားရောက်ပြီး သက်ကြီးပူဇော် ကန်တော့ပွဲနဲ့ ဒေသဖွံ့ ဖြိုးရေးရံပုံငွေပေးအပ်ပွဲတခု သွားရောက်ပြု လုပ်ခဲ့ပါ တယ်။

ဒသဖွံ့ ဖြိုးရေးအတွက်ရံပုံငွေပေးအပ်ဖို့  ကော့မှူးမြို့ နယ်အတွင်း ကျေးရွာအုပ်စု ၆၀ကျော်ထဲက ၃ရွာကို မဲနှိုက် ရွေးချယ်ရာမှာ ပထမဆုကို ၀ါးဘလောက် သောက်ေ ကျးရွာ အုပ်စုက ကမာမတ်ရွာ၊ ဒုတိယဆုကို ဆတိုင်မွတ်ကျေးရွာ နဲ့ တတိယဆုကို ပုပါးကျေးရွာအုပ်စု တို့ ကရ၇ှိသွားပါတယ်။ ဒီဆုငွေတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိခင်ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအနေနဲ့ ပေးအပ်တာဖြစ်ပြီး ပထမဆု ကျပ်ငွေ ၁၇၅သိန်း ၊ ဒုတိယဆု- ၇၅ သိန်းနဲ့  တတိယဆု အတွက် သိန်း (၅၀)သတ်မှတ်ထားတာပါ။ ဒီရန်ပုံငွေတွေကို ဆုရတဲ့ ကျေးရွာတွေက အသက်အကြီးဆုံးပုဂိုလ်တွေကိုပေးအပ်ခဲ့ပြီး ကျေးရွာသားရဲ့ ဆန္ဒအတိုင်း
လိုအပ်တဲ့နေရာမှာ သုံးစွဲနိုင်တယ်လို့  အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သူ ဦးခွန်သာမြင့်က ပြောပါတယ်။

ဒေါ် အောင် ဆန်း စုကြည်ကတော့ တိုင်းပြည်ကောင်းကျိုး အတွက် ဆောင်ရွက်ရာမှာ ပထမဦး ဆုံး ခြေလှမ်းကိုဒီနေရာက နေ စတင် လိုက်ပြီ လို့ ၇ွာသားတွေကိုပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျေးရွာပေါင်း (၆၀)ကျော်ကရာနဲ့ ချီတဲ့သက်ကြီးရွယ်အိုတွေကို ဂါရ၀ပြုခဲ့ပြီး အနုပညာ၇ှင် တွေဖြစ်တဲ့ လူမင်း၊ ဝေလုကျော်၊ မျိုးကြော့မြိုင်၊ သျှီ၊သံသာဝင်း၊ အနဂ ၊ ဆောင်းဦးလှိုင်၊ လင်းနစ်၊ သားထွေး၊ ကိုရဲလွင် စသူတို့ ကလည်း ရွာသားတွေကို သီဆိုဖျော်ဖြေမှု တွေပြုလုပ်ခဲ့ပါ တယ်။

ကော့မှူးမြို့ နယ် ဟာပြီးခဲ့တဲ့ ဧပြီလ (၁)ရက်ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒေါ် အောင် ဆန်းစုကြည် ရွေးကောက် တင်မြှောက်ခံခဲ့ရ တဲ့ နယ်မြေဖြစ်ပါတယ်။


ဒီဗွီဘီ


သည်လေဒီ(မြန်မာစာတမ်းထိုး) ရုပ်ရှင် အစအဆုံး ကြာမြင့်ချိန် (2;12;30)၂ နာရီ ၁၂ မီနစ် ၃၀ စက္ကန့် 

Posted: 16 Apr 2012 08:26 PM PDT


နိုင်ငံတကာမှာရုံတင်ပြသပြီးပေမယ့်..မြန်မာနိုင်ငံမှာ..ခုချိန်ထိပြသနိုင်ခြင်းမရှိသေးတဲ့...
ဒေါ်အောင်ဆန်းစုကြည့် ရဲ့ အကြောင်းကိုရိုက်ကူးထားသော သည်လေဒီ ရုပ်ရှင်ဇာတ်ကားကို
 Myanmar News Now မှာ HD Quality ဖြင့်ကြည့်ရှုနိုင်ပါပြီ။ ကြာမြင့်ချိန် (2;12;30)
၂ နာရီ ၁၂ မီနစ် ၃၀ စက္ကန့် ရှိပါတယ်။

အစအဆုံး မြန်မာစာတမ်းထိုးနဲ့ ကြည့်ရှုနိုင်ပါတယ်။

ဒီကားကို နိုင်ငံတကာမှာရုံတင်ပြသပြီးပေမယ့် မြန်မာနိုင်ငံမှာ ခုချိန်ထိပြသနိုင်ခြင်း
မရှိသေးတဲ့ အတွက်မြန်မာပြည်သူတွေ အားလပ်ရပ်မှာ ကြည့်ရှုနိုင်အောင်
တင်ဆက်ပေးလိုက်ပါတယ်။


မြို့မငြိမ်း ၏ တောင်သမန်သို့ တမ်းချင်း၊ ရန်ဝင်း (တောင်တံခါး)

Posted: 16 Apr 2012 08:10 PM PDT

Craving to Taung Thaman
"တောင်သမန်
ကြည်အင်းရေ လှိုင်းငွေ မြူးကာနေ
ညင်းလေယဉ် ပြေပြေ"

တောင်သမန်
မြို့မငြိမ်း (၁၉၀၉-၁၉၅၅)


ရထားဝန်ကြီး ဦးအောင်မင်း နော်ဝေးနိုင်ငံကို ရောက်ရှိ

Posted: 16 Apr 2012 07:33 PM PDT

သမ္မတဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ မီးရထားဝန်ကြီးဦးအောင်မင်းဟာ နော်ဝေးနိုင်ငံအော်စလိုမြို့ကို မနေ့က ရောက်ရှိလာပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့
မြန်မာအစိုးရကြား အပစ်အခတ် ရပ်စဲရေးတွေ့ဆုံဆွေးနွေးနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နော်ဝေအစိုးရကို ရှင်းလင်းပြောဆိုဖို့
ဖြစ်တယ် လို့ နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် နော်ဝေးနိုင်ငံဘက်က မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းလိုက်တာရဲ့ အကျိုးသက်ရောက်မှု တစ်ရပ် ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အလားတူ ကေအင်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူး တူးတူးလေး လည်း ညှိနှိုင်းဆွေးနွေးရေး သင်တန်း တက်ရောက်ဖို့ နော်ဝေးနိုင်ငံကို
ရောက်ရှိနေပါတယ်။ ယော်ဗစ်မြို့က နော်ဝေး-မြန်မာ မိတ်ဆွေများအသင်းနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်မှူး တူးတူးလေး က အခုလို ၀န်ကြီးဦးအောင်မင်း ရောက်ရှိ နေချိန်အတွင်း နော်ဝေးရောက် မြန်မာတိုင်းရင်းသားများအနေနဲ့ မြန်မာအစိုးရ ကို ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ အတွက် အခုထက်ပိုပြီး ဆောင်ရွက်ဖို့ တိုက်တွန်းသင့်ကြောင်း
ပြောဆိုခဲ့တယ်လို့ အသင်းဝင် ဦးဇော်ဝင်း က ပြောပါတယ်။

နော်ဝေးအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တွေ့ဆုံ ဆွေးနွေးရေးကိစ္စ တွေ မှာ ပါဝင် ကူညီလိုတဲ့ ဆန္ဒရှိကြောင်း
နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြောဆိုပါတယ်။

မြန်မာအစိုးရအပေါ် ဗီဇာပိတ်ပင်ထားတာနဲ့ ရင်းနှီးမြှုပ်နှံမှုပိတ်ပင်
ထားတာတွေကို ရုတ်သိမ်းကြောင်း နော်ဝေးအစိုးရက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လက်နက်ရောင်းချရေးနဲ့၊ ကျောက်မျက်၊
သတ္ထု၊ သစ် စတဲ့ ကုန်သွယ်မှု ကဏ္ဍကိုတော့ နော်ဝေးနိုင်ငံက ဆက်လက် ပိတ်ပင် ထားမှာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂ အီးယူ ဟာ လာမယ့်ဧပြီလ (၂၃)ရက်နေ့မှာ
မြန်မာ့အရေးဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။
By: RFA Burmese


မီးပူနဲ့ကပ်ခံလိုက်ရတဲ့ မအေးယုအောင် အခြေအနေ မိခင်ဒေါ်ကြူ ရဲ့  ပြောပြချက် (ရုပ်/သံ)

Posted: 16 Apr 2012 05:38 PM PDT


ပဲခူးမြို့ က ဒုတိယ မြို့နယ်တရားသူကြီးအိမ်မှာ လည်ပင်းကို မီးပူနဲ့ကပ်ခံလိုက်ရတဲ့ အိမ်အကူမိန်းကလေး မအေးယုအောင်ကို သူ့အမေက တွေ့ခွင့်ရခဲ့ပေမယ့် ပြန်ခေါ်လာလို့မရသေးပဲဖြစ်နေပါတယ်။ရန်ကုန်မြို့ မရမ်းကုန်းမြို့ နယ်က အိမ်တအိမ်မှာပေးတွေ့ တာဖြစ်ပြီး၊ လွတ်လွတ်လပ်လပ်တွေ့ ခွင့်မရခဲ့ဘူးလို့ ဆိုပါ
တယ်။ သမီးဖြစ်သူနဲ့ တညလောက်အိပ်ခွင့်တောင်းတာတောင်းပေးမအိပ်ဘဲ ငွေသုံးသိန်းပေးပြီ လက်ဗွေ နှိပ်ယူထားလိုက်တယ်လို့ ဒေါ်ကြူ က ပြောပါတယ်။ ဒီအမှု့ ကို သင်္ကြန်ပြီးရင် တရားစွဲမယ်လို့ 
ရှေ့ နေဦးမြင့်အေး က ပြောထားပါတယ်။ အပြည့်အစုံကို (ရုပ်/သံ)ဆက်လက်ကြည့်ရှုနားထောင်နိုင်ပါတယ်။
ဒီဗွီဘီ



ဒေါ်အောင်ဆန်းစုကြည်- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အတာသဘင်နောက်ဆုံးရက်.......(ရုပ်/သံ)

Posted: 16 Apr 2012 05:26 PM PDT


ဒေါ်အောင်ဆန်းစုကြည်- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အတာသဘင်နောက်ဆုံးရက်.......(ရုပ်/သံ)
၈၈ မျိုးဆက်သစ်သံချပ်အဖွဲ့ သင်္ကြန်အတတ်နေ့ညနေ ၅ နာရီတွင် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့တွင် သံချပ်ဖြင့်ဖျော်ဖြေခဲ့သည်။


နိုင်ငံ၏ လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးရရှိရေးကို သံချပ်ဖြင့် ဖော်ထုတ်ပြောဆိုခဲ့ကြောင်း ဒါရိုက်တာကုသိုလ်ပြောဆို

Posted: 16 Apr 2012 05:19 PM PDT

နိုင်ငံ၏ လိုအပ်ချက်များကို သံချပ်ဖြင့် ပျော်ပျော်ရွင်ရွင်ထုတ်ပြခွင့်ရသဖြင့် ၀မ်းမြောက်ကျေနပ်ကြောင်း သင်္ကြန်အတတ်နေ့၌ အမျိုးသားဒီမိုကရေစီပါတီသစ်တွင် သွားရောက်ဖျော်ဖြေခဲ့သူ  သာဓုပါဗျာ သံချပ်အဖွဲ့က ကုသိုလ်က ပြောသည်။

 "အကိုတို့အနေနဲ့ သင်္ကြန်မှာ ဒီလိုသံချပ်ထိုးရတာ နိုင်ငံရဲ့ လိုအပ်ချက်လေးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ထောက်ပြ
တဲ့သဘောပါ ၊ ပိုက်ဆံမယူပါဘူး ပြည်သူတွေခေါ်ရင်လာပါတယ်" ဟု သာဓုပါဗျာ သံချပ်အဖွဲ့ မှ အနုပညာရှင်
ကုသိုလ် ကပြောသည်။

သင်္ယန်းကျွန်းမြို့ နယ်ရှိ အမျိုးသားဒီမိုကရေစီပါတီသစ်တွင် သာဓုပါဗျာ သံချပ်အဖွဲ့ က သင်္ကြန်အကြတ်နေ့ ၁၁နာရီဝန်းကျင်၌ ဖျော်ဖြေခဲ့ရာ သံချပ်မကြားဖူးသော လူငယ်ထုက ပျော်ရွင်စွာအားပေးခဲ့သည်။

 "ညီမတို့ ပြည်သူတစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် အခု အသက် ၂၅ နှစ် ရှိနေပြီ သံချပ်ဆိုတာကို အခုမှကြားဖူးတော့ ရင်ထဲမှာတော်တော်ပျော်တယ်၊ စိတ်လည်း တက်ကြွတယ်" ဟု အမျိုးသားဒီမိုကရေစီပါတီသစ်အသင်းသားဖြစ်သော မသက်မွန်ထွန်းကပြောသည်။

 သာဓုပါဗျာ သံချပ်အဖွဲ့ လာရောက်ဖျော်ဖြေသဖြင့် မိမိတို့ပါတီအတွက် ဂုဏ်ယူမိကြောင်း ၄င်းက ဆက်ပြောသည်။

 သာဓုပါဗျာသံချပ်အဖွဲသည် သင်္ကြန်အကြိုနေ့ကလည်း အင်းလျားကန်အနီးပြည်လမ်းမပေါ်တွင် ဆောက်လုပ်
ထားသောAirBagan(အာရှလေကြောင်း)ရေကစားမဏ္ဍပ်တွင် ဖျော်ဖြေခဲ့သည်။

 "ဟိုဘက်ကမ်းက မီးထိန်ထိန် ပေါက်ဖော်ကြီးတို့အိမ် ၊ ဒီဖက်ကမ်းကမီးထိန်ထိန် ကျွန်တော်တို့နေတဲ့အိမ်
ဟိုဘက်ကမ်းက မီးထိန်ထိန် ယိုးဒယားတို့အိမ် ၊ ဒီဖက်ကမ်းကမီးထိန်ထိန် ကျွန်တော်တို့နေတဲ့အိမ်"ဟုသာဓုပါဗျာသံချပ်အဖွဲ့မှ မြန်မာနိုင်ငံ၏လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးအမြဲတမ်းရရှိရေးကို ထောက်ပြကာသံချပ်ထိုးခဲ့ကြသည်။

 သံချပ်ကားထွက်ခွင့်ရရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနတွင် ခွင့်ပြုချက်တင်ရပြီး သံချပ်ကားတစ်စီးကို
သိန်းနှစ်ဆယ်ခန့်အကုန်အကျခံကာ ပြင်ဆင်ရကြောင်း သံချပ်ကားစီမံရေးတာဝန်ခံ ဦးအောင်သိန်း၏
ပြောပြချက်အရသိရှိရသည်။

 သာဓုပါဗျာသံချပ်အဖွဲ့တွင် အနုပညာရှင်များဖြစ်သော ကုသိုလ် ၊ မေတ္တာ ၊ ဗေလုဝနှင့် သံချပ်အဖွဲ့သား ငါးဆယ်ခန့်ပါဝင်သည်။

ကောင်းမြတ်ဖြိုး(မြစ်မခ)
by Myit Makha Mediagroup


ရန်ကုန်သင်္ကြန်က ဈေးသည်များနှင့်ဗူးခွံကောက်သူများအား စီးပွားဖြစ်စေ

Posted: 16 Apr 2012 05:43 PM PDT


၂၀၁၂ ခုနှစ် ရန်ကုန်သင်္ကြန်တွင်း၌  လူစည်ကားရာနေရာ များတွင် ဈေးရောင်းချသည့် လမ်းဘေးဈေးသည်များ၊ ဘီယာဗူးခွံ့နှင့်ပုလင်းခွန်ကောက်သူများမှာ စီးပွားဖြစ်လျက်ရှိကြောင်း သိရှိရသည်။

၂၀၁၁ခုနှစ်က ရန်ကုန်တွင် ပြည်လမ်း၊ အင်လျားကန်အနီး၌ ပုဂံလေးကြောင်း (Air Bagan)မဏ္ဍပ်တစ်ခု သာရှိပြီး ၊ ယခုနှစ်တွင် အဆိုပါနေရာ၌ Air Bagan ရေကစားမဏ္ဍပ်အပါအ၀င်  Alpine ရေကစားမဏ္ဍပ်၊ChannelVရေကစားမဏ္ဍပ်တိုလာသည့်အတွက် ရောင်းအားနှစ်ဆခန့်တတ်လာကြောင်း ဈေးသည်များက ဆိုသည်။

"မနှစ်က ဒီ ပြည်လမ်းမှာ မဏ္ဍပ်တစ်ခုပဲရှိတယ် အခုဆိုသုံးခုတောင်ရှိတယ် ၊ဒီနေ့ဆိုမနက်ပဲရှိသေးတယ်ကြာဇံကြော်ဘူးတွေ တော်တော်ကုန်နေပြီ၊ ရောင်းကောင်းတယ်" ဟု ပြည်လမ်း၊အင်လျားကန်ဘောင်ရှေ့ရှိကြားဇံကြော်ရောင်းသူ ဒေါ်အုန်းခင်ကပြောသည်။

ယခုနှစ်ရန်ကုန်သင်္ကြန်၌ ကန်တော်ကြီးပတ်လမ်းတွင် ရေကစားမဏ္ဍပ် (၃၀)ရှိပြီး ၊ ပြည်လမ်းတွင် ရေကစား မဏ္ဍပ်(၃)ခုရှိကာ ထိုနေရာနှစ်ခုသည် လူအစည်ကားဆုံးဖြစ်သည်။
 

"သူများတွေကရောင်းကောင်းတယ်ရောင်းဆိုတာနဲ့ အမတို့က ဒီနှစ်မှစရောင်းတာပါ ၊ တကယ်လည်းရောင်း ကောင်းပါတယ် '' ဟု ကန်တော်ကြီးပတ်လမ်းတွင် ရေကစားမဏ္ဍပ်အနီး၌ ဈေးရောင်းသော မသီတာက ပြောသည်။

ယခုနှစ်သင်္ကြန်တွင် ဈေးသည်များဈေးရောင်းကောင်းခြင်းမှာ ရေပက်ခံထွက်သူများပြားခြင်း၊ သံချပ်အဖွဲ့များလှည့်လည် ဖျော်ဖြေခြင်းနှင့်ကန်တော်ကြီးမျှော်စင်ကျွန်းထွင် IBTCကုမ္ပဏီကICရှိုးပွဲအားအခမဲ့ ပြခြင်းတို့ ကြောင့် ဖြစ်ကြောင်း ဈေးသည်များကဆိုသည်။

ရေပက်ခံထွက်သူများပြားသည်နှင့်အမျှ အအေးဗူး၊ဘီယာဗူးနှင့်ပုလင်းများ ရောင်းအားတတ်မှု့ကိုအခြေပြု၍ ပုလင်းခွံနှင့် ဘီယာဘူးများအား ကားကြိုကားကြားများအတွင်း လိုက်လံကောက်ယူ၍ ပိသာာချိန်ဖြင့် ရောင်းချ သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာလည်း စီးပွားဖြစ်လျက်ရှိကြောင်း ပုလင်းနှင့် ဘီယာဗူးခွံကောက်ယူ ရောင်းချသူများထံက သိရသည်။

''တနေ့ကို ဘီယာဗူးခွံလိုက်ကောက်ထုရောင်းတာ (၅)ပိသာဝန်းကျင်လောက်ရတယ်၊ အဲ့ဒီတော့ ကလေးတွေ ခေါ်လာပြီး ဗူးခွံပုလင်းခွံလိုက်ကောက်ပြီးရောင်းချစားသောက်ပါတယ်၊အန္တရာယ်နည်းနည်းရှိပေမယ့် ကျွန်မတို့ မိသားစုအတွက် သင်္ကြန်တွင်း စားဝတ်နေရေးတော့ အဆင်ပြေနေတယ်''ဟု ကလေး(၃)ယောက်မိခင် ၊ မြောက် ဥက္ကလာ ခြောက်ကွေ့က မအမီနာက ဘီယာဗူးခွံကို ထုချေရင်း ပြောဆိုသည်။

ထုချေပြီးသား ဘီယာနှင့် အအေးဗူးခွံ တစ်ပိသာလျှင် ကျပ်(၁၆၀၀)၀န်းကျင်ရရှိပြီ၊ ပုလင်းခွံတစ်လုံးလျင် ကျပ် (၅၀)၀န်းကျင် ဈေးရကြောင်း သိရသည်။



ကောင်းမြတ်ဖြိုး(မြစ်မခ)
by Myit Makha Mediagroup


ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ကျေးရွာ ဖွံ့ ဖြိုးရေးလုပ်ငန်းအတွက် လှူဒါန်းမည်

Posted: 16 Apr 2012 04:23 PM PDT


Photo courtesy of ဗိုလ်ချုပ်ပြတိုက် မော်ကွန်းဓာတ်ပုံ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်မိသားစု ဓာတ်ပုံဖြစ်ပါသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ ဒီကနေ့ကျရောက်တဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေတရပ် စတင်ထူထောင်လိုက်ပြီး၊ ဒီရန်ပုံငွေထဲက ကျပ် သိန်း ၃၀၀ ကို ကော့မှူးမြို့နယ်က ကျေးရွာတွေရဲ့ ဖွံ့ ဖြိုးရေးလုပ်ငန်းတွေအတွက် မနက်ဖြန် သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။

ကော့မှူးမြို့နယ်တွင်း ကျေးရွာအုပ်စုတွေထဲက ရွာ ၃ ရွာကို ကံစမ်းမဲဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လှူဒါန်းမှာဖြစ်ကြောင်း လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ပြောကြားပါတယ်။

ကံစမ်းမဲ ၃ ဆု ရွေးချယ်မှာဖြစ်ပြီး ပထမဆုအနေနဲ့ ကျပ် ၁၇၅ သိန်း၊ ဒုတိယ ၇၅ သိန်း၊ တတိယဆုအဖြစ် သိန်း ၅၀ ပေးအပ်မှာဖြစ်ပါတယ်။ ကံစမ်းမဲပေါက်တဲ့ ကျေးရွာတွေက ပြည်သူတွေကို အစည်းအဝေးခေါ်ယူပြီး ကျေးရွာရဲ့ လိုအပ်ချက်တွေကို တစ်ခါထဲ ဆုံးဖြတ်ချက်ချ စီစဉ်ခဲ့မှာဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း လိုက်ပါကူညီခဲ့တဲ့ ရုပ်ရှင် ဂီတ အနုပညာရှင်တွေကလည်း မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါလာပြီး ကံစမ်းမဲ ဖောက်ပေးမှာဖြစ်သလို ကော့မှူးမြို့မှာ ဖျော်ဖြေဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ပြည်သူလူထုရဲ့ လူမှုရေး စီးပွားရေးတွေကို အထောက်အကူပြုရေး ရည်ရွယ်ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်က အနည်းဆုံး သိန်းတစ်ရာ မတည်ပြီး ဖွဲ့စည်းဆောင်ရွက်တာဖြစ်ပါတယ်။ ဒီဖောင်ဒေးရှင်းကနေ အထောက်အပံ့ပေးရေး အစီအစဉ်ကို ပထမဆုံး ကော့မှူးမြို့နယ်မှာ စတင်တာဖြစ်ပြီး တစ်ပြည်လုံးမှာ လုပ်ဆောင်သွားဖို့ ရည်ရွယ်ကြောင်းလည်း သိရပါတယ်။

RFA