[mrsorcerer:22891] Fwd: [လူဗိုလ်ဟူသည် ...] NLD အောင်မြင်မှုနဲ့ နိုင်ငံရေးဗျူဟာ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: Thu, Apr 5, 2012 at 6:36 AM
Subject: [လူဗိုလ်ဟူသည် ...] NLD အောင်မြင်မှုနဲ့ နိုင်ငံရေးဗျူဟာ
To: lubo601@gmail.com



by Bo K Nyein on Wednesday, April 4, 2012 at 11:11am 

နိုင်ငံရေးမှာ ဖြစ်စေ ၊ စစ်ရေးမှာဖြစ်စေ ၊ ပထမ အချက်က (အင်အား) လိုပါတယ်။ ပြီးမှ ဒီအင်အား ကို အထိရောက်ဆုံး ဘယ်လို သုံမလဲဆိုတဲ့ အပိုင်းကြတော့ (ဗျူဟာ) လိုလာပါတယ်။

၂၀၁၂ ရွေးကောက်ပွဲရလဒ်ကို ကြည့်ရင် ၊ အတိုက်ခံတွေအတွက် အားးရ စရာဖြစ်ပေမဲ့ ၊ အစိုးရ အတွက်က စိုးရွံ့  စရာပါပဲ။

ဒါကြောင့် ၂၀၁၀ ရွေးကော်ပွဲမှာ ဗိုလ်ချုပ်သန်းရွှေ ဟာ အင်အာလ်ဒီ ကို ဘယ်လို မှ ၀င်မပြိုင်စေချင်ဖူး

ဒီလို Landslide ရှုံးရင် ခက်ရချေရဲ့။

ဒါကြောင့် ဗိုလ်ချုပ်သန်းရွှေ ဟာ အကွက်ကျကျ ဗျူဟာနဲ့ NLD ကိုယ်တိုင် မပါဝင်အောင် လှလှလေး ကစားသွားနိုင်တယ်။


ဝင်ချင်ရင် အောက်စီးနဲ့ ၀င်ရမယ် ၊ ဘာမလုပ်ရဖူး လို့  စသည်ဖြင့် စည်းကမ်းတွေ တင်းကြပ်လိုက်ပြီး (မာန) ကို လှုပ်ကိုင်လိုက်ပြီး NLD အထဲ က တော်လှန်ရေး သမားတွေကို (ဆွ) ပေးလိုက်တော့ ဘာကြောင့်ဝင်ရမှာလဲကွ ၊ အောက်ကျခံပြီး မ၀င်နိုင်ဖူး ဆိုပြီး NLD ကဘေးထွက်ထိုင်နေတော့ ပါတီကို irrelevant ဖြစ်အောင်လုပ် လိုက်တာပဲ။

NLD ရဲ့ အဓိက လက်နက်က ဒေါ်စုပဲ

ဒေါ်စုရဲ့ အဓိက အင်အားက ပြည်သူရဲ့ ထောက်ခံမှု ၊ ပြည်သူရဲ့ ယုံကြည်မှုပဲ

NLD က ရွေးကောက်ပွဲ မ၀င်ဖူး ဆိုတော့ ပြည်သူရဲ့ အင်အားကို ပြသခွင့် ၊ အားယူခွင့် မရတော့ဖူးပေါ့။

NLD ဒီလိုဘေးထွက်ထိုင်အောင် လုပ်နိုင်တာ (ဗျူဟာ) ပဲ။

ပါးပါးလေး ပညာ ပေးသွားတာပဲ။

NLD လိုအဓိက အတိုက်အခံ မပါတော့ အစိုးရ က အပင်ပန်းခံပြီး ညစ်စရာ မလိုတော့ဖူး။

လိုအပ်ရင် သေချာအောင် အများမထင်ထားတဲ့ (ကြိုတင်မဲ) ဆိုတာကို ဆွဲယူလာသေးတယ်။

နိုင်ငံရေးမှာ ဖြစ်စေ ၊ စစ်ရေးမှာဖြစ်စေ ၊ တကယ်ဖြစ်လာတာဟာ တွက်ထားတဲ့ အတိုင်းဖြစ်မလာရင်

ရှိနေတဲ့ (ပကထိ) အခြေအနေကို ရင်ဆိုင်နိုင်ပို့ (Adapt) လုပ်တတ်ဖို့လိုလာတယ်။

ဒီလို (Adapt) လုပ်နိုင်ဖို့ (ပကထိ) အခြေအနေကို အရှိကိုမရှိ အတိုင်း သုံးသပ် Analyze လုပ်နိုင်ဖို့လိုလာတယ်

ဒီမှာ Professionals နဲ့ Non Professionals တွေဟာကွာ သွားတယ်။

Professionals တွေက Emotions မပါပဲ Facts ကိုပဲ ကြည့်ပြီးသုံးသပ်နိုင်တယ်။

Non Professionals တွေက Emotions ကိုဦးစားပေးပြီး တွေးတယ် ၊ စဉ်းစားတယ် ၊ သုံးသပ်တယ်။

ဒီမှာ ဒေါ်စုကို ချီးကျူးရမှာ က ၂၀၁၀ အကျယ်ချုပ်က ထွက်လာတော့ ဒေါ်စုဟာ သမ္ဘာရင့် နိုင်ငံရေးသမား ဖြစ်လာပြီ။

ထွက်ထွက်လာချင်းမှာ တော်လှန်ရေးသမားတွေက Emotions စိတ်ခံစားမှု အခြေခံပြီး ၀ိုင်းတွန်းတော့

ဒေါ်စုလည်း ပါသွားတယ်လို့ ထင်မိတယ်။

ခေါင်းအေးအေးနဲ့ ပြန်သုံးသတ်ရင် 

NLD ရွေးကောက်ပွဲ မ၀င်တော့ မိမိရဲ့ အင်အား

ပြည်သူ ရဲ့ ထောက်ခံမှု အင်အားကို ပြသခွင့် ၊ အသုံးချခွင့် ၊ မရဖူးပေါ့။

Emotions စိတ်ခံစားမှု ကိုအခြေပြုတဲ့ ဆုံးဖြတ်ချက်မို့ စိတ်အာသာ တော့ အတော်ပြေသွားကြတယ်။

မာတယ်ကွ ၊ ဒူးမထောက်ဖူးကွ ၊ တောင့်ခံထား ဆိုပြီး စိတ်ကျေနပ်မှု ရကြတယ်။

သို့သော် နိုင်ငံရေးအရ ဘာမှ အသာမရဖူး

ကိုယ်ကဘေးရောက် သွားတော့ ပွဲကြည့် ပရိသတ်ဖြစ်သွားတာပေါ့

နိုင်ငံရေးဗျူဟာ ကိုနားလည်သဘောပေါက်တဲ့ ဒေါ်စုဟာ ပကထိအခြေမနေကို သုံးသက်တတ်တာကြောင့် Adapt လုပ်ရမယ်ဆိုတာကိုသိပုံရတယ်။

(ဂ) ကွေ့..ကွေ့ပြီး ..ကြားဖြတ်ရွေးကောက်ပွဲကို ၀င်တော့ အစိုးရက လွပ်လွပ်လပ်လပ် ဒေါ်စု နဲ့ NLD ကို မဲစွယ်ခွင့်ပေးရတယ်။

ဒေါ်စု နဲ့ ပြည်သူ ထိတွေ့ခွင့် ရပြီ။

ဒီမှာ Magic လာဖြစ်တာပဲ။

ပြည်သူ ကလည်း တက်ကြွလာပြီး ဒေါ်စု ဟာလည်း ကြာဖူးနဲ့ရေ ထိတွေ့သလို … ဖူးကြွ..ခွင့်ရလာတယ်။

ရလဒ် က တားလို့ မရတဲ့ ပြည်သူရဲ့ထောက်ခံမှု ပဲ

ရလဒ် က landslide အားလုံး အနိုင်ရတဲ့ မဲ နိုင်ခြင်းပဲ။

ဒီအင်အားကို ကြည့်ပြီး ဒေါ်စုရဲ့ အင်အားဟာ အများကြီး အဟုန်ကြီးလာပြီ။

ဒါဟာ ဗျူဟာမှန်တာနဲ့ ဗျူဟာမှန်ခြင်းရဲ့ အကျိုးတရားပဲ ဆိုတာ ကိုလူငယ်လေးတွေကို သိစေချင်တယ်။

နိုင်ငံရေးမှာ ဗျူဟာ ဆိုတာအရေးကြီးပါတယ်။

အခုလည်း လက်ဝဲသူငယ်နာ မစင်ကြသေးတဲ့ အစွန်းရောက်တစ်စု ဟာ ဒေါ်စုရဲ့ ဗျူဟာ ကိုနားမလည်နိုင်ကြ

တနည်းအားဖြင့် ဥါဏ်မမှီကြရှာဖူး။ Capacity ချင်းကွာကြတယ် မဟုတ်လား။

တချိန်က ဗမာပြည်ကွန်မြူနစ် ဟာ အာဏါရလု နီးပါး အခြေအနေရောက်ခဲ့ကြတယ်။

ဗျူဟာမှား လို့ စားရခါနီး ဖုတ်ဆိုဖြုတ်ကျ တဲ့ဘ၀ရောက်ခဲ့ကြရတယ်။

အဓိက ကတော့ ဗျူဟာကို Emotions နဲ့ ဆုံးဖြတ်ခဲ့ကြတာရယ် ၊ ဥါဏ်ချင်းပြိုင်ကြတော့ ဥါဏ်မမှီကြတာပဲ။

တသက်လုံးနီးပါး တရုတ်ပြည်မှာနေ ၊ တရုတ်မ နဲ့ရ ၊ တရုတ် တွေကို ဘုရားလိုကိုးကွယ်ပြီး ၊ တရုတ်ပြည်ကြီးမှာ ဇာတ်သိမ်းသွားရတဲ့

ထားဝယ်က တရုတ်ကပြား ၊ ဗကပဥက္ကဋ္ဌကြီး သခင်ဗသိန်းတင် ပြောခဲ့တဲ့ စကားဟာ စဉ်းစားစရာပဲ

" လမ်းစဉ်မှန်ရင် မရှိရာမှ ရှိလာတတ်တယ် ၊ လမ်းစဉ်မှားရင်တော့ ရှိရာက မရှိဖြစ်သွားပြီး ကြီးရာမှ ငယ်သွားမယ် "

ဗကပ ဟာ ကြီးရာက မြေအောင်းရတဲ့ နိုင်ငံရေး ပါတီဖြစ်သွားရတဲ့ ကိုယ်တိုင်အတွေအကြုံက သာဓက ပဲမဟုတ်လား

လမ်းစဉ်မှန်လို့ …. NLD ၀က်ဝက်ကွဲ လူထုထောက်ခံမှု ရတာကိုမြင်ကြရပြီ …..

လမ်းစဉ်ဆိုတာ ဗျူဟာ ကစတာပဲ မဟုတ်လား

NLD နဲ့ ဒေါ်စု မိမိတို့ရဲ့ အင်အားကို ပြခွင့်ရအောင် ဖန်ထီးယူ .. ဗျုဟာပဲ

Capacity မရှိပဲ နဲပတော့ ဗျူဟာ ကိုဘယ် နားလည်ကြပါ့မလဲ

လူငယ်လေးတွေကို စဉ်းစားစေချင်တာပါ။

ဘိုကျော်ငြိမ်း
မတ်လ ၄ ရက် ၂၀၁၂



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/05/2012 06:36:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ