ငြိမ်းချမ်းရေးနိုဗယ်ဆု၏ နောက်ကွယ်မှ လျှို့ဝှက်ချက်များ

နိုဗယ်ဆု၏ ရလဒ်အား တုံပြန်လိုက်သော အိုဘားမား၏ အဖွင့်မိန့် ခွန်းတွင် ၄င်းက အံအားသင့်မိသည်နှင့် တချိန်တည်းမှာပင် နိုဗယ်ဆုသည် မိမိနှင့် ထိုက်တန်သည်ဟု မထင်မိကြောင်း ပြောကြားခဲ့သည်။ ချီးမြှင့်လိုက်သော နိုဗယ်ဆုကြောင့် အိုဘားမားသည် နောင်လုပ်မည့် နိုင်ငံရေးဆုံးဖြတ်ချက်နှင့် လုပ်ကိုင်ဆောင်ရွက်ချက်များကို သတိကြီးစွာ ထားရတော့မည်မှာ အသေအချာ ဖြစ်သည်။
နိုဗယ်ဆုပေးပြီး ဆက်တိုက် ထွက်ပေါ်လာသောသတင်းများတွင်လည်း အိုဘားမား၏ နိုဗယ်ဆုအား သို့လောသို့လော တွေးစရာများ ပါဝင်နေကြသည်။ နိုဗယ်ဆုပေးလိုက်ခြင်းသည် လုပ်ဆောင်ပြခဲ့သော ကိစ္စရပ်များကို ကာယကံရှင်အား တဖက်မှ အားပေးချီးမြှင့်ထားခြင်း ဖြစ်သလို တဖက်မှလည်း အလားတူလုပ်ရပ်များအား ဆက်လက်လုပ်ဆောင် သွားစေရန် တိုက်တွန်းထားသော အသံမဲ့ ရုပ်ဝတ္ထုတန်ဆာတမျိုးဖြစ်သည်။
အတိုက်အခိုက်များနှင့် စတင်ခဲ့သော ၂၁ရာစု
ပွဲဦးထွက်မကောင်းသော၂၁ရာစုသည် အမေရိကန်နှင့် မူစလင်နိုင်ငံများအကြား သွေးထွက်သံယိုဇာတ်လမ်းများနှင့် အစပြုခဲ့သည်။ ကံခေသော ဘွတ်ရှ်သည် သမ္မတရာထူးကို ရရှိပြီး မကြာခင်မှာပင် ကမ္ဘာ့ကုန်သွယ်ရေးအဆောက် အအုံနှင့် အမေရိကန်စစ်ဌာနချုပ်အား မထင်မှတ်ပဲ ၀င်ရောက်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထိုအဖြစ်အပျက် ကြောင့်ပင် ဘွတ်ရှ်ဦးဆောင်သော အမေရိကန်အစိုးရသည် နိုင်ငံတော်လက်တုံ့ပြန်မှုဆိုသော စကားလုံးကို ဆွဲကိုင်ကာ လက်သည်တရားခံဟု ယူဆရသော ဘင်လာဒင်နေထိုင်သည့် အာဖဂနုစ္စတန်ကို စစ်ရေးအရ ကျူးကျော် ၀င်ရောက်ခဲ့သည်။
အမေရိကန်၏ စစ်ရေးအာဏာချဲ့ထွင်ခြင်းမှာ အာဖဂန်ကိုဝင်ရောက်တိုက်ခိုက်ပြီးရုံနှင့် ရပ်တန့်မနေပါ။ အမေရိကန် သည် အာဖဂန်ပြီးသည့်နောက် အခြားသော ၀င်ရောက်နိုင်မည့်နိုင်ငံများကို နိုင်ငံရေးလေ့လာသူ များက ထင်ကြေးပေးခဲ့ကြသည် သတင်းဌာနများက နုကလီယားကိစ္စပြောလေတိုင်း အီရန်၊ အီရတ်နှင့် မြောက်ကိုရီးယား တို့သည် ထိပ်ဆုံးမှ ပါဝင်ခဲ့သောနိုင်ငံများ ဖြစ်ကြသည်။
နာမည်ဆိုးဖြင့် ကျော်ကြားသော အဆိုပါနိုင်ငံများ နုကလီးယားလက်နက်ပိုင်ဆိုင်ခြင်းကို အမေရိကန်အစိုးရအဖွဲ့က ကန့်သတ်ထိမ်းချုပ်ရန် ကြိုးစားခြင်းနေချိန်တွင် အမေရိကန်၏နောက်ထပ်ပစ်မှတ် ဖြစ်ခဲ့ရသောနိုင်ငံမှာ အီရတ်ဖြစ်သည်။ အီရတ်ကို စစ်ရေးအရ၀င်ရောက်ခြင်းသည် အမေရိကန်တို့ ထင်သလောက်မလွယ်ကူခဲ့ခြေ၊ နှစ်ဦးနှစ်ဖက် အသေအကြေများ လှသော အမေရိကန်၊ အီရတ်စစ်ပွဲမှာ ထင်သလောက် ခရီးမပေါက်သည့်အပြင် စစ်ပမ်းလာသည့် အမေရိကန် ပြည်သူတို့ စတင်ငြီးငြူစိတ်ပျက်လာခြင်းဖြစ်သည်။
အသေအကြေများလှသော အမေရိကန်၊အီရတ် စစ်ပွဲ
အမေရိကန်၊အီရတ်စစ်ပွဲ စတင်ချိန်မှ ယနေ့အချိန်အထိ ကျဆုံးသွားခဲ့သော အမေရိကန်စစ်သားမှာ ၄၃၄၉ ယောက်ရှိခဲ့ပြီး ယူနိုက်တက်ကင်းဒမ်းနှင့် အခြားမဟာမိတ်နိုင်ငံများမှ အကျအဆုံးများကိုပါ ထည့်တွက်မည်ဆိုလျှင် (၄၆၆၇ယောက်) ရှိခဲ့ပြီ ဖြစ်သည်။ ဒါဏ်ရာရသူစုစုပေါင်းမှာ (၁၀၀၀၀၀) ခန့်ရှိသည်ဟု စစ်ဆန့်ကျင်ရေးအဖွဲ့ အစည်းတစ်ခုက ခန့်မှန်းထားပြီး တရားဝင်မှတ်တမ်းများအရ (၃၁၅၂ရ) ယောက်ရှိပြီဖြစ်သည်။
အီရတ်အမေရိကန်စစ်ပွဲတွင် သေဆုံးနှင့် ဒါဏ်ရာရသူများအပြင် အခြားသောအရေးတကြီး ထည့်တွက်ရမည့် ကိစ္စမှာ ထင်မှတ်ထားသည့်ထက် တုံလှုပ်ခြောက်ခြားဖွယ်ရာဖြစ်သည်။ ၂၀၀၈ခုနှစ် ဧပြီလ(၁၇)ရက်စွဲဖြင့် ရေးသားထားသော သတင်းတစ်ပုဒ်တွင် အာဖဂန်နှင့် အီရတ်တို့ တွင် တာဝန်ကျနေသော၊ ကျခဲ့ဘူးသော အမေရိကန်စစ်သား (၃၀၀၀၀၀) ခန့်မှာ စိတ်ဓါတ်ကျသောရောဂါကို ခံစားနေခဲ့ရပြီး (၃၂၀၀၀၀) ခန့်မှာ ဦးခေါင်းဒါဏ်ရာရခဲ့သည်ဟု မှတ်တမ်းတင် ဖေါ်ပြထားသည်။
အိုဘားမားတက်လာပြီးနောက်
သမ္မတအိုဘားမားတက်လာခြင်းဖြင့် အမေရိကန်နိုင်ငံအတွက်သာမက ကမ္ဘာကြီးတစ်ခုလုံးအတွက်ပါ အပြောင်းအလဲ တစ်ခု မလွဲမသွေ ဖြစ်ရတော့မည်ဟု အမေရိကန်ပြည်သူများနှင့်အတူ အများက အားကိုးတကြီး ၀ိုင်းဝန်း မျှော်လင့်ခဲ့ကြသည်။ မျှော်လင့်ထားသကဲ့သို့ပင် အိုဘားမားသည် တာဝန်များကို လက်လွှဲယူပြီးချိန်မှ အစပြုကာ အရေးကြီးသော နိုင်ငံရေး၊ ပြည်တွင်းရေး၊ စီးပွားရေး အပြောင်းအလွဲများကုဖြစ်ပေါ်စေမည့် ဆုံးဖြတ်ချက်များ ဆက်တိုက်ချမှတ်ဆောင်ရွက်ခဲ့သည်။
သို့သော်လည်း အိုဘားမား၏ ဆုံးဖြတ်ချက်အချို့မှာ အတိုက်အခံ နိုင်ငံရေးသမားများ အပါအ၀င် လေ့လာစောင့်ကြည့်သူများအတွက် အငြင်းပွားစရာ၊ဖြစ်ခဲ့ရသည်။ ထိုဆုံးဖြတ်ချက်များ ထဲမှ အရေးကြီးသော ဆုံးဖြတ်ချက်မှာ အမေရိကန်တပ်များကို မပြီးဆုံးသေးသော စစ်မြေပြင်များမှ ပြန်လည် ခေါ်ယူလာရေး ဖြစ်သည်။ လျှင်မြန်သော ဝေဖန်သံများ ပေါ်ထွက်လာသည်နှင့် တပြိုင်တည်းမှာပင် အိုဘားမား၏ အကြံပေးအရာရှိများနှင့် အခြားသော နိုင်ငံရေးကျွမ်းကျင်သူများက ပြန်လည်စဉ်းစားပါရန် အိုဘားမားအား တိုက်တွန်းခဲ့သည်။ အမေရိကန်ပြည်သူများကို ရွေးကောက်ပွဲကာလအတွင်းက ပေးခဲ့သော အမေရိကန် စစ်သည်တော်များကို စစ်မြေပြင်မှ အပြီးတိုင်ပြန်ခေါ်ပါမည်ဆိုသော ကတိသည် ထိုဝေဖန်သံများအကြား မှေးမှိန်ခဲ့လေပြီ။
စစ်မှန်သော ငြိမ်းချမ်းရေးအတွက် ဖိအားပေးထားသောနိုဗယ်ဆု
နိုဗယ်ဆုပေးသော သတင်းထွက်ပေါ်လာသောအချိန်တွင် လူအများက အံအားတသင့်ပြောကြားခဲ့သောစကားများမှာ အိုဘားမားသည် ငြိမ်းချမ်းရေးနိုဗယ်ဆု ပေးရလောက်အောင် ဘာတွေများလုပ်ခဲ့ပြီးပြီလဲ ဆိုသော မေးခွန်းမျိုးဖြစ်သည်။ အကယ်၍ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် ထိုက်သင့်သလောက် မလုပ်ရသေးပါက လုပ်ပြစေရန် အများက မျှော်လင့်စောင့်စားနေကြသည်။ အချို့သတင်းစာများက ကမ္ဘာကြီးအတွက် စစ်မှန်သော ငြိမ်းချမ်းရေးပေါ်ထွက်လာရန် မျှော်လင့်စောင့်စားလျှက်ရှိနေကြောင်း သမ္မတကြီးအား ဖိအားပေးရေးသားနေချိန်တွင်
အမေရိကန်သတင်းဌာနအချို့ကလည်း အမေရိကန်တပ်များကို အိမ်ပြန်လာခဲ့ရန် ခေါ်မည်ဆိုပါလျှင် သောင်းကျန်းသူ တို့ အောင်ပွဲခံသွားလိမ့်မည် ဖြစ်ကြောင်း သတိပေးနေကြသည်။ သို့သော်လည်း စစ်ပန်းနေပြီဖြစ်သော အမေရိကန်တပ်များနှင့် အမေရိကန်ပြည်သူတို့၏ လိုလားချက်ကို ဖြည့်စွမ်းပေါ်ရန် ကတိက၀တ်ပြုထားခဲ့သော သမ္မတကြီးသည် မူလက ပေးထားခဲ့သော ကတိကို ဖျက်ပြစ်ရန် နောက်ဆံတင်းနေမည်မှာ အသေအချာဖြစ်သည်။
အများနည်းတူ နိုဗယ်ဆု ရွေးချယ်ရေးအဖွဲ့ က မြင်လိုသော ကမ္ဘာကြီးအတွက် စစ်မှန်သော ငြိမ်းချမ်းရေးဆိုသည်မှာ စစ်သွေးကြွအုပ်စုများကို အမြစ်ပြတ်ချေမှုန်းရေးအပြင် ရာစုနှစ်ထက်ဝက်ကျော်မက ကြာမြင့်နေပြီဖြစ်သော အရှေ့ အလယ်ပိုင်းဒေသ အရေးပင် ဖြစ်သည်ဟု ထင်မြင်ချက်ပေးသည်။ သို့သော် စစ်သွေးကြွအုပ်စုများကို အမြစ်ပြတ် ချေမှုန်းရေးဆိုသည်မှာ လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့် နက်ကြောင်း ဘာသာရေး၊လူမျိုးရေး၊ နိုင်ငံရေးအရှုတ်အထွေးများကို ကြုံဘူးသူတိုင်း သိကြပါသည်။
ထို့ထက်ပိုမို ခက်ခဲသည်မှာ ဘယ်သောအခါကမှ မငြိမ်းချမ်းနိုင်ခဲ့သော အရှေ့အလယ်ပိုင်းဒေသကို ပြန်လည်ငြိမ်းချမ်း လာစေရန် လုပ်ဆောင်ရေးဖြစ်သည်။ နိုင်ငံရေးနားလည်ကျွမ်းကျင်သူများ၊ သမိုင်းအတွေ့  အကြုံရှိသူများ အနေနှင့် အရှေ့ အလယ်ပိုင်းဒေသ၏ ပြဿနာ အတိမ်အနက်ကို ခန့် မှန်းသိရှိကြပါသည်။ သမ္မတကြီးသည် ယခုအချိန်တွင် ငြိမ်းချမ်းရေးအရယူရေးနှင့် အမေရိကန်ပြည်သူတို့ ၏ သဘောဆန္ဒများအကြား ဗျာများနေမည်ထက်၊ အမှန်တကယ် ငြိမ်းချမ်းလာစေရန် မည်သို့ လုပ်မည်ဆိုသည်ကို ပို၍ လေးလေးနက်နက် စဉ်းစားရတော့မည်ဖြစ်သည်။ ရရှိခဲ့သော ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် ထိုက်တန်သော လုပ်ဆောင်မှု တစ်ခုခုကို သမ္မတသက်တမ်းမကုန်ဆုံးခင်စပ်ကြား လုပ်ဆောင်ပြရတော့မည်မှာ မလွဲဧကန်ဖြစ်သည်။
မှတ်ချက်၊ ဤဆောင်းပါးသည် ဘာသာပြန်မဟုတ်ပါ။ သတင်းအချက်အလက်များကို မီငြမ်းကိုးကားရေးသားထား သော စာရေးသူ၏ အာဘော်သာဖြစ်သည်။
Source: Google news
Posted By .. Pye Zon
မေမွန်ကျော်
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ