[mrsorcerer:23065] ဟန်ချက်ညီတဲ့ဘ၀ | A New Post from Your Life Success Blog : Happiness, Success & Useful Tips for YOUR Life ...

ဟန်ချက်ညီတဲ့ ဘဝ

ဟန်ချက်ညီတဲ့ဘ၀ဆိုတာ သင့်အတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်မှု ရှိပါသလဲ?

ဒါကို သင့်ကိုယ်သင် စဉ်းစားခဲ့ဖူးပါသလား?

ဟန်ချက်ညီတဲ့ဘ၀ဆိုတာကို သင်ကိုယ်တိုင် အဓိပ္ပါယ်ဖွင့်ဆိုထားတာမျိုး ရှိပါသလား။

လူတော်တော်များများကတော့ အဲဒါဟာ ဘာမှန်းမသိဘဲနဲ့တောင်မှ ဟန်ချက်ညီတဲ့ဘ၀ဆိုတာကို ရှာဖွေနေကြပါတယ်။ သူတို့က ထင်ကြတယ်။ ဟန်ချက်ညီတဲ့ဘ၀ဆိုတာ စိတ်နဲ့ ခန္ဓာကိုယ်ရဲ့ အခြေအနေတစ်ခု၊ ဘယ်လိုအခြေအနေလဲဆိုတော့ မြင်ရသမျှ၊ ခံစားရသမျှဟာ တည်ငြိမ်နေ၊ ပြီးပြည့်စုံနေတဲ့ အခြေအနေတစ်ခုလို့ ထင်ကြတယ်။ အဲဒီလိုမျိုး အခြေအနေတစ်ခုဟာ အမှန်တကယ် ရှိနိုင်ပါသလား? သေချာပါတယ်၊ လုံးဝ မရှိနိုင်ပါဘူး။ ပြီးတော့ အဲဒီလိုမျိုး ဘ၀ပုံစံဟာ သင့်ကို ကြီးထွားလာစေမှာမဟုတ်၊ သင့်ရဲ့ ရည်မှန်းချက်တွေဆီကို ရောက်စေမှာမဟုတ်၊ ပြီးတော့ သင့်ကို လူသားတစ်ယောက်အဖြစ် ဖြစ်တည်လာဖို့တောင် ခွင့်ပြုမှာမဟုတ်တဲ့ ကံဆိုးမှုတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။

တစ်ခါတစ်ရံမှာ တစ်ခုခုဟာ ဘာလဲဆိုတာကို ဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းကတော့ အဲဒီအရာ မဟုတ်တဲ့ဟာတွေကို အရင်ဆုံး အဓိပ္ပါယ်ဖော်ကြည့်ခြင်းပါပဲ။ ဒါကြောင့် ဘာတွေက ဟန်ချက်ညီတဲ့ဘ၀ မဟုတ်ဘူးဆိုတာ ပြောပါရစေ။

ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ဒါတွေ မဟုတ်ပါဘူး -

- နေ့စဉ်နေ့တိုင်း ပြီးပြည့်စုံတဲ့ perfect ဖြစ်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်တာမျိုး မဟုတ်ဘူး
- နေ့စဉ်နေ့တိုင်း သင့်ရဲ့ အချိန်တွေ၊ ခွန်အားတွေအားလုံးကို သင့်ဘ၀ရဲ့ အစိတ်အပိုင်းအားလုံးမှာ အညီအမျှ စူးစိုက်ထားတာမျိုး မဟုတ်ဘူး။
- သင့်ရဲ့ အချိန်စာရင်းထဲကို လုပ်စရာတွေအများကြီး ကျပ်သိပ်နေအောင် ထပ်ထည့်တာမျိုးမဟုတ်ဘူး။
- ဘယ်ပြဿနာကိုမဆို ဖြေရှင်းနိုင်တဲ့ မှော်အတတ်လည်း မဟုတ်ဘူး။
- တစ်ကြိမ်တစ်ခါရရှိပြီးတာနဲ့ သင့်ရဲ့ ဘ၀တစ်လျှောက်လုံးမှာ တည်မြဲနေမယ့်အရာမျိုး မဟုတ်ဘူး။

ဒါဆို ကျနော်တို့ ဒီမှာ ဘာကို ရှာဖွေနေကြတာလဲဆိုတာ သင် သိချင်နေလောက်ပါပြီ။ ကျနော် သင့်ကို ခေါင်းရှုပ်အောင် မလုပ်ခဲ့မိဘူးလို့ မျှော်လင့်ပါတယ်။

ဟန်ချက်ညီတဲ့ဘ၀ဆိုတာ -

A journeyခရီးတစ်ခုပါ။  ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ နေ့စဉ်နေ့တိုင်း ဟန်ချက်ညီအောင် နေထိုင်ဖို့ ခြေလှမ်းတွေကို ပြုလုပ်နေရလို့ပါပဲ။ နေ့စဉ်နေ့တိုင်း "တစ်ခုခု" ကတော့ သင့်ကို ဟန်ချက်ပျက်အောင် တွန်းထုတ်ပါလိမ့်မယ်။ (ပြီးတော့ အများအားဖြင့် အဲဒီ "တစ်ခုခု" ဆိုတာကပဲ အနိုင်ရပါလိမ့်မယ်။ ) ဒါပေမဲ့ အဲဒီလိုဖြစ်လာတဲ့အခါတိုင်းမှာ သင်ဟာ သင့်ရဲ့ဟန်ချက်ကို ရောက်အောင် ပြန်ထိန်းနိုင်ပါတယ်။

Attitudeစိတ်နေသဘောထားတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ချက်ညီတဲ့ဘ၀တစ်ခုကို နေထိုင်ခြင်းဆိုတာဟာ ဟန်ချက်ညီတဲ့စိတ်တစ်ခုကို ပိုင်ဆိုင်ခြင်းလို့ အဓိပ္ပါယ်ရလို့ပါပဲ။ သင့်အတွက် ပုံမှန်မဟုတ်တဲ့ ရွေးချယ်မှုတွေကို ပြုလုပ်ဖို့ သင့်ကိုယ်သင် ဖိအားမပေးနိုင်ဘူး။ လေ့ကျင့်မှုတွေ၊ သင့်ကိုယ်သင် ရှာဖွေခြင်းတွေကတစ်ဆင့် သင်ဟာ ဟန်ချက်ညီတဲ့ စိတ်တစ်ခုကို ဖန်တီးယူနိုင်ပါတယ်။ အမှတ်တစ်ခုကို ရောက်တဲ့အခါ သင်ဟာ ရလာဒ်တွေကို ရရှိပါလိမ့်မယ်။ ပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးကို ဟန်ချက်ညီတဲ့ အရောင်တွေနဲ့ စ တွေ့ရပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ ဟန်ချက်ညီတဲ့ Lifestyle အတွက် အထောက်အကူဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို စတင် ချမှတ်နိုင်ပါလိမ့်မယ်။

Focusအာရုံစူးစိုက်မှုပါ။ ဘာဖြစ်လို့လဲဆိုတော့ သင့်ဘ၀ရဲ့ အစိတ်အပိုင်းတိုင်း (မိသားစု၊ ကျန်းမာရေး၊ အလုပ်၊ ငွေကြေး၊ ၀ါသနာ၊ လူမှုဘ၀နဲ့ ဘာသာအယူဝါဒ) အဲဒီအစိတ်အပိုင်းတိုင်းဟာ သင့်ရဲ့ အချိန်တွေနဲ့ အာရုံစူးစိုက်မှုတွေကို လိုအပ်ပါတယ်။ ပမာဏချင်းကတော့ မတူညီကြပါဘူး။ မိဘတစ်ယောက်ဟာ ကမ္ဘာပေါ်မှာ ရှိသမျှအရာတိုင်းထက် သူ့ရဲ့ ကလေးကို ပိုပြီး အာရုံစိုက်ပါလိမ့်မယ်။ ဘွဲ့ယူ ကျောင်းသားတစ်ယောက်ဟာ သူ့ရဲ့ စာတမ်းအတွက် သူ့ခွန်အားတွေအားလုံးကို စိုက်ထုတ်ပါလိမ့်မယ်။ ပင်စင်ယူပြီးတဲ့လူတစ်ယောက်ဟာ သူ့ရဲ့ ကျန်းမာရေးနဲ့ စိတ်နှလုံးသားကို အခြားအရာအားလုံးထက် ပိုပြီး အာရုံစိုက်ပါလိမ့်မယ်။ သင်ဟာ ဟန်ချက်ညီတဲ့ဘ၀တစ်ခုကို နေထိုင်တဲ့အခါမှာ သင့်ရဲ့ အာရုံကို မှန်ကန်တဲ့ လမ်းကြောင်းဘက်ကို အချိန်အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနိုင်ပါတယ် ( တစ်ရက် ဒါမှမဟုတ် တစ်နှစ်လည်း ဖြစ်ချင်ဖြစ်မယ် ) အဲဒီလိုအခါမျိုးမှာ သင့်ဘ၀ရဲ့ အခြားအစိတ်အပိုင်းတွေကို လုံးဝ လျစ်လျူရှုစရာမလိုပါဘူး။

Core beliefအဓိက ယုံကြည်ချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခြေခံအုတ်မြစ်ကြီး မရှိဘဲနဲ့ သင်ဟာ ဟန်ချက်ညီမှုကို ဘယ်လိုမှ မတည်ဆောက်နိုင်လို့ပါပဲ။ သင်ရဲ့ စိတ်ဓာတ်တွေ မခိုင်မခံ့ ဖြစ်လာတဲ့အခါ၊ သင့်မှာ စိတ်ဓာတ်တက်ကြွမှု မရှိတဲ့အခါ၊ အားနည်းနေတဲ့အခါ၊ ဒါမှမဟုတ် (ရိုးရှင်းစွာပဲ) သင့်ရဲ့စိတ်ထဲမှာ သံသယတွေ ရှိနေတဲ့အခါမျိုးမှာ သင် မှီတည်စရာ ယုံကြည်ချက်တစ်ခု ရှိဖို့လိုပါတယ်။

Very Personalအလွန် ကိုယ်ရေးကိုယ်တာ ဆန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကမ္ဘာမှာ ရည်မှန်းချက်တွေ၊ ပြဿနာတွေ၊ လိုအပ်ချက်တွေ၊ ပင်ကိုစွမ်းရည်တွေ တထေရာတည်းတူညီတဲ့ လူနှစ်ယောက်ဆိုတာ မရှိလို့ပါပဲ။ သင်ဟာ တခြားလူတွေဆီက နည်းလမ်းတွေ၊ အကြံဥာဏ်တွေ၊ ဥပမာတွေ ယူနိုင်တယ်။ ပြီးတော့ အဲဒီအရာတွေကို သင့်ရဲ့ဘ၀ကို ဟန်ချက်ညီစေဖို့အတွက် ပြောင်းလဲနိုင်ပါတယ်။

ဟန်ချက်ညီတဲ့ဘ၀ဆိုတာ သင့်အတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်မှုရှိပါသလဲ။ အဲဒါကို ဒီကနေ့ သင့်ကို စဉ်းစားစေချင်ပါတယ်။ ဟန်ချက်ညီတဲ့ဘ၀ဆီကို ခရီးမစခင်မှာ သင်ဟာ ဘာကို ရှာနေတယ်ဆိုတာ သိရပါမယ်။ သင့်ရဲ့ဘ၀၊ သင့်ရဲ့ ရည်မှန်းချက်တွေ၊ နက်ရှိုင်းတဲ့ ယုံကြည်ချက်တွေ၊ ဆန္ဒတွေ၊ အဲဒီအရာတွေကို ပြန်စဉ်းစားဖို့ သင့်ကိုယ်သင် အချိန်ပေးပါ။ သင့်အတွက် ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ဘာလဲ?

ဒါကတော့ ဟန်ချက်ညီတဲ့ဘ၀ဆိုတာကို ကျနော့်ရဲ့ ကိုယ်ပိုင် အဓိပ္ပါယ်သတ်မှတ်ချက်ပါပဲ။

- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ အတွင်းစိတ် ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှု ။

- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ပြည့်ဝနေတဲ့ဘ၀ ၊ ဒါပေမဲ့ အဲဒီအထဲကို အသစ်တစ်ခုခု ထပ်ထည့်ဖို့အတွက်လည်း အခန်းလွတ်တွေ အများကြီး ရှိနေတယ်။

- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ပျော်ရွှင်တဲ့မိသားစု၊ ပြီးတော့ ကျနော့် သမီးလေးတွေရဲ့ မျက်နှာတွေပေါ်က အပြုံးတွေ။

- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ကျနော့်ရဲ့ စိတ်ကိုရော၊ ခန္ဓာကိုယ်ကိုရော စောင့်ရှောက်တာ။

- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ အပြင်ထွက်လမ်းလျှောက်ပြီး ကျနော့်ကို နိုးကြွစေမယ့် ကျနော့်ပတ်ဝန်းကျင်က အလှတရားတွေကို တစ်ရက်ပြီးတစ်ရက် ကြည့်ရှုတာ။

- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ကျနော့်မှာရှိတဲ့ ယုံကြည်ချက်။

- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ကျနော့်ဘ၀ရဲ့ အရေးအကြီးဆုံးအရာများကိုသာ အာရုံစူးစိုက်တာ ( အရေးမကြီးတဲ့အရာတွေ၊ အလုပ်တွေကို ဆုံးရှုံးဖို့လည်း ၀န်မလေးတာ)

- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ တီထွင်ဖန်တီးမှု၊ အလုပ်အကိုင်၊ မိသားစု၊ လေ့ကျင့်ခန်းနဲ့ ကျနော့်ရဲ့ ကိုယ်ပိုင်အချိန်တွေကို ရောစပ်ထားတာ။ ဒါဟာ အလွန်ပဲ ထူးကဲပါတယ်။ အချိန်အတော်များများမှာ ဖရိုမရဲဖြစ်နေနိုင်တယ်။ ပြီးတော့ ဟန်ချက်ညီအောင်ထိန်းဖို့အတွက် စိုက်ထုတ်ရတဲ့ အားထုတ်မှုတွေဟာ လုံးဝ ထိုက်တန်ပါတယ်။

သင့်ရဲ့ အိမ်စာ -

ဟန်ချက်ညီတဲ့ဘ၀ဆိုတာကို သင့်ရဲ့ ကိုယ်ပိုင်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ချရေးပါ။
သင့်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရေးတဲ့အခါ အောက်ပါ မေးခွန်းများကို အာရုံစိုက်ပါ။

- ဘယ်လို စိတ်ခံစားမှုမျိုးဟာ သင့်ကို ဟန်ချက်ညီတယ်လို့ ခံစားရစေသလဲ?
- သင့်ရဲ့ အဓိက ယုံကြည်ချက်(Core Belief) က ဘာလဲ?
- အခြေအနေတွေအားလုံးကို ဟန်ချက်ညီတဲ့နည်းလမ်းနဲ့ ဘယ်လိုချဉ်းကပ်မလဲ?
- အခုအချိန်မှာ သင့်ဘ၀ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းဟာ ဘာလဲ?

မေးခွန်းတချို့ရှိမယ်ဆိုရင် e-mail ပို့နိုင်ပါတယ်။
ဒါမှမဟုတ် ဟန်ချက်ညီတဲ့ဘ၀ကို သင့်ရဲ့ ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလည်း မျှဝေနိုင်ပါတယ်။

ဟန်ချက်ညီတဲ့ ရက်သတ္တပတ်ကို ပိုင်ဆိုင်နိုင်ပါစေ။


Ref: Life Balamce by Anastasiya Goers


If you haven joined us in our small community of incredible people,

you can do so here in Your Life Success Facebook Page.


Related Articles:

သင်ဘယ်ကိုသွားချင်သလဲ?

ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း ၁၀ ခု

သည်နေ့အတွက်တော့

အချိန်စီမံခန့်ခွဲမှု

အိပ်ရာစောစောထသူတစ်ယောက်ဖြစ်ဖို့

Lifestyle ပြောင်းလဲခြင်း


Share this:  
Facebook   Twitter   Google Bookmarks   del.icio.us   Digg   LinkedIn   MySpace   RSS



Want to Read More ?
Go to www.yourlifesuccess.blog.com .



Your Life Success
Happiness, Success & Useful Tips for YOUR Life ...
www.yourlifesuccess.blog.com



--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ