ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၂)
အလျောက်ကောင်းသော်လည်း အထောင်းမသက်သာ
ဖော်ပြခဲ့သည့်အတိုင်း ဘုန်းတော်ကြီး၏ လက်သံပြောင်မှုကြောင့် စာညံ့သော ကျောင်းသားများနှင့် အဆော့သန်သော ကျောင်းသားများမှာ မကြာခဏဆိုသလိုပင် ဘုန်းကြီး၏ လက်သုံးတော် ထန်းပလက်တုတ်ဖြင့် ညားရလေသည်။ ထို့ကြောင့် ထိုထိုသော ကျောင်းသားတို့သည် မကြာခဏကျောင်းပြေး ကြလေ၏။ အိမ်မှကျောင်းသို့ လွှတ်လိုက်သော်လည်း မိမိတို့အပြစ်ရှိသည့်နေ့တွင် အုပ်စုလိုက်သော်လည်းကောင်း။
တစ်ယောက်ချင်းသော်လည်းကောင်း ကျောင်းသို့မရောက်ဘဲ တောထဲတောင်ထဲ တွင်၎င်း ၊ အခြားရွာရှိ ဆွေမျိုးများထံသို့၎င်း စတေးရှောင်ကြလေ၏။ ညဘက် အိမ်ပြန်မရောက်သောအခါ မိဘဆွေမျိုးများက စိုးရိမ်ကြီးစွာဖြင့် မီးဒုတ် လက်နှိပ်မီးများဖြင့် လူစုခွဲကာ တောထဲတွင် နွားပျောက်ရှာသကဲ့သို့ တကျော်ကျော်ခေါ်ကာ လိုက်ရှာရသည်။ တွေ့လျှင် ချော့မော့ ခေါ်ရ၏။
နောက်နေ့တွင် လှုဖွယ်အချို့ကို ယူကာ ကျောင်းအထိ တုတ်ကိုင်ပြီး လိုက်ပို့၏။ ဤသို့ကျောင်းပြေး သည့်အထဲတွင် ငကြွက်ကြီး (အမည်ရင်း=မောင်မြင့်) အကြောင်း နည်းနည်းပြောချင်ပါသည်။
ထိုနေ့က ငကြွက်ကြီး ကျောင်းပြေးလေ၏။ ညနေဘက် ကျောင်းအပြန်ချိန် ငကြွက်ကြီး အိမ်ပြန်မရောက်သောအခါ မိဘများဖြစ်ကြသော ဦးတတ်တူ ဒေါမိုးတို့ ရော အိမ်နီးနားချင်း အားလုံးရော မနေရ တညလုံး တောနင်း၍ရှာကြသော်လည်း မတွေ့ ၊ နောက်နေ့ကျမှ ရွာနှင့် နှစ်တိုင်(လေးမိုင်)ဝေးသော ရေတွင်းကြီး ရွာမှ သူ့ဘကြီး ကလှည်းနှင့် ပြန်လာပို့လေ၏။
ထုံးစံအတိုင်း မိဘများက ကျောင်းသို့ ပြန်လိုက်ပို့အပ်ရလေသည်။ ထိုနေ့ ငကြွက်ကြီး အရိုက်ခံရတော့မည်ကို တကျောင်းလုံးသိထားလေသည်။ တရားစီရင်သည့် နေ့ခင်း ဆွမ်းစားပြီး အချိန် တွင် ဘုန်းတော်ကြီးသည် ကျောင်းကြမ်းပြင်ကို တုတ်ဖြင့် ``ဘုန်း``ကနဲ ရိုက်ပြီး တရားခံ မောင်ကြွက်ကြီးကို ဆင့်ခေါ်လိုက်လေသည်။
ကျောင်းသားများအားလုံး မီးကို ရေဖြင့်ပတ်လိုက်သကဲ့သို့ ရှဲကနဲ ငြိမ်ကျကုန်၏။ ငကြွက်ကြီးသည် ခပ်တည်တည်ဖြင့် ဘုန်းတော်ကြီးရှေ့တွင် လက်အုပ်မိုးပြီး ဆောင့်ဆောင့်ထိုင်လေ၏။ ဘုန်းကြီးက အားလုံးသိပြီး ဖြစ်သော်လည်း မသိဟန်ဆောင်၍--
``ဟဲ့ ငကြွက်ကြီး``
``ဘုရား ``
``နင် မနေ့က ဘာလို့ကျောင်းကို မလာတာလဲ``
``တပည့်တော် အမ ရေခပ်မထားလို့ပါဘုရား``
``ဟေ---``
ငကြွက်ကြီး၏ မတုန့်မဆိုင်းဖြေလိုက်ခြင်းကြောင့် ဘုန်းတော်ကြီးမှာ အမေဍိတ်ပင်တမိ၏။
``နင် ဘုန်းကြီးကို မညာနဲ့ မနေ့က နင့်ဘကြီးလှည်းနဲ့ ပြန်လာပို့ပေးတာ မဟုတ်ဘူးလား``
``ဟုတ်ပါတယ် ဘုရား``
``ဒါဖြင့် နင်ဘာကြောင့် ဝေ့လည်ကြောင်ပတ်လုပ်တာလဲ ၊ အမရေခပ်မထားတာနဲ့ နင့်ဘကြီးရွာ ရောက်သွားတာ ဘာဆိုင်လို့လဲ -- ငါ့ကို ရှင်းလင်းအောင် လျှောက်စမ်းပါအုံး``
``တင်ပါ့ဘုရား မနေ့က မနက်လင်းတော့ တပည့်တော်ကျောင်းသွားဘို့ ထပါတယ်ဘုရား``
``အင်း ဟုတ်ပြီ ဆက်ပြော--``
``တပည့်တော်အမကေ၇ခပ်မထားတော့ မျက်နှာသစ်ဘို့ ရေမရှိပါဘူး ဘုရား``
``အဲ---- ဒါနဲ့``
ဘုန်းတော်ကြီးသည် စကားထောက်ပေးရင်း ဒီအကောင် ဘယ်လိုကလိမ်ကျမလဲ တွေးကာ နေ၏။ ဘုန်းတော်ကြီးကိုယ်တိုင် သင်းတို့၏ကလိမ်ကျတာကို အကြိမ်များစွာ ခံခဲ့၇ဘူးသဖြင့် အမြဲသတိထားပြီး ဂရုတစိုက်နားထောင်နေရ၏။
``မျက်နှာသစ်ဘို့ ရေမရှိတော့ တပည့်တော်ရဲ့ မျက်လုံးတွေဟာ မျက်ချေးတွေနဲ့ ပိတ်နေပြီး မမြင်ရတော့ ကျောင်းဆိုပြီးသွားလိုက်တာ ကျောင်းမရောက်ဘဲ ဘကြီးရွာကို ရောက်သွားတာပါဘုရား``
``ဟေ``
ဘုန်းကြီးလက်မှ တုတ်သည်ကျောင်းကြမ်းပြင်ပေါ်ပြုတ်ကျသွား၏။
ကျောင်းသားတွေ ဝေါကနဲ ရယ်ကြ၏။
ငကြွက်ကြီးသည် မိမိ၏ ပြောင်မြောက်သော ဆင်ခြေကြောင့် အပြစ်ပေးမခံရတော့ဘူး ဟုယူဆကာ စက်ဖြီးဖြီးနှင့် ဂုဏ်ယူအောင်ပွဲခံနေ၏။
ဘုန်းတော်ကြီးသည် ခဏစဉ်းစားပြီးမှ----
``အေး နင်လျှောက်သလိုဆိုရင်ဖြင့် နင့်မှာ အပြစ်မှမရှိဘဲ``
``တင်ပါ့ဘုရား--``
ငကြွက်ကြီးသည် ပြုံးပြုံး ပြုံးပြုံး ဖြင့်အားတတ်သရောဖြေလေ၏။
``ဒါပေမယ့် နင့်ခြေထောက်မှာ အပြစ်၇ှိတယ်-- ဘယ့်နှယ့် နေ့တိုင်းသွားနေတဲ့ ရွာဦးဘုန်းတော်ကြီး ကျောင်းကြတော့ မရောက်ဘဲ ဟိုး အဝေးကြီး နှစ်တိုင်(လေးမိုင်) လောက်ဝေးတဲ့ ဘကြီးရွာကျတော့ ခလုပ်မထိ ဆူးမညိဘဲရောက်သွားတယ် ဟုတ်လား ကိုင်းး ထ ခါးတောင်းကြိုက်စမ်း``
ရိုးရိုးသားသားဝန်ခံခဲ့လျှင် တင်ပါးကို အရိုက်ခံရမည်ဖြစ်၍ သက်သာသေးသည်။ ခုတော့ အကာကွယ်မဲ့ ခြေသလုံးတွင် အလျှိုးရာများထပ်အောင် အရိုက်ခံရပေတော့သည်။
ငကြွက်ကြီး၏ လျှောက်ထုံးမှာ ``အလျှောက်ကောင်းသော်လည်း အထောင်းမသက်သာခဲ့ပါလား``
--
Posted By ကိုစိုးနိုင် to ကိုစိုးနိုင်၏ ဘလော့ at 4/07/2012 10:22:00 PM --
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

