ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၃)
ဖော်ကောင်ဘညွန့်(ဝါ)ဂျက်ပြားကြီး
ကျွန်တော်တို့ ရွာလေးနာမည်မှာ ညောင်ဝန်းရွာ ဟုခေါ်ပါသည်။ ညောင်ဝန်းရွာသည် နှစ်ရွာရှိ၏။ တောင်ရွာနှင့် မြောက်ရွာ ဟူ၏။ တောင်ရွာနှင့် မြောက်ရွာကြားတွင် နှစ်ရွာပိုင် ကန်ကြီးတစ်ကန်ရှိလေသည်။ ရွာမှာ နာမည်တူသော်လည်း တောင်ဘက်ရွာသည် မြစ်သားမြိှု့နယ်အပိုင်ဖြစ်၍ မြောက်ဘက်ရွာမှာ တံတားဦး မြို့နယ်အပိုင်ဖြစ်လေသည်။
ထိုကန်ကြီးမှာ မိုးတွင်းအခါတွင် ရေပြည့်၍ ရေဆင်းချိုးကြသော ကလေးငယ်များ နှစ်စဉ်နှစ်တိုင်း ရေနစ်၍ အသက်ဆုံးရှုံးခြင်းများ ဖြစ်တတ်၏။ ထိုသို့ မိုးတွင်းကာလရောက်၍ ကန်အတွင်းရေပြည့်တိုင်း ရွာဦးဘုန်းတော်ကြီးမှာ ကျောင်းသား ကျောင်းသူများ ရေဘေးကလွတ်အောင် အရေးပေါ်ဥပဒေ ထုတ်ရမြဲ ဖြစ်လေ၏။ ထိုဥပဒေမှာ ကန်ထဲရေဆင်းချိုးလျှင် ချက်ထက် နက်သော နေရာအထိ မည်သူမျှမသွားရ ကန်စပ်တွင် ရေတိမ်ပိုင်းသာ ရေချိုးရန်ဖြစ်သည်။ ချက်မြုတ်သော ရေနစ်ရာအပိုင်းသို့ ရောက်ပါက တုတ်စာ ကြွေးမည် ဟူ၏။
အရေးပေါ်ဥပဒေထုတ်ပြီး သုံးရက်ခန့်ကြာသောအခါ ဘုန်းတော်ကြီးသည် မိမိထုတ်ပြန်ထားသော ဥပဒေ အာဏာသက်ရောက်မှုရှိစေရန် ပေါလစ်တင်ပါလေတော့သည်။
ထိုနေ့ဆွမ်းစားအပြီး ဘုန်းတော်ကြီးသည် လက်သုံးတော်တုတ်ကို တဆဆ လုပ်နေ၏။ ထိုအတိတ်နမိတ်သည် တစ်ကျောင်းလုံးမှ ကျောင်းသူကျောင်းသားများ အရိုက်ခံရမည့် အတိတ်နမိတ်ဖြစ်၏။
``ဟဲ့ ကျောင်းသူကျောင်းသားတွေ ချက်အထက်ကျော်တဲ့ နေရာမှာ ရေချိုးတဲ့သူ ဘယ်သူလဲ``
``မရှိပါဘူး ဘုရား``
တိုင်ပင်ခေါ်စရာမလိုဘဲ ကျောင်းသူကျောင်းသားများ သံပြိုင်ဖြေကြ၏ ဘုန်းကြီးကား သူ့တပည့်များ၏ အထာကိုနပ်ပြီးသားဖြစ်၏။
``ဟုတ်ရဲ့လား ငတုတ်ကြီးထစမ်း``
``နင်ရေချိုးတော့ ချက်ကျော်အောင်ချိုးတယ်မဟုတ်လား``
``မချိုးပါဘူး ဘုရား``
``မလိမ်နဲ့ ဟဲ့ ဂျပ်ပြားကြီး``
``ဘုရား``
``ငတုတ်ကြီး ချက်ကျော်တဲ့နေရာထိရေဆင်းချိုးတာ နင်မြင်တယ်မဟုတ်လား``
``တင်ပါ့ဘုရား``
ဘုန်းတော်ကြီးသည် ကျောင်းသားအားလုံး၏ အထာကို အလွန်နောကြေအောင်သိ၏။ ဂျပ်ပြားကြီး (အမည်ရင်း- နေလင်း) သည် အတို့အထောင် အလွန်ဝါသနာပါ၏။ အစအနောက်လည်း အလွန်သန်၏။ ကျောင်းသားနှစ်ယောက် မည်မျှပင်ချစ်ပါစေ ဂျပ်ပြားကြီးကြားထဲက ဝင်ပြီး အတို့အထောင်လုပ်လျှင် ထိုကျောင်းသားနှစ်ယောက် နပမ်းထလုံးစေရမည်။ မဟုတ်တဲ့နေရာမှာ ပါရမီရှင်ဖြစ်သည်။
``နင် ဘယ်နေရာက မြင်တာလဲ``
``တပည့်တော် ကန်ဘောင်ပေါ်က ထိုင်ကြည့်နေတာပါဘုရား``
``ငတုတ်ကြီး လာခဲ့ ဟိုဘက်လှည့်``
``ဖျန်း------``
``အောင်မောင်းကြီး``
``ဘုရား``
``ချက်ကျော်လား``
``မကျော်ပါဘူး ဘုရား``
``ဂျပ်ပြားကြီး နင်မြင်တယ်မဟုတ်လား``
``တင်ပါ့ဘုရား``
``ဘယ်လိုမြင်တာလဲ``
``ကန်ဘောင်ပေါ်ကပါဘုရား``
``လာခဲ့-----``
``ဖျန်---------``
ဤသို့ဖြင့် ``မျက်ပြူး````ချက်ကြီး````ကျော်ပိန်````ဘိုသန်ထွန်`` ``ဖိုးအိပ်ကြီး`` ``သေးတောက်`` ``ဂွက်ထော်`` တို့ပါမကျန် ကျောင်းသားကျောင်းသူ နှစ်ရာကျော်ကို ဂျပ်ပြားကြီး တစ်ယောက်တည်း ဖော်ကောင် ၊ တရားလို ၊ သက်သေ အားလုံးလုပ်ကာ တစ်ကျောင်းလုံးအရိုက်ခံ ရလေတော့သည်။`` ဘယ်ကမြင်တာလဲ````ကန်ဘောင်ပေါ်ကပါဘုရား`` ဒါနဲ့ပဲ လုပ်သွားလေသည်။
တစ်ကျောင်းလုံး သူတဝကြီး ချွန်တွန်းလုပ်ရသဖြင့် အပျော်ကြီး ပျော်နေသည်။ ဘုန်းကြီးရဲ့ လူယုံဟု သတ်မှတ်ကာ ခေါင်းမော့ရင်ကော့နေသည်။ ကျောင်းသူကျောင်းသားအားလုံးကတော့ သင်းကို ကြိတ်၍ ဆဲဆို မေတ္တာပို့နေကြ၏။
အားလုံးကုန်၍ အရိုက်မခံရသူဆို၍ ဂျက်ပြားကြီးတစ်ယောက်သာ ရှိ၏။ ဘုန်းကြီးက ဆက်၍----
``ဟဲ့ ဂျက်ပြားကြီး``
``ဘုရား``
``နင်ရော ချက်ကျော်အောင် ရေဆင်းချိုးလား``
``မချိုးပါဘူး ဘုရား``
``ဟဲ့ မောင်ကျောင်းသားတို့ သူချက်ကျော်အောင် ရေချိုးတာ မြင်ကြလား ``
``မြင်ပါတယ်ဘုရား ----- ကန်ဘောင်ပေါ်ကထိုင်ကြည့်တာပါဘုရား``
အားလုံး အားတတ်သရောဖြင့် တစ်ကျောင်းလုံးက သံပြိုင်ဖြေကြလေသည်။ ဘုန်းကြီးမမေးခင်ကတည်းက ဂျက်ပြားကြီး၏ ဖြေနေကျအတိုင်း ဖြေကြသဖြင့် ဘုန်းကြီးမှာ သူ့တပည့်များကို သဘောတောင်ကျနေမိ၏။
``နင်အပြစ်လုပ်တာ တစ်ကျောင်းလုံးက သက်သေရှိတယ်ဆိုတော့ အပြစ်ပိုထင်ရှားတဲ့အတွက် တစ်ချက်ပိုရိုက်ရမယ် လာခဲ့``
``ဖျန်း----``
``ဖျန်း-----``
ကျောင်းသူ ကျောင်းသားများ အားလုံး ဝမ်းသာအားရ တဟီးဟီး နှင့် ရယ်မောကြလေ၏။
ကိုစိုးနိုင်
--
Posted By ကိုစိုးနိုင် to ကိုစိုးနိုင်၏ ဘလော့ at 4/07/2012 10:30:00 PM --
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

