[mrsorcerer:23179] အချစ်တု (ကဗျာ)



ကနေ့ ခေတ် အချစ်တို့ များ...
အခုတွေ့ အခုညား...
ဟိုတယ် အခန်းငှား...
မူးရူးပျော်ပါးနဲ့ ...

ကေတီဗွီ ကလပ်...
အရက် ဘီယာ...
မူးယစ်ဆေးဝါး....
အထူးပြုစား....

မိန်းမဟူသည်
ကျားတို့ အဖို့ အပန်းဖြေရာ...
ကျားများသည်ကား
မတို့ အတွက် အသုံးစရိတ်ခံရာ...

ပကာသန..အလှအပ..
စည်းစိမ်ဥစ္စာ....မာန်မာနကြား...
အချစ်သည် ခုတုံး....
နှလုံးအတု...
ရင်ခုန်သံအတုဖြင့်....
မချစ်သော်လည်း အောင့်ကာနမ်း....

သစ္စာတရား မေတ္တာတို့ ကား....
အလိမ်အညာ လုပ်ဇာတ်တို့ ကြား....
အဖာတရာ ဖယိုဖရဲ...တုံးလုံးလဲသည်...
အာဂကြောက်စရာ ပါပေတကား...

တစ်ယောက်မကောင်း တစ်ယောက်ပြောင်းလို့ 
အကောင်းဆုံးရှာ....လုံးပါးပါးကာ...
မိမိဘ၀ မြောင်းထဲရောက်ငြား....
ကြည့်၍မမြင် ဘ၀င်လေဟပ်....
အမြှုပ်ထွက်မတတ်....

မိမိသည်ပင်လျှင်
စော်ကြည်သောဘဲ...
ဘဲကြည်သောစော်...
ကြွားစရာရှား ပြိုင်လိုက်သေးသည်...

အူကြောင်ကျားအတွေးများဖြင့်
အပေါစား လူညံ့များ
တနေ့ တခြား ဤလောက၀ယ်
တိုး၍ ပွား၍သာ နေပါတော့ လေသည်တကား.........................




(ပျက်စီးနေသော ခေတ်ကြီးအား ဇောက်ထိုးမကြည့်ပဲ တည့်တည့်ကြီးကြည့်၍ ခံစားရေးမိပါသည်။)

Regards,
Haroon1992

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ