- မြစ်ဆုံဆည်စီမံကိန်း တရုတ်CPI ကုမ္ပဏီရဲ့ ၂၀၁၁ ၉လပိုင်းက ထုတ်ဝေတဲ့ အစီရင်ခံစာ (ENG)
- ဗန္ဓုလခရီးသည် သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းဖြစ်သော အဓိပတိ(အဖြူရောင်) ယာဉ်လိုင်းမှ လူအုပ်စုဖွဲ့၍ မင်းမဲ့စရိုက် ဆန်ဆန် လူနေရပ်ကွက် အတွင်း ၀င်ရောက်၍ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း တို့ကို တင်ပြအသိပေး တိုင်ကြားခြင်းကိစ္စ..
- (၇)ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲနှင့် ဗဟိုအောင်နိုင်ရေးအဖွဲ့ ကြေငြာချက်..
- ၂၀၁၀ နိုဝင်ဘာလက လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ မေခ၊ မလိခနှင့် ဧရာဝတီမြစ်ဆုံ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများအတွက် ကောင်းကင်ဓာတ်ပုံ ရိုက်ကူးရေးကိစ္စ အကြောင်းကြားစာ..
- ဓားသွားပေါ်မှပျားရည်စက် ၊ တဒင်္ဂခဏ လွတ်လပ်ခြင်းနှင့် ပြည်သူ့ဆန္ဒ (ကဗျာရှင် နေရဲနီ)
- စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း ကျေးရွာအုပ်စု နှုံးတွင်းကျေးရွာမှ အရေးမယူသေးသည့် မဲမသမာမှု...
| မြစ်ဆုံဆည်စီမံကိန်း တရုတ်CPI ကုမ္ပဏီရဲ့ ၂၀၁၁ ၉လပိုင်းက ထုတ်ဝေတဲ့ အစီရင်ခံစာ (ENG) Posted: 07 Apr 2012 11:32 PM PDT ၂၀၁၁ခုနှစ်က မြစ်ဆုံဆည် စီမံကိန်းဝင်းအတွင်း စိုက်ထူထားတဲ့ စီမံကိန်း ပြီးဆုံးရက် ကြော်ငြာဘုတ် မြစ်ဆုံဆည်စီမံကိန်း အတွက် တရုတ်CPI ကုမ္ပဏီရဲ့ ၂၀၁၁ ၉လပိုင်းက ပြုစုရေးသား ထုတ်ဝေခဲ့တဲ့ အစီရင်ခံစာ (ENG)။ မြန်မာလျှပ်စစ်ဝန်ကြီး ဋ္ဌာနရဲ့ မဟာဗျူဟာကျတဲ့ ရွေးချယ်မှုဆိုပြီး ထုတ်ဝေဖြန့်ချီပါတယ်..။ CPI ကုမ္ပဏီရဲ့ ရေးသားထုတ်ဝေချက်အား တတ်သိပညာရှင်များ ဝေဖန်အကြံပြုပေးစေလိုပါတယ်..။ |
| Posted: 07 Apr 2012 10:59 PM PDT သို့ နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများ သိစေရန် အကြောင်းအရာ။ ။ ဗန္ဓုလခရီးသည် သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းဖြစ်သော အဓိပတိ(အဖြူရောင်) ယာဉ်လိုင်းမှ လူအုပ်စုဖွဲ့၍ မင်းမဲ့စရိုက် ဆန်ဆန် လူနေရပ်ကွက် အတွင်းဝင်ရောက်၍ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း တို့ကို တင်ပြ အသိပေး တိုင်ကြားခြင်းကိစ္စ.. အထက်ပါ အကြောင်းရာ ကိစ္စနှင့်ပတ်သက်၍ (၄.၄.၂၀၁၂)ရက်နေ့ မွန်းလွဲ (၁း၀၀)နာရီ အချိန်ခန့်တွင် ဗန္ဓုလ ခရီးသည်တင် ယာဉ်လိုင်းမှ အဓိပတိ(အဖြူရောင်)ယာဉ်အမှတ် (၂ဂ/ ၅၃၅၄) ကားသည် သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်လမ်းမကြီး၊ ဘ၀မြင့် ကားမှတ်တိုင်အနီး လမ်းမကြီးပေါ်တွင် ကားပျက်၍ ရပ်ထားခဲ့ပါသည်။ ကားပျက်သော်လည်း (၁)လမ်းဘေးသို့ ချ၍ရပ်မထားခြင်း (၂) ညဘက် လျှပ်စစ်မီး ပျက်နေသော်လည်း ကားမှာ မီးမထွန်းထားခြင်းတို့ကို တွေ့ရှိရပါသည်။ ၎င်းနေ့ည(၁၁း၀၀)ခန့်တွင် လေးထောင့်ကန် လမ်းမကြီးအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာ သောဂျစ်ကား အမှတ်(၃ဂ/၆၅၈၁) ကားမှာ ပျက်နေသော အ့ဓိပတိကားကြီး နောက်မှ ၀င်ရောက် တိုက်မိခဲ့ပါသည်။ အရှိန်ပြင်းသောကြောင့် ကားကြီးပေ(၅၀)ခန့်အကွာအဝေးသို့ရောက်ရှိပြီး ပလက်ဖောင်းပေါ်တွင် စိုက်ထူထားသော အလင်းရောင် ဓါတ်ပုံ၊ စတူဒီယို ဆိုင်းဘုတ်ကိုပါကားကြီးမှ ၀င်ရောက် တိုက်မိ၍ လဲပြိုခဲ့ပါသည်။ ဂျစ်ကား မောင်းလာသူမှာ ကားထဲတွင် ညက်နေ၍ အနီးပတ်ဝန်းကျင် ရပ်ကွက်သူ ရပ်ကွက်သားတို့မှ ခက်ခဲစွာ ဆွဲထုတ်ယူ၍ နီးစပ်ရာစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ည(၁၁း၃၀) နာရီတွင် လျှပ်စစ်မီးပြန်လာ၍ ၎င်းယာဉ်တိုက်မှုဖြစ်စဉ်ကို ရပ်ကွက်သူရပ်ကွက်သားတို့က ၀ိုင်းအုံကြည့်ရှုနေစဉ် အဓိပတိယာဉ်လိုင်းမှ တာဝန်ရှိသူ အသက်(၃၅)နှစ် ၀န်းကျင်ခန့် ရောက်ရှိလာပြီး မှတ်တမ်းတင် ဓာတ်ပုံခြင်း၊ လက်ကိုင်ဖုန်း စကားပြောခြင်းတို့ ပြုလုပ်နေပြီး ရုတ်တရက် လူပရိသတ် ဘက်လှည့်၍ " မင်းတို့က ဘာကောင်တွေလဲ၊ မင်းတို့အလုပ်ဘာရှိသလဲ၊ မဆိုင်တဲ့ကောင်ပြန် " ဟုမောက်မာစွာ ပြောဆိုခဲ့ပါသည်။ ကျွန်တော်တို့က " ကျုပ်တို့ဟာ ရပ်ကွက်သားတွေ ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုမှာ ကူညီကြသူများ ဖြစ်သည့်အတွက် မပြန်နိုင်ကြောင်း၊ မိမိအိမ်ရှေ့မှာ မိမိဘာသာ လွတ်လပ်စွာ နေထိုင်နိုင်ခွင့် ရှိကြောင်း၊ ပြန်ပြောသည့်အခါ ထိုသူက " ကျုပ်ဟာ နိုင်ငံတော် ပြန်တမ်းဝင် အရာရှိ တစ်ယောက်ဖြစ်တယ် " ၊ " အဲဒါဆိုရင် ခင်ဗျားကပိုလို့ နားလည်ရမှာ ဖြစ်ကြောင်း" ကျွန်တော်က ပြောပြခဲ့ပါတယ်။ ထိုသူက " ထိုသူက သူမှားသွားကြောင်း ပြန်ပါအုံးမည်" ဟုပြောပြီး ပေကြိုးတိုင်း၍ တာဝန် ထမ်းဆောင်နေသော ယာဉ်မှုစစ်အား "ဟေ့ကောင် မင်းလည်း လုပ်စရာမလိုဘူးပြန် " ဟုပြောပြီး ၎င်းစီးလာသော တက္ကစီအနီရောင်ဖြင့် ပြန်လည် ထွက်ခွာသွားခဲ့ပါသည်။ ကျွန်တို့လည်း လူစုခွဲ၍ အိမ်သို့ပြန်ရောက်ပြီးမိနစ် (၂၀) ခန့်အကြာ(၁၂း၃၀) နာရီခန့်တွင်လမ်းမတန်းမှ လူအုပ်စုအသံကြီးနှင့် "ငါတို့ ဗန္ဓုလယာဉ်လိုင်းကို စော်ကားတဲ့ကောင်တွေ အကုန်ရိုက်" အော်ဟစ်ဆဲဆိုပြီး ရပ်ကွက်အတွင်းသို့ ၀င်ရောက်ခဲ့ကြပါသည်။ ကျွုန်ပ်လည်း အသံကြား၍ ထွက်ကြည့်လိုက်ရာ နဖူးတွင်စွပ်ကျယ် အင်္ကျီကိုစည်း ကိုယ်လုံးတွင် အင်္ကျီဗလာယူနီ ဖောင်းနက်ပြာ ဘောင်းဘီကို ဒူးအထိလိပ် လက်ထဲတွင်လုံးပတ် တစ်လက်မ အရှည်တစ်ပေခွဲခန့် သံပိုက်လုံး ကိုယ်စီ ကိုင်ဆောင်ပြီး မြင်မြင်သမျှ လိုက်လံရိုက်နှက် နေကြသဖြင့် ကျွန်ုပ်တို့ ရပ်ကွက်သားတို့မှာ မိမိတို့ အိမ်ထဲ ပြေးဝင်ရောက် ရှောင်ပုန်းခဲ့ကြပါသည်။ ရပ်ကွက်အတွင်းမှ မော်ခန်းဟု ခေါ်သော အသက်(၂၇)နှစ်အရွယ် လူငယ်၏ ညာပခုံးကို တစ်ချက်ရိုက်မိခဲ့ပါသည်။ ရပ်ကွက်အတွင်းတွင် မင်းမဲ့ စရိုက်ဆန်ဆန် ပြုမူကျင့်ကြံပြီး (၁၅) မိနစ်ခန့်အကြာတွင် ၎င်းတို့စီးလာသော အဓိပတိ(အဖြူရောင်) ကားနှစ်စီးနှင့် လူအင်အား(၇၀)ခန့်မှာ ပြန်လည်ထွက်ခွာ သွားခဲ့ပါသည်။ ၎င်းယာဉ်နှစ်စီး၏ နံပါတ်များမှာ (၃ဂ/၃၁၆၇) ၊ (၃ဂ/၃၈၈၁) တို့ဖြစ်ကြပါသည်။ လူကြီးမင်းခင်ဗျား ယခုကျွန်တော် အစီရင်ခံအပ်သော ကိစ္စရပ်များမှာ တရားဥပဒေ စိုးမိုးမှုအတွက်၎င်း၊ ရပ်ရွာအေးချမ်း သာယာရေးအတွက်၎င်း၊ များစွာသော စိုးရိမ်ကြောင့်ကျ ဖြစ်ရပါသောကြောင့် လူကြီးမင်းမှ တစ်ဆင့်နိုင်ငံတော် သမ္မတထံသို့ သိရှိနိုင်ပါရန် လေးစားစွာ တင်ပြတောင်းခံ အပ်ပါသည်ခင်ဗျား။ အကူအညီ တင်ပြတောင်းခံသူ ဦးစိန်သန်း ၁၂/သဃက(နိုင်)၀၄၈၉၄၆ အမှတ်(၂၅၈/B) ပြည်တော်အေးလမ်း၊ လေးဒေါင့်ကန်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ |
| Posted: 07 Apr 2012 10:38 PM PDT |
| Posted: 07 Apr 2012 12:22 PM PDT ၂၀၁၀ နိုဝင်ဘာလ (၁၆)ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တဲ့ မေခ၊ မလိခနှင့် ဧရာဝတီမြစ်ဆုံ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများအတွက် ကောင်းကင်ဓာတ်ပုံ ရိုက်ကူးရေးကိစ္စ အကြောင်းကြားစာ..။ မြစ်ဆုံဆည်စီမံကိန်းကို ထိုစဉ်ကတည်းက လုပ်ဆောင် လိုခြင်းမရှိတဲ့ အစိုးရ အဖွဲ့ဝင် လူကြီးများလည်း ရှိတယ်လို့ဆိုပါတယ်..။ ပေးပို့လာသူအား ကျေးဇူးတင်ပါသည်...။ |
| ဓားသွားပေါ်မှပျားရည်စက် ၊ တဒင်္ဂခဏ လွတ်လပ်ခြင်းနှင့် ပြည်သူ့ဆန္ဒ (ကဗျာရှင် နေရဲနီ) Posted: 07 Apr 2012 10:32 AM PDT ဓားသွားပေါ်မှ ပျားရည်စက်၊ တဒင်္ဂခဏ လွတ်လပ်ခြင်းနှင့် ပြည်သူ့ဆန္ဒ (ကဗျာရှင် နေရဲနီ) ဓားသွားပေါ်မှ ပျားရည်စက်များ လမ်းခင်းပေးထားတယ်နော် ဘာလုပ်ပေးရမယ်ဆိုတာ သိတယ်မဟုတ်လား ဟုတ်ကဲ့ သိပါတယ်။ ထရန်စဖော်မာ တပ်ဆင်ပေးထားတယ်နော် ဘယ်လို တုန့်ပြန်ပေးရမယ်ဆိုတာ သိတယ်မဟုတ်လား ဟုတ်ကဲ့သိပါတယ်။ မီးကြိုးတွေ သွယ်ပေးထားတယ်နော် ခြင်္သေ့ဘေးမှာ ဒီလိုလေးဘဲ ခြစ်တတ်ဖို့လိုတယ် ဟုတ်ကဲ့ သဘောပေါက်ပါတယ်။ အတိုးနဲနဲ နဲ့ငွေတွေ ထုတ်ချေးပေးထားတယ် ဘယ်လို အလိုက်သိရမယ်ဆိုတာ နားလည်လား ဟုတ်ကဲ့ နားလည်ပါတယ်။ ကြံ့ခိုင်ရေးကို မဲပေးရမယ်နော် မဟုတ်ရင် ထောက်ပံ့ကြေးတွေ ဖြတ်ပစ်မှာ ဟုတ်ကဲ့ သဘောပေါက်ပါတယ်။ ဒီကုမ္ပဏီက ခင်ဗျားတို့ကို ထမင်းကျွေးထားတာ ဘယ်လိုလုပ်ပေးရမယ် ဆိုတာသိတယ်မဟုတ်လား ဟုတ်ကဲ့သိပါတယ်။ နေ့တွက်ခတွေလည်း ပေးထားတယ် ထမင်းလည်း ကျွေးထားတယ် ဒီမဲတွေက ကျိန်းသေတယ်။ တအိမ်တက်ဆင်း ထိထိရောက်ရောက် စည်းရုံးထားတယ် နိုင်ဖို့ သေချာပါတယ်။ ဒေါင်းဘေးမှာ ဖယောင်းသုတ်ထားတယ် နှစ်ခါခြစ်ရင် ပယ်မဲ ဒါလည်း ကျိန်းသေတယ်။ ဒေါင်းဘေးမှာအမှန်ခြစ်မယ်ဆိုရင် ခြင်္သေ့ဘေးမှာလည်းခြစ်လိုက်ပေါ့ဗျာ ဒါဆိုရင်လည်း ပယ်မဲဖြစ်ရော မစားရတဲ့အမဲ သဲနဲ့ပက်မယ်။ တဒင်္ဂခဏ လွတ်လပ်ခြင်း မဲရုံအတွင်း လျှို့ဝှက် ဆန္ဒပြုရန်နေရာ ပြည်သူတစ်ယောက်၏ အတွေး " ကမ္ဘာပျက်ခါနီးမှ လူလာဖြစ်ရတဲ့အရူးတွေလို ခုမှ သွေးရူးသွေးတန်းနဲ့ ဒင်းတို့နှိပ်စက်တဲ့ ဒဏ်ကိုခံလာတာ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာခဲ့ပြီ သန်းခေါင်ထက်တော့ ညဥ့်မနက်နိုင် သုဿန်ဘေးက ပြည့်တန်ဆာမပြောသလို တို့ဘဝက သရဲကြောက်ဖို့ မလိုတော့ဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် အပြောင်းအလဲလေးတော့ မြင်ချင်တယ် ဒင်းတို့ပေးတဲ့ မျှော်လင့်ချက်တွေနဲ့ ဓားသွားပေါ်က ပျားရည်စက်တွေကို လျက်ခဲ့ရပေါင်းများလို့ လျှာကိုထိခဲ့တဲ့ ဒဏ်ရာတွေလည်း မနည်းတော့ဘူး ဒီနေရာဒီအချိန်ဟာ ငါရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့် အဲဒီတော့......" ပြည်သူ့ဆန္ဒ ထုတ်ဖော်ပြသချက် " ကျင်းပပြီးစီးသွားသောကြားဖြတ်ရွေးကောက်ပွဲတွင်အမတ်နေရာ(၄၅)နေရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ အမတ်နေရာ (၄၃)နေရာ ရှမ်းပြည်နယ်ကျားဖြူပါတီ မှ အမတ်နေရာ (၁)နေရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမတ်နေရာ (၁)နေရာ " နေရဲနီ ဓာတ်ပုံ AP,Reuters |
| စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း ကျေးရွာအုပ်စု နှုံးတွင်းကျေးရွာမှ အရေးမယူသေးသည့် မဲမသမာမှု... Posted: 07 Apr 2012 10:26 AM PDT စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း ကျေးရွာအုပ်စု နှုံးတွင်းကျေးရွာတွင် ကြံ့ခိုင်ရေးပါတီ အမာခံ ဦးတင်မောင်ဆွေ ဆိုသူသည် 1/4/2012 နေ့ ဆန္ဒမဲပေးစဉ်က ၎င်းကိုယ်တိုင် အပြင်သူ၏ ဇနီးဖြစ်သူ အတွက်ပါ မဲလက်မှတ်(၂)စောင်ယူ၍ ထိုမဲလက်မှတ်(၂)ခုလုံးကို သူတဦးတည်း ဆန္ဒပြုရာ တရားမ၀င်သည့် အတွက် ခွင့်မပြုနိုင် ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက တားမြစ်သော်လည်း တိုင်ချင်ရာတိုင် ဘယ်သူကိုမှ ဂရုမစိုက်ဟု ပြောဆိုကြိမ်းမောင်း သွားသည်ကို NLDမှ ကိုယ်စားလှယ်က ကန့်ကွက်ခဲ့ပါသည်။ ထိုသို့ကန့်ကွက်ပြီး မဲရုံမှုးမှ နည်းဥပဒေ(၅၃)အရ ကန့်ကွက်မဲစာရင်း နှင့်နောက်ဆက်တွဲ (ဃ)ဖြစ်စဉ် မှတ်တမ်းတွင် ဦးတင်မောင်ဆွေ ကိုယ်တိုင် ကိုယ်စားဆန္ဒပြုသည်ဟု ၀န်ခံကတိ လက်မှတ် ရေးထိုးသော်လည်း ယနေ့အချိန်ထိ အရေးယူ ဆောင်ရွက်ခြင်းမရှိသည့် အတွက် အများပြည်သူက တရားမျှတသော ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်ကို မျှော်လင့်စောင့်ဆိုင်း နေကြကြောင်း သိရှိရပါသည်။ |
--
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ