ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်တော့မည်
ဓာတ်ပုံ AP

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း
ဗြိတိန် ၀န်ကြီးချုပ်ဟာ ဒီသတင်းပတ် အတွင်းမှာ မြန်မာနိုင်ငံကို တရက်ကြာ
ခရီးသွားဖို့ ရှိပါတယ်။ ဧပြီလ ၁၃ ရက်နေ့ သောကြာနေ့မှာ မြန်မာ သမ္မတ
ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။
ညနေပိုင်းမှာတော့
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့
နေအိမ်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့ဝင်
ဦးခွန်သာမြင့်က ပြောပါတယ်။
"ဟုတ်ပါတယ်။ ၁၃ ရက် နေ့ လို့ ပြောပါတယ်။ ညနေ ၄ နာရီ လောက် လာပါလိမ့်မယ်။
အဲဒါတွေ့ ပြီးရင် ည ၇ နာရီ၊ British residence မှာ ဒင်နာ (dinner)
ရှိပါတယ်။ ၄ နာရီ တွေ့ပြီးရင်တော့ Press ရှိမှာပါ။"
မစ္စတာ ကင်မရွန်းဟာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ကိုယ်စားလှယ်တွေ
အများစု အနိုင်ရရှိခဲ့တဲ့ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ အပြီး
အနောက်နိုင်ငံတွေ က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့ မှုတွေ
ရုတ်သိမ်း ဖို့ စဉ်းစား နေချိန်မှာဘဲ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့
ဝန်ကြီးချုပ် တဦးလည်း ဖြစ်ပါတယ်။ ဒီနှစ်ဆန်းပိုင်း ဇန်န၀ါရီလကလည်း ဗြိတိန်
နိုင်ငံခြားရေး ၀န်ကြီး Willian Hague ဟာ ၅၆ နှစ် အတွင်း ပထမဦးဆုံး အဖြစ်
မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။
အလားတူဘဲ ဥရောပ နိုင်ငံခြားရေးနဲ့
လုံခြုံရေး ပေါ်လစီ ဆိုင်ရာ ဥရောပ သမဂ္ဂ မဟာမင်းကြီး ကက်သရင်း အက်ရှ်တွန်
ဟာလည်း မြန်မာနိုင်ငံကို မကြာမီ သွားရောက်ဖို့ ရှိနေပါတယ်။
VOA
တောင်ဥက္ကလာပမြို့နယ် ပဒေသာရပ်ကွက် ဟေမ၀န်ဈေး မီးးလောင်မှု
Tuesday, April 10, 2012 4:16 AM

ဟေမာဝန်ဈေးမီးလောင်နေစဉ် ဓါတ်ပုံ(Eleven Media Group)
တောင်ဥက္ကလာမြို့နယ် ပဒေသာရပ်ကွက် ဟေမ၀န်ဈေးတွင် ယနေ့ (ဧပြီ ၁၀)ရက် နံနက် ၁ နာရီခန့်မှ စတင်ပြီး မီလောင်ကျွမ်းမှုဖြစ်ပွားလျှက်ရှိကြောင်း
သိရှိရပြီး ဈေး၏ သုံပုံနှစ်ပုံခန့် လောင်ကျွမ်းလျက်ရှိကြောင်း Eleven Media Group (Facebook) စာမျက်နှာမှာဖော်ပြထားတဲ့ သတင်းအရသိရတယ်။
တောင်ဥက္ကလာမြို့နယ် ပဒေသာရပ်ကွက် ဟေမ၀န်ဈေးမီလောက်ကျွမ်းမှုကြောင့်
လက်ရှိအချိန်တွင် ဆိုင်ခန်းပေါင်း ၁၃၀ ကျော်ခန့် မီလောင်ကျွမ်းခံရကြောင်း
သိရှိရပြီး အတည်မပြုနိုင်သော သတင်းအရ အထည်ဆိုင်မှ
စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း Eleven Media Group ကဆိုပါတယ်။
ယခုလောင်ကျွမ်းမှုတွင် အထည်ဆိုင်တန်း၊ အလှကုန်ပစ္စည်းဆိုင်တန်း ရွှေဆိုင်တန်းမှဆိုင်ခန်းများ အများဆုံးပါဝင်ကြောင်း သိရှိရတယ်။
Eleven Media Group
ဟေမာဝန်ဈေးမီးလောင်နေစဉ် ဓါတ်ပုံများ (Eleven Media Group)
ဒါတွေကတော့ ခုမနက်စောစောတွေ့ရတဲ့ ပုံတွေပါ ( Voice journal)

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် အထက်လွှတ်တော်အမတ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်ရှိ
Tuesday, April 10, 2012 4:04 AM

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝက်ဘ်သည် လာမည့် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် အမေရိကန် သံရုံး၌ သတင်းစာရှင်းလင်းပွဲ တရပ်ကျင်းပရန် ရှိသည်ဟု သိရှိရသည်။
ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် နေရာ ၄၃ နေရာ၌ အနိုင်ရပြီးနောက် အမေရိကန် အစိုးရက
စီးပွားရေး ပိတ်ဆို့ထားမှုများကို အတိုင်းအတာတခုထိ ရုပ်သိမ်းမည်ဆိုသည့်
ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာပြီး ရက်အနည်းငယ်အကြာတွင် ယခုလို အထက်လွှတ်တော်
အမတ် ဂျင်ဝက်ဘ် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။ ။
Yangon Press International
--
-- ဓာတ်ပုံ AP

Ƭнαиκƨ,
\\\ ///
/ \
| \\ // |
( | (.) (.) | )
---------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►
======ஜ۩۞۩ஜ=======
-------------ooo0---------------------------------
( ) 0ooo
\ ( ( )
\_) ) /
(_/

မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ