- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[mrsorcerer:23433] My Thingyan (1)
ကျနော့်ရဲ့ ဒီနေ့ ......သင်္ကြန်မှာ ကြုံတွေ့ ခဲ့ရတာလေးတွေပါ
ကနေ့ သင်္ကြန် အကျနေ့ ထူးထူးဆန်းဆန်း ကျနော်တစ်ခါမှမလုပ်ဖူးတဲ့ အလုပ်တစ်ခုကို လုပ်လိုက်ပါတယ်။
အဲဒါကတော့ သူငယ်ချင်းတစ်ယောက်နဲ့ မြို့ ထဲအနှံ့ လျှောက်လည်တာပါ။
အရင်နှစ်တွေကအထိ Serious Gamer တစ်ယောက်ပီပီ သင်္ကြန်ရောက်ပြီဆိုရင်ဖြင့် ဝေယံထွန်းတို့ အသံမကြားဘာမကြားနဲ့ အခန်းအောင်းပြီး ကွန်ပျူတာဂိမ်းတွေကို မိုးလင်းမိုးချုပ် ထမင်းမေ့ဟင်းမေ့ နှိပ်တော့တာပဲ။
အခုခေတ်မှာတော့ ပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ပြီဖြစ်တဲ့ အတွက် ဂိမ်းကနေ ဘိန်းစွဲသွား.....အဲမှားလို့ ......လောကကြီးဘက်ကို အာရုံပိုရောက်လာခဲ့တယ်။
ဒီနေ့ နေယုဆိုတဲ့ ငယ်သူငယ်ချင်း မဟုတ်ပေမယ့် အရမ်းခင်တဲ့ သူငယ်ချင်းနဲ့  ချိန်းလိုက်တယ်။
တွေ့ နေကြ လမ်း(၅၀) အောက်က အိုင်တီ လက်ဖက်ရည်ဆိုင်မှာ။
ရေမိုးချိုးပြီးတော့ အမည်းဆုံးအမည်းရောင်အကျီနဲ့ အနက်ဆုံးအနက်ရောင် ဘောင်းဘီကိုရွေးချယ်ဝတ်ဆင်လိုက်တယ်။
အမည်းက အပူစုပ်တယ် ဒီတော့ ရေပက်ခံရလည်း မြန်မြန်ပြန်ခြောက်တယ်ပေါ့။ ဥာဏ်ကြီးရှင်တွေးပုံက။
စစချင်း တောင်ဒဂုံသင်္ကြန်ကြီးက ကျနော့်ကို ကြိုဆိုနေပါတယ်။
ဖုန်းဆိုင်ထဲကနေ အပြင်ကိုထွက်လိုက်တယ်ဆိုရင်ပဲ အနီ၊အ၀ါ၊အဖြူအပြာနဲ့ အမျိုးအရောင်စုံတဲ့ ခေါင်းတွေ (အဲ လူခေါင်းတွေနော်) က ဟိုမှသည် ကူးလူးသွားလာနေပါတယ်။
တချို့ ကလည်း လာတုန်းက မိုးကြိုးပစ်ခံခဲ့ရသလိုလို၊ တစ်ချို့ ကြတော့ ကြက်ဖဖင် ငယ်ထိပ်တက် တပ်ထားသလို ကေမျိုးနဲ့ ။
အော် သင်္ကြန်ဆိုတာ လူငယ်တို့ မိမိတို့ ရဲ့ ခေါင်းကို အများဆုံးအသုံးချတဲ့ အချိန်ကာလပါလားလို့ မှတ်ချက်ချမိတယ်။ (ဆေးဆိုးတဲ့နေရာမှာပြောပါတယ်။)
တစ်ကိုယ်လုံးအမည်းဝမ်းဆက်အပြင် အသားအရေကလည်း ကပ္ပလီနှင့်နင်လားငါလားဖြစ်နေသော ကျနော့်ကို မမြင်ရ၍ပဲလား သို့ မဟုတ် ရေပက်လည်း ဖြူသွားမှာမှ မဟုတ်တာလို့ တွေးမိလို့ ပဲလားမသိ တဦးတယောက်မှ ရေမပက်ကြသောကြောင့် ကားမှတ်တိုင်ရောက်တာတောင် ရေတစ်စက်မှမစိုသေး.....
ကားမှတ်တိုင်မှာ စောင့်ရင်းနဲ့ ကားက လာမယ့်ပုံမပေါ်တော့ ဇုံနှစ်မှတ်တိုင်ကို ကျနော် ခြေကျင်ပဲလျှောက်ခဲ့တော့တယ်။
လမ်းမှာလည်း ရေပက်မခံရပါ။
၄၉ ဒိုင်နာကို နောက်ခန်းကနေရပ်ပြီး စီးရတယ်။
အဲ့မှာ စပြီး ရေစိုတော့တာပဲ....လမ်းမှာ....ဟိုဘက်က ပက်လိုက် သည်ဘက်က ပက်လိုက်နဲ့ ကားကလဲ ဒိုင်နာဆိုတော့ ငုံ့ ရှောင်လည်း မရ ဒိုင်ပင်ထိုးရအောင်လည်း လူကပြည့်ကြပ်နေလေတော့
တောင်ဒဂုံ ဆောက်လုပ်ရေးမှတ်တိုင်လည်း ရောက်ရော ဝေယံထွန်းတို့ နောက်တစ်ခေါက်ရေချိုးပြီးသားဖြစ်သွားပါရော....
ဒီနေရာမှာပြောဖို့ ကျန်ခဲ့တာက ခါတိုင်း ၅၀တန်ခရီးကို စပယ်ယာ ၂၀၀တောင်မလိုက်တဲ့ ကိစ္စပဲ။
ပြောပြီးပြီဆိုတော့ ဇာတ်လမ်းကိုထပ်ဆက်မယ် :)
တောင်ဒဂုံဆောက်လုပ်ရေးကနေ ၃၂ စီးပြီး မြို့ ထဲကိုလာခဲ့ပါတယ်။ ဒင်းကိုလည်း စီးခ ၃၀၀တောင် ပေးလိုက်ရပါတယ်။
လာတဲ့ လမ်းတစ်လျှောက် အမုန်းပက်လိုက် အပြုံးပက်လိုက်နဲ့ ပက်ချင်သလိုပက်ကျတော့ လူကလဲ ရွှဲ လွယ်အိတ်လည်း ရွှဲ။ တော်သေးအထဲမှာ ကျွတ်ကျွတ်အိတ်နဲ့ ထုပ်လာတဲ့ ဖုန်းနဲ့ အင်္ကျီတွေ မစိုကုန်လို့ ။
ဒီလိုနဲ့ လမ်း(၅၀)အောက်မှတ်တိုင်ရောက်တော့ အိုင်တီမှာထိုင်ရင်း နေယုကို စောင့်တယ်။ နာရီဝက်လောက်မှာ သူရောက်လာတော့ အချိန် က ၁၁ခွဲလောက်ရှိပြီ။
ဒါနဲ့ စားသောက်ပြီး အချစ်ရေးတွေ ဆွေးနွေးကြတယ်။ ကျနော်တို့ ဆိုင်မှာ နယ်ကဒ်တွေကို လိမ်ရောင်းခံလိုက်ရတဲ့ ကိစ္စလည်း ဆွေးနွေးကြတယ်။ (ဤအကြောင်းကို နောက်မှ သပ်သပ်ရေးပါမည်။)
ဒီနေ့  က သောကြာနေ့ ဖြစ်တဲ့ အတွက် ကျနော်တို့ လူမျိုးတွေရဲ့ အထွဋ္ဋ်အမြတ်နေ့ ။ ဒီတော့ ၁နာရီကျရင် ဘုရားဝတ်ပြုရမယ်။ နေယုကို တစ်နေရာမှာ စောင့်ခိုင်းပြီး ကျနော် ဗလီတက် နမားဇ်ဖတ်တယ်။
ယုံမလားတော့ မသိဘူး ရေကစားသူတွေ အားလုံး ဘေးမသီရန်မခ ရေကစားနိုင်ပါစေလို့ ဆုတောင်းတယ်။ :)
နောက်တော့် ကျနော်နဲ့ နေယုရဲ့ ရှည်လျားလှတဲ့ ခရီးကြမ်းကြီးကို ခက်ခက်ခဲခဲစတင်ပါတော့တယ်။ (ဒီလိုမပြောပဲ လမ်း၅၀အောက်လမ်းကနေ မြို့ ထဲအထိလမ်းလျှောက်ကြတယ်ဆိုရင် ဖတ်ရတာဘယ်မိုက်တော့မလဲ ဟုတ်တယ်မလား?)
သူများတွေ သင်္ကြန်နွေမှာ ထီးမဆောင်းချိန် ကျနော်တို့ နှစ်ကောင်က ထီးကောက်ကြီးဆောင်းပြီးသွားနေတော့ လူတွေက ကွက်ကြည့်ပြူးကြည့်လုပ်ကြတာ သတိထားမိတယ်။
ဒင်းတို့ က တစ်ထွာပြရင် တစ်လက်မလောက်ပဲ မြင်ပုံရတယ်။ ထီးဆောင်းတယ်ဆိုတာ နေပူဒဏ်ကာကွယ်ရုံသက်သက်မှမဟုတ်ပဲ။
ဟိုးတိုက်အပေါ်ထပ်တွေက ဗုံးကြဲသမားတွေ လက်က လွှတ်အောင်လည်း ပါတယ်ဆိုတာ ဒင်းတို့ မေ့နေတယ်ထင်ပါတယ်။
(မှတ်ချက်။ ။ ဗုံးကြဲသမားများ၏ သွင်ပြင်လက္ခဏာမှာ ခိုးကြောင်ခိုးဝှက်ဖြင့် ရေခဲရေများလောင်းချပြီး မသိချင်ယောင်ဆောင်ကာ လေချွန်နေတတ်သော လူများဖြစ်သည်။)
တစ်စတစ်စနှင့် လူများစဲသွားသည်။
မွန်းတည့် ၁နာရီကျော် ၂နာရီ လောက်ရှိနေပြီကိုး။ အားလုံးအိမ်ပြန်ထမင်းစားကြပြီထင်သည်။
မြို့ ထဲအချို့ လမ်းများမှာ လူသူမရှိသည့်အပြင် အားလုံးပိတ်ထားသောကြောင့် မြန်မာသရဲကားရိုက်လိုက ဤသည်မှာ အချိန်ကောင်းအခါကောင်းဖြစ်သည်ဟု သတင်းကောင်းပါးပရစေ။
အဲဒါနဲ့ ဆက်ဦးမယ်။
ကျနော်တို့ နှစ်ယောက်လျှောက်လာလိုက်တာ လမ်း၃၀က အင်းဝ အထိပဲ။(တော်တော်ရှည်လျားတဲ့ ခရီးပဲ ဗျ ဟုတ်တယ်မလား? :P)
အင်းဝမှာ မြိုစရာစို့ စရာတွေ မြိုစို့ ပြီး ပြန်ထွက်လာတယ်။
အဲဒီ အချိန်လောက်မှ မြို့ ထဲသင်္ကြန်က ဖုတ်ဝင်လာတယ်....အဲမှားလို့ ....အသက်ဝင်လာတယ်............
ကားတွေနဲ့ ကားတွေပေါ်က လူတွေကို ခနခနတွေ့ နေရတယ်။ :P
ရေပက်ခံကားတွေကို ကြည့်လိုက်တိုင်း စိတ်မကောင်းဖြစ်ရတယ်။
၁၄၊၁၅၊၁၆၊၁၇၊၁၈၊၁၉၊၂၀၊၂၁ အရွယ် မိန်းကလေးတွေ ယောင်္ကျားလေးတွေနဲ့ တန်းတူ မြူးထူးပျော်ပါးလိုက်ပါစီးနင်းနေကြတာ ရုတ်တရက်မှာတော့ တို့ မြန်မာမိန်းကလေးတွေ တောတက်လာပြီ...အဲ တိုးတက်လာပြီလို့ ထင်ကောင်းထင်နိုင်ပေမယ့်..........
ကျနော် မြင်တဲ့ ရေပက်ခံကားပေါ်က ယောင်္ကျားလေးတွေရဲ့ တစ်ဝက်လောက်က ကောင်းတဲ့ ရုပ်မပေါက်ဘူးဗျ။
နဂိုကကောင်းရင်ကောင်းနေမယ်.....မထည့်သင့်တဲ့ အရည်တွေ ၀င်သွားလို့ ဆိုးသွားတာလည်းဖြစ်နိုင်တယ်။
သရုပ်ကတော့ ဘာပျက်သလဲ မမေးပါနဲ့ ဗျာ......တချို့ မိန်းမတွေနဲ့ ယောင်္ကျားတွေများ ကြည့်ရမှာတောင် ရှက်တယ်။
ဘာတဲ့ သင်္ကြန်ကားပေါ်ပါသွားတဲ့ ကောင်လေးနဲ့ ကောင်မလေးတွေ ပထမ တစ်ရက်တော့ သူငယ်ချင်းတွေ အဖြစ်ပဲတဲ့....
နောက့်နေ့လည်းရောက်ရော အကုန်လုံး အတွဲတွေ ဖြစ်သွားတယ်ဆိုလားပဲ....သူငယ်ချင်းတစ်ယောက်ပြောတာပါ.................
ဒီနေရာမှာ သရုပ်ပျက်နေတဲ့ ကားတွေရှိသလို ယဉ်ယဉ်ကျေးကျေးသင်္ကြန်လည်နေတဲ့ ကားတွေလည်းရှိပါတယ်။ ဒါပေမယ့် အေ၇ှ့ကကားတွေက ပိုပြီးအရေအတွက်များပါတယ်။
အခုဟာက ပြောရရင် သင်္ကြန်ဆိုတာ ဆံပင်ဆေးဆိုး၊ ပန့် ကေ Rapper ကေ ဟိုကေ သည်ကေပြောင်း၊ ကိုးလိုးကန့် လန့် ကိုးရိုးကားယား အ၀တ်အစားတွေ ၀တ်ပြီး ကားပေါ်မှာ တက်ခုန်တာကို ဆိုလိုတယ်လို့ ပဲ အဓိပ္ပါယ်ဖွင့်ရတော့မယ့်ပုံပေါက်နေတယ်။
ကျနော်နဲ့ နေယု စားပြီးသောက်ပြီးတော့ ဟိုး မြို့ တော်ခန်းမဘက်ကို ပြန်စခန်းလှည့်ပါတယ်။ မြို့ တော်ခန်းမကို ဖြတ်တော့ မိုးတွေရွာပြီး ရေတွေအိုင်နေပါတယ်။
ကျနော်တို့ နှစ်ကောင်သား ထီးလေးဆောင်းပြီး ဖြတ်ရတော့တာပေါ့။
(မီးသတ်ပိုက်နဲ့ မိုးရွာအောင်လုပ်ပေးနေတဲ့လူတွေတော့ ကျနော်တို့ ကို ပေါက်ကွဲနေတော့မှာပဲ)
အပြန်လမ်းမှာ နေယုက ခွက်စောင်း အခုတ်ခံရသလို ကျနော်ကလည်း တိုက်ပေါ်က ဗုံးကြဲတာ ရှပ်ထိသွားပါတယ်။ ဟီဟိ...............
ဝန်ကြီးများရုံးနားက မဏ္ဍပ်တစ်ခုမှာတော့ ခပ်၀၀နဲ့ ပြောရရင်တော့ ဖက်တီးမကြီးတစ်ယောက် ကွေးနေအောင်ကနေပါတယ်။ စင်ရဲ့ အပေါ်ဆုံးဘက်မှာပါ။
အောက်ဘက် တစ်ဖက်ကားလမ်းမှာလဲ လူအုပ်ကြီးက မျောက်ပွဲကြည့်သလို မဏ္ဍပ်ပေါ်ပဲ စူးစူးစိုက်စိုက် ကြည့်နေကြပါတယ်။
ဘာလဲ တော့ ကျနော်လည်း နားမလည်တော့ပါ။
ဖက်တီးမကို သာအံ့သြမိပါတယ်။
နေယုနဲ့ ကျနော် ခပ်ချောချောကောင်မလေးတွေကို ငမ်းရင်း.....အဲမှားလို့ ....ဝေဖန်ရင်း ဆက်လျှောက်ခဲ့ကြပါတယ်။ မြို့ ထဲနေရာတော်တော်များများသာလျှောက်တယ် မုန့် လုံးရေပေါ်တို့ စတုဒိသာမဏ္ဍပ်တို့ တစ်ခုတစ်လေတောင် မတွေ့ မိဘူး။ ထူးဆန်းပါ့။ ဒါမှမဟုတ် ကျနော်တို့ ပဲ ကန်းနေသလားမပြောတတ်ပါ။
လျှောက်လာရာ လမ်းတစ်လျှောက်မှာ ရေပက်ခံကားပေါ်မှ လူများအကြောင်းကိုလည်း ဆက်ရေးချင်ပါသေးတယ်။
ရုတ်တရက် ထိုကားများဖြတ်သွားလျှင် ၀ူးဝူးဝါးဝါးနှင့် လူအော်သံလိုလို မျောက်ဝံမကြီး ကလေးပျောက်လို့ အော်သံလိုလိုတွေ ကြားရတတ်ပါတယ်။ အဲ ကြောင်မကြီး အမြှီးညှပ်တဲ့ အသံမျိုးတွေလည်း မကြာမကြာကြားရပြန်သေးတယ်ဗျ။
အဲဒီ ၀ူးဝူးဝါးဝါး စူပါစတားတွေရဲ့ ပီပြင်ချက်ကတော့ ရုပ်ရှင်ထဲက ကင်းကောင်တို့ ဂေါ်ရီလာတို့ အတွက် အသံအထူးပြုလုပ်ချက်နေရာမှာ ၀င်သရုပ်ဆောင်ခိုင်းလို့ ရလောက်တဲ့ အဆင့်ဗျ။
နောက်ပြီး လက်ထဲမှာလဲ သံဗူးမျိုးဆုံကို ကိုင်ထားလိုက်တာ ဘော်တယ်ကုလားတွေများ အုပ်စုဖွဲ့ ပြီးေ၇ပက်ခံထွက်နေသလား အောက်မေ့ရပါတယ်။
အရင်တုန်းက မဖြူခဲ့သမျှအတိုးချပြီး ဖြူစေရမဟဲ့ ဆိုတဲ့ အကြံနဲ့ များ ကောင်မလေးတွေ ရေပက်ခံထွက်ကြသလားမသိပါဘူး မိတ်ကပ်က တစ်မတ်ထုလောက်လိမ်းထားတယ်လို့ ခန့် မှန်းမိရတယ်။ မျက်နှာတွေကလည်း ဂျပန်သရဲလိုလို တရုတ်သရဲလိုလို ဖြူဖတ်ဖြူရော်နဲ့ .....အင်မတန်မှ.........အဟဲ...........ကြည့်လို့ ကောင်းပါတယ်လို့ ပြောချင်တာပါ။ :)
ကားပေါ်မှာ တိုးလိုက်တိုက်လိုက် ထိလိုက်တွေ့ လိုက် ကိုင်လိုက် လှုပ်လိုက်နဲ့ မိန်းကလေးတွေနဲ့ ယောင်္ကျားလေးတွေရဲ့ အဖြစ်ကို ကြည့်ပြီး သမီးမိန်းကလေးတွေရဲ့ မိဘတွေကိုလည်း ကိုယ်ချင်းစာမိပါတယ်။ ပြီးတော့ အဲဒီမိန်းကလေးတွေနေရာမှာသာ ကိုယ့်ညီမဆိုရင် ဘယ်လိုလုပ်မလဲဆိုပြီးလည်း တွေးမိပါတယ်။
နှမချင်းမစာနာတဲ့ ယောင်္ကျားလေးတချို့ ကြောင့် ဒီလိုသင်္ကြန်ရောက်တိုင်း အပြစ်ရှိတဲ့ (အပြစ်မဲ့မဟုတ်ဘူးနော်) အပြစ်ရှိတဲ့ မိန်းကလေးတွေ ဘ၀ဆုံးရှုံးရပါတယ်။
သင်းတို့ က မိန်းမပီပီ အိနြေ္ဒရရမနေပဲ ကဲချင် နံ့ ချင်တဲ့ အတွက် ခံကြဟေ့လို့ တခါတခါ တွေးမိပေမယ့် နှမချင်းမစာနာတဲ့ ကောင်တွေက အဓိကလက်သည်ဆိုပြန်တော့လည်း စိတ်မကောင်းဖြစ်ရပါတယ်။
သူတို့ ကို ဒီလို မျိုး ယောင်္ကျားလေးတွေ အများကြီးနဲ့ အတူတူရေပက်ခံထွက်တာကို ဘာလို့ မိဘတွေက ခွင့်ပြုတာလဲဆိုတဲ့မေးခွန်းကို နေယုကဖြေသွားပုံက
အိမ်ကထွက်လာတော့ သူငယ်ချင်းတွေနဲ့ အတူတူတဲ့ လမ်းရောက်မှ လမ်းခွဲလိုက်ကြသတဲ့။
ဆိုလိုတာက ဒီလိုကဲနေတာတွေကို မိဘတွေ မသိဘူးဆိုတဲ့သဘော..................................................................................
ဒီလိုနဲ့ ကျနော်နဲ့ နေယု ပုဇွန်တောင် စာတိုက် အထိတိုင်အောင် လမ်းလျှောက်ခဲ့ကြတယ်။ အဲ့ရောက်မှ လမ်းခွဲပြီး ကျနော်က နေရပ်တောင်ဒဂုံကို ကားနှစ်ဆင့်စီးပြီး ပြန်ခဲ့တယ်။
သုဝဏ္ဏတစ်နေရာရောက်တော့ စီးလာတဲ့ကားက ရပ်သွားလို့ ကြည့်လိုက်တော့ ဘီယာဆိုင်တစ်ဆိုင်အရှေ့မှာ အခြောက်ငါးယောက်လောက်က မလုံ့ တလုံအ-၀တ်အစားတွေနဲ့ ဆောင်းဘောက်ကြီးတွေ ဖွင့်ပြီး ကနေကြတယ်။
ဖွင့်ထားတာကလဲ ကုလားသီချင်းကြီး.........လူတွေကတော့ အုံကြည့်ပြီး စတဲ့လူစ ရယ်တဲ့လူရယ်နဲ့ ..........
ဒီအခြောက်တွေလဲ အရှက်မရှိတာလား ဘာလဲတော့ ကျနော်လည်း နားမလည်ဘူး။ သူတို့ လုပ်လို့ အခြောက်တွေလည်း သိက္ခာကျရတာလို့ ကျနော်တွေးမိတယ်။
တောင်ဒဂုံရောက်တော့ ငါးနာရီထိုးနေပြီ ဒါပေမယ့် လမ်းတိုင်းမှာ လူတွေနဲ့ အပြည့်ဖြစ်နေတယ်။ တောင်ဒဂုံသင်္ကြန်က မြို့ ထဲထက် အများကြီး ပိုစည်နေတယ်။
ကျနော်တို့ လမ်းတစ်လျှောက်လဲ မူးပြီးကနေတဲ့လူတွေ ပျော်လို့ ကနေတဲ့လူတွေ အများကြီး အများကြီး။
တဖြည်းဖြည်းနဲ့ စိတ်ထဲမှာ သင်္ကြန်ဆိုတာအပေါ် ပျော်မွေ့ ချင်းမရှိတော့ဘူး ဖြစ်လာတယ်..................................
မိန်းကလေးတွေ အရှက်သိက္ခာဆုံးရှုံးရတဲ့ အချိန်.....................
မူးယစ်သောက်စားယစ်မူးပျော်ပါးတဲ့ အချိန်..............
အိနြေ္ဒသိက္ခာတွေ ပျက်စီးတဲ့ အချိန်............
နဂိုကအကောင်းကြီး သင်္ကြန်ရောက်မှပဲ ဇာတိပေါ်လာတဲ့ လူတွေလည်း တွေ့ ရတယ်။
လူတွေက ပြောကြတယ် သင်္ကြန်မှာရေမဖြုန်းကြနဲ့ ရေက တန်ဖိုးရှိတယ်လို့ ။
အမှန်က သင်္ကြန်မှာရေတင်မကဘူး အချိန်၊ ပိုက်ဆံ၊ အကျင့်သိက္ခာ၊ အရှက်တရား အားလုံးကို အရက်ဘီယာ မူးယစ်ဆေးဝါးတွေနဲ့ လဲလှယ်နေကြတယ်။
မိမိချစ်သူအပေါ် သစ္စာရှိတဲ့ ဘယ်မိန်းကလေးမှ တပါးယောင်္ကျားလေးတွေနဲ့ အတူတူ ၀ိုင်းဖွဲ့ ဘီယာသောက်မူးယစ်ပျော်ပါးမနေဘူး။
ဘယ်ယောင်္ကျားလေးမှလဲ တခြားမိန်းကလေးတွေ အပေါ်တဏှာအမြင်နဲ့ စိတ်လွတ်ကိုယ်လွတ် တွေ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။
ဒီခေတ်ကြီးမှာ အ၀တ်အစား စတိုင်ကျလို့ ပိုက်ဆံဖြုန်းနိုင်လို့ ဆိုတာနဲ့ တင်ကိုယ့်ကိုကိုယ် ဟုတ်လှပြီ ထင်နေတဲ့ လူတွေ တပုံကြီးဖြစ်နေပြီထင်ပါတယ။်
သင်္ကြန်ဆိုတာ ဘာလဲ ကျနော်သေချာမပြောနိုင်ပေမယ့် သေချာတာတော့...........
သင်္ကြန်ဆိုတာ ယောင်္ကျားတွေ နှာဘူးထတဲ့ အချိန်မဟုတ်ပါ.........
စုံတွဲတွေ ဟိုတယ်သွားတဲ့ အချိန်လည်းမဟုတ်ပါ..............
မိန်းမတွေ အိနြေ္ဒမဲ့တဲ့ အချိန်လည်းမဟုတ်သလို.........
သင်္ကြန်ဆိုတာ HipHop ယဉ်ကျေးမှုကို လမ်းမမှာဖော်ထုတ်ပြသတဲ့ အချိန်လည်းမဟုတ်ပါ..........................
အခုတော့...................................................................................................................
မနက်ဖြန်လည်း ကျနော် သင်္ကြန်လည်ဦးမည်။ မနက်ဖြန် ကန်တော်ကြီးနဲ့ အင်းယားဘက်တွေသွားမလို့ ဆုံးဖြတ်ထားသည်။
(လာတော့ မရိုက်ကြနဲ့ နော်.........ဟဲဟဲ......အချင်းချင်းတွေပဲကို........မကျေနပ်ရင်.....စတာလို့ သဘောထားလိုက်ပေါ့ဗျာ.....)
အဲ့ဘက်တွေမှာမှ တစ်ကယ့် အဖြစ်အပျက်တွေ စိတ်ဝင်စားစရာတွေ ရှိနေတာဆိုတော့.......နောက်ထပ်ရေးဖြစ်ဦးမယ်ထင်ပါတယ်။
ဒီစာက ကျနော့်ရဲ့ တစ်နေ့ တာမှာ ကျနော်ကြုံတွေ့ ရတာတွေကို ကျနော့်ရဲ့ ခံယူချက် အတွေးအမြင်သပ်သပ်နဲ့ ရေးထားတာပါ။
သဘောထားမတိုက်ဆိုင်ရင် ကြိုက်သလိုကွဲလွဲနိုင်ပါတယ်။ ဒါပေမယ့် ကျနော်ရေးထားတဲ့ အထဲမှာ မကောင်းတာလုပ်ဖို့ အားပေးထားတာ တစ်ခုမှမပါဘူးလို့ ပဲပြောချင်ပါတယ်။
Be happy in Thingyan, but don't be TOO HAPPY or you will lose control of yourself !........
Regards,
Haroon1992
--
God is great!
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ