[mrsorcerer:23524] Fwd: [လူဗိုလ်ဟူသည် ...] ဘုကိုဟောကြား ဘောက်တရား



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: Tue, Apr 17, 2012 at 11:53 PM
Subject: [လူဗိုလ်ဟူသည် ...] ဘုကိုဟောကြား ဘောက်တရား
To: lubo601@gmail.com



by Kyaw Aye on Tuesday, April 17, 2012 at 10:56pm


၁၉၄၆ ခု၊ နိုဝင်ဘာလအတွင်းက မေမြို့သို့ ဗိုလ်ချုပ်ရောက်ရှိခဲ့ရာ မေမြို့ ရှိ ဖဆပလလူကြီးများနှင့်တကွ လူမျိုးပေါင်းစုံက မွတ်စလင်စာသင်ကျောင်းတွင် ဗိုလ်ချုပ်အား ဧည့်ခံပွဲသဘင် ကျင်းပကြ၏။ များသောအားဖြင့် အထက်တန်းစား လူကြီးလူကောင်းတို့  ကြွရောက်ကြ၏။ထုံးစံ
အတိုင်း သြဘာစာဖတ်ကြား၏။ ဗိုလ်ချုပ်သည် မည်သည့်ုမြို့တွင်မျှ မဟောကြားသေးသော ဘုကျကျတရားကိုဟောလေ၏။


ဗိုလ်ချုပ်က
             "ထုံးစံအတိုင်းဆိုရင်တော့ ယခုလို ဧည့်ခံကျွေးမွေးကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်လို့ ပြောရုံရှိတာပဲ။ ကျွန်တော်က ဒီလို
ဝတ်ကျေတန်းကျေ စကားမျိုးလောက် မပြောလိုဘူး။ ဒီနေ့တော့ ဘောက်တရားဟောရမှာပဲ"
                                                                                                               ဟုစကားအစချီပြီးလျှင်

"ဝန်ကြီးတစ်ယောက်လာရင် ဝိုင်းပြီး ဧည့်ခံကျွေးမွေးလိုက်ကြ၊ ဒီဝန်ကြီးထံကပ်ပြီးနှူးလိုက်နှပ်လိုက်ကြ၊ ကိုယ်ကျိုးရှိရာကို ဆွယ်လိုက်ကြ ဆိုတဲ့
အလုပ်တွေကို လုပ်တတ်ကြတယ်။ ရှေးခေတ်ဝန်ကြီးများကိုသာ လုပ်လို့ရမယ်။ ကျွန်တော့်ကိုတော့လုပ်လို့မရဘူး။ ရှင်းရှင်းပဲ။ ခင်ဗျားတို့ဟာ
ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင်၊ ဖဆပလကို အားထားတယ်ဆိုရင် ကျွန်တော် ဆောင်ရွက်နေတဲ့ လွတ်လပ်ရေးရံပုံငွေထဲ ငွေများများထည့်
ကြပါ။ ဖဆပလရဲ့ ညွှန်ကြားချက်လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်။"
                                                                                                                    စသဖြင့်ပြောပြီးလျှင်

"ဆင်းရဲသားများခေါင်းပေါ်နင်းပြီး စီးပွားရှာသူများကိုလည်း ကျွန်တော်တို့ကလျစ်လျူရှုမယ်မဟုတ်ဘူး။ တရားသဖြင့် မျှတစွာ စီးပွားရှာမှုကို
လိုလားပါတယ်။"
                     ဟုရှင်းရှင်းကြီး ဖွင့်ချလိုက်၏။

ပရိတ်သတ်က မကြားစဖူး ထူးကဲစွာ ကြားကြသဖြင့် အံ့သြခြင်းဖြစ်ကြ။ နှစ်သက်ကြ၏။ "ဗိုလ်ချုပ်က တယ်ဆော်ပါကလား" ဟူ၍လည်း
ကောင်း ၊ "ဒါမှကြိုက်တယ် ရှင်းရှင်းပဲ " ဟူ၍လည်းကောင်း အချင်းချင်း တီးတိုးစကားပြောသံများကိုလည်း ကြားရ၏။

မှတ်ချက်-သတင်းစာဆရာ ဦးပုကလေး၏ ငါတို့ဗိုလ်ချုပ် စာအုပ်မှ ကောက်နုတ်ဖေါ်ပြပါသည်။



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/17/2012 11:53:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ