[mrsorcerer:23632] ဧပြီလ နောက်ဆုံးပတ်တွင် မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာဖွယ်ရှိ

 ဧပြီလ နောက်ဆုံးပတ်တွင် မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာဖွယ်ရှိ
 ရန်ကုန် ၊ ဧပြီ ၁၉  နေ့အပူချိန် မြင့်တက်မှု ခံစားနေရသော မြန်မာနိုင်ငံတွင် ဧပြီလ နောက်ဆုံး ပတ်တွင် ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်း၌ လေဖိအားနည်း ရပ်ဝန်းမှ တဆင့် မုန်တိုင်း ငယ်တစ်လုံး ဖြစ်ပေါ် လာဖွယ် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က The Voice Weekly သို့ မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြောကြားသည်။  မိုးကြိုကာလ ဖြစ်သော ဧပြီလ ၁၅ ရက်မှ မေလကုန်အထိ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတွင် မုန်တိုင်းငယ် တစ်လုံး ဖြစ်နိုင်ဖွယ်ရှိပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ဖွယ် မရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က သုံးသပ်သည်။  ဧပြီလ ၂၀ နှင့် ၂၁ ရက်နေ့ များတွင် မိုးတိမ်ဖြစ်ထွန်းခြင်း မရှိပါက နေ့အပူချိန်များ မြင့်တက်နိုင်ပြီး ၊ ရန်ကုန်မြို့တော် ၌ အပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ် ၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ၄၃ ဒီဂရီစင်တီဂရိတ် ဝန်းကျင်မှ ၄၅ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်လာဖွယ် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ထပ်မံပြောကြားသည်။  မြန်မာနိုင်ငံအတွင်းဧပြီလ ၂၁ ရက် ၊ ၂၂ ရက် နှင့် ၂၇ ရက် ၊ ၂၈ ရက်များတွင် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးများတွင် အပူချိန်ထပ်မံမြင့်တက် နိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က သုံးသပ်ပြောကြားသည်။  ဧပြီလ ၁၇ ရက်နေ့ မကွေးတိုင်း ဒေသကြီး ၊ ချောက်မြို့နယ်၌ ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံး အပူချိန်မှာ (၄၆ ဒသမ ၁) ဒီဂရီစင်တီဂရိတ်(၁၁၅ ဒသမ ၀) ဒီဂရီဖာရင်ဟိုက် ထိဖြစ်ခဲ့ပြီး လွန်ခဲ့သော ၂၈ နှစ်တာအတွင်း ယင်းမြို့၏ဧပြီလ အတွက် အမြင့်ဆုံး အပူချိန် စံချိန်သစ်ဖြစ်ပေါ်ခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ၊ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(နေပြည်တော်)၏ထုတ်ပြန်ချက်များအရ သိရသည်။  နေရောင်ခြည် အပူချိန် မြင့်တက်လျက် ရှိသော မြန်မာနိုင်ငံရှိ ဒေသအချို့၌ ခရမ်းလွန်ရောင်ခြည် ဖြာထွက်မှု Solar UV Index တန်ဖိုးမှာ မြန်မာနိုင်ငံရှိ ဒေသအချို့ က ဥရောပနိုင်ငံများနှင့် သမပိုင်းဇုံ ဒေသနိုင်ငံများထက် အပူချိန် မြင့်တက်လျက် ရှိကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။  ဥရောပ နိုင်ငံများ အပါအဝင် ကမ္ဘာ့ သမပိုင်းဒေသ နိုင်ငံများတွင် UV Index တန်ဖိုးမှာ ၈ ကို ကျော်လွန်လေ့ မရှိသော်လည်း၊ မြန်မာနိုင်ငံတွင် မြောက်ပိုင်းဒေသမှလွဲပြီး ကျန်ဒေသ အများ အပြားတွင် UV Index အမြင့်ဆုံး တန်ဖိုး ၉ - ၁၀ ကြားတွင် ရှိကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။The Voice Weekly

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ