အားလုံးသော ဘလော့ဂ်ဂါမောင်နှမများ မင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်လိုက်ပါတယ်။ အခု ဒီအလှူခံပိုစ်လေးကို ရေးသင့် မရေးသင့် ဦးဇင်းဘလော့မှာ တင်သင့် မတင်သင့် စဉ်းစားနေတာ အချိန်အတော်ကြာခဲ့ပါပြီ။ သို့သော် လိုအပ်နေသောနေရာလေးရဲ့ ကိုယ်စား ဦးဇင်းဘလော့လေးကဘဲ လိုအပ်နေသူတို့ရဲ့ ရင်ဖွင်သံစကားကို ဒီဘလော့လေးကနေ ရင်ဖွင့်ပြောပြလိုက်ပါတယ်။
ကျန်ခဲ့တဲ့ ၂၀၁၁ခုနစ် ဧပြီလ(၂၆)ရက်နေ့မှာ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ဝက်ခြံဂယက်ကျေးရွာအုပ်စု ကညင်ကုန်းရွာ သို့ တရားဟောသွားခဲ့ပါတယ်။အဲမှာ အဖြစ်ပျက်လေးတစ်ခုက တရားဟောတဲ့ထိ မိုက်က ပြင်လို့မပြီးဘူး။ လျှပ်စစ်မီးကမရှိတော့ မီးစက်နှိုးပြီး ဟောရတာပါ။ မီးစက်ကမနိုင်လို့လားတော့မသိဘူး။ မိုက်က အသံတက်လာလိုက် ကျသွားလိုက်နဲ့ အချိန်တော်တော်ကြာသွားတယ်။ ဦးဇင်းထင်တာက မီးမလာလို့ မီးစက်နှိုးတယ်လို့ထင်တာ။ ဒါပေမယ့်အဲလိုမဟုတ်ဘူး။ လျှပ်စစ်မီးကိုမရှိတာ။ အဲညက မကောင်းတဲ့မိုက်လေးနဲ့ ထိန်းပြီးဟောခဲ့တယ်။ နောက်နေ့ ရွာထဲက အိမ်တစ်အိမ်ရောက်လို့ လျှပ်စစ်မီးမလာလို့ မီးစက်နှိုးပြီးဟောစေတာ လားလို့မေးတော့ ဒကာကြီးက မဟုတ်ဘူးဦးဇင်းတဲ့ ။တပည့်တော်တို့ ရွာတည်တဲ့အချိန်ကစပြီး ယနေ့ချိန်ထိ လျပ်စစ်မီးကိုမရှိတာတဲ့။ ဒါဖြင့်ရင် ဒကာကြီးတို့ ဘယ်လိုနေကြလဲ။ ညဘက်မှောင်နေတဲ့အချိန်မှာ ဆိုတော့ သူကဆက်ပြောတယ်။ ဖယောင်းတိုင်မီးထွန်းနေတယ်တဲ့။ ကက်ဆက်တို့ဘာတို့ ဘယ်လိုဖွင့်ကြလဲဆိုတော့ မြို့မှာ ဘက်ထီရီ တစ်ပါတ်တစ်ခါ အားသွင်းပြီးဖွင့်တယ်လို့ပြောတယ်။ ဒါနဲ့ဦးဇင်းဆက်မေးတယ်။ ဒကာကြီးတို့ ရွာကလူတွေ စုပြီး လျှပ်စစ်မီးရအောင် မီးစက်ဖြစ်ဖြစ် လုပ်ပါလားဆိုတော့ တပည့်တော်တို့ရွာ အရှင်ဘုရား မြင်တဲ့ အတိုင်း လက်လုပ်လက်ကိုင်သမားတွေဆိုတော့ မတတ်နိုင်ကြဘူးတဲ့။
အဲလိုကြားရတော့ ဦးဇင်းအတော်လေး စိတ်မကောင်းဖြစ်ရသလို သူတို့ကိုလည်း အတော်လေး သနားသွားပါတယ်။ ဒါဖြင့်ရင် ဒကာကြီးတို့ ဦးဇင်း ဒကာကြီးတို့ရွာမှာ ထရန်စဖာဖြစ်ဖြစ်၊ တစ်ရွာလုံး မီးရနိုင်လောက်တဲ့ မီးစက်ဖြစ်ဖြစ် ရအောင်ကြိုးစားကြည့်မယ်။ ဦးဇင်းကို အဆင်ပြေအောင်သာ ဆုတောင်းပေးပါလို့ ဦးဇင်း သူတို့ကို ပြောခဲ့တယ်။ အဲဒီစကားကြောင့် မီးစက်က ဘယ်ဆီနေမှန်း မသိသေးဘူး။ ရွာသူရွာသားတွေ အတော်လေး ဝမ်းမြောက်သွားပုံရပါတယ်။ ရွာက အိမ်ခြေ(၁၂၀) လောက်ရှိပါတယ်။ တစ်ရွာလုံး မီးရဖို့အတွက်ဆို တော်တော်လေး ကုန်ကျမယ်ဆိုတာ ဦးဇင်းသိပါတယ်။ ဦးဇင်းအနေနဲ့လည်း ငွေကြေးပြည့်စုံတဲ့ ဦးဇင်းတစ်ပါးမဟုတ်ပါ။ စာသင်သားဘဝနဲ့ ပရဟိတအလုပ်ကို စေတနာထက်သန်ပြီး စိတ်ပါဝင်စားတဲ့ ဦးဇင်းလေးမို့ ဒီ(ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က ကညင်ကုန်းရွာလေးကို) မီးရစေဘို့ အမြဲစဉ်းစားမိခဲ့တယ်။ ဦးဇင်းသာငွေကြေးပြည့်စုံ ပိုလျှံနေတဲ့ စာသင်သား ဦးဇင်းတစ်ပါးဖြစ်ခဲ့မယ်ဆိုရင် ဒီရွာလေးမီးရဘို့ မီးစက်ချက်ချင်း ဝယ်လှူမိမှာပါ။ ဒါပေမယ့် ပညာသင်တစ်ဖက်နဲ့ဆိုတော့ ငွေမတတ်နိုင်ဘူး။ ဆန္ဒတွေသာရှိခဲ့ပြီး လက်တွေ့အကောင်အထည် မဖော်ခဲ့နိုင်ဘူး။ဦးဇင်းအနေနဲ့ မနိုင်ဝန်ထမ်းတယ်လို့ ပြောမယ်ဆိုလဲ ပြောလို့ရပါတယ်။ ရွာသူရွာသားတွေကို လျှပ်စစ်မီးရစေချင်တဲ့ စေတနာအား ကြီးမားသောကြောင့်သာ ဒီလိုပြောခဲ့ခြင်း ဖြစ်ပါတယ်။
ဒီကိစ္စကို ဘယ်လိုဆောင်ရွက်ရမလဲလို့ နေ့စဉ်နေတိုင်းစဉ်းစားမိတယ်။ စဉ်းစားရင်း အချိန်တွေသာ ကုန်လွန်ခဲ့ပြီး တစ်နှစ်သာပြည့်တော့မှာ ဖြစ်တယ်။ ဦးဇင်းလက်ထဲမှာ ငွေအင်အားက ဘာမှမရှိသေးပါဘူး။ ဒါနဲ့ ကျန်ခဲ့တဲ့ သီတင်းပါတ်အချို့က ဘလော့မောင်နှမတွေဖြစ်တဲ့( ဒကာကြီး-ရာဇာထွေး.- ဒကာမ-အလွမ်းမြို့- ဒကာမ ချစ်စံအိမ်) တို့ကို အွန်လိုင်းပေါ်မှာ ဆုံတုန်း ပြောပြခဲ့ပါတယ်။ သူတို့ကလည်း တတ်နိုင်သလောက် ကူညီမယ်လို့ပြောတော့ ဦးဇင်းအလွန် အားတက်သွားတယ်။ တတ်နိုင်သလောက် ကူညီမယ့်အပြင် အကြံကောင်းဥာဏ်ကောင်းများကိုလည်း ပေးခဲ့ပါသေးတယ်။ တစ်ရွာလုံး မီးရဖို့ဆိုရင် ဦးဇင်းတစ်ပါးတည်း လတ်တလောမှာ မတတ်နိုင်သလို သူတို့လေးတွေကလည်း တစ်ဦးတည်း တစ်ယောက်တည်း ဒီရွာလေးမီးရဘို့ကို မတတ်နိုင်ကြတာမို့ ခုလိုအကြံလေးကို ပေးပါလာတယ်။"ဦးဇင်းကိုယ်တိုင် တရားဟောကြွခဲ့တာမို့ ရွာရဲ့လိုအပ်ချက်နဲ့ အခြေနေကို ပိုစ့်လေးတစ်ပုဒ်လောက် ရေးပြီး စေတနာထက်သန်တဲ့ အလှူရှင်တွေကို ဘလော့တွေကနေ ဖိတ်ခေါ်ကြည့်ပါလားတဲ့။ မြန်မာလူမျိုးတွေဆိုတာ အလှူအတန်း အလွန်ရက်ရောကြသူတွေပါ။ ဦးဇင်းရဲ့ မီးစက်အလှူလေးကို ပိုစ့်တင်ပြီး သဒ္ဒါတရားထက်သန်တဲ့ အလှူရှင်တွေကို နည်းများမဆို ဖိတ်ခေါ်မယ်ဆို ဒီရွာလေးမှာ အိမ်တိုင်းမီးမကြာခင်မှာ မြင်ရမှာဖြစ်ပြီး ဦးဇင်းအပါအဝင် အလှူရှင်များအားလုံးလည်း အလှူပြီးမြှောက်ပြီး ဝမ်းသာပီတိဖြစ်ခဲ့ကြရမှာပါ။ မိုးရေစက်လေးတွေလိုပေါ့ တစ်စက်ချင်းကျပေမဲ့ အချိန်တန်တော့ ရေအိုးလေးပြည့်ခဲ့ရသလို ဦးဇင်းတို့အလှူမှာလည်း တစ်ယောက်နည်းနည်းအားနဲ့ ဝိုင်းဝန်းကူညီ သဒ္ဒါဖြူကြမယ်ဆို မိုးရေခံတဲ့အိုးလေးလို အချိန်တန်တော့ ဆန္ဒတွေပြည့်ဝသွားရမှာပါ။ ဒါကြောင့် (ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က ကညင်ကုန်းရွာလေးကို) မီးရရှိဖို့အတွက် ဒီပိုစ့်လေးကိုတင်ပြီး ကိုယ့်ဘလော့လေးမှာ ကြေငြာထားရင် စေတနာ သဒ္ဒါထက်သန်သူတွေရဲ့ စေတနာ မေတ္တာ သဒ္ဒါတွေပေါင်းစပ်ပြီး စုပေါင်းစပ်ပေါင်းလေးနဲ့ ဝိုင်းဝန်းကြိုးပန်း တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက် ကူညီကြမယ်ဆို ရွာလေးမှာ မီးစက်အလှူအတွက် ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ အကြံပေးပါတယ်။" ဒါနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်ခဲ့တာပါ။
(ဦးဇင်းအနေနဲ့ အခုလိုအွန်လိုင်းပေါ်မှာပရဟိတ လုပ်ဖို့တခါဖူး မှအလှူမခံခဲ့ဖူးပါဘူး။ အခုတော့ အမှောင်တောထဲမှာ နေကြရတဲ့ (ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က..ကညင်ကုန်းရွာလေး) ကို အလင်းရောင်ရစေချင်တဲ့ ဆန္ဒတွေကဦးဇင်းရဲ့စိတ်ကို တော်တော်လေးတွန်းအားပေးနေပါတယ်။ ဒါပေမယ့် ဦးဇင်းဟာ စာသင်သားရဟန်းတစ်ပါးသာ ဖြစ်နေတာမို့ကုန်ကျမယ့် မီးစက်အလှူအတွက် ဦးဇင်းတပါးထဲနဲ့လည်း မတတ်နိုင်ပါဘူး။ ဒါကြောင့် ဦးဇင်းနဲ့အတူ (ကညင်ကုန်းရွာလေး) မီးလင်းဖို့အရေး စိတ်အားထက်သန်တဲ့ စေတနာရှင် အလှူရှင် ဘလော့မောင်နှမတွေကိုလည်း တတ်အားသ၍ (နည်းသည်၊ များသည်အဓိကမထားဘဲ) ပါဝင်လှူဒါန်းနိုင်ဖို့ ဦးဇင်းဖိတ်ခေါ်ပါတယ်..။ )
ဦးဇင်းရဲ့ ဦးတည်ချက်နဲ့ ရည်ရွယ်ချက်က ရွာစတင်တည်ထောင်ကတည်းက မီးမရသေးသော (ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က ကညင်ကုန်းရွာလေးကို) ရွာလေးကို မီးအလင်းရစေလိုတဲ့ စေတနာ သက်သက်သာဖြစ်ပါတယ်။ ပရဟိတဆိုပေမဲ့ ဦးဇင်းတစ်ပါးတည်း ဒီမီးစက်အလှူဖြစ်လာဘို့ အရေးကိုတစ်ပါးတည်း မတတ်နိုင်သောကြောင့် ဘလော့ဂ်ဂါမောင်နှမများကို ဦးဇင်းနဲ့အတူ အလှူမှာပါဝင်အားဖြည့်ပေးဘို့ အထူးဖိတ်ခေါ်ပါတယ်။ ဒီပိုစ့်လေးဟာ ဦးဇင်းရဲ့ပထမဆုံး အလှူခံပိုစ့်လေးဖြစ်သလို ပရဟိတလုပ်ဆောင်မှု့ ပထမဆုံးဖြစ်တာမို့ စေတနာ သဒ္ဒါတရား ထက်သန်သူနဲ့ အကြံညဏ်ကောင်းများ ပေးလိုသူတွေကိုလည်း ဦးဇင်းမှလှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။
တစ်ဆက်တည်းမှာ မီးအလှူနဲ့ပါတ်သက်ပြီး ဦးဇင်းအနည်းငယ် ပြောပြချင်ပါတယ်။
မီးအလှူနဲ့ ပတ်သတ်ပြီး မြတ်စွာဘုရားဟောတော်မူခဲ့တဲ့ တရားစာလေးတစ်ကြောင်းကိုသတိရမိတယ်။ အဲဒါဘာလဲလို့ဆိုတော့ "ဒီပတော စက္ခုတော ဟောတိ" မီးလှူတာဟာ မျက်စိကိုပေးလှူတာဖြစ်ပါတယ်။ မျက် မမြင်တစ်ယောက်ဘဝဟာ အမြဲတန်းမှောင်မိုက်နေပါတယ်။ ထိုမျက်မမြင်ကို မျက်လုံးပေး လှူလိုက်မည်ဆိုပါက အလင်းရသလိုမျိုး၊ အမြဲတန်းမှောင်မိုက်နေတဲ့ ရွာလေးမှာ အလင်းရဖို့အတွက် မီးစက်လေးတစ်လုံးလောက် ပေးလှူလိုက်မယ်ဆိုလျှင် ထိုရွာသူရွာသားများလည်း မီးအလင်းရပြီး စိတ်ချမ်းချမ်းသာသာနဲ့ နေရမှာအမှန်ဖြစ်ပါတယ်။ ထိုမီးအလင်းရောင် လှူဒါန်းခြင်းကြောင့်လည်း အကျိုးများပါတယ်။ ယခုဘဝ နှင့် နောင်ဘဝတွေမှာ တပြောင်ပြောင် ကိုယ်ရောင်ထွန်းတောက်၍ အရပ်ဆယ်မျက်နှာတို့မှာ မိုက်စွာသော အမှောင်မရှိ၊ ပကတိ မီးအရောင်ကဲ့သို့ ထွန်းလင်း၍ ကောင်းခြင်းပြည့်စုံတဲ့ ပဘာဝတီသတို့သမီးတို့လို၊ တစ်ခုသော လက်ချောင်း၏ အရောင်ဖြင့် တစ်ထောင်သော စကြာဝဠာကို ထွန်းလင်းနိုင်တဲ့ ဗြဟ္မာမင်းတို့လို၊ တညီးညီးတရှိန်ရှိန် တထိန်ထိန် တောက်ပ၍ ကိုယ်ရောင်၏ လှပခြင်းသို့ မီးအလှူရှင်များဟာ အကျိုးများစွာကိုရစေနိုင်ပါတယ်။
မြတ်စွာဘုရားရှင်လက်ထက်တော်က သာသနာမှာ ဗကုလာထေရီမဆိုတာ ရှိခဲ့ဖူးပါတယ်။ ဗကုလာထေရီမ လောင်းလျာဘဝ ကဿပမြတ်စွာဘုရှင် သာသနာတော်မှာ ပုရဗိုဇ်ရဟန်းမိန်းမ ပြုလုပ်ကာ တစ်ယောက်တည်း နေခဲ့ပါတယ်။ တစ်နေ့တော့ ထိုပုရဗိုဇ် ရဟန်းမိန်မက အိမ်စဉ်လှည့်လည်ကာ ဆီကိုအလှူခံပြီး ကဿပမြတ်စွာ ဘုရားရှင်၏ ရင်ပြင်တော်မှာ ညဥ့်သုံးယံပတ်လုံး ဆီမီးကို ပူဇော်လှူဒါန်းခဲ့ပါတယ်။ ထိုရဟန်းမိန်းမ စုတေသော် တာဝတိံသာ နတ်ပြည်မှာနတ်သမီးဖြစ်လို့ အခြွေအရံ နတ်သားတွေနဲ့ အရောင်အဝါတောက်ပလို့နေပါတယ်။ နောက်ပြီး ကဿပမြတ်စွာဘုရားရှင် နှင့်ဂေါတမမြတ်စွာဘုရားရှင် ကြားကာလမှာလည်း အပါယ်လေးပါးသို့ မလားရောက်ဘဲ နတ်ပြည်မှာသာ မွေ့လျှော်ပြီး နောက်ဆုံးပစ္ဆိမဘဝမှာ ဂေါတမမြတ်စွာဘုရားရှင် လက်ထက်ဝယ် သာဝတ္ထိမြို့ ပုဏ္ဏားအမျိုးမှာ လာဖြစ်ပြီး နာမည်ကို ဗကုလာသတို့သမီးရယ်လို့ ဖြစ်လာခဲ့ပါတယ်။ ထိုသတို့သမီးသည် လူဘောင်ကို ခွာရှောင်ပြီး ဘိက္ခူနီမတို့ထံ သွားပြီးရဟန်းပြုပါတယ်။
ရှေးကုသိုလ် ဆီမီးအလှူဒါနကြောင့် ရဟန္တာဖြစ်လာပြီး ဗကုလာထေရီမရယ်လို့ ထင်ရှားကာ နိဗ္ဗာန်ရွှေပြည်မြတ်ကို ရခဲ့ဖူးတဲ့ သာဓကတွေရှိပါတယ်။ ထို့ပြင် မီးအလှူဟာ အလင်းရဖို့ ပေးလှူတာဖြစ်တဲ့အတွက် မျက်စိကို ပေးလှူသကဲ့သို့ဖြစ်သလို ပညာဥာဏ်ကြီးမားစေဖို့ ပေးလှူခြင်းမျိုးလည်းဖြစ်ပါတယ်။ ပညာဆိုတာ အားလုံးအတွက် အလွန်အရေးကြီးပါတယ်။ လောကီပညာပြည့်စုံဖို့ လိုအပ်သလို လောကုတ္တရာပညာရှိဖို့ ကလည်း လိုအပ်ပြန်တယ်။ အမိုက်မှောင်ကိုပယ်ဖျောက်နိုင်တဲ့ အလင်းရောင်(၄)မျိုးရှိပါတယ်။ ပညာအလင်း၊ မီးအလင်း၊ နေအလင်း၊ လအလင်းပါ။ ပကတိသော အမှောင်ကို ပယ်ဖျောက်ပေးနိုင်တာက မီးအရောင်၊ နေအရောင်၊ လအရောင်ဖြစ်ပြီး၊ပညာရောင်ကတော့ အချိန်ကာလမရွေး ကာလသုံးပါးလုံးမှာရှိတဲ့ အမိုက်မှောင်ကို ပယ်ခွာနိုင်သလို တစ်သံသရာလုံးက အမှောင်ကျလာတဲ့ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင် ကိုပယ်ခွာနိုင်ပါတယ်။( ပညာစက္ခုံ အနုတ္တရံ) ဟုဟောတော်မူသည့်အတိုင်း ပညာတည်းဟူသော မျက်စိ၊ ပညာတည်းဟူသော အလင်းရောင်သာ အမြတ်ဆုံးဖြစ်ပါတယ်။ လောကီအထွတ်ဆုံး အမြတ်ဆုံးဖြစ်တဲ့ သဗ္ဗညုတဥာဏ်တော်ကိုရ၍ ဘုရားအဖြစ်သို့ ရောက်စေနိုင်ခြင်းဟာ ထိုပညာမျက်စိကြောင့်ပင် ဖြစ်ပါတယ်။ အမှား အမှန်ကိုခွဲခြားနိုင်ဆုံးဖြတ်နိုင်တာဟာ ပညာကြောင့်ပါပဲ။ ပညာရဲ့ အရာကျယ်ပုံ အသုံးကျပုံ မြင့်မြတ်ပုံကတော့ ပြောလို့ပင် ကုန်ဆုံးမည်မဟုတ်ပါ။ ထိုအမြတ်ဆုံးပညာမျက်စိရစေဖို့ အထောက်ကူဖြစ်စေဖို့ မီးအလင်းကို ပေးလှူကြပါစို့လို့ တိုက်တွန်းမှုပြုလိုက်ရပါသည်။
မီးလှူရကျိုးရှစ်ပါး
၁။ လုံခြုံစွာကြီးပွားချမ်းသာခြင်း။
၂။ အမျိုးမြတ်ခြင်း။
၃။ ဥာဏ်ပညာကြီးမားခြင်း။
၎။ အင်္ဂါကြီးငယ်တို့နှင့်ပြည့်စုံခြင်း။
၅။ အဆင်းလှခြင်း။
၆။ ကိုယ်ရောင်ကိုယ်ဝါတောက်ပခြင်း။
၇။ ဘုန်းတန်ခိုးကြီးခြင်း။
၈။ ဘေးအန္တရာယ်ကင်းခြင်း။
ဆောင်။ ။ လုံခြုံစွာ့၊ ကြီးရတဲ့ချမ်းသာ၊ မျိုးမြတ် ဥာဏ်ကြွယ်နှင့်။ အင်ကြီးငယ်ပြည့်စုံရ။ ဆင်းလှရောင်ဝါ၊ ဘုန်းတေဇာ၊ ကြီးစွာပတန်ခိုး၊ ရန်ဘယာ၊ ဘေးကာဆီးတယ်၊ မီး၏အကျိုး။
(မှတ်ချက်။ ။ ဦးဇင်းအနေနဲ့ အထွေထွေကုန်ကျမယ့် စာရင်းကို နားလည်တတ်ကျွမ်းသော သူများနဲ့တိုင်ပင်ပြီး အနီးဆုံးခန့်မှန်းတွက်ချက်ပြီး ထပ်မံဖော်ပြပေးပါမယ်..။ ကောက်ခံရရှိလာမယ့် အလှူရှင် စာရင်းနဲ့ လှူဒါန်းငွေ အစုစုတို့ကိုလည်း ဦးဇင်းရဲ့ ဘလော့ဖြစ်တဲ့ ၀ိရဓမ္မ(WIRADHAMA) ဘလော့အပြင် အလွမ်းမြို့လေး၊ ချစ်စံအိမ်၊ ရာဇာထွေးblogမှတ်စု ဘလော့တွေမှာပါ ဖော်ပြပေးထားပါမယ်...။ အလှူငွေစာရင်းနှင့် အလှူအပြီးတွင်လည်း အလှူရှင်စာရင်းနှင့် လုပ်ဆောင်မှု့များကိုလည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(ကောက်ခံရရှိမည့် အလှူငွေနှင့်အတူ (၅လပိုင်း-မေလ အကုန်တွင်) (၂၀၁၂) ဦးဇင်း မြန်မာပြည်သို့ ပြန်လည်ကြွရောက်ပြီး ဦးဇင်းကိုယ်တိုင် ((ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က ကညင်ကုန်းရွာလေး) ) ကြွရောက် အလှူပေးမှာဖြစ်ပါတယ်။
အလှူနဲ့ပါတ်သက်ပြီး လှူဒါန်းချင်ရင်
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဆက်သွယ်ရန် ဖုန်း +918083881812
ဆက်သွယ်ရန် အီးမေးလ် ashinwimalawuntha@gmail.com
အလွမ်းမြို့လေး
ဆက်သွယ်ရန် အီးမေးလ် ( alwanmyolay@gmail.com)
ရာဇာထွေး ( မလေးရှား )
ဆက်သွယ်ရန် ဖုန်း = 016 6787843
ဆက်သွယ်ရန် အီးမေးလ် = yarzar.htwe5@gmail.com
စကာင်္ပူ တာဝန်ခံနန်းထွေးစန္ဒာ (စကာင်္ပူ)
ဆက်သွယ်ရန်မေလ်း - rainblue2010@gmail.com
ဆက်သွယ်ရန် ဖုန်း - +6593812015
ဘဏ်အကောင့်ထဲလွှဲချင်သူများအတွက်
Bank Account- OCBC-Bank( Account No. 581-308-608-001)
ဇော်ဇော် (စကာင်္ပူ)
ဆက်သွယ်ရန် ဖုန်း - +6581422464
မြန်မာပြည် တာဝန်ခံ
အရှင်သီရိန္ဒ (ရန်ကုန်- တာမွေ)
ဆက်သွယ်ရန်မေလ်း - thirinda000387@gmail.com
မကြင်စန်း (ရန်ကုန်- သင်္ဃန်းကျွန်း)
ဆက်သွယ်ရန် ဖုန်း - 95973036380
တူးတူးမာ - မုံရွာ - ဆက်သွယ်ရန် (ရုံးဖုန်း) 71-23629
တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်....)
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com/
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာနိုင်ပါသည်။
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos