---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: Sat, Apr 21, 2012 at 1:52 PM
Subject: [လူဗိုလ်ဟူသည် ...] ဟိုတစ ဒီတစ - ၎
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/22/2012 03:02:00 AM
From: Blogger <no-reply@blogger.com>
Date: Sat, Apr 21, 2012 at 1:52 PM
Subject: [လူဗိုလ်ဟူသည် ...] ဟိုတစ ဒီတစ - ၎
To: lubo601@gmail.com
by Ye Tun Oo on Monday, October 3, 2011 at 5:11pm
ကျွန်တော်တို့ဆီမှာက အများစုက ပေါ်ပြူလာ။
စီးပွားရေးဆိုလည်း အများစုက ပေါ်ပင်လုပ်ကြတာ။ တစိုက်မတ်မတ် မလုပ်ကြဘူး။ ငါးပွက်ရာ ငါးစာချတယ်ဆိုတဲ့ စကား တွင်တွင်ကျယ်ကျယ်သုံးကြတဲ့လူမျိုး။ စီးပွားရေးဆိုတာ သက်ဆိုင်သူကို ပိုက်ဆံပေးလိုက်ရင် ရပြီထင်နေတယ်။ တကယ်တော့ စီးပွားရေးမှာ ပိုက်ဆံပေးလိုက်လို့ ပြီးသွားတယ်ဆိုတာ အနိမ့်ဆုံးအဆင့်။ ဘာ စီးပွားရေးပညာမှမလိုဘူး။ ဘာစီးပွားရေးသီအိုရီမှ သိစရာ မလိုဘူး။ ဒါကိုပဲ ကိုယ့်ကိုယ်ကိုယ်စီးပွားရေးသမားတွေလို့ ထင်နေကြပြန်ရော။
လူမှုရေးဆိုလည်း တကယ် ထဲထဲ ၀င်ဝင်လုပ်နေတဲ့သူတွေ ရှိပေမယ့် ပေါ်ပင်လူမှုရေးတွေလည်း အများကြီး။ သူများတွေလုပ်လို့သာ NGO လို့ နာမည်တပ်လိုက်တယ်။ NGO ဆိုတာ ဘာမှန်းတောင် မသိတဲ့သူတွေ အများကြီး။ NGO ဆိုတာ အလှူရှင်တွေဆီကနေ ပိုက်ဆံရအောင်အလှူခံဖို့ ဆိုတာလောက်သိကြတာတွေလည်း တွေ့ဖူးပါ့။ ဘာမှ တာဝန်ခံမှုလည်း မရှိ။ တာဝန်ခံမှု မရှိတော့ တာဝန်ယူမှုလည်းမရှိတော့။ တာဝန်ယူစရာမလိုတော့ ဘာမှစဉ်းစားစရာမလို။ လိုတာတခြား။ လှူတာတခြား။ အသုံးမတည့်လို့ ချောင်ထဲ ထိုးထားရတဲ့ သိန်းပေါင်းများစွာ ကိုယ်တိုင် တွေ့ကြုံခဲ့ဖူးတယ်။
အလှူရှင်တွေတော့ သနားစရာ။ နိုင်ငံရေးဆိုရင်လည်း တကယ်သေသေချာချာ သိလို့ နှစ်ပေါင်းများစွာ တစိုက်မတ်မတ် လုပ်တဲ့ ခေါင်းကြီးကြီးနဲ့သူတွေရှိတယ်။ ခေါင်းဆောင်ကောင်းလည်း ရှိတယ်။ ဒါပေမယ့် နောက်လိုက်ကောင်းမဖြစ်ကြဘူး။ ပြသနာက ပေါ်ပြူလာနိုင်ငံရေးလုပ် ချင်ကြတာပဲ။ ပေါ်ပြူလာအတွက်ပဲ လုပ်တယ်။ ဒီတော့ ပေါ်ပြူလာပဲဖြစ်နေပြီး အနှစ်သမားက နည်းနည်း။ အများစုက အခွံတွေချည်း။
ခြုံပြောရင်တော့ ကျွန်တော်တို့ဆီမှာ ပရော်ဖက်ရှင်နယ် သိပ်နည်းတယ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး တွေဟာ တိုးတက်ပြီးနိုင်ငံတွေမှာ မွေးကတည်းက ပျိုးထောင်လာခဲ့တဲ့ ပရော်ဖက်ရှင်နယ်တွေရှိတယ်။ ငယ်ငယ်ကတည်းက တနေ့ သမတဖြစ်ရမယ်ဆိုပြီး ထမင်းစားရင်းစကားပြောတဲ့နည်းလို အသေးဖွဲကအစ သေသေချာချာ သင်ထားခဲ့ကြတာ။ တနေ့ စီးပွားရေးသမားဖြစ်ရမယ်ဆိုပြီး ပိုက်ဆံတန်ဖိုးကို သေသေချာချာသင်ထားခဲ့ကြတာ။
ကျွန်တော်တို့ဆီမှာက အခြေနေက တွန်းပို့လိုက်လို့သာ စီးပွားရေးသမားဖြစ်လာတယ်။ စီးပွားရေးတကယ်နားမလည်ဘူး။ လူမှုရေးသမားဖြစ်လာတယ်။ လူမှုရေး တကယ်နားမလည်ဘူး။ နိုင်ငံရေးသမားလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေကြတယ်။ တကယ်က နိုင်ငံရေး နားမလည်ဘူး။
ကျွန်တော်တို့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတွေမှာ ရေရှည် အောင်မြင်တဲ့သူ၊ အဖွဲ့အစည်း သိပ်နည်းတယ်။ နည်းမှာပေါ့။ ပရော်ဖက်ရှင်နယ်တွေမှမဟုတ်ကြဘဲ။ အများစုက ပေါ်ပြူလာတွေကိုး။
ရဲထွန်း(လှိုင်)
၂၀၁၁ အောက်တိုဘာ ၄ ရက်
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/22/2012 03:02:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ