ဦးထွန်းလွင်
လာမယ့်ရက်များအတွင်း အပူရှိန်တွေကို လျော့ကျ လာစေဖို့ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလာခြင်းနဲ့အတူ ထစ်ချုန်းမိုးတွေ ရွာလာနိုင်ပါတယ်။
မြန်မာတစ်နိုင်ငံလုံး မိုးတဖြိုင်ဖြိုင် မရွာခဲ့တာ (၁၀)ရက် မကကြာခဲ့ပါပြီ။ မိုးမရွာတဲ့ ရက်တွေကြာလာတော့ နေပြင်းပြင်းပူတဲ့ရက်တွေက များလာပါ တယ်။နေ့အပူချိန်(temperature)တွေကမြင့် နေပူတဲ့အချိန်(sunshine hours)တွေ က နေ့စဉ်ရက်ဆက် ကြာလာတော့ နေအပူရှိန်(heat stress)တွေ မြင့်တက်လာခဲ့ ရပါတော့တယ်။ အဲဒီမှာပဲ အပူရှိန် နဲ့ အပူချိန် တို့ရဲ့ အညမည သဘောတွေ ၀င်လာလိုက်တာ အခုဆိုရင် မြန်မာနိုင်ငံတ၀ှမ်းမှာ နေရောင်ခြည်ဖြာထွက်မှု ကျရောက်မှုတွေ UV Index (or) solar index တွေဟာ 10 လောက်အထိ မြင့်တက် လာနေပါတယ်။ ဒါဟာ လူတွေအတွက် အကာအကွယ်မပြုခဲ့ရင်၊ သတိမပြုခဲ့ရင် အန္တရာယ်ရှိနိုင်တဲ့ အနေအထားပါ။
အခုတော့ အဲဒီအပူရှိန် မြင့်တက်နေမှုတွေကို သက်သာရာရစေမယ့် မမိုးရွာသွန်းမှုဖြစ်စဉ်တစ်ခုဟာ မြန်မာနိုင်ငံအထက်ပိုင်းကို အနောက်ဖက်မှ အရှေ့ဖက်ကိုဦးတည် ရွေ့လျှားသွားမယ့်အခြေအနေရှိနေပါတယ်။ ဒါကြောင့် လာမယ့် April 22 Sunday နဲ့ April 23 Monday တွေမှာ မြန်မာနိုင်ငံအထက်ပိုင်းတွေမှာ မိုးရွာနိုင်ပါတယ်။ ရာသီဥတုသံစဉ် rhythm မပျက်သေးဘူးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်အတွက် အနောက်တောင်မုတ်သုံလေဟာ လာမယ့် မေလအတွင်းမှာ ၀င်ရောက်တော့မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပုံမှန်ထက် စောမယ့် လက္ခဏာမရှိပါဘူး။ ထုံးစံအတိုင်း ပုံမှန်ထက်နောက်ကျမယ့် သဘောကိုပဲ ပြနေပါသေးတယ်။ မုတ်သုံလေဦးဟာ လက်ရှိမှာ အီကွေတာလွန်ရုံပဲ ရှိနေပါ သေးတယ်။ စင်္ကာပူ၊ မလေးတို့မှာ မိုးရွာကောင်းနေတုံးပါပဲ။ မေလဆန်းတာနဲ့ အခြေအနေတွေဟာ ပြောင်းလဲလာတော့မှာ ဖြစ်ပါတယ်။ မုတ်သုံလေဦး အီကွေတာနားကပ်နေမှတော့ ဧပြီလအတွင်း မုန်တိုင်းဖြစ်ဖို့ကတော့ အခြေအနေ နည်းပါသေးတယ်။
အနောက်လေစီးကြောင်းတွေအတွင်းမှာ မျောပါလာတဲ့ လေဖိအားနည်း ချိုင့်ဝှမ်း တစ်ခုဟာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းကနေပြီး မြန်မာနိုင်ငံ အတွင်းကို ဖြတ်သန်းဝင်လာတဲ့အတွက် ကြီးမားတဲ့တိမ်တိုက်ကြီးတစ်ခုဟာ အနောက်မှအရှေ့ဖက် ကို ဦးတည် ဖြတ်သန်းနေပါတယ်။ ဖြတ်သန်းသွားရာ တလျှောက်မှာ မိုးတိမ်တောင် တွေနဲ့အတူ မိုးထစ်ချုန်းမှုတွေ၊ မိုးသီးကြွေကျမှုတွေ၊ မိုးကြိုးပစ်မှုတွေ၊ မိုးသက်လေပြင်း တွေ ပါလာနိုင်ပါတယ်။ (၂၂-၄-၂၀၁၂)ရက် မှ (၂၆-၄-၂၀၁၂)ရက်နေ့အထိ ကာလအတွင်း မြန်မာနိုင်ငံတ၀ှမ်းမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလာနှိုင် ပါတယ်။ သေချာမှု ရာခိုင်နှုန်းကတော့ အမြင့်ဆုံး ၃၅% အထိ ရှိနိုင်ပါတယ်။ (၂၅-၄-၂၀၁၂) မှစပြီး (၂၇-၄-၂၀၁၂)အတွင်းမှာ ပိုမို များပြားလာပြီး တပြည်လုံး နေရာအနှံ့နီးပါး ဖြစ်လာနှိုင်ပါတယ်။
MCCW
--မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ