[mrsorcerer:23682] ကဗျာရေးချင်သူတို့ အတွက်ပါ.။

ကဗျာရေးချင်သူတို့ အတွက်ပါ.။ 


ကျတော်သိသလောက်ပြောပြပါမယ်.။
ကျတော်တို့ မြန်မာကဗျာမှာ (က) ကခြင်းအစ လက်မြှောက်က
                                    (ခ)တီးခြင်းအစ ၀ါးခေါက်က
                                    (ဂ)သီချင်းအစ သံပေါက်က  ဟူ၍ ရှိခဲ့ ပါတယ်။
ကဗျာလင်္ကာ အရာတွင် သီချင်းကဗျာ လင်္ကာ တို့ ရဲ့  အဦးအစ အရင်းမူလ ဖြစ်တဲ့  သံပေါက်ကဗျာရေးနည်းကဗျာချစ်သူတို့ ရေးတတ်စေချင်တဲ့ စိတ်နဲ့ ရေးသားလိုက်ရပါတယ်.။

သံပေါက်ကဗျာလေးမှာ ဆို၇င် အပိုဒ်၃ပုဒ်ရှိပါတယ်။ သူနေရာနှင့် သူ ကာရံယူရတဲ့ အက္ခရာ၃ခုကို
အသံထင်ရှားအောင် ရွှတ်ဆိုရတာဖြစ်ပါတယ်.။

ရေးစပ်ပုံကြတော့ တော်တော်လေးကိုလွယ်ပါတယ်ခင်ဗျာ.။ အပိုဒ်၃ပုဒ်ခွဲထား၇တယ်.။
အစပိဒ်မှာဆိုရင် အက္ခရာ၎လုးံ ။ဒုတိယ ပိုဒ်မှာဆို၇င် အက္ခရာက ၃လုးံ။ အဆုးံပိုဒ်မှာဆို၇င် အက္ခရာ၎လုးံ(သို့ ) အက္ခရာ ၅လုးံ အဆုးံသတ်ပေးရတာဖြစ်ပါတယ်။

ဥပမာ.။။ ။။    (၁) အစလေးလုးံ၊
                       အလယ်သုးံ
                      အဆုးံငါးခုနစ်။   ။

                 (၂)သံပေါက်ကဗျာ
                         ရေးစီရာ
                     မှတ်ပါဤစနစ်။   ။  
 အရောင်ခြယ်ထားတာတွေကတော့ ကာ၇ံညီအောင်ရေးပြ၇တာဖြစ်ပါတယ်.။

နောက်ထပ်ကျတော်နမူနာရေးပြပါ့ မယ်.။

စောစောအိပ်ထ ပြုကျင့် က  တွင်းကိုယ်ခန္ဒာ။  ။
ရောဂါခပ်သိမ်း  ရှောင်ခွာတိမ်း အေးငြိမ်းလွန်ချမ်းသာ။  ။
ငါးပြား, ဆယ်ပြား  အသုးံများ  နွမ်းပါးဆင်းရဲမည်..။  ။
ငါးပြား ဆယ်ပြား စုကာထား စီးပွားဖြစ်လိမ့် မည်။      ။


မှတ်ချက် .။ ကျတော်ဒီလိုပြန်ပြီးရေးပြတာဟာ မြန်မာလူမိုးစစ်ဆို၇င် မြန်မာကဗျာစစ်တွေကို ကာရံတွေသုးံပြီးတော့ ရေးတတ်နိင်အောင်ရေးပြချင်ဖြစ်ပါတယ်.။ ပြီးတော့  သူများမော်ဒန်ရေးလို့  ကိုယ်ကမော်ဒန်လိုက်ရေးရတာမိုးတွေက အမှန်တော့  နဝေတိမ်တောင်းဖြစ်ရတယ်.။ လူတိုင်းနားလည်းရလွယ်ပေမဲ့  အားမရသလိုဖြစ်လို့ ပါ.။ ဒါကြောင့် ကျတော်က ဆရာကြီးငွေဒေါင်းဖြူ
ရေးသားခဲ့ တဲ့ ကဗျာရေးနည်းလေးကိုပြန်ပြီးတော့ ရေးသားပြရခြင်းဖြစ်ပါတယ်.။
ဖတ်ရှုပေးတဲ့ အတွက် ၀မ်းသာမိပါတယ်ခင်ဗျာ.။

ကိုဇင်ရော်မာလာပုလဲ..
http://zinyormarlarpearl.blogspot.com/ 
(၁၀)တန်းကျောင်းသားများအတွက် မြန်မာစာ ကျက်နည်း အတိုများကို
ကျတော်ဘလော့ လေးမှာ ပညာဒါန အဖြစ် ရေးပြပေးပါ့ မယ်.။


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ