သစ်ထူးလွင် |
- လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှ ပဲ့ တင်သံ
- NLD လွှတ်တော်တက်ရေး ဒီမိုကရေစီ အင်အားစုပါတီများ ကြိုးပမ်းမည်
- ပြည်ခိုင်ဖြိုးပါတီက NLD ပြင်လိုသည့် အချက်အား ပြင်ဆင်မပေးနိုင်ဟုဆို
- လူတစ်ဦး ဒေါ်လာ ၁ သောင်းစီ ရောင်းဝယ်ခွင့်ပေးနေတဲ့ အစီအစဉ် ပြန်ပျက်သွားပြီ
- သမ္မတ ဦးသိန်းစိန် ပြောဆိုချက်ပေါ် နားလည်မှုလွဲမှာခြင်းဖြစ်နိုင်ကြောင်း
- ကတိသစ္စာပြုချက်တွင်ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိဟု သမ္မတဦးသိန်းစိန် မပြောခဲ့ကြောင်း
- ပြည်တွင်း ဆန်စပါးကို ဧပြီလဆန်း မှစကာ ထောက်ခံချက် မလိုဘဲ သယ်ယူခွင့်ရပြီ
- ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးမှာ ကျမ်းသစ္စာ ကျိန်ဆိုသည့် စာသား များကို ပြင်ဆင်ပေးရန် အဆိုတင်သွင်းခြင်းမရှိ
- ကျမ်းသစ္စာ ကျိန်ဆိုသော စကားရပ် ပြင်ဆင်ပေးရန် အစီအစဉ်မရှိဟု သမ္မတကြီး ဦးသိန်းစိန် ပြောကြား
- WCDMA ဖုန်းကဒ်များတွင်လည်း GSM ငွေဖြည့်ကဒ် ဖြင့်သာ အသုံးပြုရမည်
- တပ်မတော်သား ကိုယ်စားလှယ် ၅၉ ဦး ရာထူးမြင့်သူများဖြင့် အစားထိုး
- ဒီနေ့ ထုတ်သတင်းစာပါ လွှတ်တော်ထဲက အပြောင်းအလဲများ
- မြန်မာလူငယ်ကို အာရှပစိဖိတ် ဒုဥက္ကဋ္ဌ တာဝန်ပေးအပ်
- ဥပဒေချိုးဖေါက်မှုလုပ်ရပ်ကို ရဟန်းတော်များ အဖွဲ့ချုပ် ကန့်ကွက်
- ဧပြီ ၂၃ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Jouranl
- မလုံတလုံ ဝတ်စားဆင်ယင်လျှင် ဥပဒေကြောင်းအရအရေးယူနိုင်
- ကြော်ငြာများ လက်ခံနေပါပြီ - Accpetted Advertisements
- သုံးခွမြို့နယ်အတွင်းမှာ ရေရှားပါးလာနေပြီး ရေမသန့်ရှင်းမှုတွေကြောင့် ၀မ်းပျက်ဝမ်းလျောရောဂါ အတော်များများ ဖြစ်ပွားနေ
- ၀န်ကြီး ဦးအောင်မင်း နဲ့အဖွဲ့ဟာ နော်ဝေးနိုင်ငံကို သွားရောက်ခဲ့ပြီး အပြန်မှာ KNPP နှင့် တွေ့ ဆုံဆွေးနွေး
- ဆူးလေ ဘားလမ်းတွင် လမ်းဘေးဈေးသည်များကို လိုက်လံဖမ်းဆီး
- ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် စာရင်းဝင် ၅ ဦး
- We Generationလူမှုရေးအဖွဲ့ အား ဘုရားသန့်ရှင်းရေး မလုပ်ရန်တားမြစ်
| လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှ ပဲ့ တင်သံ Posted: 23 Apr 2012 04:25 AM PDT မမီးငယ် - ဧပြီလ ၂၃ ရက်နေ့ ၂၀၁၂ ဆည်တဲကို ဘယ်သူကယ်မလဲ အဲဒီနေ့က မှတ်မှတ်ရရ နှစ်ဆန်းသုံးရက်နေ့ကတော့်။ မနက်ဖြန်ဆို ကျုပ်တို့ရွာထဲမှာ အလှူရှိတယ်ဆိုတော့ ကျုပ်တို့လည်း ယာလုပ်ငန်းလေးပြီးရင် စောစောပြန်မယ်ပေါ့လေ။ အဲဒီလိုနဲ့ နေထန်းတဖျားအချိန်လောက် ရှိမှာပေါ့။ ဟိုဘက်ယာထဲမှာ မြေတွေလာပုံနေတယ်လို့ သတင်း ကြားပါရောလား။ အပြေးသွားကြတာပေါ့။ အမယ်လေး။ ကျုပ်တို့မှ နောက်ကျနေသေးတယ်။ ဟိုကောင်မ တွေက ရောက်တောင်နေပြီ။ ပုံလက်စမြေဘေးမှာ ကားတစ်စီးတွေ့တယ်။ ကားပေါ်မှာက တရုတ်သုံးယောက်။ ကားမောင်းတာက ဗမာတစ်ယောက်။ ကျုပ်တို့လည်း တားတာပေါ့တော်။ မရဘူးတော့်။ ဆက်ပုံတာပဲ။ ဒါနဲ့ ကျုပ်တို့လည်း ကားကိုလည်း ဝိုင်းထားကြတာ။ ဟုတ်တယ် ဟုတ်တယ်။ ကျုပ်တို့ မိန်းမတွေ တွေချည်းပဲ။ ကြောက်ပေါင်တော်။ တရုတ်တွေကလည်း ကျုပ်တို့ကြည့်၊ ကျုပ်တို့ကလည်း တရုတ်ကောင်တွေ ကြည့်နဲ့ပေါ့တော်။ ကျုပ်တို့ကလည်း မိန်းမတွေ တွေသာဖြစ်သာ။ ဒေါင်နဲ့ သတ္တိက သိကြတဲ့အတိုင်း။ သွေးနည်းတာ မဟုတ်ဘူးရယ်။ ဘာလို့ ဒီလိုလုပ်ရတာလဲ။ ဘာလဲနဲ့ ဝိုင်းပြောကြတာပေါ့တော်။ ကားမောင်းတဲ့ ကောင်လေးကလည်း တရုတ်လို မတတ်တတတ်နဲ့ သူပြောတတ်သလို ပြန်ပြောပြနေပါရဲ့။ အမှန်ပြောရင် ကျုပ်တို့က သူတို့လို အောက်ခြေအဆင့်လောက်နဲ့လည်း ပြောချင်တာ မဟုတ်ဘူးရယ်။ ပြောလို့လည်း မပြီးဘူးလေ။ ပြောပေါင်းလည်း များပြီ။ ပြီးတော့လည်း သူတို့က ခိုးပြီးလာလုပ်တာပဲ။ ကျုပ်တို့က ဘွင်းဘွင်းသမားရယ်။ အထက်က တာဝန်ယူနိုင်တဲ့ ပုဂ္ဂိုလ်မျိုးနဲ့ တွေ့ပြီး တည့်ပြောချင်တာရယ်။ ဒါကြောင့် ဒီတစ်ချီတော့ ဒင်းတို့ကို ပြန်မလွှတ်မှ ဒင်းတို့ဆရာတွေ ထွက်လာမှာဆိုပြီး ကျုပ်တို့ လည်း ဝိုင်းထားတော့တာပဲ။ အချိန်ကလည်း မွန်းတည့်ချိန်။ အညာနွေဆိုတော့တော်။ သူတို့ကတော့ အဲယားကွန်းပါတဲ့ ကားကြီးထဲမှာ ထိုင်နေတာ။ ကျုပ်တို့ကသာ နေပူကျဲကျဲထဲကနေ သူတို့ကို စောင့်နေရတာဆိုတော့ ကြာရင် မလွယ်ဘူးဆိုပြီး ရွာကို လိုက်ခဲ့ဖို့ ပြောရတာပဲ။ ကားသမားလေး စကားပြန်ပေးသလိုဆို သူတို့ကလည်း လိုက်ခဲ့မယ်လို့ ပြောတယ်တဲ့။ တော်ကြာနေတော့ ရွာထဲက သတင်းကြားပြီး ဆိုင်ကယ်တွေနဲ့ ရောက်လာကြတယ်။ သူတို့က လိုက်မယ်ပြောပေမယ့် ကားနဲ့ဆိုတော့ မောင်းပြေးသွားမှာလည်း စိုးသေးတာတော့်။ ဘာရမလဲ။ ကျုပ်တို့ မိန်းမတွေတွေတစ်သိုက် သူတို့ကားနောက်ခန်းပေါ် တက်လိုက်တာပေါ့။ သူတို့ကားက ရှေ့ကနှစ်ခန်းတွဲနဲ့ နောက်က အမိုးပွင့်လေ။ ရွာထဲက လာတဲ့ ဆိုင်ကယ်တွေကလည်း ဘေးနှစ်ဘက်က ညှပ်လို့ပေါ့။ ပြီးမှ ရွာက ဘုန်းကြီးကျောင်းကို မောင်းခိုင်းတော့တာပဲ။ သြော် ကျုပ်တို့ရွာဆိုမှတော့။ ဟုတ်တယ်။ အရင်ရွာပေါ့။ တကယ်တန်းကျတော့လည်း ဒါကျုပ်တို့ ဓားမဦးချလုပ်ခဲ့တဲ့မြေ၊ ကျုပ်တို့ ဘိုးဘွားတွေ ခေါင်းချခဲ့တဲ့ အရပ်ပဲလေ။ မရွှေ့နိုင်ပါဘူးတော်။ ကျုပ်တို့ ဒီရွာမှာ ရှိနေတာတောင် ကျုပ်တို့လယ်တွေကို ထင်သလို လုပ်နေတာ။ ကျုပ်တို့က ဟိုးအဝေးက သူတို့ရွှေ့ခိုင်းတဲ့ရွာများ ရွှေ့ပေးလိုက်ရင် ဒီမြေတွေဆိုတာ မြင်ရတော့မှာတောင် မဟုတ်ဘူး။ ဒါတွေကို ကျုပ်တို့ အခါခါ ပြောခဲ့ပြီးပါပြီ။ သူတို့က ဒီမြေမှာ ဘာလုပ်ချင် တာလဲ။ ကျုပ်တို့အတွက် ဘာတွေ ဖြစ်လာနိုင်လို့လဲ။ အန္တရာယ်ရှိနိုင်တယ် ဆိုရင်လည်း ဘာတွေဖြစ်နိုင် တာလဲ။ ကျုပ်တို့ကို ပွင့်ပွင့်လင်းလင်း ပြောစေချင်တာပါ။ အခုလည်း ဒါတွေကို လူကြီးတွေနဲ့ ဆွေးနွေး ချင်လို့ ကျုပ်တို့လည်း အခွင့်အရေးပေးတုန်း ကျုပ်တို့ နားလည်သလို ကြံလိုက်ရတာပဲ။ ကျုပ်တို့ ဦးဇင်း လား။ ဘယ်ကြိုက်ပါ့မလဲတော်။ ကျုပ်တို့ကို ဆူတာပေါ့။ နောက်တော့လည်း မဖြစ်သင့်တာ မဖြစ်ရအောင် တခြားမှာ ထားတာနဲ့ စာရင် ကျောင်းမှာထားတာ တော်သေးတယ်ဆိုပြီး နေမှာပေါ့။ မပြောတော့ဘူး။ အစားအစာတွေ၊ ငှက်ပျောသီးတို့၊ ရေတို့ ကျုပ်တို့က ကျွေးပါတယ်။ ကားပေါ်ကလည်း ဆင်းခိုင်းပါတယ်။ ဒါပေမယ့် သူတို့က မဆင်းဘူးတော့်။ ကားပေါ်တင် နေကြတာရယ်။ ကျုပ်တို့လည်း ကားမောင်းပြေးမှာစိုးလို့ လေးဘက်၊ လေးတန်ကနေ သစ်တုံးတွေနဲ့ ခုထားတာပေါ့။ နေ့ခင်း နှစ်ချက်တီး၊ သုံးချက်တီးလောက်မှာ တရုတ်တွေဆီကို သရေစာလာပို့တဲ့ တရုတ်တစ်ယောက် နောက်ထပ် ရောက်လာပြန်တော့ ပေါင်းငါးဦးဖြစ်သွားတာပေါ့။ သတင်းကြားနဲ့ တခြားရွာတွေကလည်း ရောက်လာတယ်။ အလှူရှိနေတော့ လူကလည်း စုံတယ်လေ။ ညနေပိုင်းကျတော့ မြို့နယ်က လူကြီးတွေ ရောက်လာတယ်တော့်။ နောက် ခရိုင်က လူကြီးတွေ ရောက်လာတယ်။ အောင်မယ်လေး။ ဘုန်းကြီးသုံးပါးတောင် ပါသေး။ အဲဒီ ကိုယ်တော်တွေပေါ့။ ကျုပ်တို့လို အရွှေ့မခံတဲ့ ဟိုဘက်ရွာက ဘုန်းကြီးကျောင်းကို ချိတ်ပိတ်လိုက်ဖို့ ဦးဆောင်တာ။ အဲဒီရွာက အလှူလုပ်ချင်လို့ ချိတ်ဖွင့်ပေးဖို့ သွားပြီး မေတ္တာရပ်ခံတော့ လောကီကိစ္စ ဘုန်းကြီးနဲ့ မဆိုင်ဘူးလို့ ပြောလိုက်သေးတာ။ အခု တရုတ်အရေးကျတော့မှ မားမားကြီး ပါလာတော့တယ်။ ကျုပ်တို့ မခံချင်တာလည်း အဲဒါပဲ။ သာတူညီမျှဆိုတာ ကျုပ်တို့လို တောင်သူလယ်သမားတွေနဲ့ မဆိုင်ဘူးလား။ ကျုပ်တို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ သံဏာတော်ကို ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားတဲ့လူတွေပါတော်။ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးကို ကိုယ့်ဆရာတော်တွေက စောင့်ရှောက်ရမှာ မဟုတ်ဘူးလား။ လူကြီးတွေလာတာမြင်တော့တော် ကျုပ်တို့လည်း ကိုယ်ခံစားရသမျှကို တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြတာပေါ့။ တောသူတောင်သားဆိုတော့လည်း တုတ်ထိုးအိုးပေါက်၊ ရှင်းရှင်းဘွင်းဘွင်းသာ ပြောတတ်တာရယ်။ အရေးအကြောင်းဆိုတော့ ကျုပ်တို့ဦးဇင်းလေးကပဲ ကျုပ်တို့ရှေ့ကနေ မားမားမတ်မတ် ပေါ့တော်။ သူတို့က ဒါမျိုးလုပ်တာ ဥပဒေနဲ့ မညီတဲ့အကြောင်းတွေ ပြောတာတော့။ ကျုပ်ဖြင့် ဝင်ပြောချင် လိုက်တာတော်။ ကျုပ်တို့ သီးနှံအောင်မြင်နေတဲ့ မြေတွေကို သူတို့ကားတွေနဲ့ အတင်းဖြတ်မောင်း။ တစ်ပေါက်တွင်းတွေ တစ်ယာခြားတစ်ခုဆိုသလို နေရာအနှံ့လိုက်တူး။ အဲဒီတုန်းက သူတို့ဘယ်ဥပဒေနဲ့ လုပ်ခဲ့တာလဲ။ ကျုပ်တို့ ပြောလွန်းမက ပြောတော့မှ သီးနှံလျော်ကြေးဆိုပြီး ကျုပ်တို့ကို ငွေလာထုတ်ခိုင်းတာရယ်။ ဒါလည်း ဘာအတွက် ဘယ်လောက်ဆိုပြီး ကျုပ်တို့ကို ဘယ်သူမှ ရှင်းမပြပေါင်။ ကျုပ်တို့ကလည်း မေးရကောင်းမှန်း သိတာ မဟုတ်ဘူး။ အရိုးခံတွေကိုးတော့်။ ရိုးတာ မဟုတ်ပါဘူးလေ။ အ, တာ။ အ,တာ။ ငဖြူလာ၊ ငနီလာ ဆိုပြီး သူတို့ခိုင်းတဲ့နေရာ လက်မှတ်ထိုးရတာရယ်။ အများစုကလည်း လက်မှတ်ထိုးတတ်ရုံလောက် စာတတ် ကြတာရယ်။ စာတတ်တဲ့လူလည်း အပေါ်က ဘာရေးထားမှန်း ဖတ်ချိန်ကို မရှိတာ။ လက်ထဲရလာတဲ့ငွေကို ဘယ်ဟာအတွက် ဘယ်လောက်ပေးမှန်းလည်း မသိ။ ကိုယ့်ငွေလေး ကိုယ်ဆုပ်ပြီး ပြန်ခဲ့ရတာ။ ဒါတောင် လူတိုင်းရတာ မဟုတ်ဘူးတော့်။ မရတဲ့ လူတွေ သွားမေးတော့ အဲဒီနာမည်နဲ့ ထုတ်ပြီးသားတဲ့။ ဒါလည်း တရားတဘောင် ရင်ဆိုင်ရကောင်းမှန်း ဘယ်သိပါ့မလဲတော်။ နောက်တော့မှ တဖြည်းဖြည်းနဲ့ ကြားတာက ဒါက ယာတစ်ကွက်ရဲ့ တစ်ရာသီစာထွက်မယ့် သီးနှံအထွက်နှုန်းကို အခြေခံ တွက်ပြီး သုံးနှစ်စာ လျော်ပေးတာတဲ့။ ကိုယ့်ယာမှာ သီးနှံစိုက်ထားတဲ့အချိန် သူတို့ကားတွေ ဖြတ်သန်း သွားလာတာတို့၊ တစ်ပေါက်ကျင်းတူးတာတို့ကြောင့် ပျက်စီးဆုံးရှုံးတာဖြစ်ခဲ့ရင် နစ်နာကြေးပေးတာတဲ့။ အဲဒီတော့ ကျုပ်တို့ကလည်း သူ့ပိုက်ဆံယူထားမိတာကိုး။ ဂတိတည်ပါတယ်တော်။ သာမာန်လိုဆို သူ့အခင်း၊ ကိုယ့်အခင်း အပင်တွေဖြစ်ထွန်းနေချိန်မှာ ဘယ်လှည်းမှ အဖြတ်မခံဘူး။ အခုဟာက သူတို့ကားတွေ ဖြတ်သွားနေတာပဲ။ သီးနှံတွေ အများကြီး ပျက်စီးတာပေါ့။ ကျုပ်တို့ မပြောပါဘူး။ ဒါပေမယ့် အလိုလိုက်လို့ အမိုက်စော်ကားတာတော့ ကျုပ်တို့က သည်းမခံတတ်ဘူးတော်။ အခု ယာပြင်တွေ၊ ယာခင်းတွေဆို မီးတိုင်တွေ စိုက်မယ်လို့လည်း မပြောဘူး။ တိုင်တွေ ဆွဲတော့ နေကြာသမားတွေမယ် မအောင်သေးဘဲနဲ့။ ဘယ်လောက်နစ်နာသွားတယ် မှတ်သလဲ။ အဲဒီနောက်မယ် လမ်းဖောက်မလို့တဲ့။ ကျုပ်တို့ကလည်း လမ်းဖောက်မခံနိုင်ဘူးလို့။ ဒီတိုင်း ကားမောင်းလို့ကတော့ မောင်း။ ဟိုဘက် ရွှေ့ပေးလိုက်တဲ့ရွာက မြေတွေဆို အဆောက်အဦးဆောက်လို ဆောက်နဲ့။ ငွေကုန်တာက ပြန်ရှာလို့ရတယ်။ အခု နစ်နာတာက မြေယာဆိုတော့။ ကျုပ်တို့မှာ ပိုင်ဆိုင်တာ ဒါပဲ ရှိတာ။ လယ်ယာတွေလည်း အသိမ်းခံရမယ်။ ရွာလည်း ရွှေ့ရမယ်။ ကျုပ်တို့ ဒီလိုလက်မဲ့နဲ့ ဆင်းသွားရ မယ်ဆိုတော့ တောင်သူတွေ အဲ့ဒါ မခံချင်တာ။ သူတို့ ပေးထားတဲ့ ငွေက သီးနှံလျော်ကြေး။ မြေသာရှိရင် တတ်နိုင်တဲ့လူက မြေလုပ်။ မတတ်နိုင်တဲ့လူက လက်စားလုပ်လို့ ရတယ်။ အခုကျ လုပ်စားစရာကို မကျန်တော့လို့။ ကျုပ်တို့ ဆင်းသွားရင် ဒီရွာလုံးကျွတ် မိသားစုလိုက်ကို ဘယ်သူက တင်ကျွေးထားမှာလဲ။ တောင်းစားတော့ရော ဒီသန်သန်မာမာကြီးတွေကို ဘယ်သူက ထည့်မှာတဲ့လဲ။ ခိုးစားပြန်တော့ ခိုးတဲ့အမှုက လာဦးမယ်။ ဓားပြတိုက်စားတော့ ဓားပြတိုက်စားတဲ့ အမှုက လာဦးမယ်။ သူတို့ မြေတွေသိမ်းသွားတော့ ကိုယ့်မှာ လုပ်စားစရာမှ မရှိတော့တာ။ သူတို့ ဒီလိုသိမ်းခွင့် ရှိတယ်ဆိုရင် ကျုပ်တို့ စားစရာမရှိလို့ ခိုးစားရင်လည်း အရေးမယူနဲ့လို့ ပြောချင်တာ။ ကျုပ်တို့က ပညာလည်း မတတ်ပါဘူး။ အသိဥာဏ်လည်း မရှိပါဘူး။ ဒါပေမယ့် ကျုပ်တို့ သွေးနည်းပြီး အလျော့ပေးလိုက်ရင် သားစဉ်မြေးဆက် ဒီမြေတွေမြင်တိုင်း ကျုပ်တို့ အရှက်ရမယ့် ကိစ္စတော့်။ အသက်သေချင်သေပါစေ။ ကျုပ်တို့ ရှိနေသရွေ့ကတော့ ဒီမြေတွေကို တစ်လက်မတောင် တရုတ်တွေ မကျူးကျော်စေရဘူး။ ကျုပ်တို့ စာမတတ်ပေမယ့် "ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ" ဆိုတဲ့ အဓိပ္ပါယ်ကို အရိုးစွဲနေအောင် သိပြီးသား။ ကျုပ်တို့ မသိနားမလည်လို့ ဘာမှန်းမသိတဲ့ စာချုပ်မှာ လက်မှတ်ထိုးလိုက်ရပေမယ့် အခုနည်းနည်း ရိပ်မိလာတဲ့ အချိန်မှာ ကျုပ်တို့မြေကို ကျုပ်တို့နားလည်သလို ကာကွယ်ပါတယ်တော်။ ရာဇဝင်မှာ ကျုပ်တို့နာမည်ဆိုး မကျန်စေရပါဘူး။ အရိုင်းအစိုင်းတွေတဲ့။ စာမတတ်လို့ ရိုင်းတယ်ဆိုရင်တော့ ကျုပ်တို့က အရိုင်းမကြီးတွေပေါ့တော်။ ဒါပေမယ့် သမိုင်းမှာ ကျုပ်တို့ မရိုင်းစေရဘူး။ ဘာတဲ့။ တရုတ်တွေကို ရွာသားတွေက ပြန်ပေးဆွဲသွားလို့ ဆိုပြီး ပြောကြသတဲ့။ ပြောပြလိုက်စမ်းပါတော်။ ပြန်ပေးဆွဲတာ မဟုတ်ပါဘူး။ ခေါ်ပြီးဆွေးနွေးတာပါလို့။ ရွာသားတွေလည်း မဟုတ်ပါဘူး။ ရွာသူမတွေ ခေါ်သွားတာပါလို့။ အဲဒီညနေပဲ တရုတ်တွေကို လူကြီးတွေနဲ့ ပြန်ထည့်ပေးလိုက်ပါတယ်။ ဘယ်တစ်ယောက်မှ မှည့်တပေါက် မစွန်းပါဘူး။ လူကြီးတွေကတော့ အထက်ကို ဆက်လက်တင်ပြပေးပါမယ် လို့တော့ ပြောသွားတာပဲ။ မြေတွေ ထပ်လာမပုံတော့ပါဘူး၊ စက်တွေ ယာထဲမှာ မထိုင်တော့ပါဘူးလို့လည်း ပြောသွားတာပဲ။ သူတို့ ပြောသလို တည်ပါစေ။ အထက်က တာဝန်ရှိပုဂ္ဂိုလ်တွေ အမြန်ဆုံးသိပါစေ။ ကျုပ်တို့ ဘဝတွေကို စာနာကယ်တင်နိုင်ပါစေလို့ပဲ ဆုတောင်းနေရတာပါပဲ။ တီဗွီထဲမှာပဲ မြင်ဖူးတဲ့ သမ္မတကြီး ဆိုတာကိုပဲ အားကိုးပါတယ်။ ကျုပ်တို့ ကြားဖူးတာပေါ့။ တရုတ်တွေ လာလုပ်တဲ့ မြစ်ဆုံစီမံကိန်းဆိုတာကို ရန်ကုန်မှာ ပွဲတွေကျင်းပပြီး ကန့်ကွက်ကြတဲ့အကြောင်း၊ တစ်နိုင်ငံလုံးကလည်း တက်ညီလက်ညီ၊ ဝိုင်းဝန်းကန့်ကွက်ကြတဲ့အကြောင်း၊ နောက်ဆုံး သမ္မတကြီး ကိုယ်တိုင် ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်လို့ စီမံကိန်းကြီး ရပ်ပစ်လိုက်ရတဲ့အကြောင်း။ ကျုပ်တို့ဖြင့် သတင်းကြားရတော့ အားရလိုက်တာလေ။ သာဓုခေါ်လိုက်ရတာ မပြောပါနဲ့တော့။ ကျုပ်တို့ ယုံကြည်ပါတယ်။ ကျုပ်တို့ အရေးကိုလည်း မျိုးချစ်စိတ်ရှိတဲ့ ဘယ်မြန်မာပြည်သူ၊ ပြည်သားမှ လျစ်လျူရှု ထားမှာ မဟုတ်ဘူးဆိုတာ။ ပညာမဲ့တဲ့ ကျုပ်တို့တတွေ မဖြေနိုင်တဲ့ ပုစ္ဆာတွေ၊ မရှင်းနိုင်တဲ့ ဒုက္ခတွေကို ကူပြီး ရှင်းပေးလှည့်ကြပါဦး။ ဆည်တဲကို ဘယ်သူကယ်မလဲ ဆိုတဲ့အဖြေက အခု ကျုပ်တို့အတွက် အရေးပေါ် လိုအပ်နေပါပြီ။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းနှင့် ပတ်သက်သော ဆည်တဲရွာမှ ရင်ထဲက စကားသံများ ဒီဘက်ကအမြင် ဆိုရင်တော့ သူတို့ ရှေ့ဆက်ပြီး ဒီလုပ်ငန်းကြီးအောင်မြင်သွားမယ်ရင်တော့ ကျန်းမာရေးကို ထိခိုက်တာပ။ ဘာလို့ဆို အက်စစ်တွေဘာတွေနဲ့ လုပ်တာဆိုတော့ အက်စစ်အဆိပ်ဓာတ် တွေတို့၊ ဒိုင်းနမိုက်ခွဲတာတို့ ဆိုတော့ မြေတုန်တာတို့၊ အိမ်ပြိုတာတို့ ဖြစ်နိုင်တာပေါ့။ ဥပမာတစ်ခု - သူတို့ ကန်နဲ့လုပ်မယ်ဆိုရင်တောင်မှ အက်စစ်စက်ရုံထဲမှာ စွန့်ပစ်ရေတို့၊ ဘာတို့ထည့်တဲ့အခါကျ ချင်းတွင်းမြစ်ထဲ သွားမယ်ဆိုရင်လည်း ငါးတွေသေမှာပေါ့။ လူတင်မကဘူး။ ငါးတွေပါ ပျက်ကုန်မှာ။ ဒီဘက်ကလည်း အနံ့ငွေ့နဲ့ဆိုတော့ ကလေးတွေပေါ့ဗျာ။ ကြီးတဲ့လူဆို ဒဏ်ခံနိုင်တယ်။ မွေးခါစကလေးတွေကျ ဒဏ်မခံနိုင်ဘူး။ အဲဒါကျ လပိုင်း၊ ရက်ပိုင်းနဲ့ ဖြစ်နိုင်တဲ့ အခြေအနေရှိတာပလေ။ ပြီးတော့ကျ သူတို့က လုပ်လာမယ်ဆို အရင်တုန်းကဆိုရင် မိုင်းမှာ ဒုက္ထာလို့လုပ်ကြတယ်လေနော်။ ပြွန်တွေနဲ့ စုပ်တဲ့အခါကျ မိန်းမတွေ တွေမှာနှော့။ တချို့ကျတော့လည်း ပါးစပ်နဲ့ စုပ်တဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ ပါပါကုန်တာပေါ့လေ။ ဗိုက်ထဲရောက်တာ။ အဆုပ်တို့ အသည်းတို့ ထိခိုက်တာပေါ့။ ရတဲ့ ပိုက်ဆံလေးသာမြင်တာလေနှော့။ ကျန်းမာရေးကျတော့ မမြင်တော့ဘူး။ အဲဒါမျိုးထိခိုက်တာတွေ အရင်တုန်းကလည်း ရှိခဲ့တယ်။ အခုလည်း သူတို့ကဆက်လုပ်မယ်ဆိုရင် ထိခိုက်မှုက လောလောဆယ် ရှိမှာအမှန်ပဲ။ သေချာပေါက်ရှိတယ်။ ကျန်းမာရေးရောပေါ့ဗျာ။ ဓာတ်ငွေ့တို့၊ ဘာတို့ရော။ သူတို့ ယမ်းတွေဘာတွေရော ဖောက်ခွဲတာပေါ့ဗျာ။ အခု ကျော်ရွာဘက်ဆို နေလို့ကို မရဘူး။ ကားတွေက ဖုန်ထောင်းတာရော၊ ဒိုင်းနမိုက်ခွဲတာတွေရောဆိုတော့ တခါတည်း ထောင်းနမောင်းထတော့တာ။ ဖုန်လုံးတွေဆိုတာ။ အဲဒီဘက်ကျ ကျန်းမာရေး တော်တော်ထိခိုက်နိုင်တယ်။ သူတို့ဘက်က။ ဒီဘက်ကတော့ အဲဒီလောက်ထိအောင်တော့ မဆိုးရွားသေးဘူး။ နောက်ပိုင်း တဖြည်းဖြည်း သူတို့အလုပ်အောင်မြင်လာရင်တော့ ဒီဘက်တွေလည်း ဆိုးရွားလာတော့မှာ။ ဒီကလူတွေကလည်း ဘယ်မှ တင်ပြစရာလည်း မရှိဘူး။ ဘယ်မှလည်း အားကိုးစရာ မရှိဘူး။ အသိပညာ၊ အတတ်ပညာ နည်းပါးတဲ့ဒေသတွေဆိုတော့ အဲဒါတွေက ဒီလိုခံနေရမှာပါပဲ။ ရွာအရှေ့မှာ ရေတွင်းတစ်တွင်းရှိတယ်လေ။ အဲဒီရေတွင်းလေးပဲ စစ်ပုံပေါက်တယ်ပေါ့လေ။ အဲဒီတွင်းလေးပဲ သူတို့ အသန့်ပြမှာပေါ့လေ။ ဒီပြင်တွင်းတွေကတော့ တူးပြီး ဖို့ဖို့ပစ်တာ။ အဲဒီတစ်တွင်းကျန်တာပဲ။ တွင်းပေါင်း လေး၊ငါးဆယ်လောက် တူးတာမှ အဲဒီတစ်တွင်းပဲ အကောင်းကျန်တာ။ တခင်းခြာ၊ တခင်းခြာ တွင်းတွေတူးတာ။ အဲဒီနေရာလေးတော့ ကောင်းတယ် ထင်တာပေါ့လေ။ ကိုယ့်အထင်ကတော့။ ရေသန့်ဘူးတွေနဲ့ ရေနမူနာ လာလာယူတာ။ ကနေဒါတွေတုန်းကဆိုရင် တလတစ်ကြိမ်၊ တလနှစ်ကြိမ်လောက် လာလာပြီး အဲဒီရေတွင်းလေးကို စမ်းသပ်တာ။ သူတို့စမ်းသပ်တာတော့ ဘယ်လိုစမ်းသပ်ကြောင်းတော့ မသိဘူးပေါ့လေ။ ရပ်ရွာကတော့ လူသာညီတာ။ ပညာရေးကတော့ သိပ်ရှိတာမဟုတ်ဘူး။ အားကိုးရှာနေတာပါပဲ။ ဘာမှ အသိပညာမရှိ။ အတွေ့အကြုံလည်း မရှိဆိုတော့။ အထက်ကို မပေါက်တာပေါ့နော်။ ဒီကတော့ ဘယ်မှလည်း မသွားတတ်တော့လေနှော့။ ဒီတော့ သူတို့ကလုပ်လိုက်၊ ရပ်ရွာက ထွက်တားလိုက် ဖြစ်နေတာပေါ့။ ရပ်ရွာနဲ့ ဆွေးနွေးပါ။ ပြေလည်သည်အထိ ဆွေးနွေးပေးပါ။ ရပ်ရွာတွေက သူတို့လုပ်ငန်းကို နှောက်ယှက်တာ မဟုတ်ဘူး။ တဦးနဲ့တစ်ဦး ပြေလည်အောင် ဆွေးနွေးညှိနှိုင်းပြီးမှ လုပ်ပါ။ လုပ်ချင်ရင်လည်း။ အဲဒီလို ပြောတာကို မရဘူး။ ဦးပိုင်ကပေါ့။ ဆီထွက်သီးနှံက ဒီက အဓိက ထွက်တာလေ။ ဘာမှန်းမသိ၊ ညာမှန်းမသိနဲ့ မလိမ့်တပတ်နဲ့ လုပ်တာ။ တောင်သူတွေကို။ ဒီက နားမလည်၊ ပါးမလည်နဲ့ ပညာကလည်း မတတ်။ အဲဒီတောင်ကြီးမှာ ဆိတ်တွေ၊ နွားတွေ ကျောင်းရတာ။ အခု သူတို့က အကျောင်းမခံတော့ဘူးဆိုတော့ ဆိတ်အုပ်တွေ၊ နွားအုပ်တွေ ရောင်းပစ် ရတာ။ စီးပွားရေးက ထိခိုက်တာပေါ့။ သူတို့က တောင်ကြီးထဲ အဝင်မခံတော့ဘူးလေ။ ကိုယ်တွေကလည်း ဒီတောင်ကြီး မှီခိုစားသောက်နေရတာ။ အမှန်ပြောရရင် ဆူးပုပ်ချိန်ဆို ဆူးပုပ်။ ခံတက်ချိန်ဆို ခံတက်ပေါ့။ အခုကျ အဝင်မခံတော့ စားဝတ်နေရေးက ခက်ခဲသွားပြီလေ။ သာမာန်လက်လုပ်လက်စားသမားတွေ အရင်ထိတာပေါ့။ သူတို့က ထင်းဆိုလည်း ထင်းခုတ်ရောင်းရတာကိုး။ ခေါင်းရွက်စည်းလေးတွေပေါ့။ ငလျင်တို့၊ ဘာတို့လှုပ်လို့ကတော့ သူ့အက်စစ်ကန်တွေလည်း ဘာခံနိုင်မှာတုန်း။ ဟုတ်တယ် မဟုတ်လား။ ပေါက်ကျိုးမှာပဲ။ အဲဒါဆိုရင် ချင်းတွင်းမြစ်ထဲပဲ ရောက်မှာပဲ။ ဒီလှောင်ထားတဲ့ ရေတွေက။ သားငါးတွေ အကုန်သေကုန်မှာ။ ဒီမြစ်ကို မှီခိုသောက်သုံးတဲ့ လူတွေလည်း ထိခိုက်ကုန်မှာ။ ကျန်းမာရေး ဘက်ကပေါ့။ အခု ရပ်ရွာတွေကတော့ ရွှေ့ပြောင်းရမယ်လို့ ပြောတာပဲလေ။ အဲဒီရွှေ့ပြောင်းရမယ့် လူတွေကတော့ အရင် ဒုက္ခရောက်တာပေါ့။ ဟိုကျတော့လည်း ဘာမှ လုပ်စား၊ကိုင်စားစရာလည်း မရှိဘူး။ သူတို့ပေးမယ်ဆိုတဲ့ အလုပ်ကလည်း မလုပ်နိုင်ဘူး။ မလုပ်နိုင်တဲ့အခါကျတော့ ဥပမာတစ်ခုဆို စားဝတ်နေရေး ခက်ခဲသွားမှာပေါ့။ တောင်သူဆိုတော့ တောင်သူ လုပ်ငန်းပဲ လုပ်တတ်တာကိုး။ တတ်သိနားလည်တဲ့ လူတွေကို ပြောပေးကြပါ။ ဒီကလူတွေ ဒုက္ခရောက်နေတယ်လို့။ ဒီတောင်ကြီး ပတ်လည်က ရွာတွေ အများကြီး ဒုက္ခရောက်နေတယ်ဆိုတဲ့အကြောင်း။ ဒီက အခက်အခဲကို အတော့်ကို တွေ့နေရတာပါ။ မသိမ်းအောင်လို့သာ တားနေရတာ။ ပညာပိုင်းတော့ ကျုပ်တို့က ဘာမှ သိတာ မဟုတ်ဘူး။ တောင်သူက လွဲရင်ဘာမှ မလုပ်တတ်တော့ ဒါလေးတွေ သိမ်းမှာကိုပဲ နှမြောနေရတာ။ အခု နိုင်ငံအနေအထားလေး ပြောင်းလဲလာတာကိုပဲ မျှော်လင့်နေရတာပါပဲ။ သူတို့က အစတုန်းက ပြောတာက သီးစားသုံးနှစ်လျော်ကြေးလေး ပေးလိုက်တာပေါ့ဗျာ။ မလိမ့်တပတ် နဲ့။ ၂၀၁၀ ကပေါ့။ တစ်ဧကကို သုံးနှစ်စာသီးနှံလျော်ကြေးဆိုပြီး ငွေနဲ့သင့်ပြီး ပေးတာပဲ။ ဒီမြေဆိုတာက ကျွန်တော်တို့အတွက် အများကြီး တန်ဖိုးရှိပါတယ်။ တန်ဖိုးဖြတ်လို့ မရပါဘူး။ ကိုယ့်မြေဆိုတာ အစဉ်အဆက် လုပ်ကိုင်စားသောက်လို့ ရတာဆိုတော့လေ။ ငွေထုတ်ပေးတုန်းကလည်း ဒီမြေတွေကို သိမ်းတယ်လို့လည်း မပြော။ လျော်တယ်လို့လည်း ပြောတာမဟုတ်ဘူး။ အခုကျတော့မှ ဒီမြေမှာ အဆောက်အဦးတွေ ခိုင်ခိုင်မာမာ လာဆောက်တော့မှသာ သုံးနှစ်စာတော့ မကတော့ဘူးလို့ မှန်းရတာပဲ။ ဘာကိုမှ ပွင့်ပွင့်လင်းလင်း မပြောဘူး။ တောင်သူတွေကို အသိမပေးဘူး။ ထန်းတက်တဲ့ တောင်သူတွေဆိုလည်း အဲဒီထန်းပင်တွေကို ထိုးပစ်ခံရတာပဲ။ ကျွန်တော်တို့ သိထားတဲ့ သုံးနှစ်စာ သီးနှံနစ်နာကြေးဆိုတာက ကျွန်တော်တို့ သီးနှံတွေစိုက်ထားချိန် အကွက်တွေထဲမှာ သူတို့ ကားတွေ ဖြတ်မောင်းမယ်။ တစ်ပေါက်ကျင်းတွေတူးမယ်။ အဲဒါကြောင့် ပျက်စီးတာတွေအတွက် နစ်နာကြေးလို့ ထင်တာ။ သူတို့ကတော့ ဘာမှကို ရှင်းမပြဘူး။ အဲဒီတုန်းကလည်း ကြောက်နေတာဆိုတော့ မေးလည်း မမေးရဲဘူးလေ။ ဘယ်အကွက် ဘယ်နှစ်ဧကအတွက် ဘယ်လောက်လို့လဲ မပြောဘူးဗျာ။ သူတို့က ငဖြူလာပါ၊ ငနီလာပါ။ ကိုယ့်နာမည်ခေါ်ရင် တက်သွားရတာပဲ။ ငွေကို သူတို့ဘာသာ ပေးလိုက်ရော။ ဘယ်လောက်ဆိုတာလည်း မစစ်ရဘူးတဲ့။ ဒီနေရာ လက်မှတ်ထိုး၊ ဒီနေရာ လက်မှတ်ထိုးဆိုပြီး ထိုးရတာပဲ။ မျက်စိမမှုန်တဲ့လူလည်း ဒီဟာကို ဖတ်ခွင့်မရှိဘူး။ မျက်စိမှုန်တဲ့လူတော့ ပိုဆိုးတာပေါ့ဗျာ။ ဖတ်ကို မဖတ်ရဘူး။ ဟောပြောပွဲတွေ၊ ဘာတွေလုပ်ပြီး ရှင်းတာမျိုးလည်း မရှိဘူး။ တောင်သူလယ်သမားတွေက တော်တော့်ကို မျက်နှာငယ်ရပါတယ်။ ကိုယ့်ပစ္စည်းနဲ့ကိုယ် ကြောက် နေရတာ။ တစ်ခုခုပြောဖို့ဆိုလည်း အရှိန်ယူနေရတာနဲ့ကို။ မရဲဘူးလေ။ ဒီဘက်က အဖြစ်တွေကို တတ်ကျွမ်းနားလည်သူတွေဆီ ရောက်သွား၊ သိသွားစေချင်တာပါ။ ပညာတတ်တဲ့လူတွေ ပြောတော့ ပိုထိရောက်တာပေါ့။ ဒီက ပညာမတတ်တဲ့လူတွေဆိုတော့ ကိုယ်ခံစားရတာတွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တာဆိုတော့ နားထောင်ရတာ ထောင့်တောင့်တုံးတိပေါ့လေ။ ဒီကသတင်းတွေကို ပြောပြ၊ ရေးပြမယ့်လူမရှိလို့ အားကိုးရတာပါ။ ဒီက တတ်သလောက်၊ မှတ်သလောက်တော့ စာတွေ၊ ဘာတွေလည်း တင်နေတာပဲ။ အထက်ထိ မရောက်ဘူးထင်ပါရဲ့။ ကိုယ့်ဟာကိုယ်တော့ တောက်လျှောက်လုပ်နေတာပဲ။ လုပ်တာကတော့။ ဒီဒေသတွေက ဒီရှေ့ရောက်လေ ပိုဆိုးလေဖြစ်မှာ။ ထွန်ချိန်ရောက်ပြီလေ။ ထွန်ချင်လှပြီ။ အဓိက ကတော့ ပွင့်ပွင့်လင်းလင်း ပြောစေချင်တာပါ။ အခု သူတို့က ခိုးလုပ်နေသလို ဖြစ်တော့ ရုန်းရင်းဆန်ခတ် တွေ ဖြစ်ရတာပေါ့။ သူတို့လာလိုက်ပြန် ကိုယ်တွေက တားလိုက်ပြန်နဲ့။ ပြီးတော့ကျလည်း ပြန်လုပ်တာပဲ။ အထက်က ဆင်းကြည့်စေချင်ပါတယ်။ ကိုယ်တွေဘက်က အဲဒီလို ပေါက်ပေါက်မြောက်မြောက် စာတွေ၊ ဘာတွေရောက်အောင် လုပ်တတ်သူလည်း မရှိတော့လေ။ ပြောရမယ်ဆို ဆားလင်းကြီးက လွှတ်တော် အမတ် ဘယ်သူလည်း ဆိုတာတောင် ဒီက သိကြတာ မဟုတ်ဘူး။ ကိုယ်ကလည်း သွားပြောရကောင်းမှန်း မသိဘူး။ သူကလည်း တစ်ခါမှ လာမကြည့်ဖူးပါဘူး။ ဒီဝန်ကို ဘယ်သူကူထမ်းပါ့ ဝက်မှေးရွာတဲ့။ သစ်သားပြားလေးမှာ ရေးပြီး ရွာအဝင်တမာပင်ကြီးမှာ ချိတ်ထားတဲ့စာသားလေး။ ကြည့်လေ။ ပတ်ဝန်းကျင်တစ်ခုလုံး ထန်းတောကြီးတွေက မှိုင်းလို့၊ ညို့လို့။ တစ်ရွာလုံးကလည်း သီးပင်၊ စားပင်တွေနဲ့ စိမ်းမြလှပလို့။ တစ်စက်မှ ပြစ်ရက်စရာမရှိတဲ့မြေ။ အခုတော့ စာအံသံလည်း ဆိတ်၊ ဆည်းလည်းသံလည်း တိတ်လို့။ စွန့်ခွာသွားသူတို့ရဲ့ သရုပ်ကို ရေတွင်းဟောင်းတွေ၊ အိမ်တိုင်ဟောင်းတွေ၊ တူးလက်စ မြေကျင်းတွေ၊ အိုးခွက် အကွဲအပဲ့တွေက ထင်ဟတ်ပြသနေရဲ့။ ဒီဘက်နားမှာ အိမ်တစ်ဆောင် ရိပ်ကနဲ မြင်ရ။ ဖျတ်ကနဲ ပျောက်သွား။ ပြီးခပ်လှမ်းလှမ်းမှာ နောက်အိမ်တစ်ဆောင်။ ဟိုတစ်စု၊ သည်တစ်စု။ "ရွာကိုရွှေ့ရမယ်ဆိုတော့ ကျုပ်တို့ဦးဆောင်ကန့်ကွက်တာပဲ။ ကျုပ်တို့ရွာက အစကြီးကတည်းကိုက ဒီကိစ္စကို လက်မှတ်ထိုးခဲ့တာမှ မဟုတ်တာ။ တစ်ချို့လည်း ကြောက်ကြတာပေါ့လေ။ အရင် မပြောင်းဘူး ဆိုပြီး တင်းခံတာက (၃၉) အိမ်တည်းရယ်။ တကယ်ရွှေ့ရမယ့်နေ့ကြတော့ ကျုပ်က သူတို့ လာဖျက်ရင် ကျုပ်အိမ်အရင်ဖျက်။ ကျုပ်အိမ်ပြိုမှ ကျန်တဲ့အိမ် ထိလို့ရမယ်ဆိုပြီး နေတာ။ ဖြစ်ချင်တော့ ပစ္စည်းတွေ ရွှေ့တဲ့ကားက ကျုပ်အိမ်ခြံစည်းရိုးကို တိုက်မိရော။ ထရံသုံးချောင်းပဲ ကျိုးတာပါ။ ဒါပေမယ့် ကျုပ်လည်း အစရှိ အနောင်နောင်ဖြစ်မှာစိုးလို့ သူတို့ကို အဲဒီစည်းရိုး ပြန်ယက်ပေးခိုင်းတယ်။ ပြန်ယက်ပေးပါတယ်။ အဲဒီမှာ ကျိုးတဲ့ထရံတောင် ပြန်ယက်ပေးရင် ငါတို့ကိုလည်း ဘာမှ လုပ်လို့မရဘူးဆိုပြီး နောက်ထပ် (၉)အိမ်က နေခဲ့တော့ အခု အားလုံးပေါင်း (၄၈)အိမ် ကျန်တာပေါ့။" သူမက သက်လတ်ပိုင်းအရွယ်။ အသားညိုညို၊ လူပုံနွဲ့နွဲ့။ သနပ်ခါးကို မျက်နှာအပြည့် လိမ်းထားသည်။ ဆံပင်ရှည်ကို လိပ်ခေါက်တင်ပြီး ကလစ်နှင့် ညှပ်ထားသည်။ ခြုံပြောရလျှင် ပုံပန်းသဏ္ဍန်သည် အညာဒေသမှ အခြား အမျိုးသမီးများနှင့် ဘာမှ မကွာခြား။ သို့သော် စိတ်ဓာတ်သည် တည်ငြိမ်မှုအပြည့်။ ရင့်ကျက်မှုအပြည့်။ ပြောထွက်လာသည့် စကားလုံးတို့က "အသက်ဆိုတာ တစ်သက်ပဲ ရှိတာရယ်။ လက်ဗလာနဲ့ ချို့ချို့တဲ့တဲ့ ထွက်သွားရမှာထက် ကိုယ့်မြေ၊ ကိုယ့်ဒေသမှာပဲ သေချင်သေပစေ။ ကျုပ်သေမှပဲ ဒီနေရာက ဖယ်မှာ။" "အဖေတို့၊ အမေတို့ကတော့ စိတ်ပူတာပေါ့။ မနီ(အညာဒေသတွင် သမီးဟု ခေါ်သော အမည်)နော် မဟုတ်ဘဲနဲ့ လျှောက်လျှောက်လုပ်မနေနဲ့တဲ့။ အန္တရာယ်ဖြစ်မယ်တဲ့။ လူကြီးဆိုတော့ စိတ်ပူတာပေါ့။ ဒါပေမယ့် ကျုပ်တို့က လူလွတ်။ ဘာမှ နောက်ဆံငင် စရာမရှိဘူး။ မိသားစုကို ငဲ့ရမယ့်အိမ်ထောင်သည်တွေ ရွှေ့ချင်ရွှေ့ကြပါစေ။ ကျုပ်တို့ကတော့ မားမားမတ်မတ် ကျန်ခဲ့ရမှာပဲ။ လူမျိုးခြားတွေလက်ထဲ ကျုပ်တို့မြေ တော့ အပါမခံနိုင်ဘူး။ မတော်လို့ ကျုပ် ထောင်ကျရင်လည်း ကျုပ်တို့မှာ ညီအမလေးယောက် ရှိတယ်။ လူလွတ်တွေချည်းပဲ။ သူတို့ ဆက်လုပ်လိမ့်မယ်။ ခုနေချိန် ကျုပ်တို့ ပျော့ညံ့ညံ့လုပ်လို့ ဒီမြေတွေ ပါသွားရင် တစ်သက်လုံး အစားပြန်မရတော့ဘူး။ အဲဒါမှ သားစဉ်မြေးဆက် လက်ညှိုးထိုးခံရမှာ။" "သူတို့က ဒီလက်ပံတောင်းတောင်ကြီးမှာ မြေတွေတူးရင်၊ မိုင်းနဲ့ ဖောက်ခွဲရင် ကျုပ်တို့ရွာဘက်ကို ခဲတွေ လွင့်နိုင်တယ်။ အန္တရာယ်ရှိနိုင်တယ်ဆိုပြီး ရွှေ့ခိုင်းတာပဲ။ ကျုပ်တို့ ဖယ်ပေးလိုက်ပြီထားပါတော့ ဒီအကျိုးအမြတ်က ဘယ်သူတွေဆီကို ရောက်မှာလဲ။ နိုင်ငံတော်နဲ့ ကျုပ်တို့ပြည်သူတွေဆီကို ရောက်မှာ လား။ ကျုပ်တို့ မသိဘူး။ ဘာဆိုဘာမှ မသိဘူး။ ဘယ်သူမှလည်း လာရှင်းမပြဘူး။ ကျုပ်တို့ မြင်နေရတာ တော့ ကျုပ်တို့မြေပေါ်ရောက်နေတာ တိုင်းတပါးသားတွေပဲ။ ကျုပ်တို့ ရွှေ့ပေးလိုက်တဲ့နေရာမှာရော ဒီအန္တရာယ်တွေ ကင်းပါတယ်လို့ ဘယ်သူအာမခံမှာလဲ။ သူတို့လုပ်မယ့် အက်စစ်ကန်တွေ လျှံမကျပါဘူးလို့ ဘယ်သူ တာဝန်ယူမှာလဲ။ ဒီတော့ ကျောက်တုံးပိလို့ သေခါမှသေရော။ တခြားမှာလည်း ငတ်ပြီးသေမယ့် အတူတူ။ ဒီမြေမှာပဲ အသေခံတော့မယ်။" "ကျုပ်တို့က ပွင့်ပွင့်လင်းလင်း ရှင်းပြပြီး ညှိုနှိုင်းဆွေးနွေးတာမျိုးကို လိုချင်တာပါ။ ကျုပ်တို့ ဘာမှ မသိတဲ့ တောသူတောင်သားတွေ ဆိုပေမယ့် ပြောပြရင် နားလည်တတ်ပါတယ်။ အခုလို ဘာမှ မပြောဘဲ ထင်ရာလုပ်တာကိုတော့ ခေါင်းငုံ့မခံနိုင်ဘူး။ အရင်တစ်ခေါက် ယာတွေထဲမှာ မြေလာပုံတုန်းကလည်း ကျုပ်တို့ မိန်းမတွေတွေ အယောက်(၆၀)လောက် လက်ပံတောင်းတော်ပေါ် တက်သွားပြီး သွားပြောတာ။ အဲဒီက လူကြီးက နင်တို့ရွာက ယောက်ျားတွေ ဘယ်ရောက်ကုန်ပြီလဲလို့ မေးတယ်။ ဟုတ်တယ်။ ကျုပ်တို့ ရွာမှာတော့ ဘာကိစ္စပဲရှိရှိ မိန်းမတွေလူလွတ်တွေက များတာလေ။ ပြီးတော့ ဒီကိစ္စက ယောက်ျားရယ်၊ မိန်းမရယ် မဟုတ်ဘူး။ အားလုံးနဲ့ ဆိုင်တဲ့ကိစ္စ။ ကျုပ်တို့ရွာတင် မဟုတ်ဘူး။ တနယ်လုံးနဲ့ ဆိုင်တဲ့ကိစ္စ။ ပြောရမယ်ဆိုရင် ချင်းတွင်းမြစ်ကို အမှီပြုပြီး နေကြတဲ့လူတွေ အားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ။" "ယာထဲမြေပုံတဲ့ကိစ္စနဲ့ရော၊ ရွာရွှေ့ဖို့ကိစ္စနဲ့ရော၊ ရွာဘုန်းကြီးကျောင်း ချိတ်ပိတ်တဲ့ကိစ္စနဲ့ရော ခဏ၊ ခဏပါပဲ။ သက်ဆိုင်ရာလူကြီးတွေနဲ့ ပြောရတာ။ တစ်ယောက်လာတိုင်း ဒီစကားတွေပဲ ပြောနေရတော့ ထပ်တောင်နေပြီ။ အထက်ကို တင်ပြပေးမယ်ဆိုပြီး ဘာမှလည်း ထူးခြားမလာပါဘူး။ တစ်ခေါက်ကတော့ ရဲတွေဝိုင်းထားတော့ ဦးရဲကြီးတို့က ပြည်သူ့ရဲလား။ တရုတ်ရဲလား ဆိုပြီး မေးလိုက်မှ နောက်ဆုတ် သွားကြတယ်။ တစ်ခေါက်ကလည်း အမျိုးသမီးထုကို ဖြိုခွဲဖို့ ရဲမေတွေ ခေါ်လာတော့ ရဲမေ အစ်မကြီးရယ် ကျုပ်တို့မှာ ဘာလက်နက်မှလည်း မပါပါဘူး။ ကျုပ်တို့မြေကို ကျုပ်တို့ကာကွယ်လို့ အပြစ်ရှိတယ်ဆိုရင် လာဖမ်းသွားလိုက်ကြပါဆိုပြီး ပြောတာ။ သူတို့ မဖမ်းပါဘူး။ ဘယ်သူမဆို ကိုယ်ချင်းစာစိတ်တော့ ရှိကြပါတယ်။" "ဟုတ်တယ်။ သုံးတန်းကျောင်းသူလေး စာမေးပွဲဖြေနေတုန်း ပြန်လိုက်ခေါ်တယ်ဆိုတာ ကျုပ်ပါပဲ။ ၂၀၁၁၊ ဒီဇင်ဘာမှာ ကျုပ်တို့ရွာတွေ ရွှေ့ခိုင်းတယ်လေ။ အဲဒီမှာ စာသင်ကျောင်းကိုပါ တစ်ခါတည်း ရွှေ့သွားတယ်။ ဒီရွာဟောင်းမှာ ကျန်နေခဲ့တဲ့အိမ်က ကလေးတွေက ဟိုဘက်မှာ ကျောင်းမတက်ရဘူး။ တခြားကျောင်းတွေကလည်း အအပ်မခံဘူး။ ၂၀၁၂ ဖေဖော်ဝါရီမှာ စာမေးပွဲတွေဖြေရော။ အဲဒီသုံးတန်း ကျောင်းသူလေးက တူမတော်တယ်။ သူက သွားဖြေတယ်။ သုံးလနီးနီး စာမသင်ခဲ့ရတဲ့ကလေးက တစ်နေ့ တည်းနဲ့ ဒီစာတွေ ဘယ်လိုလုပ်ဖြေနိုင်မှာတဲ့လဲ။ ဒါကြောင့် ကျုပ်လိုက်ခေါ်လိုက်တာ။ ဘယ်နေမလဲ။ သက်ဆိုင်ရာ လူကြီးတွေက ခေါ်မေးတာပေါ့။ ကျုပ်ကို။ ကျုပ်လည်း အခုလိုပဲ ပြောပြလိုက်တယ်။ ဒီနှစ် ပြန်ဖွင့်ရင်တော့ ရွာက ကလေးတွေကို ဘယ်ကျောင်းမှာ အပ်အပ် လက်ခံမယ်ပြောတာပဲ။ ဖြစ်နိုင်ရင်တော့ ကိုယ့်ရွာကျောင်းမှာပဲ ကိုယ့်ကလေးတွေ တက်စေချင်တာပေါ့။" "လူညီတဲ့ရွာတွေကို အားကျတာပေါ့။ ကိုယ့်ရွာကတော့ တော်တော်များများ ရွှေ့သွားတာ ဆိုတော့လေ။ ဒါပေမယ့် ရွှေ့ခိုင်းပြီးနောက်မှ မပြောင်းဘဲနေတာ ကျုပ်တို့ရွာက နမူနာပြပဲ။ အချုပ်အနှောင် ခံရရင်တော့ ကျုပ်တို့ချည်းပဲပေါ့လေ။ ကျုပ်တို့ကလည်း အဆုံးထိ တွက်ပြီးလုပ်တာပဲ။ နောက်တော့ ကျန်တဲ့ရွာတွေကလည်း မပြောင်းတော့ဘူးပေါ့။ ကျုပ်တို့အရင် ရွှေ့ခိုင်းတဲ့ရွာကတော့ တစ်အိမ်ပဲကျန်တယ်။ အကုန်ရွှေ့ကုန်တာ။" ထိုပြောင်းသွားသော ရွာဟောင်း၏ ဘုန်းကြီးကျောင်းနေရာသည် အုတ်တံတိုင်းခတ် အုတ်တိုက်ဖြစ်တန်ရာသည်။ သို့သော် ယခုအခါထိုနေရာသည် အုတ်ပုံအတိဖြစ်လျက်။ "အခု ကျုပ်တို့ရွာမှာ ပညာရေးလည်း မရှိတော့ဘူး။ ဘာသာရေးလည်း မရှိတော့ဘူး။ သင်္ကြန်တွင်း သီလယူချင်တာတောင် ဟိုး အဝေးက ကိုယ်တော်တွေ သွားပင့်ရတယ်။ ဘုရားနားမှာ တဲလေးထိုးပြီး နာရတာပေါ့။" "အရင်တုန်းကတော့ ကြောက်တတ်တယ်။ ဒါပေမယ့် ကျုပ်သေပစေ၊ ဒီမြေကို မပေးဘူးလို့ တွေးပြီး ကတည်းက ဘာလာလာ မကြောက်တော့ဘူး။ တစ်ခုခုဆို ကျုပ်တို့အထဲက ကြုံတဲ့လူ ထွက်ပြောတာပဲ။ ဘာဇာတ်မှလည်း တိုက်စရာ မလိုဘူး။ အားလုံးက ဖြစ်ရပ်မှန်။ ပြီးတော့ ရင်ထဲကလာတဲ့ အသံတွေချည်းပဲ။ ပိုပြီးလည်း စည်းလုံးလာတယ်။ နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် တစ်ခုခု အသံကြားတာနဲ့ အိမ်တိုင်းက အကုန်ထွက်ကြတာပဲ။ ဘယ်အချိန် ဘာဖြစ်လာမယ်မှန်း မသိတော့လေ။ အမြဲတန်း သတိနဲ့ နေနေရတယ်။ သူတို့ကလည်း လစ်ရင်လစ်သလို ပြန်စချင်နေတာ။ လူကြီးတွေကတော့ ကတိတည်ပါတယ်။ တောင်းဆိုထားလို့ မြေထပ်မပုံစေရဘူးဆို တကယ်မပုံဘူး။ ဒါပေမယ့် ဒီစီမံကိန်းကြီး အဆုံးသတ်လို့ လွတ်လွတ်လပ်လပ် နားရမယ့်ရက်ကို ရောက်ချင်ပါပြီ။" သူမတို့က အရိုးခံသက်သက်။ ပရိယာယ်မကြွယ်။ ဟိတ်ဟန်မများ။ ဥပမာ နှိုင်းရလျှင် ခါချဉ်ကောင် များ။ သို့သော် ဤခါချဉ်ကောင်များက တောင်ကြီးကို ဖြိုမည့်ခါချဉ်ကောင်များမဟုတ်။ တောင်ကြီးကို ကာကွယ်မည့် ခါချဉ်ကောင်များ။ အားမတန်သော်လည်း မာန်မလျော့သော ခါချဉ်ကောင်များ။ သီချင်းထဲကနှင့် တူညီသည်က တစ်ချက်သာ ရှိသည်။ အားမာန်တင်းပေမယ့် အခင်းမလှနိုင်ရှာပေ - ဆိုသော အချက်။ သူမအပါအဝင် လူနည်းစုတို့ ရှေ့ဆက်လှမ်းနေကြပါသေးသည်။ ဒီဝန်ကို ဘယ်သူ ကူထမ်းကြပါမည်နည်း။ သူမရွာမို့ သူမနှင့်သာဆိုင်သည်ဟု သင်ရဲရဲဆိုဝံ့ပါသလား။ မနက်ဖြန်တွင် ရေးမည့် သမိုင်းသည် သင့်အဖြေပင် ဖြစ်ပါသည်။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းနှင့် ပတ်သက်သော ဝက်မှေးရွာမှ ရင်ထဲက စကားသံများ အစပိုင်းမှာ ဌာနဆိုင်ရာကနေတဆင့် ဒီရွှေ့ခိုင်းတဲ့ ကန်တော၊ ဝက်မှေး၊ ဆည်တဲနဲ့ ဇီးတောရွာ လေးရွာကို မူလတန်းကျောင်းသားလေးတွေအတွက် ပညာရေးနဲ့ ကျန်းမာရေး ရန်ပုံငွေဆိုပြီး သိန်း(၅၀) ချပေးတယ်။ ဆားလင်းမှာ ခေါ်ပေးတာပေါ့။ ဝက်မှေးရွာကတော့ ငွေလည်း မယူခဲ့ဘူး။ လက်မှတ်လည်း မထိုးခဲ့ဘူး။ ငွေယူရင် လက်မှတ်ထိုးရမှာကိုး။ ကိုယ်က ရွှေ့ပေးဖို့ သဘောတူသလို ဖြစ်သွားမှာ။ အခု ကျုပ်တို့ရွာမှာ ဘုန်းကြီး မရှိဘူး။ ကျုပ်တို့ရွာကျောင်းဘုန်းကြီးက အစကတော့ ဒီကျောင်းတိုင် ဖက်ပြီး အသေခံမယ်လို့ မိန့်တာပဲ။ ပြီးမှ သိန်းငါးဆယ်၊ ဖုန်းတလုံး၊ ဆိုင်ကယ်တစ်စီး လှူပြီးပင့်တော့ ကြွသွားတာလေ။ ကျောင်းကိုလည်း အခွင့်မရှိဘဲ ဘယ်ဘုန်းကြီးမှ သတင်းမသုံးရဆိုပြီး ချိပ်ပိတ်သွားတာပဲ။ ဘုန်းကြီးမရှိရင် ရွာတွေ မနေနိုင်ဘူးလို့ သူတို့က ယူဆတာကိုး။ ကျုပ်တို့ရွာနဲ့ ကန်တောက ဘုန်းကြီးတွေ ကိုတော့ သူတို့ပင့်လို့ရတယ်။ ဟိုဘက် ဆည်တဲနဲ့ ဇီးတောကတော့ တစ်ပါးမှ မကြွဘူး။ သူတို့ရွှေ့ခိုင်းတဲ့ နေရာတွေက အပြင်ပန်းတော့ အဖြစ်ပေါ့။ တကယ်တန်းတော့ ခရမ်းချဉ်သီးသေတ္တာကမှ ပိုခိုင်ခန့်ဦးမယ်။ ကျုပ်တို့သိထားတာက လူ့အခွင့်အရေးကြေငြာစာတမ်းမှာလေ။ ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းက နိုင်ငံတော်အကျိုးစီးပွားအတွက်ဆိုရင် ပြည်သူတွေက နေရာဖယ်ပေးရမယ်။ ကုမ္မဏီနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွား အတွက်ဆို ဖယ်ပေးစရာမလိုဘူး။ ၁၉၇၈ ခုနှစ် မြေယာတွေ သတ်မှတ်တော့ သတ္တုတွင်း ဝန်ကြီးနဲ့ သစ်တောဝန်ကြီးက မြေတွေတိုင်းပြီး စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီသတ္တုတွင်းအတွက် မြေသတ်မှတ်ပေးခဲ့တာ။ နိုင်ငံအတွက် သိမ်းတာဆိုတာ အားလုံးက ကြည်ကြည်ဖြူဖြူပါပဲ။ အခုဟာက ဘာရယ်လို့ကို ဂဃနဏ မသိရဘဲ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးနဲ့ လုပ်နေကြလို့ပါ။ ဒီတောင်ကြီးကိုလည်း အဲဒီ ၁၉၇၀-၈၀ ယူဂိုတွေနဲ့ တွဲလုပ်စဉ်အတည်းက လာကြည့်၊ စမ်းသပ်နဲ့ လုပ်နေကြတာ။ အိုင်ဗင်ဟိုး လက်ထက်မှာလည်း ဒီလိုပဲ။ သူတို့လည်း သူတို့အလုပ်လုပ်။ ကျုပ်တို့လည်း ကျုပ်တို့အလုပ်လုပ်ပေါ့။ အားလုံးစည်းကမ်းရှိရှိ၊ သေသေဝပ်ဝပ်ပေါ့။ သူ့စည်း၊ ကိုယ့်စည်းနဲ့ပေါ့။ သူတို့တွေ ရောက်လာတဲ့အချိန်ကျမှပဲ အားလုံး ဒုက္ခရောက်ကြတော့တာ။ တစ်ချိန်မှာ ဒီလက်ပံတောင်းတောင်ကြီးကို ဟိုဘက်က စံပယ်တောင်နဲ့ ကြေးစင်တောင်လိုပဲ ကြေးနီတူးမယ် ဆိုတာ ကျုပ်တို့နယ်က တွက်ပြီးသားပါ။ အခုဟာက ကျုပ်တို့ကို ဘာမှမပြော၊ ဘယ်သူကမှ လာအသိမပေးဘဲ ကျုပ်တို့သီးနှံစိုက်ထားတဲ့ မြေတွေပေါ်မှာ ကားတွေဖြတ်တယ်။ စက်တွေလာထိုင်တယ်။ ကျုပ်တို့ မေးလည်း သူတို့က ဗမာလိုလည်း ပြောတတ်တာမဟုတ်။ ထားတော့။ ကျုပ်တို့ မပြောသေးဘူး။ အခုဟာက မြေလာပုံတာဗျ။ ဟိုတလောက ဟိုဘက်သတ္တုတွင်းနားက ရွာသာရွာမှာလည်း မြေပုံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာတက်သေးတယ်။ ပြောင်းခင်းစိမ်းစိမ်းစိုစိုကြီးထဲကို မြေတွေ လာပုံတာလေ။ သူတို့ အကြီးအကဲနဲ့ ခေါ်ရှင်းတော့ နောက်မပုံစေရပါဘူးဆိုပြီး ညကျ ပြန်ခိုးပုံတယ်။ ရွာသားတွေက စုပြီး လိုက်ရော။ နောက် နိုင်ငံတော်သမ္မတရုံးကလူ လာရှင်းပေးရတယ်။ အဲဒီနောက်ပိုင်း မြေမပုံတော့ဘူး။ ချောင်းဦးက လွှတ်တော် ကိုယ်စားလှယ် ကူညီဖြေရှင်းပေးတာ။ အခု ဒီရွာက လူတွေကျ ကူညီမယ့်လူ မရှိဘူး။ ကိုယ့်ဘာသာ ချနေရတာ။ ကိုယ့်ဆားလင်းကြီးက လွှတ်တော်အမတ်က သတ္တုတွင်းက ညွှန်ကြားရေးမှူးဟောင်းတဲ့။ ဒါပေမယ့် လာလည်းမလာဘူး။ ဘာမှလည်း မလုပ်ဘူး။ တကယ်တန်းတွက်ကြည့်ရင် ဖိုးဝင်းတောင်က မြစ်ဖျားခံလာတဲ့ ချောင်းက လက်ပံတောင်းတောင် ဘေးက ပတ်ပြီး ဒီရွာတွေ ဘေးကနေတဆင့် ရွှေလှေတံတားကနေ ချင်းတွင်းမြစ်ဘက်ကို ပွင့်တာ။ မတော်လို့ ဒီစီမံကိန်းများ အကောင်အထည်ပေါ်ခဲ့ပြီး တခုခု ချွတ်ချော်ခဲ့ရင် ဒီဘက်တစ်ကြောက ရွာတွေအားလုံး မလွတ်ဘူး။ အက်စစ်ရေဖုံးတဲ့မြေဆိုတာ တစ်သက်လုံး အဆုံးပဲ။ ကံကုန်းရွာက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဒီလို ကြုံခဲ့ရပြီးပြီ။ နောက်ထပ်ဘယ်ရွာ၊ ဘယ်မြေကိုမှ ထပ်အဖြစ်မခံနိုင်ဘူး။ ရှင်းရှင်းပြောရရင် ဒီမြေမှာ မြေလာပုံမှာလောက်ကိုတောင်မှပဲ လက်သင့်မခံနိုင်တာ။ ဒီသတ္တုတွင်းမြေ တွေက တစ်ခါပုံလိုက်ပြီးရင် ပြန်ဖော်သုံးလို့လည်း မရတော့ဘူး။ မြေသေဖြစ်သွားတော့တာ။ မီဒီယာတွေကိုလည်း အားကိုးပါတယ်။ ကျုပ်တို့လည်း အားကိုးရှာရတာပေါ့လေ။ ဥပဒေ နားလည် တဲ့ လူကလည်း ဥပဒေပိုင်းပေါ့။ ဒါပေမယ့် ပေါက်ပေါက်မြောက်မြောက် ဖြစ်ဖို့ကတော့ မီဒီယာကို အားပြုရ မှာပဲ။ eleven journal မှာလည်း ဝက်မှေးရွာအကြောင်းကို ထည့်ပေးဖူးတယ်။ တခြား ပြည်တွင်း၊ ပြင်ပ တချို့အဖွဲ့တွေကလည်း သတင်းတွေ ထည့်ပေးနေတာ ရှိပါတယ်။ ကြိုကြားကြိုကြားပေါ့။ အားလုံးက သတိထားမိစေချင်တာပါ။ အကူအညီတွေရချင်တာပါ။ ဘယ်လိုရှေ့ဆက်သင့်တယ်ဆိုတာ သိချင်တာပါ။ မမီးငယ် - ဒေသံခံတွေနဲ့ ကိုယ်တိုင်သွားရောက်တွေ့ ဆုံမေးမြန်းပြီး ရေးသားပေးပို့ ထားတာပါ။ | ||
| NLD လွှတ်တော်တက်ရေး ဒီမိုကရေစီ အင်အားစုပါတီများ ကြိုးပမ်းမည် Posted: 23 Apr 2012 03:59 AM PDT
''လွှတ်တော်ထဲမှာဆိုရင် USDP က အမတ်တွေက အများဆုံးပါပါတယ် ၊ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်မှာ တက်ရောက်နေတဲ့ အမတ် ၂၀ ရာခိုင်နှုန်း ၊ ရှိဖို့လိုအပ်ပါတယ်၊ ဒီဥပဒေကို ပြင်ဆင်ဖို့ တင်မယ်ဆိုရင် USDP က ပါတီအင်အား ပိုများတဲ့အတွက် မို့လို့ ဒီပါတီကြီးက NLD အမတ်တွေဝင်လာဖို့ တင်ပေးမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ USDP က မဆောင်ရွက်ခဲ့ရင် ကျွန်တော် နဲ့ ဒေါက်တာ အေးမောင် ပေါင်းပြီး တိုင်းရင်းသားပါတီတွေ ဒီမိုကရေစီ အင်အားစု ပါတီတွေအား လုံး ပူးပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ဒေါက်တာ မြတ်ဉာဏစိုး က ပြောကြားသည်။ '၂၀ ရာခိုင်နှုန်း မှာ အမတ်ဦးရေ ၁၃၀ လောက်လိုအပ်တယ် ကျွန်တော်တို့မှာ အဲဒီ အမတ်အရေအတွက် မရှိဘူးရင်တောင် ကျွန်တော်တို့မရှုံးပါဘူး ၊ ကျွန်တော်တို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အမြတ် တစ်ခုလို့ ပဲ မြင်ပါတယ် '' ဟု ဒေါက်တာအေးမောင်က ဆိုသည်။ Yangon Media Group | ||
| ပြည်ခိုင်ဖြိုးပါတီက NLD ပြင်လိုသည့် အချက်အား ပြင်ဆင်မပေးနိုင်ဟုဆို Posted: 23 Apr 2012 04:18 AM PDT USDP ပါတီအနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင်ပါဝင်သော အခြေခံဥပဒေ ဇယား(၄)ပါ ကတိသစ္စာပြုချက်(သို့) ကျမ်းသစ္စာ ဆိုချက် ပုံစံတွင်ပါရှိသည့် ရွေးချယ်ခံပြီး ကိုယ်စားလှယ်ဖြစ်ပါက '' နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး '' အစား '' နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာမည်'' ဆိုသော စကားရပ် ကို ပြင်ဆင်ပေးရန် အစီစဉ်မရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ၏ဗဟိုကော်မတီဝင် ဦးအောင်သောင်း က ရန်ကုန်မီဒီယာ ဂရုပ် သို့ပြောကြားသည်။ ''ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့တက်ရောက်နိုင်ရေး အတွက် ဒေါက်တာမြတ်ဉာဏစိုး နှင့် ဒေါက်တာအေးမောင်တို့က USDP ပါတီ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အတွက် လုပ်ဆောင်ပေးစေလိုကြောင်း ပြောကြားခဲ့ သည့် အပေါ် ရန်ကုန်မီဒီယာဂရုပ် မှ ပြည်ခိုင်ဖြိုးပါတီ ၏ ဗဟိုကော်မတီဝင် ဦးအောင်သောင်းအား မေးမြန်းရာ အစီစဉ်မရှိပါကြောင်းကို အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။ '' ကျွန်တော်တို့ အဲဒီစကားရပ်ကို ပြင်ဆင်ဖို့၊ တင်ပြဖို့ အစီအစဉ် မရှိပါဘူး၊ ဒီစကားရပ်က နိုင်ငံတိုင်း အသုံးပြုနေတဲ့ စကားရပ်ပါ၊ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ်ဆိုတာ၊ နိုင်ငံသားတိုင်း ရဲ့တာဝန်ပါပဲ၊ ဒီဟာက ကြီးမားတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး၊ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတော် အကျိုးရှိစေမယ့် ၊ အမျိုးသားရေး အကျိုးရှိစေမယ့် ၊ ပြည်သူအကျိုးရှိစေမယ့် ၊ လွှတ်တော် အကျိုးရှိ စေမယ့် ဘယ်အကြောင်း အရာကို မဆိုထောက်ခံတင်ပြသွားဖို့ အဆင်သင့်ပါပဲ'' ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းက ပြောကြားသည်။ Yangon Media Group | ||
| လူတစ်ဦး ဒေါ်လာ ၁ သောင်းစီ ရောင်းဝယ်ခွင့်ပေးနေတဲ့ အစီအစဉ် ပြန်ပျက်သွားပြီ Posted: 23 Apr 2012 03:44 AM PDT ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလဲကောင်တာတွေကနေ လူတစ်ဦး ဒေါ်လာ ၁ သောင်းစီ ရောင်းဝယ်ခွင့်ပေးနေတဲ့ အစီအစဉ် ပြန်ပျက်သွားပြီလို့ သိရပါတယ်။ ဒီကနေ့ ဧပြီ ၂၃ တနင်္လာနေ့ သိမ်ဖြူလမ်း ငွေလဲကောင်တာမှာ အ၀ယ် တစ်ဒေါ်လာ ၈၁၄ကျပ်၊ အရောင်း ၈၂၈ ကျပ် သတ်မှတ်ထားပေမယ့် လာရောင်းသမျှကို မ၀ယ် တော့ဘဲ ကောင်တာပိတ်ချင်တဲ့အချိန် ပိတ်ထားတယ်လို့ သိရပါတယ်။ အင်းဝ၊ CB နဲ့ MOB ဘဏ်တို့က လူတစ်ဥိးဆီကနေ ဒေါ်လာ ၅၀၀ စီဝယ်ယူပြီး မြ၀တီနဲ့ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဘဏ်ကတော့ ဒေါ်လာ၂၀၀ စီ၊ ကမ္ဘောဇဘဏ်က ၁၀၀ စီဘဲ ၀ယ်ယူတယ်လို့ သိရပါတယ်။ ဒီဗွီဘီ | ||
| သမ္မတ ဦးသိန်းစိန် ပြောဆိုချက်ပေါ် နားလည်မှုလွဲမှာခြင်းဖြစ်နိုင်ကြောင်း Posted: 23 Apr 2012 03:38 AM PDT ဂျပန်နိုင်ငံတွင်ယနေ့ နေ့လည်ပိုင်းက သတင်းစာရှင်းလင်းပွဲတွင် သမ္မတ ဦးသိန်းစိန်က လွှတ်တော်တွင် ကျမ်းသစ္စာကျမ်းဆိုသည့်စာသားကို ပြင်ရန် သူ့တွင် အစီအစဉ်မရှိဟု ပြောခဲ့သည်မှာ မဟုတ်ကြောင်း ထိုသို့လုံးဝမဖြေခဲ့ကြောင်း၊ ထိုသတင်းစာရှင်းလင်းပွဲသို့ ကိုယ်တိုင်ကိုယ်ကျတက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။ ထိုသို့ရေးသားခဲ့သော နိုင်ငံတကာ သတင်းအချို့မှာ နားလည်မှုလွဲမှာခြင်းဖြစ်နိုင်ကြောင်း ယင်းကပြောသည်။ ထိုရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက "ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကိုဝင်ရောက်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ အချို့သောကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ၀င်ရောက်လို့မရနိုင်ဘူးဆိုတဲ့ အခြေအနေမျိုးဖြစ်ပေါ်နေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်တော့ သူ့အနေနဲ့လွှတ်တော်ထဲကိုဝင်လာနိုင်မှာလဲ၊ လွှတ်တော်အစည်းအဝေးကိုတက်ရောက်နိုင်မှာလဲ"ဟုမေးမြန်းခဲ့ရာ သမ္မတ ဦးသိန်းစိန်က "ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်ထဲကိုဝင်မလာတာ သူ့ရဲ့ သဘောဆန္ဒပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကြီးကတော့ သူ့ကိုကြိုဆိုနေပါတယ်"ဟုသာပြန်ဖြေခဲ့ခြင်းဖြစ်သည်ဟု သူပေးပို့သော အသံဖိုင်အရ သိရသည်။ အမေးအဖြေများကို စကားပြန်မှတစ်ဆင့် ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ Popular Myanmar News Journal | ||
| Posted: 23 Apr 2012 03:29 AM PDT ကတိသစ္စာပြုချက်တွင်ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတင်းထောက်များသို့မပြောခဲ့ကြောင်း သမ္မတခရီးစဉ်နှင့်အတူလိုက်ပါသွားသော တာဝန်ရှိသူတစ်ဦးကပြောသည်။ ဂျပန်နိုင်ငံသို့ ငါးရက်တာခရီးသွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုကျိုတွင်သတင်းထောက်များ၏ ဒေါ်အောင်ဆန်းစုကြည် မည်သည့်အချိန်တွင် လွှတ်တော် တက်နိုင်မည်လဲဟု မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် "ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်မလာတာ သူ့ရဲ့သဘောဆန္ဒပဲဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆိုနေပါတယ်"ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျပန်စကားပြန်မှတစ်ဆင့် ဖြေကြားခဲ့သည်။ ထိုအဖြေမှာ အပြည့်အစုံဖြစ်ပြီး ကတိပြုချက်စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိဟု မဖြေခဲ့ကြောင်း၊ သတင်းဌာနများက မှားယွင်းဖော်ပြမှုသာဖြစ်ကြောင်းလည်း အဆိုပါတာဝန်ရှိသူက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ 7Day News Journal | ||
| ပြည်တွင်း ဆန်စပါးကို ဧပြီလဆန်း မှစကာ ထောက်ခံချက် မလိုဘဲ သယ်ယူခွင့်ရပြီ Posted: 23 Apr 2012 03:21 AM PDT ဧပြီ လဆန်းပိုင်းမှ စတင်ကာ ပြည်တွင်း ဆန်စပါး သယ်ယူခွင့် များကို ထောက်ခံချက် မလိုဘဲ သယ်ယူ ခွင့်များ ပြုခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်း တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ထောက်ခံချက် မပါဘဲ သယ်ယူ ခွင့်ပြုတဲ့ အတွက် လွတ်လပ်စွာ သယ်ယူ ရောင်းချ ခွင့်များ ရရှိလာတယ်လို့ သိရပါတယ်။ အရင်က ထောက်ခံချက်များ စောင့်နေရတဲ့ အတွက် သယ်ယူ ရောင်းချ ခွင့်မှာ နှောင့်နှေးမှုများ ရှိတယ်လို့ သိရပါတယ်။ လက်ရှိ ပြည်တွင်း ဆန်စပါး သယ်ယူ ခွင့်မှာ ထောက်ခံချက်တွေ မလိုတော့တဲ့ အတွက် ကုန်ကျစရိတ် လျော့နည်း သွားတယ်လို့ သိရပါတယ်။ လက်ရှိ ဧရာဝတီ တိုင်းက အခြား ဒေသများသို့ ဆန်စပါး ၀င်ရောက်မှုမှာ တစ်နေ့ကို ပျမ်းမျှ ဆန်တန်ချိန် ၅၀၀ နဲ့ ၆၀၀ မက်ထရစ်တန် ကြားမှာ ရှိတယ်လို့ သိရပါတယ်။ ပြည်ပကို တင်ပို့မှုများတဲ့ အချိန်မှာတော့ ဆန်ထွက်ရာ အဓိက ဒေသဖြစ်တဲ့ ဧရာဝတီ တိုင်းဒေသ ကြီးမှ ရန်ကုန်သို့ ဆန်ဝင်ရောက် မှုဟာ ပိုမိုများပြားစွာ သယ်ယူပြီး တင်ပို့မှု နည်းတဲ့ အချိန် မှာတော့ ဆန်ဝင်ရောက်မှု နည်းပါးကာ သယ်ယူမှု အနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။ MRTV-4 | ||
| Posted: 23 Apr 2012 03:14 AM PDT
ပထမကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန် အစည်းအဝေးကို ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀နာရီခန့်တွင် စတင် ပြုလုပ်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။ နေပြည်တော်၌ ယနေ့ စတင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ တစ်နာရီခန့်သာ ကြာမြင့်ခဲ့ပြီး မွန်းလွှဲ ၂နာရီခန့်တွင် ပြီးဆုံး သွားခဲ့ကြောင်း ယနေ့ အစည်း အဝေးတွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၉ ဦး ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်ဆင် စေလိုသည့် စကားရပ် များကို ဆွေးနွေးခြင်း မပြုခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။ အလားတူ ယနေ့ နံနက် ၁၀နာရီတွင် ကျင်းပခဲ့သော အမျိုးသား လွှတ်တော် အစည်း အဝေး မှာလည်း နံနက် ၁၁ နာရီခွဲခန့်တွင် ပြီးဆုံးခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ် ၂၀ဦး ကျမ်းသစ္စာကျိန်ဆိုခြင်း၊ မေးခွန်းများ ဖြေကြားခြင်း အစီအစဉ်တို့ကို ပြုလုပ်ခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များထံမှ သိရှိရသည်။ The Voice Weekly | ||
| ကျမ်းသစ္စာ ကျိန်ဆိုသော စကားရပ် ပြင်ဆင်ပေးရန် အစီအစဉ်မရှိဟု သမ္မတကြီး ဦးသိန်းစိန် ပြောကြား Posted: 23 Apr 2012 03:15 AM PDT ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကိုယ်စားလှယ်များ ဘက်က တင်ပြထားသော မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ပါဝင်သော စကားရပ်နှင့် ပတ်သက်၍ ပြင်ဆင်ပေးရန် အစီအစဉ်မရှိကြောင်း သတင်းထောက်များသို့ပြောဆိုလိုက် သည်။ မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ တက်ရောက်လာရန်ကို ကြိုဆိုပါကြောင်း သို့ရာတွင် ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော လွတ်တော်အမတ် နေရာရယူ၍ လွှတ်တော်တက်ရေး မတက်ရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပေါ်တွင်သာ မူတည် ပါကြောင်း သတင်းထောက်များသို့ ပြောဆိုခဲ့သည်ဟု AFP သတင်းဌာနက ရေးသားသည်။ NLD ပါတီက ကိုယ်စားလှယ်များ ပြင်ဆင်စေလို့သည့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရသည့် စာသားများမှာ လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများတွင် သာမက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရကြောင်း၊ အခြေခံ ဥပဒေကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်၌သာ ပြင်ဆင်ခွင့် ရှိပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုပြု၍ ၇၅ ရာခိုင်နှုန်းနှင့် အထက် ထောက်ခံမှသာ ပြင်ဆင်နိုင်မည် ဖြစ်ပြီး အချို့သော ပြဋ္ဌာန်းချက်များဆိုလျှင် လူထု ဆန္ဒခံယူပွဲပါ ပြုလုပ်ပေးရမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။ ထို့သို့ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို နိုင်ငံတော် သမ္မတရုံးနှင့် အခြေခံဥပဒေ ခုံရုံးတို့က လုပ်ပိုင်ခွင့် မရှိဘဲ ပြည်ထောင်စု လွှတ်တော်ကသာ လုပ်ပိုင်ခွင့်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးက ပြောကြားသည်။ The Voice Weekly | ||
| WCDMA ဖုန်းကဒ်များတွင်လည်း GSM ငွေဖြည့်ကဒ် ဖြင့်သာ အသုံးပြုရမည် Posted: 23 Apr 2012 02:58 AM PDT ယခု ထွက်ရှိမယ့် WCDMA ဖုန်းကဒ်ရဲ့ငွေဖြည့်ကဒ် အသုံးပြုရာမှာ GSM ငွေဖြည့်ကဒ် ကိုသာ အသုံးပြုရမှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်္ကြန် မတိုင်ခင်က တန်ဖိုးနည်း GSM ဖုန်းတွေကို ချထားမှုတွေ ရှိခဲ့ပြီး ဖြစ်တာကြောင့် GSM အတွက် ငွေသွင်းကဒ် တွေဟာ ၀ယ်လိုအား ရှိနေတယ်လို့ ဟန်းဆက် အရောင်းဆိုင် အချို့ရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို အသုံးပြုရာ မှာလည်း အခု ထွက်ရှိမယ့် WCDMA ဟာ GSM နည်းပညာ ကိုပဲ အခြေခံ ထားတာ ဖြစ်တဲ့ အတွက်ကြောင့် GSM ငွေဖြည့်ကဒ် ကိုသာ အသုံးပြု နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ ယခင်က ဆိုရင် ဖုန်းငွေဖြည့် ကဒ်ကို ဖုန်းဆိုင်ကြီး တွေမှ တစ်နေ့ကို ကဒ် ၂၀ မှ ၄၀ ကြား ရောင်းရပေမယ့် ယခု ဆိုရင်တော့ တစ်နေ့ကို ကဒ် ၈၀ မှ ၁၀၀ ကြား ရောင်းရတယ်လို့ သိရပါတယ်။ MRTV-4 | ||
| တပ်မတော်သား ကိုယ်စားလှယ် ၅၉ ဦး ရာထူးမြင့်သူများဖြင့် အစားထိုး Posted: 22 Apr 2012 08:52 PM PDT
ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ် စုစုပေါင်း ၅၉ ဦးအား လက်ရှိ တပ်မတော်သား ကိုယ်စားလှယ်များထက် ရာထူးမြင့်သည့် ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး အဆင့်တို့ဖြင့် အစားထိုး လဲလှယ်လိုက်ကြောင်း ယမန်နေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ယခုအစားထိုးခန့်အပ်လိုက်သူများထဲတွင် ဗိုလ်မှူးချုပ် အဆင့် ၈ ဦး ဗိုလ်မှူးကြီး အဆင့် ၁၄ ဦး နှင့် ဒုဗိုလ်မှူးကြီး အဆင့် ၃၇ ဦးတို့ ပါဝင်သည်ကိုတွေ့ရကာ လက်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထက် ရာထူးမြင့်မားသူ ဆယ်ဂဏန်းနှင့်ချီ ပါဝင်လာခြင်းဖြစ်သည်။ ယခုလက်ရှိအချိန်ထိ တပ်မတော်သား ကိုယ်စားလှယ်များထဲတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၁ ဦးသာရှိနေခဲ့ရာမှ ယခု ၈ဦးထပ်မံ ထည့်သွင်းလိုက်ခြင်းလည်း ဖြစ်သည်။ ရန်ကုန်မြို့မှ အမည်မဖေါ်လိုသည့် တပ်မတော်သား ကိုယ်စားလှယ်တဦးက ပြောဆိုရာတွင် အစားထိုးခံရသည့် တပ်မတော်သား ကိုယ်စားလှယ်များထဲတွင် အပတ်စဉ် ၄၃ ဆင်း ဗိုလ်မှူးအဆင့်ထိ ပါဝင်ကြောင်း၊ အန်အယ်လ်ဒီ ကိုယ်စားလှယ်များ လွှတ်တော်ထဲ ၀င်လာတော့မည့် အချက်နှင့် ယခုအစားထိုးလဲလှယ်သည့် အဖြစ်အပျက် ဆက်စပ်သည်ဟု ၎င်းအနေဖြင့် ယူဆကြောင်း ပြောဆိုသည်။ ၎င်းတပ်မတော်သား ကိုယ်စားလှယ်များအား ယခုလွှတ်တော် ပြန်လည် မစတင်မီ ၄ ရက်အလို ကတည်းက နေပြည်တော်သို့ ရောက်ရှိနေရန် ညွှန်ကြားခဲ့ကြောင်းလည်း ပြောဆိုသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ရွေးချယ်စရာ မလိုပဲ ခန့်အပ်ခွင့်ရှိသည်ဟု ဖေါ်ပြထားသည်။ ဆယ်စုနှစ် ၂ ခုကျော်ကြာ စစ်တပ်အစိုးရ၏ ဖိနှိပ်မှုခံခဲ့ရသည့် အန်အယ်လ်ဒီပါတီက ယခုလဆန်းတွင်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်ထဲ ပါဝင်လာတော့မည် ဖြစ်သည်။ သို့သော် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်မည့် စာသားတွင် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုသည့်စာသားကို ပြင်ဆင်ပေးရန် အန်အယ်လ်ဒီပါတီမှ တင်ပြထားရာ ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်များ ယနေ့ပြန်လည်စတင်မည့် လွှတ်တော်သို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။ ။ Yangon Press International (YPI) | ||
| ဒီနေ့ ထုတ်သတင်းစာပါ လွှတ်တော်ထဲက အပြောင်းအလဲများ Posted: 22 Apr 2012 08:32 PM PDT | ||
| မြန်မာလူငယ်ကို အာရှပစိဖိတ် ဒုဥက္ကဋ္ဌ တာဝန်ပေးအပ် Posted: 22 Apr 2012 08:12 PM PDT လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ လူငယ်ဥက္ကဋ္ဌ နော်မေဘယ်ထူးကို နိုင်ငံတကာ ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ် (IUSY) ညီလာခံက အာရှပစိဖိတ် ဒေသဆိုင်ရာတာဝန်ခံနဲ့ အဖွဲ့ချုပ်ရဲ့ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ကျော် ကာလအတွင်းမှာ မြန်မာလူငယ် တယောက်အနေနဲ့ ဒီတာဝန်ကို ပြန်လည်ခန့်အပ် ခံခဲ့ရတာဖြစ်ပါတယ်။ ၁၉၅၀ လွန်ကာလများကတော့ ဆိုရှယ်လစ်ပါတီက လူငယ်ခေါင်းဆောင်တဦးက ဒီတာဝန်ကို လက်ခံခဲ့ဖူးတယ်လို့ သိရှိရပြီး နော်မေဘယ်ထူးကတော့ ဒုတိယမြောက် မြန်မာလူငယ် ဖြစ်ပါတယ်။ တောင်အမေရိကတိုက်၊ ပါရာဂွေးနိုင်ငံမြို့တော် Asuncio'n အော်ဆွန်စီယမ်မှာ ဧပြီလ (၂၀) ရက်နေ့က စတင် ကျင်းပနေတဲ့ ဆိုရှယ်လစ်လူငယ် ညီလာခံကနေ အခုလို တာဝန်ပေး ခန့်အပ်ခဲ့တာဖြစ်ပြီး၊ ဒါဟာမြန်မာလူငယ်တွေရဲ့ ဦးဆောင်မှုအရည်အချင်းနဲ့ ပတ်သက်လို့ ကမ္ဘာက အသိအမှတ်ပြုမှု တခု ဖြစ်ပါတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင် ကော်မတီဝင် တဦးဖြစ်တဲ့ ဦးဇော်ဇော်ထွန်းက အခုလို ပြောပါတယ်။ "ကျနော်တို့မြန်မာနိုင်ငံ ဒီမိုကရေစီရေးတိုက်ပွဲ မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့ အနေနဲ့၊ နောက်တခါ ကျနော်တို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကလည်း ဒီနိုင်ငံတကာ ဆိုရှယ်လစ် လူငယ် အဖွဲ့ချုပ်မှာ ကျနော်တို့ လူငယ်အဖွဲ့အစည်း တရပ်အနေနဲ့ အဖွဲ့ဝင်ဖြစ်ထားတာကြာပါပြီ၊ အဲဒီတော့ ဒီအပေါ်မှာ ကျနော်တို့ရဲ့ ပါဝင်ဆောင်ရွက်မှုတွေ ရုန်းကန်လှုပ်ရှားမှုတွေ အပေါ်မှာ အသိအမှတ်ပြုတဲ့အနေနဲ့၊ နောက်တခါ ကျနော်တို့ ဗမာလူငယ်တွေဟာ ဒီလိုတာဝန်မျိုးကို ထမ်းဆောင်နိုင်ပါတယ်ဆိုတာ ယုံကြည်လို့ ပေးတာလည်းဖြစ်ပါတယ်။" အခုကျင်းပနေတဲ့ ညီလာခံမှာ ဖိလစ်ပိုင်နိုင်ငံက Akbaryan ပါတီကလည်း နော်မေဘယ်ထူးကို အမည်စာရင်း တင်သွင်းသူတွေထဲမှာ ပါဝင်ပါတယ်။ ညီလာခံကို ကမ္ဘာ့နိုင်ငံပေါင်း (၁၇၀) ကျော်က လူငယ်ကိုယ်စားလှယ်တွေ တက်ရောက်နေကြတာဖြစ်ပြီး မနက်ဖြန်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်၊ နိုင်ငံတကာ ဆိုရှယ်လစ်လူငယ် အဖွဲ့ချုပ်ဟာ ကုလသမဂ္ဂရဲ့ အတိုင်ပင်ခံ အဖွဲ့အစည်းဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း(၁၀၀) ကျော်ပြီ ဖြစ်ပါတယ်။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို မြန်မာပြည် ဒီမိုကရေစီရေး တောင်းဆိုအုံကြွမှုအပြီး လူငယ်ကျောင်းသားများက ဦးဆောင်ပြီး ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ လူ့ဘောင်သစ် လူငယ်အဖွဲ့ကိုတော့ ၂၀၀၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ထိုင်းမြန်မာ နယ်စပ် မယ်လဦး ဒုက္ခသည်စခန်းမှာ မွေးဖွားကြီးပြင်း လာခဲ့သူ တဦးဖြစ်တဲ့ နော်မေဘယ်ထူးကို လူ့ဘောင်သစ် လူငယ်ဥက္ကဋ္ဌ အဖြစ် ပြီးခဲ့နှစ် လူငယ်ညီလာခံကနေ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ RFA | ||
| ဥပဒေချိုးဖေါက်မှုလုပ်ရပ်ကို ရဟန်းတော်များ အဖွဲ့ချုပ် ကန့်ကွက် Posted: 22 Apr 2012 08:07 PM PDT မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်က မြန်မာနိုင်ငံတွင် မကြာမီကဖြစ်ပေါ်ခဲ့သော ဘာသာရေး အငြင်းပွါးမှု အခြေခံ သော ပဋိပက္ခ များနဲ့ပတ်သက်ပြီးကြေညာချက်တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။ အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံ ဖားကန့် မြို့ နယ် စိန်တူကျေးရွာ ရှိစိုင်းတော်ဗလီ ဧပြီလ ၁၃ ရက်နေ့ တွင် ဖျက်ဆီးခံရတဲ့ကိစ္စ၊ အဲဒီနေ့ မှာပဲ မကွေးတိုင်း ကံမ္မမြို့ နယ်မှာ ဗလီနဲ့  စတိုးဆိုင်များ ဖျက်ဆီးခံရတဲ့ ကိစ္စ စတဲ့အမှု ကိစ္စများအားလုံးမှာ မြန်မာနိုင်ငံတွင် နေထိုင်သော ဆရာတော်၊ သံဃာတော်များ၊ သောတုဇန များရဲ့ လုံ့လ ပယောဂ ပါရှိခြင်း မရှိကြောင်း ထုတ်ဖေါ် ထားပါတယ်။ ဧပြီလ ၂၀ ၇က်နေ့ နေ့ စွဲ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော် အရှင် ပဏ္ဍဝံသ လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဒီိ လုပ်ရပ်တွေဟာ ဆူပူမှု သက်သက် သာဖြစ်လို့ ရဟန်းသံဃာများအနေနဲ့ လက်ခံခြင်းမရှိ သလို ဥပဒေချိုးဖေါက်မှု ဖြစ်တဲ့အတွက်လည်း ကန့် ကွက်ပါကြောင်းဖေါ်ပြပါရှိပါတယ်။ RFA | ||
| ဧပြီ ၂၃ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Jouranl Posted: 22 Apr 2012 07:51 PM PDT Weekly Eleven Vol 7 No 29 ဧပြီ ၂၃ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Jouranl အတွဲ ၇ အမှတ် ၂၉ အား အောက်ပါ Links များမှ Download ရယူနိုင်ပါသည်။ http://www.mediafire.com/?88cdpn6f5x7oarl https://www.box.com/s/db5394bfa6ee016b9b2f http://ifile.it/50dl8yc http://db.tt/ggZrLeQT | ||
| မလုံတလုံ ဝတ်စားဆင်ယင်လျှင် ဥပဒေကြောင်းအရအရေးယူနိုင် Posted: 22 Apr 2012 07:46 PM PDT Facebook ပေါ်တွင် ပျံ့နှံ့နေသော သင်္ကြန်ကာလ မြင်ကွင်းဓာတ်ပုံများ Eleven Media Group အခုနှစ်သင်္ကြန်မှာ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုက အဆိုးဆုံးလို့ ဆိုလို့ရတယ် ယခုနှစ် သင်္ကြန်ကာလအတွင်းတွင် မြန်မာ မိန်းကလေးတချို့၏ ၀တ်စားဆင်ယင်မှုများမှာ ယခင်နှစ်များထက် ပိုမိုဆိုးရွားခဲ့ပြီး အများစုမှာ ကျောသား၊ ရင်သားနှင့်ပေါင်သားများကို လှစ်ဟသည့် ၀တ်စားဆင်ယင်မှုဖက်ရှင်များနှင့် သင်္ကြန်ကာလ ကို ဆင်နွှဲခဲ့ကြသည်ကို တွေ့မြင်ခဲ့ရ သည်။ "အခုနှစ်သင်္ကြန်မှာတော့ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုက အရင်နှစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဆိုးဆုံးလို့ ဆိုလို့ရတယ်။ အများစုက ကျောပြောင်၊ ရင်ပြတ်တွေ ၀တ်လာကြရုံသာမကဘူး ဘောင်းဘီတို တွေဆိုလည်း တချို့ဆို လက်တစ်ဝါးကျော်လောက်ပဲ ရှိတာမျိုးတွေတောင် ၀တ်ဆင်လာကြတယ်။ ဒီလိုဝတ်ဆင်ပြီးတော့ မဏ္ဍပ်ပေါ်မှာ တက်ကနေတာမျိုး၊ ကားပေါ်မှာ ကတာမျိုးတွေ မြင်ရတဲ့အခါ တော်တော်ကို စိတ်မကောင်းဖြစ်ရတယ်။ ကန်တော်ကြီး ကန်ပတ်လမ်းတစ်လျှောက်က မဏ္ဍပ်တွေမှာဆို မဏ္ဍပ်တိုင်းလိုလိုမှာ အဲဒီလိုမိန်းကလေးတွေ အများကြီးတွေ့ ရတယ်။ သင်္ကြန်ပွဲတော်ကို လာနွှဲကြတဲ့ နိုင်ငံခြားသူတွေတောင် ဘောင်းဘီရှည်နဲ့ လာကြပြီး မြန်မာမိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုကို အထူးအဆန်းအနေနဲ့ ဓာတ်ပုံတွေရိုက်၊ ဗီဒိယိုတွေ ရိုက်နေကြတာတွေ့ရတော့ စိတ်ထဲမှာ တော်တော်ကို ခံရခက်ပါတယ်။ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုက ကိုယ့်တန်ဖိုးကိုယ်ချသလို ဖြစ်နေတာ၊ တစ်ဖက်သားရဲ့အမြင်မှာလည်း အထင်သေးစရာဖြစ်တာ၊ နောက်ဆက်တွဲ အန္တရာယ်တွေကို ဖိတ်ခေါ်သလို ဖြစ်နိုင်တာတွေကို စဉ်းစားကြသင့်ပါ တယ်"ဟု ကိုယ်တိုင်တွေ့မြင်ခဲ့သူ ကျောက်မြောင်းမှ မလင်းလင်းက သုံးသပ်ပါသည်။
ရှက်စရာကို မရှက်တာနဲ့ ဂုဏ်ယူစရာ မဟုတ်တာကို ဂုဏ်ယူနေတာ သင်္ကြန်ကာလအတွင်း မြန်မာ အမျိုးသမီးငယ်များ အနေဖြင့် ယင်းသို့ သရုပ်ပျက် ၀တ်စားဆင်ယင်ခဲ့ကြရာ၌ အချို့မှာ အတွင်းခံ အ၀တ်အစားများသာ ၀တ်ဆင်ထားသည်အထိ လွန်ကျူးစွာ ၀တ်ဆင်ခဲ့ကြပြီး ယင်းသို့ဝတ်ဆင်သူများထဲတွင် မင်းသမီးငယ်အချို့သည်လည်း ပါဝင်ခဲ့ သည်။ "ဒီသင်္ကြန်မှာတွေ့ရတဲ့ မိန်းကလေးတွေအများစုကတော့ ရှက်စရာကို ရှက်ရကောင်းမှန်းမသိသလို ဂုဏ်မယူသင့်တာကိုလည်း ဂုဏ်ယူနေကြပုံပါပဲ။ ကိုယ့်ရဲ့ဝတ်ဆင်မှုအရ ကိုယ့်ကိုတစ်ဖက်သား အထင်အမြင် သေးနိုင်တာကို ထည့်မတွက်ဘဲ ဒါဟာပေါ်ပြူလာဖြစ်တဲ့ အလုပ်တစ်ခု၊ ဂုဏ်ယူစရာတစ်ခုလို့ တွေးနေကြပုံရတယ်။ ဒီလို အဖြစ်အပျက်တွေ ရှိလာတာဟာ ဖောဖောသီသီ ၀ယ်လို့ရနေ တဲ့ နိုင်ငံခြားခိုးကူးခွေတွေရယ်၊ လူငယ်ထုကြားမှာ လွှမ်းမိုးထားတဲ့ ကိုရီးယားယဉ်ကျေးမှုရယ်၊ အင်တာနက် အသုံးပြုမှုတွေရဲ့ နောက်ဆက် တွဲဂယက်လို့ပဲ ဆိုလို့ရပါတယ်။ သရုပ်ပျက် ၀တ်ဆင်ခဲ့ကြတဲ့သူတွေထဲ မှာ ဆယ်ကျော်သက် မိန်းကလေးတွေလည်း ပါဝင်ခဲ့တာကြောင့် မိဘတွေ ရဲ့ အုပ်ထိန်းဆုံးမမှုကလည်း အရေးပါတယ်ဆိုတာ စဉ်းစားစရာဖြစ်လာပါ ပြီ။ ကိုယ့်သမီး မဏ္ဍပ်သွားတယ်ဆိုရင် ဘာဝတ်သွားလဲ၊ ၀တ်သွားတဲ့ အ၀တ်အစားက ကိုယ့်သားသမီးရဲ့ ဂုဏ်သိက္ခာနဲ့ အန္တရာယ်ကို လုံခြုံစေရဲ့ လား၊ ၀တ်ထားတဲ့ အ၀တ်အစားက ရေစိုရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတာတွေအထိ ကြပ်ကြပ်မတ်မတ် ဆုံးမဖို့တော့ လိုမယ်ထင်ပါတယ်"ဟု ဗဟန်း မြို့နယ်တွင် နေထိုင်သူ မိခင်တစ်ဦး ဖြစ်သူ မစိုးစိုးခိုင်က ဆိုသည်။ "မဏ္ဍပ်တွေမှာ စီစီတီဗီ ကင်မရာတွေတပ်ဆင်ထားပါတယ်။ အဲဒီ ကင်မရာထားတဲ့ အဓိက ရည်ရွယ်ချက်က အကြမ်းဖက်မယ့်သူတွေကို စောင့်ကြည့်နိုင်ဖို့ပဲလား၊ မသင်္ကာ စရာသူကို ပြန်လည်ရှာဖွေနိုင်ဖို့ပဲလား။ ဒါမှမဟုတ် ဒီထဲမှာ ရိုက်ကူးထားတဲ့ သူတွေရဲ့ပုံတွေကရော ပြန်ပြီး မပျံ့နိုင်ဘူးလား။ တွေးစရာတွေကတော့ အများကြီးပါပဲ။ အခုလိုပုံစံ အမျိုးမျိုးနဲ့ အင်တာနက်ပေါ်ရောက် သွားနိုင်တဲ့အချိန်မျိုးမှာ မြန်မာမိန်းကလေးတွေနဲ့ မင်းသမီးတချို့ ဒီလို ၀တ်ဆင်ခဲ့ကြတာက ဒါဟာ ထင်ပေါ်ကျော်ကြားစေတဲ့ နည်းတစ်ခုလို့ ယူဆလို့ပဲလား ဆိုတာလောက်အထိ တွေးစရာဖြစ်လာပါပြီ"ဟု ကမာရွတ် မြို့နယ်တွင် နေထိုင်သူမအိအိက သုံးသပ်ပါသည်။ အနုပညာရှင်ဆိုတာ အများအတုယူသူမို့ ပိုမိုသတိထားသင့် သင်္ကြန်ကာလအတွင်း သရုပ်ပျက်ဝတ်စားဆင်ယင်ခဲ့ကြသူများ တွင် လူငယ်သရုပ်ဆောင် အချို့လည်း ပါဝင်ခဲ့ပြီး အများသိပြီး သူများဖြစ်သည့်အတွက် ၎င်းတို့၏ဓာတ်ပုံများမှာလည်း အင်တာနက်စာမျက်နှာ များထက်နှင့် facebook ပေါ်တွင် ပျံ့နှံ့နေခဲ့သည်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက "ယဉ်ကျေးမှု လှိုင်းတွေ ရိုက်ခတ်လာတဲ့အချိန်မှာ လူတွေရဲ့ ဆင်ခြင်တုံတရား ကိုယ်ခံစွမ်းအားတွေ အဆင်သင့် မဖြစ်သေးတော့ လူးကြလိမ့်ကြ ဖြစ်တာပေါ့လေ။ အဲဒီထဲမှာ လူသိများတဲ့ ထင်ပေါ် ကျော်ကြားတဲ့သူတွေ ဖြစ်နေတော့ ပိုပြီး ထင်ရှားတာပေါ့။ ရုပ်ရှင်အစည်းအရုံး ဆိုတာကတော့ အာဏာပိုင်အဖွဲ့ အစည်းတစ်ခု မဟုတ်ဘဲ NGO ဖြစ်နေတဲ့အတွက် အဲဒီလိုဝတ်ဆင်ခဲ့တဲ့ သူတွေကို ခေါ်ယူ အသိပေးဆွေးနွေးမယ်၊ သတိပေးဆုံးမမယ် ဆိုတာမျိုး တွေပဲ လုပ်ရမှာပါ။ အဓိကတော့ ဒါကတစ်ဦးချင်းရဲ့ ကျင့်ဝတ်စောင့်ထိန်းခြင်းနဲ့ပဲ သက်ဆိုင်နေတယ်လေ။ ဒီတော့ ဒီလိုဝတ်ဆင်ခြင်းဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး၊ အဓိကတော့ အနုပညာရှင်ဆိုတာ ပရိသတ်ရှိပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်အားဖြင့် ပရိသတ် က အပြစ်ပေးခြင်း၊ ဒဏ်ခတ်ခြင်းဆိုတာကတော့ ရှိလာမှာပါ။ ဒီအခါမှာတော့ ဒါကရှောင်ကြဉ်စရာပါလား ဆိုတာသိလာမယ်လို့ ယူဆပါတယ်" ဟု ရှင်းပြခဲ့သည်။ "သင်္ကြန်ဆိုတဲ့ အချိန်ကတော့ ခေတ်နဲ့အညီလေး ၀တ်ဆင်ကြတဲ့ အချိန်ဆိုတော့ အနုပညာရှင်တွေအနေနဲ့ လည်း အခွင့်ကောင်းတစ်ခုအဖြစ် ခေတ်နောက်ကိုလိုက်ပြီး ၀တ်ဆင်ကြတယ်လို့ မြင်ပါတယ်။ အသက်အရွယ် အရနဲ့ အခြေအနေ အချိန်အခါအရလည်း အခုလိုမျိုး ဖြစ်သွားတာ ပါပါ လိမ့်မယ်။ အရမ်းတော့ စိတ်ပူစရာမလိုဘူးလို့ ထင်ပါတယ်"ဟု သရုပ်ဆောင် ဆွေဇင်ထိုက်က သူ၏အမြင်အား ပြောဆိုပါသည်။ မိန်းကလေးတွေ ဘီယာသောက်တာ ဖက်ရှင်လား ယခုနှစ်သင်္ကြန်ကာလတွင် မဏ္ဍပ်များ၌ ရေကစားထွက်သူ မိန်းကလေးငယ်များ၊ ရေပက်ခံထွက်သူ မိန်းကလေးငယ်များနှင့် လမ်းလျှောက် ရေပက်ခံသူ မိန်းကလေးအများစုပါ ဘီယာသောက်ခဲ့ကြသည်ကို တွေ့မြင်ရပြီး ဖက်ရှင်တစ်ခုအသွင်ဖြင့် သောက်သူလည်း များပြားခဲ့ကို တွေ့ မြင်ရသည်။ ပုံမှန်သောက်သုံးလေ့ရှိသူ မဟုတ်ခြင်း၊ ကိုယ်ခံစွမ်းအားချင်း နှိုင်းယှဉ်ပါကလည်း မိန်းကလေးမှာ ယောက်ျားလေးထက် နည်းပါးခြင်းကြောင့် ယခုနှစ်သင်္ကြန်တွင် အမူးလွန်သူ မိန်းကလေးများလည်း ရှိလာခဲ့ကာ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်း မရှိတော့ခြင်း၊ အရှက်အကြောက် တရားများ နည်းပါးသွားခြင်းများကိုပါ တွေ့မြင်လာခဲ့ရသည်။ "အခုနှစ် သင်္ကြန်မှာ ကောင်မလေးတွေ တော်တော်များများက ဘီယာဗူးတွေကိုင်ပြီး သောက်နေကြတာကို တွေ့ရတယ်။ ဘီယာသောက်တာကို ဖက်ရှင်တစ်ခု ပုံစံမျိုး ကျင့်သုံးလာကြတယ်။ တော်တော်လေးကို လွဲမှားတဲ့အယူအဆလို့ ဆိုနိုင်သလို အန္တရာယ်လည်း များပါတယ်။ ဘီယာမူးသွားဖို့ဆိုတာကလည်း ယောက်ျားလေးတစ်ယောက် ထက်ကို ပိုပြီးမြန်ဆန်နိုင်ပါတယ်။ အဲဒီရဲ့နောက်ဆက်တွဲ အနေနဲ့တော့ ဆင်ခြင်တုံတရား၊ အရှက်အကြောက် တရားဆိုတာတွေပါ ပျောက်ဆုံးသွားနိုင်ပါတယ်"ဟု လသာမြို့နယ်တွင် နေထိုင်သူ မိခင်တစ်ဦး ဖြစ်သည့် မမိုးမိုးအောင်က ဆိုပါသည်။ ယခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်အချို့၌ မိန်းကလေးများသည် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများသာမက အနောက်တိုင်း အကများကိုလည်း လွန်ကျူးစွာ ကခုန်ခဲ့သည်များ ရှိခဲ့ပြီး အဆိုပါ မိန်းကလေးများတွင် အချို့မှာ လုပ်ငန်းသဘောတစ်ခုအဖြစ် မဏ္ဍပ်မှ ငှားရမ်းထားသူများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ အချို့မှာ ကာယိနြေ္ဒကို စော်ကားရန် ကြံရွယ်ချက်ဖြင့် ပြောဆိုခြင်း၊ ကိုယ်အမူအရာပြခြင်းများ ပြုလုပ်သည့် အမျိုးသား အမျိုးသမီးများလည်း ရှိခဲ့ကြောင်း ရေကစားသူ များထံမှ သိရသည်။ "တချို့မဏ္ဍပ်တွေမှာ ကနေတဲ့ မိန်းကလေးတချို့က တော်တော်လေး ဆိုးကြတယ်။ အဲဒီတချို့ကမဏ္ဍပ်က သူတို့မဏ္ဍပ်စည်အောင် ဆိုတဲ့သဘောနဲ့ အလုပ်သဘော ငှားထားတာမျိုးတွေ ပါတယ်။ ဒီတော့ကကြတဲ့ မိန်းကလေး တွေကလည်း သူတို့အလုပ်သဘော သူတို့ပေါ့လေ။ ဒါပေမယ့် အဲဒါမျိုးတွေ ရှိနေတဲ့ အခါကျတော့ မိကောင်း ဖခင် သားသမီးလေးတွေ ဖြစ်ပေမယ့် ခေတ်လွန် ၀တ်စားထားကြတဲ့ မိန်းကလေးတွေကိုပါ အုတ်ရောရော ကျောက်ရောရော အထင်ခံစရာဖြစ်နိုင်တယ်" ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူ ကိုကျော်မိုးက သုံးသပ်ခဲ့သည်။ မလုံ့တလုံ ၀တ်ဆင်ခြင်းဖြင့် ဥပဒေအရ အရေးယူခံရနိုင် သင်္ကြန်ကာလတွင် ညစ်ညမ်းသော ပြုလုပ်ခြင်းများဖြစ်သည့် မလုံ့ တလုံ ၀တ်စားဆင်ယင်မှုများ၊ ထိုသို့ ၀တ်စားဆင်ယင်ကာ ညစ်ညမ်းသော အမူအရာပြုလုပ်ခြင်းများသည် ရာဇ၀တ်မှုပင် မြောက်နိုင်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄(က) အရပြစ်မှု ထင်ရှားစီရင်ခြင်း ခံရပါက ထောင်ဒဏ် သုံးလအထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ (က)တွင် ပြဌာန်းထားသည်မှာ မည်သူမဆိုအခြားသူများ စိတ်ငြိုငြင်အောင် အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ညစ်ညမ်းသော ပြုလုပ်မှုတစ်ခုခုကိုပြုလျှင် ထိုသူကိုသုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ Eleven Media Group အင်တာနက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါသညည်။ Eleven Media Group | ||
| ကြော်ငြာများ လက်ခံနေပါပြီ - Accpetted Advertisements Posted: 22 Apr 2012 07:27 PM PDT we offer; 1. 200 x 200 Pixels Sponsorship Large Squares 2. 200 x 400 Pixels Sponsorship Medium Squares 3. 200 x 600 Pixels Sponsorship Small Squares Please contact directly at "thithtoolwin9@gmail.com" for pricing and additional space information. ကြော်ငြာများ လက်ခံနေပါပြီ သင့်ရဲ့ ၀က်ဆိုက် (Wedsite) နဲ့ ကုန်ပစ္စည်း (Product) ကြော်ငြာတွေကို "http://www.thithtoolwin.com" မှာ ထည့်သွင်းကြော်ငြာ ချင်တယ်ဆိုရင် "thithtoolwin9@gmail.com" သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။ Thank you very much for your interest! Admin http://www.thithtoolwin.com Team http://www.thithtoolwin.com/ 2012 Mar 23 - Apr 21 | ||
| Posted: 22 Apr 2012 05:21 PM PDT ရန်ကုန်တိုင်း သုံးခွမြို့နယ်အတွင်းမှာ သိုလှောင်ထားတဲ့ ကန်ရေတွေ ခမ်းခြောက်ကုန်လို့ ရေရှားပါးလာနေပြီး ရှိတဲ့ရေအနည်းငယ်ကိုပဲ ၀ိုင်းဝန်း အသုံးပြုနေကြရာမှာ ရေမသန့်ရှင်းမှုတွေကြောင့် ၀မ်းပျက်ဝမ်းလျောရောဂါ အတော်များများ ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့ ကစပြီး ဖြစ်ပွားနေတာလို့သုံးခွမြို့နယ်အတွင်း လူမှုရေးအကူအညီတွေ ဆောင်ရွက်ပေးနေသူတစ်ဦး ကပြောပါတယ်။ "ဒီ တစ်မိုးတွင်းလုံး မိုးရေတွေခံထားတဲ့ ရေကန်ကြီးတွေရှိတယ်၊ သံဆူးကြိုးတွေ ဘာတွေ ခတ်ထားတာလည်းမရှိဘူး၊ ဘေး အုတ်တံတိုင်း ကာရံခြင်းလည်းမရှိဘူး၊ လူတွေကလည်း ကန်ဘောင်ပေါ်ကို ဖိနပ်တွေနဲ့သွားတယ်၊ တိရိစ္ဆာန်တွေကလည်း ကျွဲတွေ နွားတွေ ၀က်တွေကလည်း တက်တယ်၊ ရေနည်းသွားတဲ့အချိန်မှာ ဖြစ်တာ။ ဖြစ်နေတာက ကျနော်တို့ အခု သုံးရပ်ကွက်က ကလေးတစ်ယောက်ဆိုရင် တော်တော် မျက်ဖြူလန်နေတာ၊ နောက်တခါကျတော့ ၁၂ ရပ်ကွက်ဆိုရင် ၁၃ ယောက်၊ ၇ ရပ်ကွက်ဆိုရင် ၈ ယောက်၊ အဲ့လိုမျိုးတွေပေါ့နော်၊ ၃၈ ယောက်ဗျ ကျနော်တို့ အခု စာရင်းယူထားတာတွေ၊ ကိုယ်မိသားစု ဆရာဝန်နဲ့ ကိုယ်နည်းကိုယ့်ဟန်နဲ့ ကုနေတဲ့လူတွေလည်း ရှိပါတယ်။" ၀မ်းပျက် ၀မ်းလျောရောဂါဖြစ်ပွားနေသူတွေဟာ နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေမှာ ကုသနေကြရပြီး ဒီရောဂါကြောင့် သေဆုံးသူတွေ မရှိသေးဘူးလို့လည်း ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သုံးခွမြို့နယ် ပြည်သူ့ဆေးရုံကို ဆက်သွယ်မေးမြန်း ကြည့်ရာ တာဝန်ကျ ဆရာမ တစ်ဦးက ရောဂါဖြစ်ပွားတဲ့ နေရာတွေကို ပိုးသတ်ဆေးတွေ လိုက်လံပတ်ဖြန်းပေးနေပြီး ကျန်းမာရေး အသိပညာပေးတွေလည်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ "ဟုတ်ပါတယ်၊ ဆိုးဆိုးဝါးဝါးတော့ မဟုတ်ဘူးပေါ့။ ၀မ်းဖြစ်လိုက်တဲ့ လူနာထဲမှာတော့ ပိုးရှိတဲ့နေရာတွေတော့ ကျမတို့ ကွင်းဆင်းထားတာတော့ ရှိတယ်၊ ဒါပေမယ့် ထပ်ဖြစ်တာတော့ မရှိဘူး၊ ဆေးရုံတက်လူနာလည်း ၂ ယောက်ပဲ ရှိတယ်၊ ကျမတို့ကတော့ ကျမတို့လုပ်ရမည့်ဟာတွေတော့ အကုန်လုပ်ပေးနေပါတယ်၊ ဆေးခပ်တာတိ့၊ ကျန်းမာရေး ပညာပေးတာတို့။" သောက်သုံးရေ အသုံးပြုနိုင်ဖို့ သုံးခွမြို့နယ်အတွင်းမှာ ရပ်ကွက်ကျေးရွာ အလိုက် ရေကန်ကြီးတွေတူးဖော်ထားပါတယ်။ အဲဒီကန်တွေထဲကို မိုးရာသီကာလမှာ မိုးရေတွေခံယူပြီးတော့ တစ်နှစ်ပတ်လုံး ရပ်ကွက်သူ ရပ်ကွက်သားတွေက အသုံးပြုနေကြရတာဖြစ်သလို နှစ်စဉ် အခုလို ၀မ်းပျက် ၀မ်းလျောရောဂါဖြစ်ပွားမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ RFA | ||
| Posted: 22 Apr 2012 05:17 PM PDT ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်း နဲ့အဖွဲ့ဟာ နော်ဝေးနိုင်ငံကို သွားရောက်ခဲ့ပြီး အပြန်မှာ KNPP အဖွဲ့က ခူးဦးရယ် ခေါင်းဆောင်တဲ့ ၇ ဦးပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က ညနေ ၃ နာရီမှာ ၂ နာရီခွဲကြာ အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။ နှစ်ဖက်ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ KNPP ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ခူးဦးရယ် က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။ "ကျနော်တို့ အရင်က ဆွေးနွေးခဲ့တဲ့ အကြောင်းအချက်တွေနဲ့ ပတ်သက်ပြီး သမ္မတ ဆီ ယူသွားပါဆိုတော့ သမ္မတ ကများ ဘာအတွေ့အကြုံများ ပြောလိုက်သလဲ။ တချက်ချင်းကို ဘယ်လိုများ သမ္မတ က မိန့်မှာလိုက်သလဲ ဆိုတာကို ကျနော်တို့ သူ့ကို မေးတာ မြန်းတာ အလွတ်သဘောပါပဲ။ သဘောတူညီမှုရပြီး နောက်ပိုင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေ ပတ်သက်ပြီးတော့ ဘာတွေများ ဖြစ်ပျက်ခဲ့သလဲပေါ့၊ နောက် အဲ့ဒါလေးတွေပဲ ကျနော်တို့ တစ်ယောက်ကို တစ်ယောက် အပ်ပဒိတ် လုပ်တဲ့သဘောပါပဲ၊ နောက် ပြည်တောင်စု အဆင့်ကို သွားဖို့အတွက် ဘယ်အချိန်များ နှစ်ဖက်စလုံးအတွက် အဆင်ပြေနိုင်မလဲဆိုတဲ့ အချိန်လေးကိုပဲ ကျနော်တို့ ညှိကြတာပါ။ ဒါပေမယ့် သဘောတူညီတဲ့ အဆင့်တော့ မရောက်နိုင်သေးဘူး၊" လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ မတ်လဆန်းက အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့စဉ်က KNPP ဖက်ကနေ အချက် ၂၀ တင်ပြတောင်းဆို ထားပြီး အဲ့ဒီထဲက အချက် ၄ ချက်ကို သဘောမတူ ဖြစ်ခဲ့တာကြောင့် သမ္မတ ဦးသိန်းစိန်ထံ တင်ပြပြီးမှ အကြောင်းပြန်မယ်လို့ ၀န်ကြီး ဦးအောင်မင်း တို့ဘက်က ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်နဲ့ဆက်ဆွေးနွေးနိုင်ဖို့ကိုတော့ KNPP ဘက်က မေလထဲမှာတွေ့ဆုံဖို့ တင်ပြခဲ့ပေမယ့် ၀န်ကြီး ဦးအောင်မင်းက တခြား တိုင်းရင်းသားအဖွဲ့တွေ မွန်၊ ကရင်၊ စတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိနေသေးသလို လွတ်တော်တက်ရောက်ဖို့လည်းရှိနေတဲ့အတွက် မအားလပ်သေးကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ RFA | ||
| ဆူးလေ ဘားလမ်းတွင် လမ်းဘေးဈေးသည်များကို လိုက်လံဖမ်းဆီး Posted: 22 Apr 2012 05:12 PM PDT ![]() ဧပြီလ ၂၂ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်တွင် သတင်းပေးသူတစ်ဦး၏ သတင်းပေးချက်အရ ဖမ်းဆီးရေး ကားတွေ့ရသည်ဟု ပြောဆိုလာသဖြင့် သွားရောက်စုံစမ်းရာ ဆုးလေ ဘားလမ်းတွင် လမ်းဘေး ဈေးသည် များကို ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။ ရောက်ရှိသွားချိန်တွင် ဘာလမ်းတစ်ခုလုံး ရှင်းလင်းနေပြီး ဈေးသည်ကြီးတစ်ဦး ငိုနေသည်ကိုတွေ့ရ၍ ဖမ်းဆီးခေါ်ဆောင်သွားသည်များရှိကြောင်း ဈေးဗန်းများကို သိမ်းဆည်းသွားသည်များလည်း ရှိကြောင်း ဈေးသည်တစ်ဦးမှပြောသည်။ အဆိုပါငိုနေသောဈေးအဒေါ်ကြီးကိုမေးမြန်းကြည့်ရာ`အန်တီနာမည်က ဒေါ်တင်မြင့်။ သာကေတကပါ။ ပိုက်ဆံမပေးလို့ဆိုပြီး လာဖမ်းတာ။ တွန်းလှည်းတွေရော ခုံတွေရော နှစ်ရက်စက်တိုက် အဖမ်းခံရတယ်။ အခြား ဈေးသည်တွေလည်း အဖမ်းခံရတယ်။ အန်တီက နှစ်သိန်းဖိုးလောက်တော့ ပါသွားတယ်။ မိသားစု (၇) ယောက်ရှိတယ်။ မုဆိုးမပါ။ ဒီနေ့ရော သောကြာနေ့ရော။ရက်စက်လိုက်တာ။ ပစ္စည်းတွေပါ အကုန်မသွားတယ်´ ဟုပြောပြသည်။ ![]() အခြားအနီးဝန်းကျင်မှ တစ်ဦးပြောပြတာကတော့`အခြားသူတွေလည်းပါတယ်။ သူကတော့ အသိမ်းခံရတာများ တာပေါ့။ ၄ ဦးလောက်တော့ ပါသွားတယ်။ မနေ့ကသုံးဦး´ လို့ပြောပါတယ်။ ထိုသို့မေးမြန်းနေစဉ် ဖမ်းဆီးရေးကား ဖြတ်သွားသည်ကို မြင်တွေ့လိုက်ရ၍ ကားပေါ်တွင် ဖမ်းဆီးခေါ်ဆောင် သွားသူ တစ်ဦးကို မြင်တွေ့လိုက်ရသည်။ ဈေးသည်များမှာလည်း ကားတွေ့သည်နှင့်သပစ္စည်များ အထိတ်တလန့် အပြေးအလွှားသိမ်းဆည်းနေကြသည်ကို မြင်တွေ့ရသည်။ Hot News | ||
| ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် စာရင်းဝင် ၅ ဦး Posted: 22 Apr 2012 04:18 PM PDT အဆိုပါဆုအတွက် လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့၏ အမည်စာရင်းများတင်သွင်းခြင်းကို မတ်လ ၃၁ ရက်နေ့အထိ လက်ခံခဲ့ရာ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၃၃ ဦးအား အဆိုပြုခဲ့ပါသည်။ ဧပြီလ ၁၆ ရက်နေ့တွင် ယင်းတို့အနက် ၂၀ ဦးကို ဂုဏ်ပြုပွဲအခမ်းအနားများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက ပဏာမ ရွေးချယ်ခဲ့ပါသည်။ ထိုပဏာမ အမည်စာရင်းမှ ဆန်ခါတင် ၅ ဦးကို အမေရိကန်ပြည်ထောင်စုအတွင်းနှင့် ပြည်ပနိုင်ငံများရှိ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင်များနေထိုင်ရာ မြို့အသီးသီးက ဧပြီလ ၂၂ ရက် ရက်နေ့တွင် ရွေးချယ်ခဲ့ကြပြီး စုစုပေါင်း ဆန္ဒမဲအများဆုံးရရှိသူ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ပြည်သူ့ဂုဏ်ရည်ဆုအတွက် အင်တာနက်မှ ဆန္ဒပြု ရွေးချယ်ခြင်းမပြုမီ ဆန္ဒပြုကြမည့် ပြည်တွင်းပြည်ပရှိ မိသားစုအသိုင်းအဝိုင်းများအနေဖြင့် ဆန်ခါတင်စာရင်းဝင် ၅ ဦး/ဖွဲ့၏ လုပ်ဆောင်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်ရန်အတွက် ဆန္ဒမဲ စတင်ပေးရမည့်နေ့ကို ယခင် စီစဉ်သတ်မှတ်ထားသော 'နောက်ဆုံးဆန်ခါတင် ငါးဦး/ဖွဲ့ကို သတ်မှတ်ကြေညာပြီးချိန်မှ ခုနစ်ရက်အတွင်း' အစား မေလ ၁၂ ရက်သို့ ပြောင်းရွှေ့လိုက်ပါသည်။ သို့ပါ၍ အထက်ဖော်ပြပါ ဆန်ခါတင် ၅ ဦး/ဖွဲ့၏ အမည်စာရင်းကို အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းစံတော်ချိန် မေလ ၁၁ ရက် (သောကြာနေ့) ည ၁၂ နာရီ မှ မေလ ၂၅ ရက် (သောကြာနေ့) ည ၁၂ နာရီအထိ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် အများပြည်သူ၏ ဆန္ဒမဲ ကောက်ခံသွားမည်ဖြစ်ပါသည်။ ဆန္ဒမဲအများဆုံး ရရှိသူကို မေလ ၂၇ ရက်နေ့ ဂုဏ်ပြုပွဲအခမ်းအနား၌ ကြေညာ၍ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ပါသည်။ ။ တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ | ||
| We Generationလူမှုရေးအဖွဲ့ အား ဘုရားသန့်ရှင်းရေး မလုပ်ရန်တားမြစ် Posted: 22 Apr 2012 09:40 AM PDT လှိုင်သာယာမြို့နယ်၊အောင်မြေသာယာဘုရားဂေါပကအတွင်းရေးမှူး၊ပြည်ခိုင်ဖြိုး ပါတီဝင်ဖြစ်သူမှဘုရားသန်းရှင်းရေးလုပ်ကိုင်နေသော We Generationလူမှုရေးအဖွဲ့ အား ၄င်းအဖွဲ့၏တူညီဝတ်စုံအားဝတ်ဆင်ပြီးဘုရားသန့်ရှင်းရေး မလုပ်ရန်နှင့် ၄င်းအဖွဲ့ အမည် We Generationအားပြောင်းလဲရန်တားမြစ်ဟန့်တားခဲ့ကြောင်း သိရပါသည်။ အခြားသောဂေါပကအဖွဲဝင် လူကြီးများနှင့်မြို့ခံလူထုက အောင်မြေသာယာဘုရား အား We Generation အဖွဲ့မှ ထိုသို့သန့်ရှင်းရေး လုပ်ဆောင်ခြင်း အလွန်သဘော ကျနှစ်ခြိုက်သော်လည်း အဆိုပါပြည်ခိုင်ဖြိုးပါတီဝင်ဘုရား ဂေါပကအတွင်းရေးမှူး တစ်ဦးတည်းကသာ ဟန့်တားနှောက်ယှက်ခဲ့ကြောင်းသိရပါသည်။ အဆိုပါ We Generation အဖွဲ့အား ဗကသ ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်နှင့်လှိုင်သာယာမြို့ခံလူငယ်များမှ သာရေး၊နာရေး၊ လူမှုရေး လုပ်ငန်းများလုပ်ဆောင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ We Generation အဖွဲ့မှ လှိုင်သာယာမြို့နယ်၊ အောင်မြေသာယာဘုရားတွင် နှစ်ဆန်းတစ်ရက်နေ့မှစတင်ကာ တနင်္ဂနွေနေ့တိုင်း ဘုရားသန့်ရှင်းရေးနှင့် ရောင်တော်ဖွင့်ခြင်းကုသိုလ်ပြုလုပ်ကိုင်ခြင်းဖြစ်သည်။ ယခုအချိန်သည် နိုင်ငံတော် သမ္မတကိုယ်တိုင် အရပ်ဖက်လူအဖွဲ့အစည်းများ ပေါ်ပေါက်လာရန် အတိအလင်းအားပေး နေချိန်ဖြစ်ပြီး ၊မြို့ခံလူထုက လူငယ်များ၏ သာသနာရေးလုပ်ရပ်အားကြည်နူးပီတိဖြစ်နေချိန်တွင် အဆိုပါပြည်ခိုင်ဖြိုး ပါတီဝင်သည် သာသနာအရေခြုံကာ ထိုသို့ဟန့်တား ခြင်းမှာမသင့်တော်သောလုပ်ရပ်ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီနှင့် သာသနာရေးဝန်ကြီးဌာနအနေနှင့် အထက်ပါ ပါတီဝင်ကာဘာသာရေးခုတုံးလုပ်နေ သူအားထိရောက်စွာအရေးယူသင့်သည်ဟု We Generation အဖွဲ့မှ ပြောကြားပါသည်။ Myanmar News Now |
| You are subscribed to email updates from သစ်ထူးလွင် Myanmar News Now To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
--
\\\ ///
/ \
| \\ // |
( | (.) (.) | )
---------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►
======ஜ۩۞۩ஜ=======
-------------ooo0---------------------------------
( ) 0ooo
\ ( ( )
\_) ) /
(_/
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
























