ဝေါမြို့မှ ဥက္ကဌ မတရားအနိုင်ကျင့်နေ (ပေးစာ)
ဝေါမြို့ရှိ ခေတ်ဦး ဂိမ်းဆိုင်ရှေ့ရှိ ရေကစားမဏ္ဍပ်တွင် နှစ်သစ်ကူး သင်္ကြန်ရေကစားရာမှ ဝေါမြို့ မ.ရ.က ဥက္ကဌ၏ သားနှင့် ရပ်ကွက်ထဲမှ လူငယ်တဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။ ခိုက်ရန်ဖြစ်ပွားနေစဉ် အဆိုပါလူငယ်၏ အကိုမှာ ဥက္ကဌ သားကို ဝင်ရောက်ထိုးကြိတ်ခဲ့တဲ့အတွက် အကိုဖြစ်သူကို ဝေါမြို့ ရဲစခန်းမှ ထိန်းသိမ်းထားလိုက်ပါတယ်။ မ.ရ.က ဥက္ကဌ သားနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့် လူငယ်မှာ အကို ၄ ဦးရှိပြီး နောက်ထပ်အကိုဖြစ်သူ ကိုထူးပိုင်ကို ဥက္ကဌ ဦးဆောင်သည့်အဖွဲ့မှ မဏ္ဍပ်ထဲအထိ ဝင်ရောက်ထိုးကြိတ်ခဲ့ပြီး ထူးပိုင်နှင့် အတူရှိနေသည့် အမျိုးသမီးတဦးပါ ဆေးရုံတင်ရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။ ဆေးရုံတင်ထားရသည့် အမျိုးသမီး၏ မိသားစုမှ တရားစွဲထားပြီး အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ အချုပ်ထဲမှာ ထည့်ထားသည့် ကိုဌေးဝင်းကို နောက်တခါ ရန်ဖြစ်ရင် တနှစ် အချုပ်ကျခံရမယ်ဆိုတဲ့ အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့သော်လည်း မ.ရ.က ဥက္ကဌမှ မကျေနပ်သောကြောင့် ထပ်မံခိုက်ရန်ဖြစ်ပွားအောင် စီမံပြီး အချုပ်ထဲ ထည့်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ မ.ရ.က ဥက္ကဌ ဒီကိစ္စမှာ တော်တော်လွန်တယ် တမြို့လုံးက ပြောနေကြပြီး ကျွန်တော့် အမြင်ဆိုရင်လဲ သူတို့ အရမ်းလွန်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့သားနဲ့ ရန်ဖြစ်လို့ ကျွန်တော်တို့ ဘက်က လွန်လို အချုပ်ထဲ ၀င်သွားပေးပြီးပြီလေ သူကျေနပ်သင့်တာပေါ့။သူ့မှာ အာဏာရှိတယ်ဆိုပြီး သူ့က သတ်သတ်မဲ့ ကိုထူးပိုင်ကို လာပြန်ထိုးတာ တစ်ကယ် တော့ သူ့လဲ မ.ရ.က ဥက္ကဌ ပဲ သူလုပ်သင့် မလုပ်သင့် စဉ်းစားရမှာပေါ့။ အခု ဥက္ကဌ ဦးဆောင်သည့်အဖွဲ့မှ ထိုးကြိတ်တာကြောင့် ဆေးရုံတင်ရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ အမျိုးသမီး၏အဖေမှာ ရဲဝန်ထမ်း တဦးဖြစ်ပြီး အခုအမှုကိစ္စမှာလဲ မပြီးသေးတဲ့အတွက် နောက်ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဝေါမြို့တမြို့လုံးမှ ပြည်သူတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
အမှန်တရားလိုလားသူ
ဝေါမြို့ခံတစ်ဦး …
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
