[mrsorcerer:23991] ဘယ်တော့ရပ်ရမလဲ? | A New Post from Your Life Success: A Personal Development Blog : Happiness, Success & Useful Tips for YOUR Life ...

ဘယ်တော့ရပ်ရမလဲ?

စန္ဒရား စသင်တယ်ဆိုပါစို့။ သင်နေရင်းနဲ့ စဉ်းစားမိတယ် " စန္ဒရားတီး သင်ရာတာ ခက်လိုက်တာ၊ စန္ဒရား သင်မယ့်အစား စည်းဝါးခေါက် သံချောင်းကို အတီးသင်ရတာမှ လွယ်ဦးမယ် " လို့ သင့်စိတ်ထဲမှာ ဖြစ်လာမိမယ်။

ဒါမှမဟုတ် အိမ်ခြံမြေ အရောင်းအ၀ယ်လုပ်ငန်းကို သင်လုပ်ကြည့်တယ်။ ဒါပေမဲ့ လုပ်ငန်းတွေက အဆင်မပြေဘူး။

" ဒီလုပ်ငန်းကို ငါ ရပ်ပစ်ပြီး တစ်ခုခု ပြောင်းလုပ်ရင် ကောင်းမလား "

ရပ်ပစ်ဖို့ အကောင်းဆုံး အချိန်ကတော့ သင့်အနေနဲ့ အောင်မြင်မှုရပြီးမှ ရပ်ပစ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

ဘာကြောင့်လဲ။ အောင်မြင်မှုဆိုတာ ပင်ကိုစွမ်းရည်ထက် ဇွဲကောင်းကောင်းနဲ့ လုပ်တာက အဓိကကျပါတယ်။ ကျင့်သားရလာရင် သင့်အနေနဲ့ လုပ်စရာ အတော်များများကို အတော်လေး ကောင်းအောင် လုပ်နိုင်ဖွယ်ရှိပါတယ်။ ကျွမ်းကျင်သူတစ်ယောက်လိုတော့ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမဲ့ လက်ခံနိုင်ဖွယ် ရှိလောက်အောင် ကောင်းလာမှာပါ။ တစ်ခုခုကို လက်ခံနိုင်ဖွယ် ကောင်းလောက်အောင် မလုပ်နိုင်မချင်း ပျော်စရာ ကောင်းမှန်း သိဦးမှာ မဟုတ်ပါဘူး။

စန္ဒရားနဲ့ သီချင်းတစ်ဒါဇင်လောက် မတီးနိုင်မချင်း ရင်ခုန်စရာ ဘယ်လောက်ကောင်းမှန်း သိဦးမှာ မဟုတ်ပါဘူး။

အိမ်ခြံမြေ နှစ်ဆယ်လောက် မရောင်းရမချင်း အောင်မြင်တဲ့အရောင်းသမားဘ၀ဟာ အလုပ်မဖြစ်တဲ့အရောင်းသမားထက် ပိုပျော်စရာကောင်းမှန်း သိဦးမှာ မဟုတ်ဘူး။

ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ တစ်ခုခုကို အချိန်ယူလုပ်ပါ။ နောက်မှ ဆက်လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ပါ။

ပီဇာမုန့်လိုပဲ -  အရာကောင်းတဲ့ ပီဇာမစားဖူးသေးသရွေ့ ပီဇာကို သင် ကြိုက်မကြိုက် ဘယ်လိုသိမှာလဲ။

ဟုတ်ပါတယ်။ တခါတလေ တစ်ခုခုကို ကြိုးစားကြည့်တယ်။ မဖြစ်တဲ့အခါ " ဒါဟာ တကယ် အသုံးမကျတဲ့ စိတ်ကူးပဲ " လို့ ပြောမိမှာ သေချာပါတယ်။ ဒါပေမဲ့ ဇွဲနဲ့ ကြိုးစားကြည့်ဖို့ လိုပါတယ်။

ဘယ်အရာပဲဖြစ်ဖြစ် အောင်မြင်ပြီးမြောက်သွားတဲ့အခါ နှစ်မျိုးတွေ့ရှိရမယ်။
၁။  တစ်ခုခုကို စမလုပ်ခင်မှာ သေချာစွာ စဉ်းစားသုံးသပ်မယ်။
၂။  အောင်မြင်မှု အကျင့်ရလာမယ်။


အတိုအထွာစကား

သင့်တော်တဲ့ ရည်မှန်းချက်တစ်ခု ထားပါ။ ဖြစ်မြောက်အောင်မြင်အောင် လုပ်ပါ။
နောက်မှ ဆက်လုပ်သင့်မလုပ်သင့် စဉ်းစားပါ။
အောင်မြင်မှု အသေးလေးက သင့်စိတ်ကို ဘယ်လို ပြောင်းလဲနိုင်တယ်ဆိုတာ အံ့သြဖွယ် သင် တွေ့ရလိမ့်မယ်။


( Andrew MatthewsHappiness Now ကို ကျော်ဋ္ဌေး(ဘီအေစီ) မြန်မာပြန်သော ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် စာအုပ်မှ ထုတ်နှုတ်သည် )


If you haven joined us in our small community of incredible people,

you can do so here in Your Life Success Facebook Page.



Related Articles :

အောင်မြင်မှုရဲ့ တကယ့်လျှို့ဝှက်ချက်

သင် အလွယ်တကူ အရှုံးပေးတတ်သလား

ကြောက်စိတ်ကို အနိုင်ယူခြင်း

တကယ်လိုချင်ရင် ရမှာပါမလွဲ

အောင်မြင်ချင်ရင် လျစ်လျူရှုပါ



Share this:
   Facebook   Twitter   Google Bookmarks   del.icio.us  Digg   LinkedIn   MySpace   RSS




This is a new post from Your Life Success blog.
For More Happiness & Life Success Tips, go to www.yourlifesuccess.blog.com.





Your Life Success

A Personal Development Blog
Happiness, Success & Useful Tips for YOUR Life ...

www.yourlifesuccess.blog.com

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ