Re: [aurorageneration] ဗုဒ္ဓဘာသာဝင်တိုင်း ဖတ်ထားသင့်ပါသည်

ကျွန်တော်တစ်ခုမေးချင်တာကအရှင်ဂေါတမဟာအဘယ့်ကြောင့်တစ်ကမ္ဘာလုံးကိုတရားမဟောခဲ့သနည်း။
ဒီမေးခွန်းက  ဗုဒ္ဓဘာသာကို  ဘယ်လို  မှ အကျွမ်းမ၀င် သလို လေ့   လာမူ့  တောင်  မရှိဘူးလို့   တောင်ဆိုချင်ပါတယ်။ဗုဒ္ဓ မြတ်စွာ ကိုယ် တိုင်ဟော ထား ပါတယ်။ သတ္တ၀ါဆိုတာကျွတ်ချိန်ဆိုတာ ရှိ သလို  သူ့  ရဲ့  ဥာဏ်ပေါ်  မူ တည် ပြီးတော့  လဲ ချွတ်ထိုက်
လွတ် ထိုက် တဲ့  သူ ဆိုပြီးရှိပါသေးတယ်။  ခပ်2ရိုင်းပြောရရင်  ဗုဒ္ဓဘာ သာ ရဲ့  အခြေခံ ကျကျအချက်တောင် နားမလည် ပဲ  စကားကြီးစကားကျယ်ပြောချင်တာတော့   အံ့သြမိတယ်။
ကြ်ာဝဠာကအရမ်းကြီးလွန်းတော့မဆွေးနွေးတော့ဘူး။နောက်ပြီးရုပ်နုတရားတွေနဲ့ဗုဒ္ဓဝင်တွေအကြောင်းမပြောတာကောင်းမယ်


စာပေ အကြီးကြီး  တွေချီ ပြီး  လူအထင်ကြီးအောင်  ပြောချင်မနေပါနဲ့  ...ဗုဒ္ဓဘာသာဆိုတာ  ကမ္ဘာမှာ အစမ်းသပ်ခံနိုင်တဲ့   ဘာ သာအဖြစ်  တည် ရှိ နေတာ  အားလံုး အသိပါ။
            တန်ဖိုးရှိတဲ့ စမ်းသပ်ခြင်းကိုလိုလားပေမယ့် အပြစ်ပြောချင်ယုံ  ဝေဖန်ရေးဆိုရင်တော့ 
ခင်ဗျားလုပ်ရပ်တွေ  အတော်အောက်တန်းကျတယ်။ 

On Mon, Apr 16, 2012 at 7:08 PM, နေမခလူ <mail.login.mail@gmail.com> wrote:
ကျွန်တော်တစ်ခုမေးချင်တာကအရှင်ဂေါတမဟာအဘယ့်ကြောင့်တစ်ကမ္ဘာလုံးကိုတရားမဟောခဲ့သနည်း။စကြ်ာဝဠာကအရမ်းကြီးလွန်းတော့မဆွေးနွေးတော့ဘူး။နောက်ပြီးရုပ်နုတရားတွေနဲ့ဗုဒ္ဓဝင်တွေအကြောင်းမပြောတာကောင်းမယ်။


On Thursday, April 12, 2012, Min Khaung <mkhaung@gmail.com> wrote:
> ခု ကျွန်တော်ပြန်ဆွေးနွေးချင်တာက အပေါ်က မူရင် ပို့စ်တင်တဲ့သူရဲ့ သဘောထား အမြင်တွေကို လမ်းကြောင်းမှန် ပြန်တည့်ချင်ရုံ စေတနာသက်သက်ပါ။
> ရခဲ့တဲ့ လူ့ဘ၀က တိုတိုလေးပါ၊ ရခိုက်မှာ အမြင်မစဉ်ကြယ်ရင် သံသရာတကြောမှာ လွတ်မြောက်မှာမဟုတ်ပါဘူး။
>  
> လေကို မမြင်ရလို့ ကိုင်မရလို့ လေ မရှိပါဘူးလို့ ပြောလို့မရဘူး။
> ရေထဲမှာ အသက်ရှူမရလို့ အောက်စီဂျင်မရှိပါဘူးလို့ ပြောလို့မရဘူး။
> ကမ္ဘာကြီးလုံးတာ မမြင်ရလို့ ပြားပါတယ် ပြောလို့မရဘူး။
>  
> အဲ့ဒီလိုပဲ မြင့်မိုရ်တောင်တို့ မြောက်ကျွန်းတို့ မမြင်ရလို့ ဘုရားဟောတာ မမှန်ဘူးလို့ အားနဲသွားပြီ။ ဖျာအောက်ထဲထည့်ထားလိုက်မယ် လို့ မယူဆလိုက်ပါနဲ့။
> သေချာလေ့လာပါ။ ဘုရားဟောတာ မှန်၊ မမှန်သိချင်ရင် ဘုရားလမ်းညွှန်ခဲ့တဲ့ လမ်းအတိုင်း လမ်းဆုံးအောင် လျှောက်ကြည့်ပါ။
> ဘုရားလမ်းညွှန်ခဲ့တဲ့ လမ်းအတိုင်း ကိုယ်တိုင် မလျှောက်ကြည့်ဘဲနဲက ဘေးကထိုင်ကြည့်ပြီး မဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့။
> ကိုယ်တိုင်လုပ်ကြည့်ပါ၊ ကိုယ်တိုင်လေ့လာပါ။
>  
> အမြင်မှန်ပြီး လမ်းမှန်ရောက်ပါစေ
> မင်းခေါင်
>  
>  
> 2012/4/11 Shein Thiri <decemberthiri19@gmail.com>
>
> ကျမက ဘယ်သူ့ကိုပြောတယ်လို့ မဆိုလိုပါဘူး။ ဒီ message ကို ရတာနဲ့ အမျိုးသားရေးအသိနဲ့ ပြန်ရှင်းတာပါ၊ ဒါ အမျိုးသားတိုင်းမှာ တာဝန်ရှိပါတယ်။ မှန်တယ်ဆိုတာ ကိုယ်မှန်တယ်ထင်တာကို ဆိုလိုတာမဟုတ်ပါဘူး၊ လူတိုင်းက မှန်တယ်လို့သတ်မှတ်တဲ့ အကြောင်းအရာများမှာတောင် မှားနေနိုင်တာ လက်ခံပါတယ်၊ လူညီရင် ဤကို ကျွဲ ဖတ်တတ်တယ်ဆိုတာ မှန်တာကိုပြောတာတော့ မဟုတ်ပါဘူး ဒါပေမဲ့ ဘာသာတရားအဆုံးအမနဲ့ ကြီးပြင်းလာတဲ့ သူတွေအနေနဲ့ကတော့ အခုလို ရေးသားချက် ၊ အခုလို ရေးတတ်တဲ့ ကျမတို့ အမျိုးကောင်းသားတွေကို အမျိုးဘာသာ စောင့်ရှောက်တတ်ဖို့ ရှင်းပြရမှာ တာဝန်ရှိပါတယ်။ အခုလိုရေးတာ ဘာသာခြားဆိုရင်တော့ သွေးစည်းကြဖို့လိုပြီဆိုတာကို ပြနေတာ သတိထားရမှာပါ။
> ကျေးဇူးတင်စွာဖြင့်
> ထွန်းသီရီရှိန်
>
> 2012/4/10 NOVEMBER CENTER <yee2hlaing96@gmail.com>
>
> သိပ္ပံပညာက သက်သက် ဘာသာတရားကသက်သက်ပဲလေ... ဘာမှကို မဆိုင်ဘူး။ အဲလိုတွေပြောကြေးဆိုရင် ဘယ်ဘာသာတရားမှ လွတ်ကင်းတာမရှိတော့ဘူးနော်။ လူတိုင်း ဘာသာပျောက်ကွယ်ပြီဆိုရင် သွားပြီလေ။ ဒါဆို နောက်လာမယ့် ကလေးတွေကို သိပ္ပံပညာနဲ့ပဲ ယဉ်ကျေးအောင်ဆုံးမရမလား ဘာသာတရားနဲ့ ယဉ်ကျေးအောင်ဆုံးမရမလားဆိုတာလေး ရှင်းစမ်းပါဦးနော်.........။
>
> On Sun, Apr 8, 2012 at 6:39 PM, Limit <linminaung@gmail.com> wrote:
>
> ("လူငယ်တွေ ကို သိပ္ပံ လေ့လာစူးစမ်း လို စိတ်တွေ ကို ဖွင့် ပေးရမယ်။ သိပ္ပံ က အလကား ဒို့ ဘာသာ က မှ အမှန်တရား လုပ်နေကြတာ တွေ ကို နားသင့် ပြီ။ လူငယ်တွေ ခေါင်းထဲ အဆိပ်အတောက်တွေ ထည့်ပေးနေတာ တွေ ကို ရပ်သင့်ပြီထင်ပါတယ်။
>
> ယုံကြည်မှု သက်သက် ဆိုတာ သူ့ အတိုင်းအတာ နဲ့ သူ ပဲ ကောင်းတယ်လို့ မြင်ပါတယ်။ နယ်ကျော် စည်းကျော် မပြောသင့် ကြောင်း တင်ပြ အပ်ပါတယ်။")^2
>
> ဘာသာအားလုံးနဲ့ သိပ္ပပညာကို လေးစားစွာ
>
> Sent from "LIMIT"
> On Apr 4, 2012, at 2:53 PM, Lynn Htet Swe <myatchitshin@googlemail.com> wrote:
>
> မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း ဆိုင်ရာ အယူအဆ တွေ က ဗုဒ္ဓဘာသာဆိုင်ရာမှာ (ဒီနေ့ခေတ်ကာလမှာ) အား အနည်းဆုံး အပိုင်း လို့ ထင်မိပါတယ်။ ရှေ့တန်းမတင်သင့်တဲ့ ကိစ္စ It should be put under the carpet လုပ်ထားရမဲ့ ကိစ္စတွေ လို့ မြင်ပါတယ်။
>
> မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း ဆိုင်ရာ အယူအဆ တွေ က ခေတ်သိပ္ပံပညာရဲ့ Cosmology Astronomy Geology စတာတွေ ရဲ့ လေ့လာတွေ့ရှိချက်တွေ နဲ့ လားလားမျှ မတူပါ။ ခေတ်သိပ္ပံပညာ ကို လက်ခံ ရင် မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း ဆိုင်ရာ အယူအဆ တွေ က တစ်လွဲတွေ ဖြစ်နေလို့ပါပဲ။ တစ်လွဲတွေ ဖြစ်နေလို့ ဆိုရာမှာ တစ်ခု နှစ်ခု လွဲတာ မဟုတ်ပဲ ကမ္ဘာမြေထုရဲ့ အတိုင်းအတာ=ထုထည်-အ၀န်းအ၀ိုင်း ရေထုရဲ့ အတိုင်းအတာ=ထုထည် ကမ္ဘာမြေ ပုံသဏ္ဍာန် နဲ့ တည်နေဟန် တိုက်တွေ တည်နေဟန် နေ လ စတာတွေ ရဲ့ အတိုင်းအတာ =ထုထည်-အ၀န်းအ၀ိုင်း စကြ၀ဠာရဲ့ တည်နေပုံတွေ အကုန်လုံး ပါစင်အောင်လွဲနေလို့ပါပဲ။
>
> ဒီလို လွဲ နေတာ က လဲ အထူး အဆန်းမဟုတ်ပါ။ သိပံ္ပပညာ ပေါ်ပေါက်လာတာ နှစ်ပေါင်း ၄၀၀ လောက်ပဲ ရှိပါသေးတယ်။ အတွေးအမြင် တော်လှန်ရေး အဆင့်ဆင့် လုပ်ပြီးမှ ပြောင်းလဲ လာတဲ့ အသိအမြင်တွေ ဖြစ်လို့ပါပဲ။ ဒီနေ့ ထိ သိပ္ပံ မှာ သီအိုရီတွေ က မငြိမ်သေးပဲ တရွေ့ရွေ့ တိုးတက် ဖြစ်ထွန်း နေပါတယ်။ ဒါကို က သိပ္ပံ ရဲ့ အလှ ဖြစ်တယ်။ ငြင်းချက်ထုတ်နိုင်တယ် ထပ်ကောင်း အောင်လုပ်နိုင်တယ်..ရှာဖွေ လေ တွေ့ ရှိလေပေါ့။ ဗုဒ္ဓဘာသာ အပါအ၀င် ရှေးဟောင်းဘာသာတရား မှန်သမျှ ရဲ့ စကြ၀ဠာဗေဒ က လုံးဝ မမှန်ပါ။ ကလေး ကလား တွေ လို့ ပဲ ပြောရမှာ ဖြစ်တယ်။
>
> ((တကယ်တော့ မြင့်မိုရ်တောင်ဟာ အဆမတန်ကြီးမားပြီး နု့ညံ့တာကြောင့် သာမန်လူတွေရဲ့ မျက်စိနဲ့ဖြစ်စေ၊ သာမာန်လူတွေလုပ်ထားတဲ့အရာဝတ္ထုနဲ

--
--
နေရောင်ပြင်းပြင်းကျလေလေ အရိပ်နက်နက် ထင်လေပါဘဲ။
နေမခလူ

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။