ခင်းဗျားတို့ ပြောခဲ့တာနဲ့ ပတ်သက်ရင် ကျုပ်လွယ်လွယ်လေးဘဲပြောတော့မယ်။
လူတိုင်းနားလည်နိုင်တာပေါ့။
Q: ၃. ဒါန၊ သီလ၊ ဘာဝနာကို ဘယ်လိုစိတ်ထားပြီး ဘယ်သူတွေ ဘယ်လိုပုံစံနဲ့
လှူရင် ဘယ်လို အကျိုးဖြစ်မယ်။ သံသရာအတွက် ဘယ်လိုအကျိုးဖြစ်ထွန်းမယ်ဆိုတာ
အသေးစိတ်ကို ဟောကြားတာတွေ နာယူမှတ်သားဖူးပါသလား။ လက်ခံပါသလား။
လမ်းညွှန်ချက် မပြည့်စုံဘူးလို့ လိုအပ်တာလေးတွေ ရှိနေသေးတယ်လို့
ယူဆပါသလား။
Q: ၄. လက်ရှိဘ၀မှာ ကောင်းဖို့ရာအတွက် မိဘနဲ့သား၊ ဆရာနဲ့တပည့်၊ လင်နဲ့ မယား၊
မဖတ်မိတာလား၊ မသိကြတာလားတော့ မသိဘူး ။ မင်္ဂလသုတ်ဆိုတာရှိပါတယ်။
ဗုဒ္ဓဘာသာဝင်တွေဆို လူတိုင်းဖတ်ဖူး၊ မှတ်ဖူးပါတယ်။ အဲဒီမှာ
အပြည်အစုံဟောကြားပါတယ်။ အဲဒီမှာဟောကြားချက်က
ဘယ်နေရာများမှားနေလည်းဆိုတာကိုတော့ သာဓကနဲ့ ရှင်းနိုင်ရင် ရှင်းကြပါဦး၊
မထင်.....................
On 4/19/12, Shein Thiri <decemberthiri19@gmail.com> wrote:
> ကျမတို့တစ်မျိုးသားလုံးကိုယ်စား ကိုမင်းခေါင်ကို ကျေးဇူးအထူးတင်ပါတယ်။
> စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ စိတ်ထားက ဆရာကောင်းတို့ရဲ့ ရှားပါးတဲ့
> စိတ်ထားမျိုးပါ။
> ကျေးဇူးတင်စွာဖြင့်
> ထွန်းသီရိရှိန်
>
> 2012/4/19 Min Khaung <mkhaung@gmail.com>
>
>> ခုလို မေးနေတဲ့ ကိုနေမခလူရဲ့ ဦးတည်ချက်ကို သိချင်ပါတယ်။
>> တိုက်ခိုက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ မေးတာပါလား။ (သို့) သိလိုစိတ်၊
>> စူးစမ်းလိုစိတ်နဲ့ မေးပါသလား။
>> တိုက်ခိုက်ချင်တဲ့ ရည်ရွယ်ချက်ပါဆိုရင် ဖြေစရာမလိုတော့ပါ။ သူ့မှာ မှန်ရင်
>> မှန်ကြောင်း၊ မှားရင် မှားကြောင်း၊ အသိမှန်ကို ချည်းကပ်ဖို့ အကြောင်း မရှိပါ။
>> နိုင်ရင် ပြီးရောဆိုတဲ့ ရည်ရွယ်ချက်ပဲ ရှိပါတော့တယ်။
>>
>> ကျွန်တော်ကတော့ ဘာသာတရားအားလုံးကို လေ့လာပါတယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့
>> ကိုယ့်အသိဥာဏ်နဲ့ အမှန်အမှားဆုံးဖြတ်ပါတယ်။ ပိုပြီးယုံတဲ့ ဘာသာတရားကို
>> ကိုးကွယ်ပါတယ်။ တခြားသော ဘာသာတွေက မိမိကိုယ်ကို မကိုးစားပဲ မမြင်ရသော
>> တန်ခိုးကြီးသော တစုံတရာကို အားကိုးယုံကြည်ဆုတောင်းကြပါတယ်။ မြတ်စွာဘုရားကတော့
>> ရှင်းပါတယ် မိမိကိုယ်သာကိုးကွယ်ရာတဲ့။ ဘယ်လောက်ကြည်ညိုဖို့ကောင်းလိုက်သလဲ။
>> ကြက်သားဟင်းစားချင်ရင် တစုံတရာကို အားကိုးယုံကြည်ဆုတောင်းနေယုံနဲ့
>> ကြက်သားဟင်း
>> ဘွားခနဲဖြစ်ပြီး မစားရနိုင်ပါ။ ကိုယ်တိုင်ချက်မှ
>> ချက်ချင်းစားလို့ရနိုင်မှာပါ။
>>
>> ကိုနေမခလူမေးတဲ့ မေးခွန်းတွေမှာ တိုက်ခိုက်ပုတ်ခတ်လိုတဲ့ မကောင်းတဲ့
>> ရည်ရွယ်ချက်ကို တွေ့ရပါတယ်။ ကျွန်တော်ကတော့ သုတ္တန်လား၊ အဘိဓမ္မာလား ဆိုတာ
>> ခွဲခြားမနေပါ။ မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော် အားလုံးကို
>> ယုံကြည်ပါတယ်။ ကိုးကွယ်ပါတယ်။
>> မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်တွေအားလုံးကို သေချာလေ့လာပါ။
>> အကောင်းအဆိုးကို ညွှန်ပြပါတယ်။ အကျိုး အကြောင်းကို ညွှန်ပြပါ။ ဒီဟာကို
>> ဒီလိုကျင့်ရင် ဒီလိုဖြစ်မယ်ဆိုတာ အတိအကျ လမ်းညွှန်ပါတယ်။ ကျွန်တော်ကတော့
>> တရားတော်ကို နှလုံးသားနဲ့ နာယူပါတယ်။ အကောင်းအဆိုး၊ အကျိုးအကြောင်းကို
>> ချင့်ချိန်ဆုံးဖြတ်ပါတယ်။ လေးစားစွာ လိုက်နာပါတယ်။
>> အဓိကမကျတဲ့ ဘယ်သူ့ကို ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ဟောကြားတာလဲဆိုတာ သိဖို့
>> ကြိုးစားရင် ဗဟုသုတရရုံကလွဲပြီး ကိုယ့်သံသရာအတွက် မကျိုးအဖြစ်နိုင်ပါ။
>> ကြက်သားဟင်းကို အဆီတွေပဲ ခပ်ပြီး စားလိုက်သလိုပဲဖြစ်မှာပါ။ အနှစ်၊ အသားတွေ
>> မစားလိုက်ရပဲ ဖြစ်သွားပါလိမ့်မယ်။
>>
>> ဥပမာအနေနဲ့ ပြောရရင် ရေကို လိုအပ်တဲ့ လူတစ်ယောက်က သူ့ရဲ့ရှေ့မှာ ကြည်လင်လှတဲ့
>> စမ်းချောင်းကြီးရှိနေတယ်ဆိုပါတော့။
>> အဲ့ဒီရေကို ချိုးခပ်သောက် လိုသလို အရန်သင့် သုံးရုံပါပဲ။
>> စမ်းချောင်းအစ ဘယ်ကနေ စီးဆင်းလာတာကို သိရမှ ဒီစမ်းချောင်းက ရေကို
>> သောက်မယ်ဆိုပဲ စမ်းချောင်းဝကို လိုက်ရှာနေလို့ကတော့ ရေငတ်သေရုံတင်
>> ပိုမရှိပါဘူး။
>>
>> ကျွန်တော်ကတော့ သမိုင်းကြောင်းတွေ စိတ်မ၀င်စားပါဘူး။ စိတ်ဝင်စားလို့လဲ
>> ဗဟုသုတကလွဲလို့ ဘာမှ အကျိုးမရှိပါဘူး။ မိမိနဲ့ သက်ဆိုင်တဲ့
>> အကျင့်မြတ်တွေကိုပဲ
>> စိတ်ဝင်စားပါတယ်။ လေ့လာပါတယ်။ ဝေဖန်ပိုင်းခြားပါတယ်။ လက်ခံယုံကြည်ပါတယ်။
>>
>> ကိုနေမခလူကို မေးခွန်းလေးတွေ မေးချင်ပါတယ်။
>> ၁. မြတ်စွာဘုရားရဲ့ တရားတော်တွေအားလုံးဟာ အကျင့်တရားပါတွေ ဆိုတာသိပါသလား။
>> ၂. မြတ်စွာဘုရားဟောကြားတဲ့ထဲမှာ မကောင်းတာလုပ်ဖို့ မမြတ်သော အကျင့်ကို
>> ကျင့်ကြဖို့ ညွှန်ကြားတဲ့ အကျင့် တခုတလေများတွေ့ဖူးပါသလား။ တွေ့ဖူးရင်
>> ထောက်ပြပါ။
>> ၃. ဒါန၊ သီလ၊ ဘာဝနာကို ဘယ်လိုစိတ်ထားပြီး ဘယ်သူတွေ ဘယ်လိုပုံစံနဲ့ လှူရင်
>> ဘယ်လို အကျိုးဖြစ်မယ်။ သံသရာအတွက် ဘယ်လိုအကျိုးဖြစ်ထွန်းမယ်ဆိုတာ အသေးစိတ်ကို
>> ဟောကြားတာတွေ နာယူမှတ်သားဖူးပါသလား။ လက်ခံပါသလား။ လမ်းညွှန်ချက်
>> မပြည့်စုံဘူးလို့ လိုအပ်တာလေးတွေ ရှိနေသေးတယ်လို့ ယူဆပါသလား။
>> ၄. လက်ရှိဘ၀မှာ ကောင်းဖို့ရာအတွက် မိဘနဲ့သား၊ ဆရာနဲ့တပည့်၊ လင်နဲ့ မယား၊
>> ဘယ်သူတွေနဲ့ ပေါင်းသင်းသင့်တယ်၊ လူ့ဘ၀မှာ ဘယ်လိုနေထိုင် ကျင့်ကြံရမလဲ။
>> လူတွေအပေါ် ဘယ်လိုစိတ်မျိုးမွေးသင့်သလဲ ဆိုတဲ့ဟာတွေ
>> အသေးစိတ်ဟောကြားချက်တွေကိုကော နာယူဖူးပါသလား။ အဲ့ဒီထဲက မကောင်းဖူးလို့
>> ယူဆထားတာရှိရင် ထုတ်ပြပါ။
>> ၅. ဒီလို ကကြီးကနေ အ အထိ အပြည့်စုံနဲ့ဟောကြားညွှန်ပြတဲ့ တခြားဘာသာတွေကို
>> တွေ့ဖူးပါသလား။ တွေ့ဖူးရင် ထောက်ပြပါ။
>>
>> မေတ္တာဖြင့်
>> မင်းခေါင်
>>
>>
>>
>>
>>
>>
>> 2012/4/19 Ng Ag <ngag@rocketmail.com>
>>
>>> အချဉ်မဖြစ်ချင်သဖြင့် ၀င်ပါ ချင်ပါသည်။
>>>
>>> ဗုဒ္ဓတရားတော်နဲ့ ကျင့်စဉ်တွေဟာ အချိန်အခါမရွေး လူမျိုးမရွေး
>>> အစမ်းအသပ်ခံပါသည်လို့ မှတ်သားမိပါသည်။ ထို့ကြောင့် ဗုဒ္ဓရဲ့တရားတော်နဲ့ အညီ
>>> ကျင့်စဉ်တွေကို အားထုတ်ကျင့်ကြံမယ်ဆိုရင် မှန်၏ မမှန်၏ကိုယ်တိုင်
>>> လက်တွေ့သိရမှာပါ။
>>>
>>> နယူးယောက်မြို့ကို မရောက်ခဲ့ဘူးသူကို ကုန်သွယ်ရေးတိုက်ညီနောင်ရှိခဲ့တယ်ဆိုတာ
>>> ပြောရင် ယုံတမ်းစကားဖြစ်မှာပါ။ မသိလို့ မရှိဘူး မမြင်ရလို့ မရှိခဲ့ဘူး ဆိုတာ
>>> လူသာမန်တွေရဲ့ အမြင်၊ သုံးသပ်ချက်ပါ။
>>>
>>> အမေရိကန်သမတနဲ့ ထိပ်သီးအရာရှိများ ပုန်းခိုကျင်းကို အုတ်ရောရော ကျောက်ရောရော
>>> ၀င်ခွင့်မရှိပါ။ သမတနှင့် ထိုအရာရှိများ ၄င်းပုန်းခိုကျင်းတွင်
>>> ပုန်းအောင်းပြီး အမိန့်ပေး ကွပ်ကဲပါသည်။ မိမိ အခွင့်မရှိ ၀င်ခွင့်မရ
>>> မရောက်နိုင်သဖြင့် လူတွေ ဒီပုန်းခိုကျင်းမှာ ခိုအောင်းအမိန့်ပေး
>>> ကွပ်ကဲတာမဖြစ်နိုင်ပါလို ဆိုလျှင်လည်း တုံးရာ၊ အရာ ကျပေမည်။
>>>
>>> ကမ္ဘာမှာ ဗုဒ္ဓနဲ့ ဗုဒ္ဓဘာသာအကြောင်း နှံ့စပ်သိမြင်သူ လူ၊ ရဟန်း
>>> အများအပြားရှိပါတယ် ချဉ်းကပ် ၀ပ်တွား ၍သာဆည်းကပ်ပါလေ။
>>>
>>> ဖတ်ပါ မှတ်ပါ ကျင့်ကြံပါ အမှန်ကို အမှန်အတိုင်း သိလာမည်ဖြစ်ပါသည်။ ထိုသို့
>>> သိမြင်လာပါက မည်သူ့ကိုမျှ မည်သည့်အရာသည် အကောင်းမြတ်ဆုံးနည်း မည်သည့်အရာသည်
>>> အမှန်တရားနည်း ဆိုတာကို ဘေးလူကိုမေးစရာ လိုမည်မဟုတ်ပါ။
>>>
>>> အပ္ပမာဒေန သမ္မာဒေထ
>>>
>>> အောင်နိုင်အောင်
>>>
>>> *From:* နေမခလူ <mail.login.mail@gmail.com>
>>> *To:* cupid boy <cupidboy84@gmail.com>
>>> *Cc:* "mkhaung@gmail.com" <mkhaung@gmail.com>;
>>> "decemberthiri19@gmail.com"
>>> <decemberthiri19@gmail.com>; "yee2hlaing96@gmail.com" <
>>> yee2hlaing96@gmail.com>; "linminaung@gmail.com" <linminaung@gmail.com>;
>>> Lynn Htet Swe <myatchitshin@googlemail.com>; Co2zeиith <
>>> co2zenith@gmail.com>; "co2zenith@googlegroups.com" <
>>> co2zenith@googlegroups.com>; mayanmardailymail <
>>> mayanmardailymail@googlegroups.com>; Newgeneration <
>>> aurorageneration@googlegroups.com>
>>> *Sent:* Wednesday, 18 April 2012 8:51 PM
>>> *Subject:* [MM Daily Mail:3043] Re: [aurorageneration] ဗုဒ္ဓဘာသာဝင်တိုင်း
>>> ဖတ်ထားသင့်ပါသည်
>>>
>>> *အင်း
>>> ဗုဒ္ဓဘုရားရှင်ဟာ တစ်ကမ္ဘာလုံးကို တရားဟောခဲ့ပါတယ် ဆိုခဲ့လျှင် အဘယ့်ကြောင့်
>>> သက်သေ သာဓကများ မရှိခဲ့ပါသနည်း။ ကျွတ်တန်းဝင်မည့် ပုဂ္ဂိုလ်များချည်း
>>> ဟောခဲ့ပါသည် ဆိုလျှင် အရှင် ဂေါတမရဲ့ တရားနာသူအားလုံး ကျွတ်တန်းမ၀င်ခဲ့တာကို
>>> သိသာထင်ရှားစေသောသာဓကများ ရှိပါတယ်။ ဘုရားရှင်ဟာ အဘယ့်ကြောင့် ၀ိနည်းတွေကို
>>> ထပ်ထပ်တိုးလာသနည်း ဆိုရလျှင် ရဟန်းများသည် လဒ်လာဘများကို မျှော်မှန်းလာခြင်း
>>> လူ့ဘောင်လောကနှင့် နီးကပ်လာမည် ဆိုးသဖြင့် ဘုရားရှင်လက်ထက်ကတည်းက
>>> ဓမ္မဒါယာဒသုတ္တန်ကို ဟောပြောခဲ့ရသည်များရှိသည်။)) (((အရှင်သာရိပုတ္တရာ
>>> ကိုယ်တော်မြတ်ကြီးအား မဟုတ်မရား ပြောဆိုသည့် ရဟန်း၏ကိုယ်သည် မီးလောင်ခံရသည်။
>>> (သီဟနာဒ သုတ္တန်)))) ထိုအခြင်းအရာများကို ကြည့်ခြင်းအားဖြင့် ဘုရားရှင်
>>> လက်ထက်က
>>> ရဟန်းတောင် (ဘုရားဒေသနာတော်ကို နားကြားရပေမယ့်) ကျွတ်တန်းမ၀င်ပါ။ ထို့အတူ
>>> ဘုရားရှင်၏ ဒသန အားလုံး အခု အချိန်ထိ ကမ္ဘာသို့ ပျံ့နှံ့စေချင်း မရှိသေးပါ။
>>> ဗုဒ္ဓဘာသာကို အဘယ့်ကြောင့် မေးရသနည်းဆိုခဲ့လျှင် အခြေခံကျကျ
>>> လူအားလုံးတွေးခေါ်နိုင်သည့် (သတ္တ၀ါအားလုံးကို မေတ္တာဖြန့်ကျက်ခြင်းမျိုး)
>>> ဖြစ်နိုင်ပေမယ့် တရားဟောခဲ့တယ် ဆိုတာကတော့ သက်သေ သာဓကများ မရှိပါ။ဒါဆိုလျှင်
>>> ဘုရားရှင် က ကျွတ်တန်းဝင်မည့် ပုဂ္ဂိုလ်များအား တရားဟောခဲ့ပါတယ်ဆိုလျှင်
>>> ကျွတ်တန်းဝင်မယ့်သူတွေ အားလုံးက ယခု (အိန္ဒိယ)က လူတွေ ချည်း ဖြစ်ခဲ့ရပါတယ်။
>>> အနှစ်ချုပ်ပြောရမယ်ဆိုလျှင် ဘုရားရှင်ရဲ့စစ်မှန်သော အနှစ်သာရပြည့်စုံသော
>>> တရားများအား ရိုသေဆည်းကပ်ပါတယ်။ ဒါပေမယ့် ငါဟာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။
>>> ငါတို့ဘာသာဟာ ကျန်ဘာသာ အားလုံးထက် သာလွန်ကောင်းမြတ်ပါတယ်ဆိုပြီး
>>> မထင်စေချင်ပါ။ကဲ ခင်ဗျားတို့ ဘုရားရှင်ရဲ့ အဘယ်တရားကို ယုံကြည်ကြပါသနည်းဟု
>>> မေးမြန်းလိုပါတယ်။ ပိဋိကတ်သုံးပုံကို ကိုးကွယ်ဆည်းကပ်ပါသည်ဆိုလျှင်လည်း
>>> ထေရ၀ါဒ
>>> လား မဟာယနလား။ ပထမ သံဃာယနာ တင်ခဲ့ခြင်းတွင် ရဟန်းတော် တစ်ရာသာ ပါခဲ့သည်ဟု
>>> သိပါသည်။ဒုတိယ သံဃာယနာ တင်ခဲ့ခြင်းတွင် ယခု ထေရ၀ါဒကလည်း တင်ပါသည် မဟာယနကလည်း
>>> တင်ပါသည်။ ထိုမှစပြီး ကွဲလွဲမှု့ရှိခဲ့ပါသည်။ သင်တရားတော်ကို ယုံကြည်သည်
>>> စစ်ဆေးခံနိုင်သည်ဟု ထင်ခဲ့ပါသည်ဟု ထင်ခဲ့ပါလျှင် သုတ္တန်ကိုလား
>>> အဘိဓမ္မာကိုလား။
>>> ဘယ်အရာကို သင်လက်တွေ့ကျကျ ယုံကြည်ခဲ့ပါသနည်း။ဘယ်အရာကိုရော သင်လက်တွေ့ကျကျ
>>> လုပ်ဆောင်ပြီးခဲ့ပါသနည်း။ နောက်ဆုံး ရီပလိုင်း သမားများကို မေးလိုပါသည်။
>>> ဘုရားရှင်ရဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားများသည် ပိဋိကတ်သုံးပုံတွင် အဘယ်ပုံ
>>> တွင်
>>> ပါပါသနည်း။
>>> (ကျွန်တော့မေးမြန်းချက်ကို ရီပလိုင်းသမားများဖြေစေချင်လိုပါသည်။ ဆရာကြီးများ
>>> ခေတ္တလက်ရှောင်ပေးပါ။)
>>> *---
>>> --
>>> နေရောင် ခပ်ပြင်းပြင်းကျလေလေ အရိပ်နက်နက် ထင်လေလေပါဘဲ။
>>>
>>> နေမခလူ ကိုယ်စား :D
>>>
>>>
>>>
>>>
>>> 2012/4/17 cupid boy <cupidboy84@gmail.com>
>>>
>>> ကျွန်တော်တစ်ခုမေးချင်တာကအရှင်ဂေါတမဟာအဘယ့်ကြောင့်တစ်ကမ္ဘာလုံး
>>> ကိုတရားမဟောခဲ့သနည်း။
>>> ဒီမေးခွန်းက ဗုဒ္ဓဘာသာကို ဘယ်လို မှ အကျွမ်းမ၀င် သလို လေ့  လာမူ့  တောင်
>>> မရှိဘူးလို့  တောင်ဆိုချင်ပါတယ်။ဗုဒ္ဓ မြတ်စွာ ကိုယ် တိုင်ဟော ထား ပါတယ်။
>>> သတ္တ၀ါဆိုတာကျွတ်ချိန်ဆိုတာ ရှိ သလို သူ့  ရဲ့  ဥာဏ်ပေါ် မူ တည် ပြီးတော့ 
>>> လဲ
>>> ချွတ်ထိုက်
>>> လွတ် ထိုက် တဲ့  သူ ဆိုပြီးရှိပါသေးတယ်။ ခပ်2ရိုင်းပြောရရင် ဗုဒ္ဓဘာ သာ ရဲ
>>>့  အခြေခံ ကျကျအချက်တောင် နားမလည် ပဲ စကားကြီးစကားကျယ်ပြောချင်တာတော့ 
>>> အံ့သြမိတယ်။စကြ်ာဝဠာကအရမ်းကြီးလွန်းတော့မဆွေးနွေးေ
>>> တာ့ဘူး။နောက်ပြီးရုပ်နုတရားတွေနဲ့ဗုဒ္ဓဝင်တွေအကြောင်းမပြောတာကောင်းမယ်။
>>>
>>>
>>>
>>> စာပေ အကြီးကြီး တွေချီ ပြီး လူအထင်ကြီးအောင် ပြောချင်မနေပါနဲ့ 
>>> ...ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာမှာ အစမ်းသပ်ခံနိုင်တဲ့  ဘာ သာအဖြစ် တည် ရှိ နေတာ
>>> အားလံုး အသိပါ။
>>> တန်ဖိုးရှိတဲ့ စမ်းသပ်ခြင်းကိုလိုလားပေမယ့် အပြစ်ပြောချင်ယုံ
>>> ဝေဖန်ရေးဆိုရင်တော့ 
>>> ခင်ဗျားလုပ်ရပ်တွေ အတော်အောက်တန်းကျတယ်။
>>>
>>> On Mon, Apr 16, 2012 at 7:08 PM, နေမခလူ
>>> <mail.login.mail@gmail.com>wrote:
>>>
>>>
>>> ကျွန်တော်တစ်ခုမေးချင်တာကအရှင်ဂေါတမဟာအဘယ့်ကြောင့်တစ်ကမ္ဘာလုံးကိုတရားမဟောခဲ့သနည်း။စကြ်ာဝဠာကအရမ်းကြီးလွန်းတော့မဆွေးနွေးတော့ဘူး။နောက်ပြီးရုပ်နုတရားတွေနဲ့ဗုဒ္ဓဝင်တွေအကြောင်းမပြောတာကောင်းမယ်။
>>>
>>>
>>>
>>> On Thursday, April 12, 2012, Min Khaung <mkhaung@gmail.com> wrote:
>>> > ခု ကျွန်တော်ပြန်ဆွေးနွေးချင်တာက အပေါ်က မူရင် ပို့စ်တင်တဲ့သူရဲ့ သဘောထား
>>> အမြင်တွေကို လမ်းကြောင်းမှန် ပြန်တည့်ချင်ရုံ စေတနာသက်သက်ပါ။
>>> > ရခဲ့တဲ့ လူ့ဘ၀က တိုတိုလေးပါ၊ ရခိုက်မှာ အမြင်မစဉ်ကြယ်ရင် သံသရာတကြောမှာ
>>> လွတ်မြောက်မှာမဟုတ်ပါဘူး။
>>> >
>>> > လေကို မမြင်ရလို့ ကိုင်မရလို့ လေ မရှိပါဘူးလို့ ပြောလို့မရဘူး။
>>> > ရေထဲမှာ အသက်ရှူမရလို့ အောက်စီဂျင်မရှိပါဘူးလို့ ပြောလို့မရဘူး။
>>> > ကမ္ဘာကြီးလုံးတာ မမြင်ရလို့ ပြားပါတယ် ပြောလို့မရဘူး။
>>> >
>>> > အဲ့ဒီလိုပဲ မြင့်မိုရ်တောင်တို့ မြောက်ကျွန်းတို့ မမြင်ရလို့ ဘုရားဟောတာ
>>> မမှန်ဘူးလို့ အားနဲသွားပြီ။ ဖျာအောက်ထဲထည့်ထားလိုက်မယ် လို့ မယူဆလိုက်ပါနဲ့။
>>> > သေချာလေ့လာပါ။ ဘုရားဟောတာ မှန်၊ မမှန်သိချင်ရင် ဘုရားလမ်းညွှန်ခဲ့တဲ့
>>> လမ်းအတိုင်း လမ်းဆုံးအောင် လျှောက်ကြည့်ပါ။
>>> > ဘုရားလမ်းညွှန်ခဲ့တဲ့ လမ်းအတိုင်း ကိုယ်တိုင် မလျှောက်ကြည့်ဘဲနဲက
>>> ဘေးကထိုင်ကြည့်ပြီး မဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့။
>>> > ကိုယ်တိုင်လုပ်ကြည့်ပါ၊ ကိုယ်တိုင်လေ့လာပါ။
>>> >
>>> > အမြင်မှန်ပြီး လမ်းမှန်ရောက်ပါစေ
>>> > မင်းခေါင်
>>> >
>>> >
>>> > 2012/4/11 Shein Thiri <decemberthiri19@gmail.com>
>>> >
>>> > ကျမက ဘယ်သူ့ကိုပြောတယ်လို့ မဆိုလိုပါဘူး။ ဒီ message ကို ရတာနဲ့
>>> အမျိုးသားရေးအသိနဲ့ ပြန်ရှင်းတာပါ၊ ဒါ အမျိုးသားတိုင်းမှာ တာဝန်ရှိပါတယ်။
>>> မှန်တယ်ဆိုတာ ကိုယ်မှန်တယ်ထင်တာကို ဆိုလိုတာမဟုတ်ပါဘူး၊ လူတိုင်းက
>>> မှန်တယ်လို့သတ်မှတ်တဲ့ အကြောင်းအရာများမှာတောင် မှားနေနိုင်တာ လက်ခံပါတယ်၊
>>> လူညီရင် ဤကို ကျွဲ ဖတ်တတ်တယ်ဆိုတာ မှန်တာကိုပြောတာတော့ မဟုတ်ပါဘူး ဒါပေမဲ့
>>> ဘာသာတရားအဆုံးအမနဲ့ ကြီးပြင်းလာတဲ့ သူတွေအနေနဲ့ကတော့ အခုလို ရေးသားချက် ၊
>>> အခုလို ရေးတတ်တဲ့ ကျမတို့ အမျိုးကောင်းသားတွေကို အမျိုးဘာသာ
>>> စောင့်ရှောက်တတ်ဖို့ ရှင်းပြရမှာ တာဝန်ရှိပါတယ်။ အခုလိုရေးတာ
>>> ဘာသာခြားဆိုရင်တော့ သွေးစည်းကြဖို့လိုပြီဆိုတာကို ပြနေတာ သတိထားရမှာပါ။
>>> > ကျေးဇူးတင်စွာဖြင့်
>>> > ထွန်းသီရီရှိန်
>>> >
>>> > 2012/4/10 NOVEMBER CENTER <yee2hlaing96@gmail.com>
>>> >
>>> > သိပ္ပံပညာက သက်သက် ဘာသာတရားကသက်သက်ပဲလေ... ဘာမှကို မဆိုင်ဘူး။
>>> အဲလိုတွေပြောကြေးဆိုရင် ဘယ်ဘာသာတရားမှ လွတ်ကင်းတာမရှိတော့ဘူးနော်။ လူတိုင်း
>>> ဘာသာပျောက်ကွယ်ပြီဆိုရင် သွားပြီလေ။ ဒါဆို နောက်လာမယ့် ကလေးတွေကို
>>> သိပ္ပံပညာနဲ့ပဲ ယဉ်ကျေးအောင်ဆုံးမရမလား ဘာသာတရားနဲ့
>>> ယဉ်ကျေးအောင်ဆုံးမရမလားဆိုတာလေး ရှင်းစမ်းပါဦးနော်.........။
>>> >
>>> > On Sun, Apr 8, 2012 at 6:39 PM, Limit <linminaung@gmail.com> wrote:
>>> >
>>> > ("လူငယ်တွေ ကို သိပ္ပံ လေ့လာစူးစမ်း လို စိတ်တွေ ကို ဖွင့် ပေးရမယ်။ သိပ္ပံ
>>> က အလကား ဒို့ ဘာသာ က မှ အမှန်တရား လုပ်နေကြတာ တွေ ကို နားသင့် ပြီ။ လူငယ်တွေ
>>> ခေါင်းထဲ အဆိပ်အတောက်တွေ ထည့်ပေးနေတာ တွေ ကို ရပ်သင့်ပြီထင်ပါတယ်။
>>> >
>>> > ယုံကြည်မှု သက်သက် ဆိုတာ သူ့ အတိုင်းအတာ နဲ့ သူ ပဲ ကောင်းတယ်လို့
>>> မြင်ပါတယ်။ နယ်ကျော် စည်းကျော် မပြောသင့် ကြောင်း တင်ပြ အပ်ပါတယ်။")^2
>>> >
>>> > ဘာသာအားလုံးနဲ့ သိပ္ပပညာကို လေးစားစွာ
>>> >
>>> > Sent from "LIMIT"
>>> > On Apr 4, 2012, at 2:53 PM, Lynn Htet Swe <myatchitshin@googlemail.com>
>>> wrote:
>>> >
>>> > မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း ဆိုင်ရာ အယူအဆ တွေ က
>>> ဗုဒ္ဓဘာသာဆိုင်ရာမှာ (ဒီနေ့ခေတ်ကာလမှာ) အား အနည်းဆုံး အပိုင်း လို့
>>> ထင်မိပါတယ်။
>>> ရှေ့တန်းမတင်သင့်တဲ့ ကိစ္စ It should be put under the carpet လုပ်ထားရမဲ့
>>> ကိစ္စတွေ လို့ မြင်ပါတယ်။
>>> >
>>> > မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း ဆိုင်ရာ အယူအဆ တွေ က ခေတ်သိပ္ပံပညာရဲ့
>>> Cosmology Astronomy Geology စတာတွေ ရဲ့ လေ့လာတွေ့ရှိချက်တွေ နဲ့ လားလားမျှ
>>> မတူပါ။ ခေတ်သိပ္ပံပညာ ကို လက်ခံ ရင် မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း
>>> ဆိုင်ရာ
>>> အယူအဆ တွေ က တစ်လွဲတွေ ဖြစ်နေလို့ပါပဲ။ တစ်လွဲတွေ ဖြစ်နေလို့ ဆိုရာမှာ တစ်ခု
>>> နှစ်ခု လွဲတာ မဟုတ်ပဲ ကမ္ဘာမြေထုရဲ့ အတိုင်းအတာ=ထုထည်-အ၀န်းအ၀ိုင်း ရေထုရဲ့
>>> အတိုင်းအတာ=ထုထည် ကမ္ဘာမြေ ပုံသဏ္ဍာန် နဲ့ တည်နေဟန် တိုက်တွေ တည်နေဟန် နေ လ
>>> စတာတွေ ရဲ့ အတိုင်းအတာ =ထုထည်-အ၀န်းအ၀ိုင်း စကြ၀ဠာရဲ့ တည်နေပုံတွေ အကုန်လုံး
>>> ပါစင်အောင်လွဲနေလို့ပါပဲ။
>>> >
>>> > ဒီလို လွဲ နေတာ က လဲ အထူး အဆန်းမဟုတ်ပါ။ သိပံ္ပပညာ ပေါ်ပေါက်လာတာ နှစ်ပေါင်း
>>> ၄၀၀ လောက်ပဲ ရှိပါသေးတယ်။ အတွေးအမြင် တော်လှန်ရေး အဆင့်ဆင့် လုပ်ပြီးမှ
>>> ပြောင်းလဲ လာတဲ့ အသိအမြင်တွေ ဖြစ်လို့ပါပဲ။ ဒီနေ့ ထိ သိပ္ပံ မှာ သီအိုရီတွေ က
>>> မငြိမ်သေးပဲ တရွေ့ရွေ့ တိုးတက် ဖြစ်ထွန်း နေပါတယ်။ ဒါကို က သိပ္ပံ ရဲ့ အလှ
>>> ဖြစ်တယ်။ ငြင်းချက်ထုတ်နိုင်တယ် ထပ်ကောင်း အောင်လုပ်နိုင်တယ်..ရှာဖွေ လေ
>>> တွေ့
>>> ရှိလေပေါ့။ ဗုဒ္ဓဘာသာ အပါအ၀င် ရှေးဟောင်းဘာသာတရား မှန်သမျှ ရဲ့ စကြ၀ဠာဗေဒ က
>>> လုံးဝ မမှန်ပါ။ ကလေး ကလား တွေ လို့ ပဲ ပြောရမှာ ဖြစ်တယ်။
>>> >
>>> > ((တကယ်တော့ မြင့်မိုရ်တောင်ဟာ အဆမတန်ကြီးမားပြီး နု့ညံ့တာကြောင့်
>>> သာမန်လူတွေရဲ့ မျက်စိနဲ့ဖြစ်စေ၊ သာမာန်လူတွေလုပ်ထားတဲ့အရာဝတ္ထုနဲ
>>>
>>> --
>>> --
>>> နေရောင်ပြင်းပြင်းကျလေလေ အရိပ်နက်နက် ထင်လေပါဘဲ။
>>> နေမခလူ
>>>
>>> --
>>> group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
>>> Computer နည်းပညာများ
>>> http://groups.google.com/group/auroracomputerservice?hl=en_US
>>> ဂြိုဟ်တုနှင့်အာကာသ
>>> http://sites.google.com/site/9spacestudy/
>>> Aurorageneration အတွက် facebook link ပါ။
>>> http://www.facebook.com/groups/186830348042417
>>> --
>>> သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု
>>> mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကို
>>> http://groups.google.com/group/aurorageneration/topics?start=10&sa=Nမှာကြည့်နိုင်ပါသည်။
>>> သင်ဧ။် mail များကိုဖြန့်ဝေချင်ပါက
>>> aurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက
>>> aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့်
>>> ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက
>>> aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
>>>
>>> group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက
>>> aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
>>>
>>>
>>>
>>> --
>>> ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။
>>> Myanmar Daily Mail ၏ Group စာမျက်နှာမှာ
>>> http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog
>>> စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။
>>> ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး
>>> mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့်
>>> Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post
>>> တင်ပြီးသားဖြစ်အောင် စီမံထားသည်။
>>>
>>> ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့်
>>> စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့်
>>> ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
>>>
>>> Myanmar Daily Mail Group တွင် Member ဝင်လိုပါက
>>> mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ
>>> အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက
>>> mayanmardailymail+unsubscribe@googlegroups.com သို့ Email
>>> ပို့၍နှုတ်ထွက်နိုင်သည်။
>>>
>>>
>>>
>>
>
> --
> group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
> Computer နည်းပညာများ
> http://groups.google.com/group/auroracomputerservice?hl=en_US
> ဂြိုဟ်တုနှင့်အာကာသ
> http://sites.google.com/site/9spacestudy/
> Aurorageneration အတွက် facebook link ပါ။
> http://www.facebook.com/groups/186830348042417
> --
> သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail
> ရရှိခြင်းဖြစ်သည်။group
> ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N
> မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail
> များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။
> group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail
> ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက
> aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
>
> group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက
> aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
>
--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။