Re: [MM Daily Mail:3063] Re: [aurorageneration] ဗုဒ္ဓဘာသာဝင်တိုင်း ဖတ်ထားသင့်ပါသည်

ဒီမှာ လာရောက်ဆွေးနွေးကြတဲ့ ညီအစ်ကို မောင်နှမ များအားလုံးကို ကျေးဇူးတင်ရှိပါတယ် ။
မိမိသန်ရာ ဘာသာတရားဖက်က ခုခံကာကွယ် ပြောဆိုကြတာဟာဖြင့် ဘာသာတရားအားလုံး အပေါ် ဘယ်လောက် ချစ်မြတ်နိုးတယ်ဆိုတာ ပေါ်လွင်စေလို.
ကျမ လေးစားမိပါတယ် ။

လူတိုင်း ကိုယ်ယုံကြည်ရာ ဘာသာကို ကိုးကွယ်ကြပါတယ် ။ ဘာသာတရားဆိုတာ အလွန် နက်ရှိုင်းလှပါတယ် ။
ဒါကြောင့် ဘာသာရေးနဲ. ပါတ်သတ်ပြီး ကျမ ဘာမှ မပြောခဲ့ပါ ။ ပို.စ်တောင် မရေးပါဘူး ။

ကျမ က ထေရဝါဒ ဗုဒ္ဓဘာသာ ကို ယုံကြည် သက်ဝင် ဆည်းကပ်ကိုးကွယ်သူပါ ။
ကျမ ကိလေသာ အာသဝေါ မကုန်ခမ်းသေးပါ ။ ပိဋကတ်သုံးပုံလည်း မကျွမ်းကျင်ပါ ။
ကျမ  ကလေးဘဝက မိဘများ၏ မိရိုးဖလာ အတိုင်း ဗုဒ္ဓဘာသာကို ကိုးကွယ်သော်လည်း
သိတတ်သည့် အရွယ်မှာပင် နက်နက်ရှိုင်းရှိုင်း မြတ်မြတ်နိုးနိုး ကိုးကွယ်ပါသည် ။

ကျမ ခံယူထားသည်မှာ မိမိကိုယ်သာ ကိုးကွယ်ရာပင်ဖြစ်သည် ။
စိတ် ကို ဖြူအောင် အတတ်နိုင်ဆုံးထားကြရမည် ။
မိမိလုပ်သော ကောင်းကျိုး မကောင်းကျိုးကို မိမိသာလျှင် ခံစားရမည် ။
တခြားသူက ကိုယ်စား အပြစ်ခံယူဖို. လုံးဝ လုံးဝ မဖြစ်နိုင်ချေ ။
မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်မှသာ ရနိုင်၏ ။
အများအပြော ၊ ဆရာ အပြော ၊ မိဘ အပြော ဖြင့် မရုံပါနှင့်  ။ ကိုယ်တိုင် ကျင့်ကြံ သိမြင် တွေ.ရှိပြီးမှ ယုံကြည် လက်ခံပါ ။
အများအတွက်လဲ အကျိုးရှိ ၊ ကိုယ့်အတွက်လဲ အကျိုးရှိသော စကားများကိုသာ သင့်တော်သည့် အခါမှ ပြောဆိုပါ ။

မြတ်စွာဘုရားသည်လည်း မြင့်မြတ်သော ကျင့်စဉ်ကို ပေါက်မြောက်အောင်မြင်သွားသော လူသားတစ်ဦးသာလျှင်ဖြစ်သည် ။
ကယ်တင်ရှင် မဟုတ် ၊ ဖန်ဆင်းရှင် မဟုတ်ပေ ။

မည်သည့် အစွန်းတရား မျှ မကောင်းပေ ။ ကိုမင်းခေါင်ပြောခဲ့သလိုပင် လက်ဖြတ်ဆုံးမခြင်း ၊ ကျေက်ခဲဖြင့်ပေါက်ခြင်း စသည်တို.သည် မှန်ကန်သော နည်းလမ်းများ မဟုတ်ပေ။
နည်းလမ်းများစွာထဲမှ အကောင်းဆုံး နှင့် အသင့်တော်ဆုံး လမ်းကို ရှာဖွေ ကျင့်သုံးကြရမည် ။
မြတ်စွာဘုရားသခင်သည် သူအား ထိုင်ရှိခိုး ၊ ဆုတောင်း ၊ ရွတ်ဖတ်နေရုံဖြင့် လိုအင်ဆန္ဒအားလုံး ပြည့်စေရမည်ဟု မဟောခဲ့ ။
သတ္တဝါတို.အတွက် လွတ်မြောက်ရာ အကျင့်တရားတို.ကို ကိုယ်တိုင်သိပြီး လမ်းညွှန်ပေးခဲ့သည့် ကျေးဇူးအတွက် ကျမ တို. ရှိခိုး ဦးချနေခြင်းပင်ဖြစ်သည် ။
ဘုရားဟောများကို ကိုယ်တိုင်ကျင့်ကြံမှသာ ငြိမ်းအေးမှု.အစစ်ကို ရရှိမည်ဖြစ်သည် ။
ယခုခေတ်တွင် မည်သည့် ဘာသာတရားတွင်မဆို လူငယ်များ အနေဖြင့် လိုက်နာကျင့်သုံးမှု.အားနည်းကြပေသည် ။
ဗုဒ္ဓဘာသာတွင်လည်း ဘာသာရေး လိုက်စားသူ နည်းပါးလာခြင်း ၊ ခရစ်ယာန်တွင်လည်း ဘုရားကျောင်းတက် အာပါတ်ဖြေခြင်းကို အပိုအလုပ်ဟု ထင်လာခြင်း၊
မွတ်စလင်ဘာသာတွင်လည်း မူးလာပါက ဝက်သား မြိန်ရှက်စွာ စားသုံးကြခြင်း တို.သည် ဘာသာတရားအားလုံး၏ ဆုတ်ယုတ်မှု.များပင်ဖြစ်သည် ။
ဘာသာတရားများ ၏ အနှစ်သာရ မည်မျှပင်ကောင်းစေကာမူ လိုက်နာသူများ၏ ပြုပြင်ခြင်း ၊ ချဲ.ကားခြင်း တို.ကြောင့် ဘာသာတရားများ ပျက်စီးလာကြရသည် ။
အပြစ်ဖြစ်လာကြရသည် ။
ထို.ကြောင့် ဘာသာတရား ကောင်း မကောင်း ၊ စစ် မစစ် ၊ မှန် မမှန် ကိုယ်တိုင် ကျင့်ကြံ အားထုတ်ကြည့်ပါ ။
ထို.အပြင် ကိုယ်ကိုယ်တိုင်ကကော ဘယ်လောက်များ အပြစ်ကင်းပြီး ဘယ်လောက်များ ဘုရားဟော (သို.) ယေရှု.အဟော (သို.) အလာအဟော များကို (ခြွင်းချက် ။ ။အစွန်းမရောက်သော )
လိုက်နာနေပါသလဲ ဆိုတာ ပြန်လည် စမ်းစစ်စေလိုပါတယ် ။

ယခု ဆွေးနွေးမှု.များသည် လုံလောက်ပြီဟု ထင်ပါသည်  ။ နောင်တွင် ဤခေါင်းစဉ်ဖြင့် ပါတ်သက်၍ ရေးသားလာခြင်းများကို တင်ပေးတော့မည် မဟုတ်ကြောင်း တလက်စတည်း သတိပေးလိုက်ပါသည် ။

လေးစားစွာဖြင့်
SV

On 20 April 2012 14:47, Limit <linminaung@gmail.com> wrote:
နှိုင်းရသီအိုရီ(relatively theory) ကိုယ်တိုင်က နှိုင်းရသဘောသက်ရောက်စေနိုင်တယ်နော်။
Sent from "LIMIT"

On Apr 20, 2012, at 12:40 AM, လွမ်းနေသူ®<lwan.nay.ya.thu.par@gmail.com> wrote:

> ကျွန်တော် ရီပလိုင်းပြန်သူတွေထဲမှာ ကိုမင်းခေါင်တစ်ယောက်သာ
> အဆင့်အတန်းရှိရှိပြန်ခဲ့သည်ကို မြင်ခဲ့ပါသည်။သို့ပေသည့် ထိုသူတောင်မှ
> မေးထားတဲ့အရာကို တိကျစွာ ဖြေဆိုထားခြင်းမရှိပါဘူး။ကျွန်တော်လည်း
> ဘာသာအားလုံးကို လေ့လာဆဲ လူတစ်ယောက်ပါ။ဘယ်မှာမှ ပြီးပြည့်စုံတဲ့ လူလို့
> မိမိကိုယ်ကို မထင်မိသေးပါ။ဗုဒ္ဓဘာသာဝင်အများစုဟာ
> အကန်းယုံကြည်မှုမဟုတ်သူများလို့ ယုံကြည်ပါတယ်။ထိုအတွက်
> မေးခွန်းထုတ်ခြင်းများဖြစ်ပါပေတယ်။ကဲ ဘာသာဝင်များ ကျွန်တော်ရဲ့
> မေးခွန်းကို မဖြေဆိုနိုင်ပါက မဖြေဆိုနိုင်ဟု ၀န်ခံအပ်စေပါသည်။ခင်ဗျားတို့
> အစစ်ခံနိုင်တယ်ဆိုတဲ့ နှိုင်းရသီဝရီအရ ခင်ဗျားတို့ ထင်ထားတာ
> ကောင်းနေနိုင်ပေမယ့် နှိုင်းရသီဝရီ လွတ်ကင်းတဲ့ အရာမျိုးဆိုလျှင်
> ကောင်းတယ်ဆိုတာမျိုးလည်း မရှိနိုင်ဘူးဆိုတာ သိစေလိုပါသည်။ဘာသာဝင်များ
> ဖြစ်ပြီး တရားတစ်ခါလောက်ထိုင်ပြီး အလွတ်ကျက်မှတ်တဲ့
> အကျင့်မျိုးပျောက်ကွယ်သင့်မည် ထင်ပါသည်။ဘုရားရှင်တော်မြတ်ဟာလည်း
> ထိုသည်မျိုးကို အားပေးမည် မထင်ပါ်။လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို
> ကိုးကွယ်ယုံကြည်ခွင့်ကို အကန်းယုံကြည်မှု့မျိုး မရှိစေရန်အတွက်
> ကာလမသုတ်ကို ဟောကြားတော်မှုခဲ့ခြင်းဖြစ်သည်။ထိုသို့
> ဟောကြားမှု့မျိုးမပြောနဲ့။ဝိနည်းတော်များမှ အရာများအား မိမိစိတ်နှင့်
> ပြင်ဆင်လိုပါက(အသေးအဖွဲ ၀ိနည်း)များကို ပြင်ဆင်ခွင့်ပေးထားကြောင်း
> သုတ္တန်အချို့တွင် တွေ့ရမည်ဖြစ်သည်။ကျွန်တော် အပေါ်က မေးမြန်းမှုကို
> တိုက်ခိုက်လိုသည်ဟု ထင်ပါက များစွာ စိတ်မကောင်းပါချေ။ကျွန်တော်သာ
> မေးမြန်းခံရသူဆိုပါက ထိုသည်နှင့်ဆိုင်သော စာအုပ်များကို လေ့လာပြီး
> ရီပလိုင်းပြန်မိမည် ဖြစ်သည်။ကိုမင်းခေါင်ပြန်သော ရီပလိုင်းတွင်
> မိမိစိတ်နှင့် ထပ်တူကျစေချင်းမှာ မိမိကိုယ်သာ ကိုးကွယ်ရာဟု မြတ်စွာဘုရားက
> ဟောကြားခဲ့ပါသည်တဲ့။ထိုအကြောင်းအရာကို မြတ်စွာဘုရားက အဘယ်တွင်
> ဟောကြားခဲ့ပါသနည်း????????ကြက်သားဟင်းစားချင်တာကို ဆုတောင်းနေယုံနဲ့
> မရဘူးဆိုတာ စဉ်းစားတတ်သူ တော်တော်များများသိပါသည်။ထိုအရာက ကျွန်တော်အထင်
> ဘာကို ရည်ညွှန်းသလဲဆိုရင် ဖန်ဆင်းရှင်ကို ရည်ညွှန်းသည်ဟုထင်ပါသည်။ကျွန်တော့
> အမြင်လွဲကောင်းလွဲနေနိုင်ပါသည်။အရာအားလုံးဘုရားသခင်က ပြုလုပ်တယ်ဆိုသည့်
> အယူကို ရည်ညွှန်းတယ်လို့မြင်တယ်။ထိုအရာနဲ့ ပတ်သက်ပြီး ပြောရမည်ဆိုလျှင်
> အခု ကမ္ဘာမှာ တိုးတက်နေသည့် နိုင်ငံများကို လက်ညိုးထိုးလိုက်ပါ။ကံ ကံရဲ့
> အကျိုးတရားကို ယုံကြည်ကြတဲ့နိုင်ငံတွေထက် ဖန်ဆင်းရှင်ကို ယုံကြည်ကြတဲ့
> နိုင်ငံများက များတယ်ဆိုတာ လက်တွေ့ပါ။တောင်ကိုရီးယားနိုင်ငံသည် အရင်က
> ဗုဒ္ဓဘာသာပါ။ယခုတိုးတက်လာတော့ ထိုသူအများစုဟာ ဘယ်အရာကို
> ကိုးကွယ်နေကြပါသနည်း။ကျွန်တော်ရီပလိုင်းတွေမှာ ပေးချင်တဲ့ မက်ဆေ့တွေက
> ဘယ်အရာကိုမှ အကန်းမယုံပါနဲ့။ကျွန်တော်ငယ်ငယ်တုန်းက အမေက ကျွန်တော့ကို
> ပြောတယ်။ဟင်းခိုးစားရင် မိုးကြိုးပစ်လိမ့်မယ်တဲ့။အခြား မိုးကြိုးပစ်မယ်
> ပြောတာများလည်းရှိပါပေတယ်။သို့ပေသည့် ငယ်ငယ်ကတည်းက မေမေပြောသည့်
> အရာများကို ကျွန်တော် ယုံကြည်နေသေးပါသည်ဆိုလျှင်ကျွန်တော်သည်
> အကန်းယုံကြည်မှု့များပင်ဖြစ်သည်ဟု ကျွန်တော့ကို
> ကျွန်တော်မြင်မိသည်။ဝရဇိန်လက်နက်များကို ယခုအချိန်တွင်
> ကာကွယ်နိုင်မှုများ ရှိသည်ကို မျက်မြင်သက်သေပင် ဖြစ်ပေမယ်။သို့ပေမယ့်
> ကျွန်တော် ထိုအရာမျိုးကို ငြင်းခုံမှုမျိုး မရှိစေလို။အဘယ့်ကြောင့်ဆိုသော်
> ဘုရားရှင် ဟောကြားသည့် စစ်မှန်သည့် တရားတော်များလို့ မထင်မိချေ။
> ကိုမင်းခေါင်မေးသည်များကို ကျွန်တော်ပြန်လည် ဖြေရှင်းပါမည်။
> ကိုနေမခလူကို မေးခွန်းလေးတွေ မေးချင်ပါတယ်။
>> ၁. မြတ်စွာဘုရားရဲ့ တရားတော်တွေအားလုံးဟာ အကျင့်တရားပါတွေ ဆိုတာသိပါသလား။
>> ၂. မြတ်စွာဘုရားဟောကြားတဲ့ထဲမှာ မကောင်းတာလုပ်ဖို့ မမြတ်သော အကျင့်ကို
>> ကျင့်ကြဖို့ ညွှန်ကြားတဲ့ အကျင့် တခုတလေများတွေ့ဖူးပါသလား။ တွေ့ဖူးရင်
>> ထောက်ပြပါ။
>> ၃. ဒါန၊ သီလ၊ ဘာဝနာကို ဘယ်လိုစိတ်ထားပြီး ဘယ်သူတွေ ဘယ်လိုပုံစံနဲ့ လှူရင်
>> ဘယ်လို အကျိုးဖြစ်မယ်။ သံသရာအတွက် ဘယ်လိုအကျိုးဖြစ်ထွန်းမယ်ဆိုတာ အသေးစိတ်ကို
>> ဟောကြားတာတွေ နာယူမှတ်သားဖူးပါသလား။ လက်ခံပါသလား။ လမ်းညွှန်ချက်
>> မပြည့်စုံဘူးလို့ လိုအပ်တာလေးတွေ ရှိနေသေးတယ်လို့ ယူဆပါသလား။
>> ၄. လက်ရှိဘ၀မှာ ကောင်းဖို့ရာအတွက် မိဘနဲ့သား၊ ဆရာနဲ့တပည့်၊ လင်နဲ့ မယား၊
>> ဘယ်သူတွေနဲ့ ပေါင်းသင်းသင့်တယ်၊ လူ့ဘ၀မှာ ဘယ်လိုနေထိုင် ကျင့်ကြံရမလဲ။
>> လူတွေအပေါ် ဘယ်လိုစိတ်မျိုးမွေးသင့်သလဲ ဆိုတဲ့ဟာတွေ
>> အသေးစိတ်ဟောကြားချက်တွေကိုကော နာယူဖူးပါသလား။ အဲ့ဒီထဲက မကောင်းဖူးလို့
>> ယူဆထားတာရှိရင် ထုတ်ပြပါ။
>> ၅. ဒီလို ကကြီးကနေ အ အထိ အပြည့်စုံနဲ့ဟောကြားညွှန်ပြတဲ့ တခြားဘာသာတွေကို
>> တွေ့ဖူးပါသလား။ တွေ့ဖူးရင် ထောက်ပြပါ။
>
> Q: ၁. မြတ်စွာဘုရားရဲ့ တရားတော်တွေအားလုံးဟာ အကျင့်တရားပါတွေ ဆိုတာသိပါသလား။
>
> A: အကျင့်တရားတွေဆိုတာ သိပါပေတယ်။သို့ပေသည့် ဗုဒ္ဓဘာသာ အများစုရော သိပါရဲ့လားခင်ဗျာ။
> ဘုရားရှင် လက်ထက်ကတည်းက သံဃာတွေတောင် ဘုရားရှင်ရဲ့ ဓမ္မအမွေကို မခံယူဘဲ
> အာမိသ အမွေကို ခံယူခြင်းကြောင့် ဒါယာဒသုတ္တန်ကို ဟောကြားတော်မူခြင်းကိုရော
> သိပါသလားခင်ဗျာ။
>
> Q: ၂. မြတ်စွာဘုရားဟောကြားတဲ့ထဲမှာ မကောင်းတာလုပ်ဖို့ မမြတ်သော အကျင့်ကို
>> ကျင့်ကြဖို့ ညွှန်ကြားတဲ့ အကျင့် တခုတလေများတွေ့ဖူးပါသလား။ တွေ့ဖူးရင်
>> ထောက်ပြပါ။
> A: မြတ်စွာဘုရားမှ မဟုတ်ပါဘူး။အဘယ်ဘုရားမှ မကောင်းတဲ့ မမြင့်မြတ်တဲ့
> အကျင့်ကို မဟောကြား မပစ်ညတ်တော် မူပါဘူးခင်ဗျာ။(ဘာသာအားလုံးက
> မေတ္တာတရားမှာ တည်မှီထားပါတယ်ခင်ဗျာ)
>
> Q: ၃. ဒါန၊ သီလ၊ ဘာဝနာကို ဘယ်လိုစိတ်ထားပြီး ဘယ်သူတွေ ဘယ်လိုပုံစံနဲ့ လှူရင်
>> ဘယ်လို အကျိုးဖြစ်မယ်။ သံသရာအတွက် ဘယ်လိုအကျိုးဖြစ်ထွန်းမယ်ဆိုတာ အသေးစိတ်ကို
>> ဟောကြားတာတွေ နာယူမှတ်သားဖူးပါသလား။ လက်ခံပါသလား။ လမ်းညွှန်ချက်
>> မပြည့်စုံဘူးလို့ လိုအပ်တာလေးတွေ ရှိနေသေးတယ်လို့ ယူဆပါသလား။
>
> A: သံသရာအတွက် ဘယ်လို အကျိုးဖြစ်ထွန်းမယ်လို့ မြတ်စွာဘုရားရဲ့
> လမ်းညွှန်ချက်ကို မဖတ်မိပါခင်ဗျာ။ရှိပါက မည်သည့် သုတ္တန် သို့မဟုတ်
> ပိဋိကတ်သုံးပုံတွင် အဘယ်နေရာတွင် ပါပါ သနည်း။(ကျွန်တော်
> တစ်ကယ်လေ့လာလိုပါသည်။)
>
> Q: ၄. လက်ရှိဘ၀မှာ ကောင်းဖို့ရာအတွက် မိဘနဲ့သား၊ ဆရာနဲ့တပည့်၊ လင်နဲ့ မယား၊
>> ဘယ်သူတွေနဲ့ ပေါင်းသင်းသင့်တယ်၊ လူ့ဘ၀မှာ ဘယ်လိုနေထိုင် ကျင့်ကြံရမလဲ။
>> လူတွေအပေါ် ဘယ်လိုစိတ်မျိုးမွေးသင့်သလဲ ဆိုတဲ့ဟာတွေ
>> အသေးစိတ်ဟောကြားချက်တွေကိုကော နာယူဖူးပါသလား။ အဲ့ဒီထဲက မကောင်းဖူးလို့
>> ယူဆထားတာရှိရင် ထုတ်ပြပါ။
>
> A: ကျွန်တော် ထိုမေးခွန်းကို သိပ်တော့ မရှင်းလှပါ။သို့ပေသည့်
> နားလည်သလောက် ဖြေဆိုပါမည်။ဘယ်လိုစိတ်မျိုးမွေးသင့်သလဲ ဆိုတာကို
> ဗုဒ္ဓ၀ါဒအရမဟုတ်ဘဲ လူ့လောက၀ါဒ အရဖြင့် ကြည့်လျှင်တောင်
> သိနိုင်ပါတယ်။ထိုမေးခွန်းသည် ဗုဒ္ဓအနှစ်သာရမဟုတ်ပါဘူးခင်ဗျာ။
>
> Q: ၅. ဒီလို ကကြီးကနေ အ အထိ အပြည့်စုံနဲ့ဟောကြားညွှန်ပြတဲ့ တခြားဘာသာတွေကို
>> တွေ့ဖူးပါသလား။ တွေ့ဖူးရင် ထောက်ပြပါ။
>
> A: ဒီမေးခွန်းအတွက် ကျွန်တော်ပြည့်စုံစွာ မဖြေကြားနိုင်သေးပါ။
> အဘယ့်ကြောင့်ဆိုသော် ကျွန်တော် ဘာသာတရားအားလုံးကို နက်ရိုင်းစွာ
> လေ့လာနိုင်တဲ့ ပြီးပြည့်စုံသော အသိဥာဏ် မရရှိသေးပါဘူး။ဒါပေမယ့်
> ကျွန်တော်ထင်တယ်။ဘာသာအားလုံးကတော့ ကောင်းရာကိုဘဲ
> ဟောပြောမယ်ထင်တယ်။ကိုမင်းခေါင်သာ ဘာသာအားလုံးကို လေ့လာပါတယ်ဆိုရင်
> ဘာသာတရားတစ်ခုရဲ့ အနှစ်ချုပ်ကို သိမည်ထင်ပါတယ်။
>
> ကျွန်တော် ရိုးသားစွာ ၀န်ခံရမယ်ဆိုလျှင် အခြား ဖန်ဆင်းရှင်ဝါဒများကိုလည်း
> မေးခွန်းထုတ်ခဲ့သည်များ ရှိခဲ့ဘူးတယ်။သို့ပေသည့် ကျွန်တော် လိုချင်တဲ့
> မက်ဆေ့ထက် မလိုအပ်သည်များ များစွာပါလာသောကြောင့် ကျွန်တော်
> ထိုမက်ဆေ့များကို ပယ်ဖျက်ခဲ့ပြီးလည်း ဖြစ်သည်။
>
> ကျွန်တော့ကို အခြားဘာသာဝင်ဟုထင်ကောင်းထင်သည်မျိုးလည်း
> ရှိနိုင်သည်။မိစ္ဆာကောင် (တစ်နည်းအားဖြင့် ဗုဒ္ဓတွင်မာန်နတ်) (ခရစ်တွင်
> logos) ဟုအပြောခံရသည်များရှိသည်။ကျွန်တော် နောက်ဆုံးပြောလိုသည်မှာ
> မိမိသည် ဘာသာဝင်တစ်ခုရဲ့လက်အောက်ခံဖြစ်ပါက ထိုဘာသာရဲ့လေးနက်သော
> အကြောင်းအရာများကို လေ့လာပါ။ အလကားနေရင်း ပြောနေတာ ငရဲကြီးမယ်
> ကြီးမယ်နဲ့။အဲ့လိုပြောတာ ခလေးတွေကို (ဘာမှ မသိနားမလည်သူ) လူကြီးမိဘတွေက
> ခြောက်တဲ့ စကားလုံးပါ။
>
> ကျွန်တော် ကိုမင်းခေါင် မေးသည်များကို ဖြေကြားပြီးဖြစ်ပါသည်။ကျွန်တော်
> ပထမမေးခဲ့သည်များကိုလည်း ဖြေကြားပေးစေလိုပါသည်။
> နောက်တစ်ခု ထပ်မေးဖို့ မေးခွန်းက ပေါ်ပေါက်လာပြန်ပါသည်။ဗုဒ္ဓဘာသာရဲ့
> အနှစ်သာရကိုရော ကျွန်တော့ကို သိရဲ့လားလို့ မေးမြန်းသူများကို
> ရည်ရွယ်ပါသည်။ကျွန်တော်က မေးမြန်းပါမည်။ဗုဒ္ဓရဲ့ အဓိက
> အနှစ်သာရကဘာပါလဲလို့ပါ။ မိမိသိသလောက်
> ဖြေကြားပေးစေလိုပါသည်။ကျွန်တော်ရဲ့မေးမြန်းမှု့များက တစ်ကယ်လေ့လာစေချင်တဲ့
> စေတနာလား။တိုက်ခိုက်စေချင်တဲ့ ဝေဒနာလားဆိုတာ သိသာစေအပ်ပါသည်။
>
> ---
> နေရောင်ခပ်ပြင်းပြင်းကျလေလေ အရိပ်နက်နက်ထင်လေလေပါဘဲ။
> နေမခလူ ကိုယ်စား
>
>
>
>>
>
> On 04/19/2012, Min Khaung <mkhaung@gmail.com> wrote:
>> ခုလို မေးနေတဲ့ ကိုနေမခလူရဲ့ ဦးတည်ချက်ကို သိချင်ပါတယ်။
>> တိုက်ခိုက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ မေးတာပါလား။ (သို့) သိလိုစိတ်၊
>> စူးစမ်းလိုစိတ်နဲ့ မေးပါသလား။
>> တိုက်ခိုက်ချင်တဲ့ ရည်ရွယ်ချက်ပါဆိုရင် ဖြေစရာမလိုတော့ပါ။ သူ့မှာ မှန်ရင်
>> မှန်ကြောင်း၊ မှားရင် မှားကြောင်း၊ အသိမှန်ကို ချည်းကပ်ဖို့ အကြောင်း မရှိပါ။
>> နိုင်ရင် ပြီးရောဆိုတဲ့ ရည်ရွယ်ချက်ပဲ ရှိပါတော့တယ်။
>>
>> ကျွန်တော်ကတော့ ဘာသာတရားအားလုံးကို လေ့လာပါတယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့
>> ကိုယ့်အသိဥာဏ်နဲ့ အမှန်အမှားဆုံးဖြတ်ပါတယ်။ ပိုပြီးယုံတဲ့ ဘာသာတရားကို
>> ကိုးကွယ်ပါတယ်။ တခြားသော ဘာသာတွေက မိမိကိုယ်ကို မကိုးစားပဲ မမြင်ရသော
>> တန်ခိုးကြီးသော တစုံတရာကို အားကိုးယုံကြည်ဆုတောင်းကြပါတယ်။ မြတ်စွာဘုရားကတော့
>> ရှင်းပါတယ် မိမိကိုယ်သာကိုးကွယ်ရာတဲ့။ ဘယ်လောက်ကြည်ညိုဖို့ကောင်းလိုက်သလဲ။
>> ကြက်သားဟင်းစားချင်ရင် တစုံတရာကို အားကိုးယုံကြည်ဆုတောင်းနေယုံနဲ့ ကြက်သားဟင်း
>> ဘွားခနဲဖြစ်ပြီး မစားရနိုင်ပါ။ ကိုယ်တိုင်ချက်မှ ချက်ချင်းစားလို့ရနိုင်မှာပါ။
>>
>> ကိုနေမခလူမေးတဲ့ မေးခွန်းတွေမှာ တိုက်ခိုက်ပုတ်ခတ်လိုတဲ့ မကောင်းတဲ့
>> ရည်ရွယ်ချက်ကို တွေ့ရပါတယ်။ ကျွန်တော်ကတော့ သုတ္တန်လား၊ အဘိဓမ္မာလား ဆိုတာ
>> ခွဲခြားမနေပါ။ မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော် အားလုံးကို
>> ယုံကြည်ပါတယ်။ ကိုးကွယ်ပါတယ်။
>> မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်တွေအားလုံးကို သေချာလေ့လာပါ။
>> အကောင်းအဆိုးကို ညွှန်ပြပါတယ်။ အကျိုး အကြောင်းကို ညွှန်ပြပါ။ ဒီဟာကို
>> ဒီလိုကျင့်ရင် ဒီလိုဖြစ်မယ်ဆိုတာ အတိအကျ လမ်းညွှန်ပါတယ်။ ကျွန်တော်ကတော့
>> တရားတော်ကို နှလုံးသားနဲ့ နာယူပါတယ်။ အကောင်းအဆိုး၊ အကျိုးအကြောင်းကို
>> ချင့်ချိန်ဆုံးဖြတ်ပါတယ်။ လေးစားစွာ လိုက်နာပါတယ်။
>> အဓိကမကျတဲ့ ဘယ်သူ့ကို ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ဟောကြားတာလဲဆိုတာ သိဖို့
>> ကြိုးစားရင် ဗဟုသုတရရုံကလွဲပြီး ကိုယ့်သံသရာအတွက် မကျိုးအဖြစ်နိုင်ပါ။
>> ကြက်သားဟင်းကို အဆီတွေပဲ ခပ်ပြီး စားလိုက်သလိုပဲဖြစ်မှာပါ။ အနှစ်၊ အသားတွေ
>> မစားလိုက်ရပဲ ဖြစ်သွားပါလိမ့်မယ်။
>>
>> ဥပမာအနေနဲ့ ပြောရရင် ရေကို လိုအပ်တဲ့ လူတစ်ယောက်က သူ့ရဲ့ရှေ့မှာ ကြည်လင်လှတဲ့
>> စမ်းချောင်းကြီးရှိနေတယ်ဆိုပါတော့။
>> အဲ့ဒီရေကို ချိုးခပ်သောက် လိုသလို အရန်သင့် သုံးရုံပါပဲ။
>> စမ်းချောင်းအစ ဘယ်ကနေ စီးဆင်းလာတာကို သိရမှ ဒီစမ်းချောင်းက ရေကို
>> သောက်မယ်ဆိုပဲ စမ်းချောင်းဝကို လိုက်ရှာနေလို့ကတော့ ရေငတ်သေရုံတင်
>> ပိုမရှိပါဘူး။
>>
>> ကျွန်တော်ကတော့ သမိုင်းကြောင်းတွေ စိတ်မ၀င်စားပါဘူး။ စိတ်ဝင်စားလို့လဲ
>> ဗဟုသုတကလွဲလို့ ဘာမှ အကျိုးမရှိပါဘူး။ မိမိနဲ့ သက်ဆိုင်တဲ့ အကျင့်မြတ်တွေကိုပဲ
>> စိတ်ဝင်စားပါတယ်။ လေ့လာပါတယ်။ ဝေဖန်ပိုင်းခြားပါတယ်။ လက်ခံယုံကြည်ပါတယ်။
>>
>> ကိုနေမခလူကို မေးခွန်းလေးတွေ မေးချင်ပါတယ်။
>> ၁. မြတ်စွာဘုရားရဲ့ တရားတော်တွေအားလုံးဟာ အကျင့်တရားပါတွေ ဆိုတာသိပါသလား။
>> ၂. မြတ်စွာဘုရားဟောကြားတဲ့ထဲမှာ မကောင်းတာလုပ်ဖို့ မမြတ်သော အကျင့်ကို
>> ကျင့်ကြဖို့ ညွှန်ကြားတဲ့ အကျင့် တခုတလေများတွေ့ဖူးပါသလား။ တွေ့ဖူးရင်
>> ထောက်ပြပါ။
>> ၃. ဒါန၊ သီလ၊ ဘာဝနာကို ဘယ်လိုစိတ်ထားပြီး ဘယ်သူတွေ ဘယ်လိုပုံစံနဲ့ လှူရင်
>> ဘယ်လို အကျိုးဖြစ်မယ်။ သံသရာအတွက် ဘယ်လိုအကျိုးဖြစ်ထွန်းမယ်ဆိုတာ အသေးစိတ်ကို
>> ဟောကြားတာတွေ နာယူမှတ်သားဖူးပါသလား။ လက်ခံပါသလား။ လမ်းညွှန်ချက်
>> မပြည့်စုံဘူးလို့ လိုအပ်တာလေးတွေ ရှိနေသေးတယ်လို့ ယူဆပါသလား။
>> ၄. လက်ရှိဘ၀မှာ ကောင်းဖို့ရာအတွက် မိဘနဲ့သား၊ ဆရာနဲ့တပည့်၊ လင်နဲ့ မယား၊
>> ဘယ်သူတွေနဲ့ ပေါင်းသင်းသင့်တယ်၊ လူ့ဘ၀မှာ ဘယ်လိုနေထိုင် ကျင့်ကြံရမလဲ။
>> လူတွေအပေါ် ဘယ်လိုစိတ်မျိုးမွေးသင့်သလဲ ဆိုတဲ့ဟာတွေ
>> အသေးစိတ်ဟောကြားချက်တွေကိုကော နာယူဖူးပါသလား။ အဲ့ဒီထဲက မကောင်းဖူးလို့
>> ယူဆထားတာရှိရင် ထုတ်ပြပါ။
>> ၅. ဒီလို ကကြီးကနေ အ အထိ အပြည့်စုံနဲ့ဟောကြားညွှန်ပြတဲ့ တခြားဘာသာတွေကို
>> တွေ့ဖူးပါသလား။ တွေ့ဖူးရင် ထောက်ပြပါ။
>>
>> မေတ္တာဖြင့်
>> မင်းခေါင်
>>
>>
>>
>>
>>
>> 2012/4/19 Ng Ag <ngag@rocketmail.com>
>>
>>> အချဉ်မဖြစ်ချင်သဖြင့် ၀င်ပါ ချင်ပါသည်။
>>>
>>> ဗုဒ္ဓတရားတော်နဲ့ ကျင့်စဉ်တွေဟာ အချိန်အခါမရွေး လူမျိုးမရွေး
>>> အစမ်းအသပ်ခံပါသည်လို့ မှတ်သားမိပါသည်။ ထို့ကြောင့် ဗုဒ္ဓရဲ့တရားတော်နဲ့ အညီ
>>> ကျင့်စဉ်တွေကို အားထုတ်ကျင့်ကြံမယ်ဆိုရင် မှန်၏ မမှန်၏ကိုယ်တိုင်
>>> လက်တွေ့သိရမှာပါ။
>>>
>>> နယူးယောက်မြို့ကို မရောက်ခဲ့ဘူးသူကို ကုန်သွယ်ရေးတိုက်ညီနောင်ရှိခဲ့တယ်ဆိုတာ
>>> ပြောရင် ယုံတမ်းစကားဖြစ်မှာပါ။ မသိလို့ မရှိဘူး မမြင်ရလို့ မရှိခဲ့ဘူး ဆိုတာ
>>> လူသာမန်တွေရဲ့ အမြင်၊ သုံးသပ်ချက်ပါ။
>>>
>>> အမေရိကန်သမတနဲ့ ထိပ်သီးအရာရှိများ ပုန်းခိုကျင်းကို အုတ်ရောရော ကျောက်ရောရော
>>> ၀င်ခွင့်မရှိပါ။ သမတနှင့် ထိုအရာရှိများ ၄င်းပုန်းခိုကျင်းတွင်
>>> ပုန်းအောင်းပြီး အမိန့်ပေး ကွပ်ကဲပါသည်။ မိမိ အခွင့်မရှိ ၀င်ခွင့်မရ
>>> မရောက်နိုင်သဖြင့် လူတွေ ဒီပုန်းခိုကျင်းမှာ ခိုအောင်းအမိန့်ပေး
>>> ကွပ်ကဲတာမဖြစ်နိုင်ပါလို ဆိုလျှင်လည်း တုံးရာ၊ အရာ ကျပေမည်။
>>>
>>> ကမ္ဘာမှာ ဗုဒ္ဓနဲ့ ဗုဒ္ဓဘာသာအကြောင်း နှံ့စပ်သိမြင်သူ လူ၊ ရဟန်း
>>> အများအပြားရှိပါတယ် ချဉ်းကပ် ၀ပ်တွား ၍သာဆည်းကပ်ပါလေ။
>>>
>>> ဖတ်ပါ မှတ်ပါ ကျင့်ကြံပါ အမှန်ကို အမှန်အတိုင်း သိလာမည်ဖြစ်ပါသည်။ ထိုသို့
>>> သိမြင်လာပါက မည်သူ့ကိုမျှ မည်သည့်အရာသည် အကောင်းမြတ်ဆုံးနည်း မည်သည့်အရာသည်
>>> အမှန်တရားနည်း ဆိုတာကို ဘေးလူကိုမေးစရာ လိုမည်မဟုတ်ပါ။
>>>
>>> အပ္ပမာဒေန သမ္မာဒေထ
>>>
>>> အောင်နိုင်အောင်
>>>
>>>  *From:* နေမခလူ <mail.login.mail@gmail.com>
>>> *To:* cupid boy <cupidboy84@gmail.com>
>>> *Cc:* "mkhaung@gmail.com" <mkhaung@gmail.com>; "decemberthiri19@gmail.com"
>>> <decemberthiri19@gmail.com>; "yee2hlaing96@gmail.com" <
>>> yee2hlaing96@gmail.com>; "linminaung@gmail.com" <linminaung@gmail.com>;
>>> Lynn Htet Swe <myatchitshin@googlemail.com>; Co2zeиith <
>>> co2zenith@gmail.com>; "co2zenith@googlegroups.com" <
>>> co2zenith@googlegroups.com>; mayanmardailymail <
>>> mayanmardailymail@googlegroups.com>; Newgeneration <
>>> aurorageneration@googlegroups.com>
>>> *Sent:* Wednesday, 18 April 2012 8:51 PM
>>> *Subject:* [MM Daily Mail:3043] Re: [aurorageneration] ဗုဒ္ဓဘာသာဝင်တိုင်း
>>> ဖတ်ထားသင့်ပါသည်
>>>
>>> *အင်း
>>> ဗုဒ္ဓဘုရားရှင်ဟာ တစ်ကမ္ဘာလုံးကို တရားဟောခဲ့ပါတယ် ဆိုခဲ့လျှင် အဘယ့်ကြောင့်
>>> သက်သေ သာဓကများ မရှိခဲ့ပါသနည်း။ ကျွတ်တန်းဝင်မည့် ပုဂ္ဂိုလ်များချည်း
>>> ဟောခဲ့ပါသည် ဆိုလျှင် အရှင် ဂေါတမရဲ့ တရားနာသူအားလုံး ကျွတ်တန်းမ၀င်ခဲ့တာကို
>>> သိသာထင်ရှားစေသောသာဓကများ ရှိပါတယ်။ ဘုရားရှင်ဟာ အဘယ့်ကြောင့် ၀ိနည်းတွေကို
>>> ထပ်ထပ်တိုးလာသနည်း ဆိုရလျှင် ရဟန်းများသည် လဒ်လာဘများကို မျှော်မှန်းလာခြင်း
>>> လူ့ဘောင်လောကနှင့် နီးကပ်လာမည် ဆိုးသဖြင့် ဘုရားရှင်လက်ထက်ကတည်းက
>>> ဓမ္မဒါယာဒသုတ္တန်ကို ဟောပြောခဲ့ရသည်များရှိသည်။)) (((အရှင်သာရိပုတ္တရာ
>>> ကိုယ်တော်မြတ်ကြီးအား မဟုတ်မရား ပြောဆိုသည့် ရဟန်း၏ကိုယ်သည် မီးလောင်ခံရသည်။
>>> (သီဟနာဒ သုတ္တန်)))) ထိုအခြင်းအရာများကို ကြည့်ခြင်းအားဖြင့် ဘုရားရှင်
>>> လက်ထက်က
>>> ရဟန်းတောင် (ဘုရားဒေသနာတော်ကို နားကြားရပေမယ့်) ကျွတ်တန်းမ၀င်ပါ။ ထို့အတူ
>>> ဘုရားရှင်၏ ဒသန အားလုံး အခု အချိန်ထိ ကမ္ဘာသို့ ပျံ့နှံ့စေချင်း မရှိသေးပါ။
>>> ဗုဒ္ဓဘာသာကို အဘယ့်ကြောင့် မေးရသနည်းဆိုခဲ့လျှင် အခြေခံကျကျ
>>> လူအားလုံးတွေးခေါ်နိုင်သည့် (သတ္တ၀ါအားလုံးကို မေတ္တာဖြန့်ကျက်ခြင်းမျိုး)
>>> ဖြစ်နိုင်ပေမယ့် တရားဟောခဲ့တယ် ဆိုတာကတော့ သက်သေ သာဓကများ မရှိပါ။ဒါဆိုလျှင်
>>> ဘုရားရှင် က ကျွတ်တန်းဝင်မည့် ပုဂ္ဂိုလ်များအား တရားဟောခဲ့ပါတယ်ဆိုလျှင်
>>> ကျွတ်တန်းဝင်မယ့်သူတွေ အားလုံးက ယခု (အိန္ဒိယ)က လူတွေ ချည်း ဖြစ်ခဲ့ရပါတယ်။
>>> အနှစ်ချုပ်ပြောရမယ်ဆိုလျှင် ဘုရားရှင်ရဲ့စစ်မှန်သော အနှစ်သာရပြည့်စုံသော
>>> တရားများအား ရိုသေဆည်းကပ်ပါတယ်။ ဒါပေမယ့် ငါဟာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။
>>> ငါတို့ဘာသာဟာ ကျန်ဘာသာ အားလုံးထက် သာလွန်ကောင်းမြတ်ပါတယ်ဆိုပြီး
>>> မထင်စေချင်ပါ။ကဲ ခင်ဗျားတို့ ဘုရားရှင်ရဲ့ အဘယ်တရားကို ယုံကြည်ကြပါသနည်းဟု
>>> မေးမြန်းလိုပါတယ်။ ပိဋိကတ်သုံးပုံကို ကိုးကွယ်ဆည်းကပ်ပါသည်ဆိုလျှင်လည်း
>>> ထေရ၀ါဒ
>>> လား မဟာယနလား။ ပထမ သံဃာယနာ တင်ခဲ့ခြင်းတွင် ရဟန်းတော် တစ်ရာသာ ပါခဲ့သည်ဟု
>>> သိပါသည်။ဒုတိယ သံဃာယနာ တင်ခဲ့ခြင်းတွင် ယခု ထေရ၀ါဒကလည်း တင်ပါသည် မဟာယနကလည်း
>>> တင်ပါသည်။ ထိုမှစပြီး ကွဲလွဲမှု့ရှိခဲ့ပါသည်။ သင်တရားတော်ကို ယုံကြည်သည်
>>> စစ်ဆေးခံနိုင်သည်ဟု ထင်ခဲ့ပါသည်ဟု ထင်ခဲ့ပါလျှင် သုတ္တန်ကိုလား အဘိဓမ္မာကိုလား။
>>> ဘယ်အရာကို သင်လက်တွေ့ကျကျ ယုံကြည်ခဲ့ပါသနည်း။ဘယ်အရာကိုရော သင်လက်တွေ့ကျကျ
>>> လုပ်ဆောင်ပြီးခဲ့ပါသနည်း။ နောက်ဆုံး ရီပလိုင်း သမားများကို မေးလိုပါသည်။
>>> ဘုရားရှင်ရဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားများသည် ပိဋိကတ်သုံးပုံတွင် အဘယ်ပုံ
>>> တွင်
>>> ပါပါသနည်း။
>>> (ကျွန်တော့မေးမြန်းချက်ကို ရီပလိုင်းသမားများဖြေစေချင်လိုပါသည်။ ဆရာကြီးများ
>>> ခေတ္တလက်ရှောင်ပေးပါ။)
>>> *---
>>> --
>>> နေရောင် ခပ်ပြင်းပြင်းကျလေလေ အရိပ်နက်နက် ထင်လေလေပါဘဲ။
>>>
>>> နေမခလူ ကိုယ်စား :D
>>>
>>>
>>>
>>>
>>> 2012/4/17 cupid boy <cupidboy84@gmail.com>
>>>
>>> ကျွန်တော်တစ်ခုမေးချင်တာကအရှင်ဂေါတမဟာအဘယ့်ကြောင့်တစ်ကမ္ဘာလုံး
>>> ကိုတရားမဟောခဲ့သနည်း။
>>> ဒီမေးခွန်းက  ဗုဒ္ဓဘာသာကို  ဘယ်လို  မှ အကျွမ်းမ၀င် သလို လေ့   လာမူ့  တောင်
>>> မရှိဘူးလို့   တောင်ဆိုချင်ပါတယ်။ဗုဒ္ဓ မြတ်စွာ ကိုယ် တိုင်ဟော ထား ပါတယ်။
>>> သတ္တ၀ါဆိုတာကျွတ်ချိန်ဆိုတာ ရှိ သလို  သူ့  ရဲ့  ဥာဏ်ပေါ်  မူ တည် ပြီးတော့  လဲ
>>> ချွတ်ထိုက်
>>> လွတ် ထိုက် တဲ့  သူ ဆိုပြီးရှိပါသေးတယ်။  ခပ်2ရိုင်းပြောရရင်  ဗုဒ္ဓဘာ သာ ရဲ့ 
>>> အခြေခံ ကျကျအချက်တောင် နားမလည် ပဲ  စကားကြီးစကားကျယ်ပြောချင်တာတော့ 
>>> အံ့သြမိတယ်။စကြ်ာဝဠာကအရမ်းကြီးလွန်းတော့မဆွေးနွေးေ
>>> တာ့ဘူး။နောက်ပြီးရုပ်နုတရားတွေနဲ့ဗုဒ္ဓဝင်တွေအကြောင်းမပြောတာကောင်းမယ်။
>>>
>>>
>>>
>>> စာပေ အကြီးကြီး  တွေချီ ပြီး  လူအထင်ကြီးအောင်  ပြောချင်မနေပါနဲ့ 
>>> ...ဗုဒ္ဓဘာသာဆိုတာ  ကမ္ဘာမှာ အစမ်းသပ်ခံနိုင်တဲ့   ဘာ သာအဖြစ်  တည် ရှိ နေတာ
>>> အားလံုး အသိပါ။
>>>            တန်ဖိုးရှိတဲ့ စမ်းသပ်ခြင်းကိုလိုလားပေမယ့် အပြစ်ပြောချင်ယုံ
>>> ဝေဖန်ရေးဆိုရင်တော့ 
>>> ခင်ဗျားလုပ်ရပ်တွေ  အတော်အောက်တန်းကျတယ်။
>>>
>>>  On Mon, Apr 16, 2012 at 7:08 PM, နေမခလူ
>>> <mail.login.mail@gmail.com>wrote:
>>>
>>>
>>> ကျွန်တော်တစ်ခုမေးချင်တာကအရှင်ဂေါတမဟာအဘယ့်ကြောင့်တစ်ကမ္ဘာလုံးကိုတရားမဟောခဲ့သနည်း။စကြ်ာဝဠာကအရမ်းကြီးလွန်းတော့မဆွေးနွေးတော့ဘူး။နောက်ပြီးရုပ်နုတရားတွေနဲ့ဗုဒ္ဓဝင်တွေအကြောင်းမပြောတာကောင်းမယ်။
>>>
>>>
>>>
>>> On Thursday, April 12, 2012, Min Khaung <mkhaung@gmail.com> wrote:
>>>> ခု ကျွန်တော်ပြန်ဆွေးနွေးချင်တာက အပေါ်က မူရင် ပို့စ်တင်တဲ့သူရဲ့ သဘောထား
>>> အမြင်တွေကို လမ်းကြောင်းမှန် ပြန်တည့်ချင်ရုံ စေတနာသက်သက်ပါ။
>>>> ရခဲ့တဲ့ လူ့ဘ၀က တိုတိုလေးပါ၊ ရခိုက်မှာ အမြင်မစဉ်ကြယ်ရင် သံသရာတကြောမှာ
>>> လွတ်မြောက်မှာမဟုတ်ပါဘူး။
>>>>
>>>> လေကို မမြင်ရလို့ ကိုင်မရလို့ လေ မရှိပါဘူးလို့ ပြောလို့မရဘူး။
>>>> ရေထဲမှာ အသက်ရှူမရလို့ အောက်စီဂျင်မရှိပါဘူးလို့ ပြောလို့မရဘူး။
>>>> ကမ္ဘာကြီးလုံးတာ မမြင်ရလို့ ပြားပါတယ် ပြောလို့မရဘူး။
>>>>
>>>> အဲ့ဒီလိုပဲ မြင့်မိုရ်တောင်တို့ မြောက်ကျွန်းတို့ မမြင်ရလို့ ဘုရားဟောတာ
>>> မမှန်ဘူးလို့ အားနဲသွားပြီ။ ဖျာအောက်ထဲထည့်ထားလိုက်မယ် လို့ မယူဆလိုက်ပါနဲ့။
>>>> သေချာလေ့လာပါ။ ဘုရားဟောတာ မှန်၊ မမှန်သိချင်ရင် ဘုရားလမ်းညွှန်ခဲ့တဲ့
>>> လမ်းအတိုင်း လမ်းဆုံးအောင် လျှောက်ကြည့်ပါ။
>>>> ဘုရားလမ်းညွှန်ခဲ့တဲ့ လမ်းအတိုင်း ကိုယ်တိုင် မလျှောက်ကြည့်ဘဲနဲက
>>> ဘေးကထိုင်ကြည့်ပြီး မဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့။
>>>> ကိုယ်တိုင်လုပ်ကြည့်ပါ၊ ကိုယ်တိုင်လေ့လာပါ။
>>>>
>>>> အမြင်မှန်ပြီး လမ်းမှန်ရောက်ပါစေ
>>>> မင်းခေါင်
>>>>
>>>>
>>>> 2012/4/11 Shein Thiri <decemberthiri19@gmail.com>
>>>>
>>>> ကျမက ဘယ်သူ့ကိုပြောတယ်လို့ မဆိုလိုပါဘူး။ ဒီ message ကို ရတာနဲ့
>>> အမျိုးသားရေးအသိနဲ့ ပြန်ရှင်းတာပါ၊ ဒါ အမျိုးသားတိုင်းမှာ တာဝန်ရှိပါတယ်။
>>> မှန်တယ်ဆိုတာ ကိုယ်မှန်တယ်ထင်တာကို ဆိုလိုတာမဟုတ်ပါဘူး၊ လူတိုင်းက
>>> မှန်တယ်လို့သတ်မှတ်တဲ့ အကြောင်းအရာများမှာတောင် မှားနေနိုင်တာ လက်ခံပါတယ်၊
>>> လူညီရင် ဤကို ကျွဲ ဖတ်တတ်တယ်ဆိုတာ မှန်တာကိုပြောတာတော့ မဟုတ်ပါဘူး ဒါပေမဲ့
>>> ဘာသာတရားအဆုံးအမနဲ့ ကြီးပြင်းလာတဲ့ သူတွေအနေနဲ့ကတော့ အခုလို ရေးသားချက် ၊
>>> အခုလို ရေးတတ်တဲ့ ကျမတို့ အမျိုးကောင်းသားတွေကို အမျိုးဘာသာ
>>> စောင့်ရှောက်တတ်ဖို့ ရှင်းပြရမှာ တာဝန်ရှိပါတယ်။ အခုလိုရေးတာ
>>> ဘာသာခြားဆိုရင်တော့ သွေးစည်းကြဖို့လိုပြီဆိုတာကို ပြနေတာ သတိထားရမှာပါ။
>>>> ကျေးဇူးတင်စွာဖြင့်
>>>> ထွန်းသီရီရှိန်
>>>>
>>>> 2012/4/10 NOVEMBER CENTER <yee2hlaing96@gmail.com>
>>>>
>>>> သိပ္ပံပညာက သက်သက် ဘာသာတရားကသက်သက်ပဲလေ... ဘာမှကို မဆိုင်ဘူး။
>>> အဲလိုတွေပြောကြေးဆိုရင် ဘယ်ဘာသာတရားမှ လွတ်ကင်းတာမရှိတော့ဘူးနော်။ လူတိုင်း
>>> ဘာသာပျောက်ကွယ်ပြီဆိုရင် သွားပြီလေ။ ဒါဆို နောက်လာမယ့် ကလေးတွေကို
>>> သိပ္ပံပညာနဲ့ပဲ ယဉ်ကျေးအောင်ဆုံးမရမလား ဘာသာတရားနဲ့
>>> ယဉ်ကျေးအောင်ဆုံးမရမလားဆိုတာလေး ရှင်းစမ်းပါဦးနော်.........။
>>>>
>>>> On Sun, Apr 8, 2012 at 6:39 PM, Limit <linminaung@gmail.com> wrote:
>>>>
>>>> ("လူငယ်တွေ ကို သိပ္ပံ လေ့လာစူးစမ်း လို စိတ်တွေ ကို ဖွင့် ပေးရမယ်။ သိပ္ပံ က
>>> အလကား ဒို့ ဘာသာ က မှ အမှန်တရား လုပ်နေကြတာ တွေ ကို နားသင့် ပြီ။ လူငယ်တွေ
>>> ခေါင်းထဲ အဆိပ်အတောက်တွေ ထည့်ပေးနေတာ တွေ ကို ရပ်သင့်ပြီထင်ပါတယ်။
>>>>
>>>> ယုံကြည်မှု သက်သက် ဆိုတာ သူ့ အတိုင်းအတာ နဲ့ သူ ပဲ ကောင်းတယ်လို့ မြင်ပါတယ်။
>>> နယ်ကျော် စည်းကျော် မပြောသင့် ကြောင်း တင်ပြ အပ်ပါတယ်။")^2
>>>>
>>>> ဘာသာအားလုံးနဲ့ သိပ္ပပညာကို လေးစားစွာ
>>>>
>>>> Sent from "LIMIT"
>>>> On Apr 4, 2012, at 2:53 PM, Lynn Htet Swe <myatchitshin@googlemail.com>
>>> wrote:
>>>>
>>>> မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း ဆိုင်ရာ အယူအဆ တွေ က ဗုဒ္ဓဘာသာဆိုင်ရာမှာ
>>> (ဒီနေ့ခေတ်ကာလမှာ) အား အနည်းဆုံး အပိုင်း လို့ ထင်မိပါတယ်။
>>> ရှေ့တန်းမတင်သင့်တဲ့ ကိစ္စ It should be put under the carpet လုပ်ထားရမဲ့
>>> ကိစ္စတွေ လို့ မြင်ပါတယ်။
>>>>
>>>> မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း ဆိုင်ရာ အယူအဆ တွေ က ခေတ်သိပ္ပံပညာရဲ့
>>> Cosmology Astronomy Geology စတာတွေ ရဲ့ လေ့လာတွေ့ရှိချက်တွေ နဲ့ လားလားမျှ
>>> မတူပါ။ ခေတ်သိပ္ပံပညာ ကို လက်ခံ ရင် မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း
>>> ဆိုင်ရာ
>>> အယူအဆ တွေ က တစ်လွဲတွေ ဖြစ်နေလို့ပါပဲ။ တစ်လွဲတွေ ဖြစ်နေလို့ ဆိုရာမှာ တစ်ခု
>>> နှစ်ခု လွဲတာ မဟုတ်ပဲ ကမ္ဘာမြေထုရဲ့ အတိုင်းအတာ=ထုထည်-အ၀န်းအ၀ိုင်း ရေထုရဲ့
>>> အတိုင်းအတာ=ထုထည် ကမ္ဘာမြေ ပုံသဏ္ဍာန် နဲ့ တည်နေဟန် တိုက်တွေ တည်နေဟန် နေ လ
>>> စတာတွေ ရဲ့ အတိုင်းအတာ =ထုထည်-အ၀န်းအ၀ိုင်း စကြ၀ဠာရဲ့ တည်နေပုံတွေ အကုန်လုံး
>>> ပါစင်အောင်လွဲနေလို့ပါပဲ။
>>>>
>>>> ဒီလို လွဲ နေတာ က လဲ အထူး အဆန်းမဟုတ်ပါ။ သိပံ္ပပညာ ပေါ်ပေါက်လာတာ နှစ်ပေါင်း
>>> ၄၀၀ လောက်ပဲ ရှိပါသေးတယ်။ အတွေးအမြင် တော်လှန်ရေး အဆင့်ဆင့် လုပ်ပြီးမှ
>>> ပြောင်းလဲ လာတဲ့ အသိအမြင်တွေ ဖြစ်လို့ပါပဲ။ ဒီနေ့ ထိ သိပ္ပံ မှာ သီအိုရီတွေ က
>>> မငြိမ်သေးပဲ တရွေ့ရွေ့ တိုးတက် ဖြစ်ထွန်း နေပါတယ်။ ဒါကို က သိပ္ပံ ရဲ့ အလှ
>>> ဖြစ်တယ်။ ငြင်းချက်ထုတ်နိုင်တယ် ထပ်ကောင်း အောင်လုပ်နိုင်တယ်..ရှာဖွေ လေ တွေ့
>>> ရှိလေပေါ့။ ဗုဒ္ဓဘာသာ အပါအ၀င် ရှေးဟောင်းဘာသာတရား မှန်သမျှ ရဲ့ စကြ၀ဠာဗေဒ က
>>> လုံးဝ မမှန်ပါ။ ကလေး ကလား တွေ လို့ ပဲ ပြောရမှာ ဖြစ်တယ်။
>>>>
>>>> ((တကယ်တော့ မြင့်မိုရ်တောင်ဟာ အဆမတန်ကြီးမားပြီး နု့ညံ့တာကြောင့်
>>> သာမန်လူတွေရဲ့ မျက်စိနဲ့ဖြစ်စေ၊ သာမာန်လူတွေလုပ်ထားတဲ့အရာဝတ္ထုနဲ
>>>
>>> --
>>> --
>>> နေရောင်ပြင်းပြင်းကျလေလေ အရိပ်နက်နက် ထင်လေပါဘဲ။
>>> နေမခလူ
>>>
>>> --
>>> group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
>>> Computer နည်းပညာများ
>>> http://groups.google.com/group/auroracomputerservice?hl=en_US
>>> ဂြိုဟ်တုနှင့်အာကာသ
>>> http://sites.google.com/site/9spacestudy/
>>> Aurorageneration အတွက် facebook link ပါ။
>>> http://www.facebook.com/groups/186830348042417
>>> --
>>> သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail
>>> ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကို
>>> http://groups.google.com/group/aurorageneration/topics?start=10&sa=Nမှာကြည့်နိုင်ပါသည်။
>>> သင်ဧ။် mail များကိုဖြန့်ဝေချင်ပါက
>>> aurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက
>>> aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့်
>>> ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက
>>> aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
>>>
>>> group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက
>>> aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
>>>
>>>
>>>
>>> --
>>> ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။
>>> Myanmar Daily Mail ၏ Group စာမျက်နှာမှာ
>>> http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog
>>> စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။
>>> ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး
>>> mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့်
>>> Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post
>>> တင်ပြီးသားဖြစ်အောင် စီမံထားသည်။
>>>
>>> ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့်
>>> စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့်
>>> ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
>>>
>>> Myanmar Daily Mail Group တွင် Member ဝင်လိုပါက
>>> mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ
>>> အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက
>>> mayanmardailymail+unsubscribe@googlegroups.com သို့ Email
>>> ပို့၍နှုတ်ထွက်နိုင်သည်။
>>>
>>>
>>>
>>
>
>
> --
> ---
> --
> *လေပြင်းတွေ လာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် အ၀ါရည်ကို စုပ်ခဲ့တဲ့
> နှုတ်ခမ်းနဲ့ မြာတွေကို နှုတ်ဆက်နမ်းခဲ့မယ်။ *
> လွမ်းနေသူ®

--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group  စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail  ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။  ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။

ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။

 Myanmar Daily Mail Group တွင်  Member ဝင်လိုပါက  mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member  အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။

--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
 
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
 
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။