Re: [mrsorcerer:22812] နိုင်ငံရေးအဘိဓမ္မာမဲ့ပေမယ့် ဒီခေတ် ဒီစနစ် မှာမှန်တယ်

သိပ်မှန်တယ် ကိုမာဃ.ရေ......ကုလားအုတ်များလိုပေါ....ရွက်ထည်တဲထဲဝင်ချင်တဲ.အခါ..ခေါင်းလေးဝင်မယ်......ပုခုံးလေးဝင်မယ်....တဖြည်းဖြည်း တကိုယ်လုံး ၀င် တော. ရွက်ထည်တဲ ပိုင်ရှင်...........အပြင်ထွက် ပေးလိုက်ရသလိုပေါ.......

အကြွင်းမဲ့၊ လုံးဝ၊ အလုံးစုံထောက်ခံပါတယ်။ အချိန်နဲ့တပြေးညီအလုပ်လုပ်နေချိန်မှာ ...... ဒီလိုပဲ ဖြစ်ရမယ်လေ။ နောက်မျိုးဆက်သစ်တွေအတွက် အချိန်က အလွန် တန်ဖိုးရှိလို့ပါ။ အငြင်းအခုန်လုပ်ဖို့ဝေဖန်ဖို့ ထက် ပြုပြင်ပြောင်းလဲဖို့ အင်အားစုကြပါ။u
နိုင်ငံရေးအဘိဓမ္မာမဲ့ပေမယ့် ဒီခေတ် ဒီစနစ် မှာမှန်တယ်

နိုင်ငံရေးအဘိဓမ္မာမဲ့တဲ့ အမျိုးသားရေး နိုးကြားမှု ဆောင်းပါးအား ပြန်လည်ဝေဖန်ရေးသားပါသည်

အန်အယ်ဒီ ရွေးကောက်ပွဲဝင်တာ မှန်လားမှားလားဆိုတာ လူထုအနေနဲ့ အချိန်အတော်ကြာ ဇဝေဇ၀ါ ဖြစ်ခဲ့ဖူးတယ်ထင်တယ် ။ တကယ်လို့သာ မှားလားမှန်လားဆိုတဲ့ အရာနဲ့သာ ချိန်ထိုးဆုံးဖြတ်မယ်ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မထိန်းချုပ်နိုင်တာ ၊ သင့်တင့် လျှောက်ပတ်တဲ့ နီဂိုရေးရှင်းမရှိခဲ့တာကအစ.အစကတော့နိုးဘုတ်ဘုတ်နိုးလုပ်ပြီး၊အချိန်ပိုကျမှကွင်းထဲဝင်ကန်ပြီးအတင်းရုန်းကန် ချေပဂိုးတွေပြန်သွင်းနေတာကအဆုံး
 မြန်မာပြည်ပိုလက်တီကယ် ချိန်းချက် တခုလုံးကို အနုလုံပဋိလုံ ပြန်သုံးသပ်ရမှာဖြစ်တယ် ။

အန်အယ်ဒီ နိုင်ငံရေးတိုက်ကွက်တွေ မှားခဲ့တယ်ဆိုရင်တောင် . . . ဒါလက်ခံနားလည်ပေးရမယ့် အမှားတွေသာဖြစ်တယ်လို့ မြင်တယ် ။ အန်အယ်ဒီမို့လို့မျက်စိမှိတ်ဇွတ်ထောက်ခံနေတာမဟုတ်ဘူး ။ အန်အယ်ဒီဟာ အရင်တုန်းက စစ်အစိုးရရဲ့ ကစားကွက်ထဲမှာ လိုက်ပါစီးမျောနေရာက အခု တော့ အန်အယ်ဒီကိုတိုင်က ကစားကွက်ကို ပြန်လည်ဖန်တီးပြီး တိုက်စစ်ဆင် သူတင်ကိုယ်တင် ချရတော့မယ့်အချိန်ပဲ ဖြစ်တယ် ။ အခု ကြားဖြတ်
ရွေးကောက်ပွဲဟာ နောက်လာမဲ့ ဖိုင်နယ်ဗိုလ်လုပွဲကြီးရဲ့ အကြို ပွဲလေးပါ ။ ဒါဟာ ခြေစမ်းပွဲပါ ။

အဲန်အယ်လ်ဒီရဲ့ ရွေးချယ်မှုဟာ စစ်ဗျူရိုခရက် အရင်းရှင်စံနစ် သက်ဆိုးရှည်စေရာရောက်တယ်၊ ကမ္ဘာ့အရင်းရှင် အဖွဲ့အစည်းတွေနဲ့ စစ်အုပ်စုအကြား ရွှေလမ်းငွေလမ်း ဖောက်ပေးရာရောက်တယ်၊ စစ်အုပ်စုက အဲန်အယ်လ်ဒီကို လာဘ်ခေါ် ဇီးကွက်ရုပ်အဖြစ် လွှတ်တော်ထဲ တွဲလွဲဆွဲထားဖို့ ခေါ်တာဖြစ်တယ် ဆိုရင် . . . စစ်အစိုးရကို ဆန့်ကျင် ဆန်ရှင်တွေခေါ် ၊ အာဏာဖီဆန်ရေးတွေချမှတ် ၊ လူထုတိုက်ပွဲတွေလုပ်နိုင်ငံရေးသမားတွေ အဖမ်းခံနေကြရတာနဲ့ မြန်မာပြည်ကြီး ဒီထက်ပိုထူးမလာဘူးလို့ထင်တယ် ။

လူလတ်တန်းစားဟာ တော်လှန်ရေး အင်အားစု ဖြစ်မလာပဲ၊ စီးပွားရေးလိုဘသာ ရှိတော့တဲ့ အမျိုးသားရေးဝါဒအခြေခံ လူတန်းစားပျက်
ဖြစ်လာတယ်
ဆိုတဲ့စကားဟာ စာရေးသူဟာ ကွန်မြူနစ်စစ်စစ် သို့မဟုတ် ကွန်မြူနစ် သဘောတရားရေးရာအခြေခံရှိတဲ့ လူဖြစ်တာကိုပြတယ် ။ ဒီမိုကရေစီနဲ့ စီးပွားရေးအရင်းရှင်စနစ်ဟာ အမြဲတွဲနေတဲ့အရာတွေဖြစ်တယ် ။ ဒီ ခေတ်ဟာ မော်စီတုန်းရဲ့ တရုတ်နီခေတ်မဟုတ်တော့ပါ ။ ပဲခိုးရိုးမမှာ သေနတ်ကိုင်
ရမဲ့ခေတ်မဟုတ်တော့ပါ  နိုင်ငံရေးအီလစ်တွေ ဖြည်းဖြည်းချင်းအချိန်ယူစစ်တုရင်ထိုးရမဲ့ခေတ်သာဖြစ်ပါတယ် ။

အန်အယ်ဒီရဲ့ နောက်ဆုံးပန်းတိုင်ဟာ ရှိသမျှ ခွန်အားနဲ့ လွတ်တော်ထဲ မှာ လက်ကျန်စစ်အစိုးရခရိုနီတွေကို ပူးသတ်မဲ့လမ်းစဉ်လို့မြင်တယ် ။ ဘာမှမ
လုပ်နိုင်ပဲ ဘေးထွက်အော် ဆိုးကျိုးခေါ်နေတာထက်စာရင် ၊ အခုလို ပူးသတ်တာကမှ အန်အယ်ဒီအတွက်ရော လူထုအတွက်ရော အကျိုးရှိပါဦးမယ်။၏
လူထုမှာလည်း တက်ကြွတဲ့ နိုင်ငံရေးစိတ်တွေ အလျှင်အမြန်ကိန်းအောင်းလာမယ် ။ အရင်က အန်အယ်ဒီကိုမသိခဲကြ သိပေမယ့် မမြင်ဖူးခဲ့ကြတဲ့လူငယ်
တွေ အခု အန်အယ်ဒီကို မြင်ဖူးသွားကြပြီ ။ ဒါအန်အယ်ဒီ ရေရှည်တိုက်ပွဲဝင်နိုင်ဖို့အတွက် သွေးသစ်တွေ ဖြစ်တယ် ။

လက်ရှိပြည်သူလူထု ဟာ နိုင်ငံရေး အဘိမ္မာ ကင်းမဲ့နေသည် ဖြစ်စေ . . . အန်အယ်ဒီ မှားယွင်းတဲ့ နိုင်ငံရေးတိုက်ကွက်ကို ချခဲ့သည်ဖြစ်စေ ၊ ဒီခေတ်
ဒီစနစ်မှာ ဒီလူထု ဒီပါတီဟာ ဒီလိုရွေးကောက်ပွဲ ၀င်ခဲ့တာ မှန်တယ် ။

--
          
 မာဃလုလင်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ