Re: [mrsorcerer:23300] ကျွန်မဖတ်ဖို့(၃၆)

အမြင်တွေကရိုးရှင်းပြီး
လက်တွေ.ဆန်လွန်းပါတယ်..ညစ်ပေနေတဲစိတ်ဓာတ်ကိုသန်.စင်ပေးပြီးယုံကြည်မှုလည်းပိုတိုးစေပါတယ်


On 4/9/12, moe moe <moemoe298@gmail.com> wrote:
> *
> ကျွန်မဖတ်ဖို့(၃၆)*
>
> (၁)
> အသက်ရှင်နေသူတချို့က ကိုယ်ဘာလိုချင်မှန်း မသိကြဘူး။ သူတစ်ပါးကို
> မျက်စိစုံမှိတ်အားကျတယ်၊ မျက်စိစုံမှိတ် လိုချင်တောင့်တတယ်။ ပျော်ရွှင်ခြင်းကို
> ကိုယ့်အနားကနေ ပုခုံးချင်းတိုက်ဖြတ်ကျော်စေကြတယ်။
>
> တကယ်တော့ ဘယ်လိုအခြေအနေမှာပဲ ရှင်သန်ရှင်သန်.... ဖြောင့်မှန်တဲ့
> စိတ်နှလုံးတစ်စုံရှိမယ်။ ရောင့်ရဲ့တင့်တိမ်တတ်မယ်၊ ကျေးဇူးသိတတ်မယ်ဆိုရင်
> ဘဝကပျော်ရွှင်ပါတယ်။
>
> ပျော်ရွှင်ခြင်းဆိုတာ သင့်မှာပိုင်ဆိုင်မှု ဘယ်လောက်များတယ်။ ရာထူးဂုဏ်အရှိန်
> ဘယ်လောက်ကြီးတယ်ဆိုတာနဲ့ တိုင်းတာ,တာမဟုတ်ပါဘူး။
>
> လူတွေနဲ့ သင့်မြတ်အောင်ပေါင်းတယ်၊ မိသားစုအချင်းချင်း
> ချစ်ချစ်ခင်ခင်ရှိတယ်၊ ကျန်းမာတဲ့ခန္ဓာကိုယ်ရှိရင်
> လူကိုပျော်ရွှင်စေပါတယ်။
>
> (၂)
> ကမောက်ကမနိုင်တဲ့အဖြစ်တစ်ခုအပေါ် အကြာကြီးညှိမိမနေနဲ့.... ညှိတာကြာရင်
> စိတ်ရှုပ်မယ်၊ နာကျင်မယ်၊ မုန်းမယ်၊ မောပန်းမယ်၊ အစာမကြေဖြစ်မယ်၊ သောကရောက်မယ်၊
> ကြေကွဲမယ်။
>
> နောက်ဆုံးမှာ အဲဒီအဖြစ်ကို ငါတို့ဖြတ်မကျော်နိုင်တာမဟုတ်ဘဲ၊
> ငါတို့ရဲ့ခံစားချက်ကို
> ငါတို့ဖြတ်မကျော်နိုင်ဖြစ်တတ်တယ်။
>
> ဘယ်လိုပဲ ကမောက်ကမနိုင်ပါစေ.... လှည့်ထွက်တတ်ရတယ်၊ ကျော်ဖြတ်တတ်ရတယ်၊
> လှပတဲ့ရှုခင်းဆီသွားရာလမ်းမှာ အမှတ်မထင် မြောင်းပုပ်တစ်ခုတွေ့လိုက်မိလို့
> အလှအပကို
> သွားရောက်ခံစားမယ့်စိတ်ကို ညစ်နွမ်းစေပြီး လှပတဲ့အရာတွေကို လက်လွတ်မလား!
> လှပရှုခင်းဆီသွားမယ့်
> ကိုယ့်ရည်ရွယ်ချက်တွေ ပျောက်ဆုံးကုန်လိမ့်မယ်။
>
> (၃)
> ဒီကနေ့ဆိုတဲ့ နေ့ရက်တိုင်းဟာ
> မနေ့ကဆိုတဲ့နေ့ရက်ရဲ့ အတိတ်ဖြစ်သွားလိမ့်မယ်
> ဒီ ၁၄၄ဝ မိနစ်မှာ
> လုပ်ချင်တာကို လုပ်ပါ
> စားချင်တာကို စားပါ
> တွေ့ချင်တဲ့လူကို တွေ့ပါ
> ဦးနှောက်ခြောက် စိတ်ရှုပ်စရာတွေ ဖယ်ထားပါ
> ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ
> ကြည်ကြည်နူးနူး မျှဝေပါ
> ဒီကနေ့ကို အကောင်းဆုံးအတိတ်အဖြစ်ကျန်ခဲ့ပါစေ....
>
> (၄)
> တခြားလူတွေနဲ့ မနှိုင်းယှဉ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုကျော်လွန်နိုင်ဖို့
> တောင်းဆိုပါတယ်။
> ငိုမယ်ဆို အားရပါးရ ငိုလိုက်... ခံစားရသမျှ ပေါက်ကွဲထွက်စေ။
> ရယ်မယ်ဆို လွတ်လွတ်လပ်လပ် ရယ်လိုက် .... ကြီးပြင်းရင့်ကျက်တဲ့
> လက္ခဏာအထင်းသားပေါ်စေ။
> မျက်ရည်နဲ့ ဒီကနေ့ကို မုန်းနေမယ့်အစား ချွေးစက်နဲ့ ဒီကနေ့ကို ရုန်းကန်လိုက်ပါ။
> မျက်ရည်တွေကုန်ခမ်းသွားတဲ့အခါ ကျန်ရှိနေခဲ့သင့်တာက "ကြံ့ခိုင်သန်မာခြင်း"
> ပဲဖြစ်တယ်။
>
> (၅)
> တခြားလူရဲ့အတွေးကို ငါတို့ထိန်းချုပ်လို့မရဘူး၊ တခြားလူရဲ့လုပ်ရပ်ကို
> ငါတို့အတင်းအကျပ်စေခိုင်းလို့မရဘူး။ လုပ်နိုင်တာတစ်ခုက ကိုယ့်ကိစ္စ၊
> ကိုယ့်တာဝန်ကို အကောင်းဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးစားလုပ်တာဖြစ်တယ်။
>
> ကိုယ့်ကိုယ်ကျင့်တရားနဲ့ကိုယ် ကိုယ့်လမ်းကိုယ်လျှောက်
> အကောင်းဆုံးရှင်သန်တာဖြစ်တယ်။
>
> ကိုယ့်ကိုနစ်နာအောင်လုပ်တဲ့ လူရှိခဲ့ရင်တောင် အချိန်က
> ကိုယ့်ကိုနစ်နာစေမှာမဟုတ်ဘူး၊ ဘဝက ကိုယ့်ကိုနစ်နာစေမှာမဟုတ်ဘူး။ တခြားသူကို
> ကောင်းကောင်းဆက်ဆံတာဟာ ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံတာပဲဖြစ်တယ်။
>
> (၆)
> တကယ်လို့ ရွေးချယ်စရာရှိရင် အကောင်းဆုံးကို ရွေးချယ်မယ်။
>
> တကယ်လို့ ရွေးချယ်စရာမရှိဘူးဆိုရင် အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်။
>
> (၇)
> နာမည်ကြီးတိုင်း အသိပညာရှိသူမဟုတ်ဘူး
> အမိန့်အာဏာတိုင်း အမှန်တရားမဟုတ်ဘူး
> ငွေကြေးတိုင်း ပျော်ရွှင်မှုပေးနိုင်တာ မဟုတ်ဘူး
> ကတိစကားတိုင်း ရိုးသားဖြောင့်မတ်တာမဟုတ်ဘူး
> ဝေဖန်တိုင်း တိုက်ခိုက်တာမဟုတ်ဘူး
> မျက်နှာချိုသွေးတိုင်း လေးစားတာမဟုတ်ဘူး
> ခယတိုင်း သစ္စာရှိတာမဟုတ်ဘူး
> နားဝင်ချိုစကားတိုင်း အချစ်မဟုတ်ဘူး
> ပြုံးရယ်တဲ့မျက်နှာတိုင်း ခင်မင်ရင်းနှီးတာမဟုတ်ဘူး
> စောင့်ဆိုင်းတယ်ဆိုတိုင်း ရူးရူးမူးမူးချစ်တာ မဟုတ်ဘူး။
>
> (၈)
> ငယ်ငယ်တုန်းက ခလုတ်တိုက်လဲကျတဲ့အခါ ဘေးဘီမှာ လူရှိမရှိ ကြည့်တတ်တယ်။ လူရှိရင်
> ငိုတယ်။ လူမရှိရင် လဲနေရာက ထတယ်။
>
> ကြီးလာတော့ စိတ်မပျော်ရွှင်တာနဲ့ကြုံတဲ့အခါ ဘေးဘီမှာ လူရှိမရှိ ကြည့်တတ်ပြန်တယ်။
> လူရှိရင် လဲနေရာက ထတယ်။ လူမရှိရင် ငိုလိုက်တယ်။
>
> (၉)
> လူတိုင်းလူတိုင်း အဆင်မပြေတာနဲ့ ကြုံရစမြဲပေါ့။ အဆင်မပြေတာနဲ့ကြုံတဲ့အခါ
> လောကကြီးကို
> အပြစ်တင်တယ်၊ ကံတရားကို အပြစ်တင်တယ်၊ ကိုယ့်ကိုယ်ကို အပြစ်တင်တယ်
>
> တကယ်တော့....
> အပြစ်တင်တိုင်း အခက်အခဲတွေက ပြေလည်သွားမှာမဟုတ်ဘူး။ ဝမ်းနည်းကြေကွဲတိုင်း
> အခြေအနေကို လှည့်ပြောင်းမရဘူးဆိုတာ တခြားလူထက် ကိုယ်ကိုယ်တိုင်ပိုသိတယ်။
>
> ဒါနဲ့များ...
> လက်ဘေးက စိတ်ရှုပ်စရာတွေကိုချ ရှုပ်ထွေးတဲ့ စိတ်အစဉ်ကို တည်ငြိမ်စေပြီး အသစ်တဖန်
> အစက ပြန်စရင် သင်သတိထားမိမှာက ဘယ်လောက်ပဲ ထူထည်းတဲ့သစ်ပင်အောက်မှာ
> သင်ရပ်နေနေခေါင်းမော့ကြည့်လိုက်တာနဲ့
> မျှော်လင့်ချက်အလင်းတန်းတချို့က သင်အတွက် လင်းဖြာနေတယ်ဆိုတာဖြစ်တယ်။
>
> (၁ဝ)
> လူ ...
> အများကြီးတွေးတောဖို့မလိုဘူး
> ဖြူစင်လေ ကောင်းလေ
>
> သူငယ်ချင်း...
> အများကြီးရှိဖို့မလိုဘူး
> စိတ်တူကိုယ်တူလေ ကောင်းလေ
>
> အချစ်...
> အရမ်းကြီး စွဲလမ်းဖို့မလိုဘူး
> ရိုးရှင်းလေ ကောင်းလေ
>
> မိသားစု...
> သတ်မှတ်ချက်၊ စည်းကမ်းချက်တွေ အများကြီးမလိုဘူး
> သင့်မြတ်ပျော်ရွှင်လေ ကောင်းလေ
>
> ကိုယ့်ကိုယ်ကို...
> တောင်းဆိုမှုတွေ အများကြီးမလိုဘူး
> ပျော်ရွှင်ခြင်းတွေ တစ်နေ့နည်းနည်းစီ စုဆောင်းနိုင်ရင်ရပြီ။
>
> (၁၁)
> တခြားလူပိုင်ဆိုင်တဲ့အရာကို အားမကျနဲ့..... ကြိုးစားရင် ကိုယ်လည်း
> သူ့လိုပိုင်ဆိုင်နိုင်ပါတယ်
>
> ကိုယ်ပိုင်ဆိုင်တဲ့အရာကို မကြွားနဲ့...... ပိုင်ဆိုင်နိုင်ဖို့
> တခြားလူတွေကလည်း ကြိုးစားနေကြလို့ပါ
>
> ဆင်းရဲနေ၊ ချမ်းသာနေစေ၊ ရာထူးမြင့်စေ၊ နိမ့်စေ ၊ ဗဟုသုတနည်းစေ၊ များစေ ၊
> စိတ်ချမ်းသာမှုပိုပြီး
> စိတ်ဆင်းရဲမှုတွေ လျော့နည်းပါစေ။
>
> နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် ရယ်မောပါ
> မောပန်းပြီးဆို အိပ်စက်အနားယူပါ
> နိုးလာပြီဆို ပြုံးပါ....
> သာမန်ရိုးရှင်းခြင်းက ဘဝရဲ့အကောင်းဆုံးလက်ဆောင်ဖြစ်တယ်။
>
> (၁၂)
> မိန်းကလေးဆိုတာ မချောမလှလို့ရတယ်။ ဒါပေမဲ့ အကျင့်စရိုက်/ စိတ်သဘောထား
> ပြုစုပျိုးထောင်မှု ကင်းမဲ့လို့မရဘူး။
>
> အကျင့်စရိုက်ကောင်းတဲ့ မိန်းကလေးက အနုပညာထည်နဲ့တူတယ်။
> ဘယ်လောက်ပဲ ချောမောလှပစေ အကျင့်စရိုက်မကောင်းရင် အပြစ်အနာအဆာရှိတဲ့
> ပစ္စည်းနဲ့တူတယ်။
>
> မိန်းကလေးတစ်ယောက်ရဲ့ ရုပ်ရည်အလှက အလွန်ဆုံးခံ အနှစ်(၂ဝ)ပေါ့။
> အတွင်းစိတ်ရဲ့အလှက တစ်သက်လုံးခံသလို လူကိုလည်း တစ်သက်ဆွဲဆောင်စေပါတယ်။
>
>
> ***စာတွေမရေးဖြစ်ဘူး.... အော်.. ရေးဖြစ်တယ် ဘလော့ပေါ် မတင်ဖြစ်တာ။
> မြန်မာပြည်ကမဂ္ဂဇင်းတချို့အတွက် ပိုဦးစားပေးရေးဖြစ်နေတယ်။ facebookမှာ
> စာစုတိုလေးတွေ ပိုရေးဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ဘလော့မှာ စာတွေလာဖတ်ကြတဲ့အတွက်
> ကျေးဇူးတင်ပါတယ်။ အချိန်ရရင်ရသလို ရေးသွားပါဦးမယ်....
>
> ကြိုက်နှစ်သက်တာတွေကိုစုပြီး "ကျွန်မဖတ်ဖို့" ကျွန်မရေးပါတယ်။
>
>
> နိုင်းနိုင်းစနေ ဘာသာပြန်သည်။
> *
> --
> Be Happy,
> Moe Moe.*
> *
> ** *
>
> --
> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
> မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
> တွင် ဖတ်ရှုနိုင်ပါသည် ။
>
> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
> mrsorcerer2@groups.facebook.com
> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>
> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
> ပေးပို.နိုင်ပါသည် ။
>
> ခင်မင်စွာဖြင့်
> ဦးဦး မှော်ဆရာ
>

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ