On Thu, Apr 26, 2012 at 9:03 PM, kdar kdar <kdar600@gmail.com> wrote:
> ပြောချင်နေတာကြာပါပြီ ရင်ထဲမှာလည်းမြိုသိပ်ထားတာကြာပါပြီ
> ဘယ်တော.မှမပြောဖြစ်လောက်ဖူးလို.လည်းထင်ခဲ.မိနေတာပါ...ခုတော.တိုက်ဆိုင်တော.
> ဂျူးဆိုတဲ.အညာသူမ ကျေးလက်မှာ
> ဆင်းရဲစွာအောက်ခြေခံလူတန်းကြာတွေထဲမှာရှင်သန်မွေးဖွားခဲ.ပြီး
> မြန်မာစိတ်ကင်းမဲ.စွာ မြန်မာလူမျိုးတို.ရဲ. အရှက်တရား အကြောက်တရားကြီးမှု
> အထူးသဖြင်.မြန်မာအမျိုးသမီးထုကို ရည်စားမဟုတ်
> သူငယ်ချင်းမဟုတ် အိမ်ထောင်သည်မဟုတ် ဟိုမရောက်ဒီမရောက် ရိုင်းရိုင်းပြောရရင်
> ကြိုက်ကုန်းဘ၀ စိတ်ဓာတ်တွေချီးပေသွားအောင်...သူမရဲ. အမှတ်တရဆိုတဲ.
> ၀တ္ထု.....ဇာတ်လမ်းဆင်ထားမှုကိုက ပထမ အဆောင်မှာအတူတူနေချစ်တူ လစ်ဘင်းတူဂဲသား
> ဆက်ဆံရေးရှေ.ဆောင်လမ်းပြ အတွေးအခေါ်တွေနဲ.ဇာတ်ကိုကျောရိုးပြုထားပြီး
> သူမရဲ.ချစ်သူက နောက်တစ်ယောက်ကိုရွေးချယ်သွားပြီး....
> အိမ်ထောင်ပြုသွားတဲ.ဘဲအကြောင်းကိုတောင် တဖွဲ.တနွဲ.ပြန်လည်တမ်းတမေ.မရခဲ.ပုံ
> အတိတ်ကဆိုရှယ်ကျစွာ...နေထိုင်ခဲ.သော အနမ်းများ အထိအတွေ.များ
> ပြန်မြင်ယောင်ရင်းမေ.မရ.....ကြာကူလူဆန်ဆန်နောက်ပိုးအလွမ်းများ
> သူမကသာလက်ခံလျင်....အိမ်ထောင်ပြုသွားသော ဇာတ်ကောင်မင်းသားမှ...
> လက်ရှိမယားကြီးကိုကွာပြီးသူမရင်ခွင်ပြန်လာ၇ဲကြောင်း
> သူမကချစ်လျက်နားလည်စွာအနစ်နာခံပေးပြီး
> ရေလာမြောင်းပေးအလွမ်းများဖြင်းဇာတ်ကိုသိမ်းထားတဲ.
> အမှတ်တရမြန်မာမိန်းကလေးတစ်ယောက်ရဲ.စိတ်ဓာတ်မရှိသော
> ပညာတတ်ပြီးမိုက်ရိုင်းသောအတွေးအခေါ်များကိုမရှက်မရွံ.
> ကိုယ်ရီးယားယဉ်ကျေးမှုတွေမလွမ်းမိုးခင်ကတည်းက ဂျူးက မြန်မာမိန်းကလေးများရဲ.
> တလင်တမယားစိတ်ဓာတ်ကို ရိုက်ချိုးဖောက်ခွဲပစ်ဖို. စနက်သွင်းခဲ.တာပါ။ဒါကိုတောင်
> ငါစာတွေက ငါလူမျိုး ငါ.အဖွဲအစည်းအပေါ် အကြိုးမပြုခဲ.တောင်
> အာကိုးယုတ်ခဲ.လားဆက်မစဉ်း ပြန်လည်မသုံးသပ်ပဲ...ခုထိအမှတ်တရ၀တ္ထုကို
> ရေးခဲ.မိတာနောင်တမရခဲ.တဲ.အပြင်လက်မတစ်ထောင်ထောင်ပြောပြနေရဲတာကိုက
> ယိုသူမရှက်မြင်သူရှက်နေရတဲ.ခပ်ပေပေ
> ၀တ္ထုတစ်ပုဒ်တည်းကြောင်...ဒီလိုစိတ်ဓာတ်မမှန်တဲ.ဆရာရေးသူထံမှ
> စေတနာပါတဲ.စာပေများမထွက်လာနိင်ကြောင်းသုံးသပ်မိလို. ဂျူး
> ကလောင်မြင်လိုက်တာနဲ.စိတ်ထဲ.ကအလိုလိုရွံမိနေခဲ.လို. ဂျူးဆိုတာ ကျွန်တော်ဘ၀မှာ
> အမှတ်တရ၀တ္ထုဖတ်ပြီးကတည်းကသေဆုံးသွားခဲ.ပြီးတာကြာပါပြီ
> ဓားသွားထက်ကလောင်သွားထက်ဆိုသလိုပါပဲ မြန်မာလူငယ်တွေက
> မဟုတ်တဲ.အတွေးအခေးဆိုအတုခိုးမြန်ပါတယ်....ချစ်သူဘ၀မှာတင်...အခန်းငှားပြိ
> ပတ်ဝန်းကျင်မသိအောင်နေတတ်နေကြပါပြီ
> ပတ်ဝန်းကျင်ကသိလည်း ရှက်ကြောပြတ်စွာ လစ်ဘင်းရင် ...တူဂဲသား
> တတ်နေကြပါပြီ...။ဂျူးနဲ.ဆန်.ကျင်စွာ ဆရာဝန်စာရေးဆရာမ ၀င်းဝင်းလတ်ရဲ.
> အချစ်နောက်ဆက်တွဲစာမျက်နှာများ ၀တ္ထုကြတော. ဖန်းတီးသူ ဆရာရေးဆရာမ၀င်းဝင်းလတ်က
> အိမ်ထောင်ကွဲအမျိုးသမီးတစ်ယောက် က
> လူမမယ်ကလေးလေးတွေနဲ.ဘ၀ကို....ကျားကန်ရင်းတစ်ကိုယ်တည်းကြို့းစားရုန်းကန်ခဲ.ရပုံ
> နောက်ဆေးရုံထဲမှာအတူနေဆရာဝန်တစ်ယောက်က ချစ်ခွင်.ပန်တာတောင် လက်တွဲသင်.
> မတွဲသင်. မြန်မာမိန်းကလေးတို.ရဲ. စိတ်နေသဘောထား သိမ်မွေ.မှု လေးစားလောက်သော
> ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော ရှေ.နောက်ရှင်းသော
> လူမြင်ကွင်းမှာလည်းနေထိုင်ရဲသော သတ္တိရှိသော ကိုယ်.ကျင်သီလ မိမိကိုယ်ကို
> ယုံကြည်သော ထိုင်ရှိခိုးချင်လှအောင်ကောင်းသောစေတနာများဖြင်ချယ်မှုန်းထားသော
> အေးမျှသေချာသောခိုင်လုံသော အချစ်များမှသည်..ပျော်ရွှင်သော
> နောက်မီးမလင်းတတ်သော မိသားစုဘ၀ကို တန်းဖို.ထားတတ်သော
> စိတ်နေစိတ်သဘောထားများထားရှိတတ်အောင် ဆရာဝန်စာရေးဆရာမှဝင်းဝင်းလတ်က
> လူငယ်မောင်မယ်ထုအပေးစေတနာထားရေးဖွဲ.သီကုံးထားသော
> အချစ်နောက်ဆက်တွဲစာမျက်နှားများ ၀တ္ထုသည် ဂျူး၏
> ပေါ.ပျက်ပျက်အမှတ်တရကိုကျော်တက်သွားသော်ငြားလည်းပဲ မြန်မာလူငယ်ထုက
> ကောင်းတာအတုမယူတတ်....မာဆတ်..ကေတီဗွီ...နဲ.ဟိုမရောက်ဒီမရောက်ချစ်သူလေးတွေကို
> ဓာတုဆေး
> အမျိုး2ကျွေး အချစ်ထက်...ကာမကို ကိုအသာငမ်းငမ်းလိုက်ရင်းဖြင်. ပျော်ရွှင်သော
> တစ်ယောက်အပေါ်တစ်ယောက်ယုံကြည်ေ သာ..မိသားစုဘ၀များကိုဖန်းတီနိင်ရန် တစတစ
> စိတ်ဓာတ်တွေလျောနည်းလာကြချေပြီထင်ပါကြောင်း ...ပြောကြားရင်း
> ဂျူးတစ်ယောက်ကြောင်.မဟုတ်တောင် ဂျူးသည်....ကိုယ်တိုင်မီးမလောင်သော်လည်း
> မီးလောင်မှုကိုအားပေးသော အောက်ဆီဂျင်ဖြစ်နေတာတော. အမှတ်တရကြောင်.သေချာနေပါသည်။
> အမှားပါရင်ခွင်.လွတ်ပါ......အမျိုးသားရေးစိတ်ဓာတ်...အကြောင်းမို.
> ဂျူးကိုခုလိုမဝေဖန်ချင်သော်ငြားလဲ ရင်းထဲရှိနေတာကိုတော.
> တိုက်ဆိုင်မှုရှိလာလို. ဖွင်ချလိုက်ချင်းသာဖြစ်ပါတော.သည်။
> , Apr 26, 2012 at 1:11 PM, min
> chitthu <chitthu.guegue.min@gmail.com> wrote:
>>
>>
>> စာရေးဆရာမဂျူးတစ်ယောက်တည်းကြောင့်တော့ဖြစ်နိုင်ပါ့မလား။ရေတဲ့သူကိုယ်တိုင်လည်းသေချာပြန်စဉ်းစားကြည့်ပါအုံး။
>>
>>
>> 2012/4/26 Lu Bo <lubo601@gmail.com>
>>>
>>>
>>>
>>> ---------- Forwarded message ----------
>>> From: Blogger <no-reply@blogger.com>
>>> Date: Thu, Apr 26, 2012 at 10:33 AM
>>> Subject: [လူဗိုလ်ဟူသည် ...] ယဉ်ကျေးမှုများပြိုလဲခြင်း
>>> To: lubo601@gmail.com
>>>
>>>
>>>
>>> by Ko Htut on Thursday, April 26, 2012 at 9:32am
>>>
>>> နိုင်ငံရေးသမားတွေ၊ လှုပ်ရှားတက်ကြွသူ Activists တွေက
>>> နိုင်ငံရေးပြောင်းလဲမှုတွေ တိုင်းပြည်မှာ ဖြစ်လာအောင် နှစ်ပေါင်းများစွာ
>>> ဘ၀တွေအပျက်ခံပြီး မလျှော့သော ဇွဲလုံ့လ ၀ိရိယနဲ့ ကြိုးပမ်းနေတဲ့ အချိန်မှာ၊
>>> ဆယ်စုနှစ်အနည်းငယ်အတွင်း မြန်မာပြည်မှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘက်
>>> ပေါင်းစုံ အခြေ အနေတွေဟာ အောက်ဆုံးအဆင့်ရောက်အောင် ပြိုလဲကျခဲ့တယ်။
>>>
>>> ဒါတွေကတော့ မြင်သာထင်သာမို့ လူတိုင်းအသိဖြစ်ပါတယ်။ ခုနောက်ဆုံး
>>> ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေက အဲဒါတွေထက် ပိုမိုဆိုး ရွားတဲ့ cultural
>>> failure ယဉ်ကျေးမှုများပြိုကျနေခြင်းပဲဖြစ်တယ်။
>>>
>>> ဘာကြောင့် ဒီစကားကိုပြောရတာလဲ။ ဥပမာ တချို့ကို ကျနော် တင်ပြပါ့မယ်။
>>> မြန်မာနိုင်ငံက ပန်းခြံတွေ ထဲမှာ၊ လူမြင်ကွင်းတွေမှာ အတွဲတွေ ချိန်းတွေ့စဉ်
>>> လွန်လွန်ကျူးကျူး လူမြင်မကောင်းအောင် ဆက်ဆံပြုမူနေကြခြင်း၊ နေ့ခင်ကြောင်တောင်
>>> လူလယ်ကောင် အင်းယားကန်ဘောင်လိုနေရာမှာ ဆယ်ကျော်သက်တွေ နူတ်ခမ်းချင်းတေ့
>>> နမ်းရိုက်နေကြခြင်း၊ တက္ကသိုလ်တွေ မှာ ကျောင်း သားတွေ
>>> နေ့ခင်းကြောင်တောင်ချိန်းတွေ့ လိင်ဆက်ဆံနေခြင်း၊ မြို့ကြီးတွေက
>>> တည်းခိုခန်းတွေမှာ အဖြူအစိမ်း ၀တ် ကျောင်း သား ကျောင်းသူလေးတွေ
>>> ကျောင်းချိန်တွင် လာရောက် ချိန်းတွေ့နေကြခြင်း၊ အင်တာ နက်ကိုအသုံးပြု၍
>>> လိင်ပျော်ပါးဖော်ရှာဖွေ လာကြခြင်း၊ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ကာလ မှာ
>>> လူမြင်ကွင်းမှာ အဖော်အချွတ် အနမ်းအရူပ်ကိစ္စတွေ တနှစ်ထက် တနှစ်ပိုမိုဆိုးရွား
>>> မြားပြားလာ ခြင်း… ဒါတွေဟာ အခြေအနေ တချို့ကို သာ ဖော်ပြ လိုက်ခြင်း ဖြစ်ပါတယ်။
>>>
>>>
>>> ကမ္ဘာကြီးက ပြောင်းလဲနေတာမှန်ပါတယ်။ ယဉ်ကျေးမှုတွေ ကူးလူးဆက်ဆံနေတာမှန်ပါတယ်။
>>> သို့ပေ မဲ့လည်း မြန်မာနိုင်ငံမှာ ဒီအဖြစ်အပျက်မျိုးတွေ ဒီလောက်လျှင်မြန်စွာ
>>> ဖြစ်ပေါ်လာသင့်ရဲ့လား ဆိုတာ ကတော့ မဖြစ်မနေ မေးခွန်းထုတ်ရတော့မှာ ဖြစ်တယ်။
>>>
>>> မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးတူညီတဲ့ ဗုဒ္ဓဘာသာ နိုင်ငံလည်းဖြစ်တဲ့
>>> အိမ်နီးချင်းထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံကို နိုင်းယှဉ်ကြည့်မယ်ဆိုရင်၊
>>> ထိုင်းဟာ မြန်မာထက် အဆများစွာ သာလွန်ချမ်းသာတယ်။ ဒီမိုကရေစီ
>>> စနစ်အုတ်မြစ်ခိုင်မာနေတဲ့ နိုင်ငံဖြစ်တယ်။ ပညာရေးအပါအ၀င် လူထုအသိပညာအရာမှာ
>>> မြန်မာထက် များစွာအဆင့်မြင့်တယ်။ ပြီးတော့ နိုင်ငံတကာ တံခါးပေါက်တွေကို
>>> လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက တည်းက ဖွင့်ထားခဲ့တဲ့နိုင်ငံဖြစ်တယ်။
>>> နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမြောက်အများရှိပြီး၊ နှစ်စဉ် သုံးသန်း
>>> ကနေလေးသန်း အထိ နိုင်ငံခြားခရီးသွားတွေ ၀င်ထွက်နေတဲ့ နိုင်ငံဖြစ်တယ်။
>>> ကဲ..မေးကြည့် ကြမယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ မြန်မာလူငယ်တွေ လုပ်တဲ့ အရာတွေကို
>>> ထိုင်းလူငယ်တွေကော မလုပ်ဖူးလား ဆိုရင် အဲဒီအထဲက တချို့အချက်တွေကို
>>> သူတို့လည်းလုပ်ကြပါတယ်။
>>>
>>> ဒါပေမဲ့ ထိုင်းတွေ စည်းကမ်းရှိပါတယ်။ ထိုင်းလူငယ်တွေ ယဉ်ကျေးတယ်။ ပရမ်းပတာ
>>> ဖြစ်ပျက်နေတာ မဟုတ်ဘူး။ လူမှုရေးမှာလည်း ကျင့်ဝတ်တွေ တတ်နိုင်သလောက်
>>> စောင့်ထိမ်းကြတယ်။ ခုဟာက ကျနော်တို့ နိုင်ငံက နိုင်ငံရေး စနစ်ကို
>>> စတင်ပြောင်းမယ်ကြံ ရုံရှိသေးတယ်၊ တံခါးပေါက်တွေ စဖွင့်မယ် ကြံရုံရှိသေးတယ်။
>>> စီးပွားရေး၊ ပညာရေးမှာ စုတ်ပြတ်သတ်နေတဲ့ အောက်ဆုံးအဆင့်မှာပဲ ရှိနေသေး တယ်။
>>> ဒါပေမဲ့ တုပစရာမဟုတ်တဲ့ လူမှုရေးကိစ္စမှာကြတော့ ထိုင်းနဲ့တန်းတူ လိုက်နေတယ်။
>>> ပိုကျော် သွားတယ် လို့ ပြောရင်တောင် မှားမှာမဟုတ်ဘူး။
>>>
>>> ပြီးတော့ အနောက်တိုင်းယဉ်ကျေးမှုတွေရဲ့ မြစ်ဖျားခံရာဖြစ်တဲ့ အမေရိကနဲ့
>>> ဥရောပမှာ မျိုးရိုးဂုဏ်ကို ထိမ်းသိမ်းပြီး၊ အပျိုစင်ဘ၀ကို
>>> တန်ဖိုးထားစောင်ရှောက်နေတဲ့ ဗိုင်းကောင်းကျောက်ဖိ အမေရိကန်၊ အင်္ဂလိပ်မလေးတွေ
>>> ဒီနေ့အထိ ရှိနေဆဲ ဖြစ်ပါတယ်။
>>>
>>> ဆင်းရဲချွတ်ခြုံကျလွန်းတဲ့ ဘ၀တွေကို ဒဏ်မခံနိုင်တော့လို့ မြန်မာလူငယ်တွေ
>>> ထွက်ပေါက်အမှားပေါ် လျှောက်လှမ်းကြ တာ လား၊ ရွေးချယ်လိုက်ကြတာလား။ ဒီအခြေအနေမှာ
>>> အတုမြင်အတတ်သင် ဆိုတဲ့ ရှေးလူကြီးတွေထားခဲ့တဲ့ ဆိုရိုးစကားအတိုင်းဆိုရင်
>>> ယနေ့ဖြစ်ပျက်နေတဲ့ အခြေအနေဟာ တစ် ယောက်ကစ တစ်ရာ၊ တစ်မြို့ကစ တစ်နိုင်ငံလုံးကို
>>> ဗိုင်းရပ်စ်ပိုးမွှားလို မကြာမီ အလျှဉ် အမြန် ကူးစက် သွားတော့မှာဖြစ်တယ်။
>>> ဒါ့အပြင် မကြာခင် မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ အရင်ကထက် ပိုမိုထိတွေ့ ဆက်ဆံလာ
>>> ကြတော့ မှာဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ
>>> မြန်မာနိုင်ငံကို အများအပြားဝင်လာကြတော့ မှာ ဖြစ်တယ်။ တွေးကြည့်လေ
>>> ရင်လေးစရာကောင်းတဲ့ အခြေအနေကို တွေ့နေရတယ်။
>>>
>>> ပြီးခဲ့တဲ့ အတာသင်္ကြန်ကာလမှာ မိန်းကလေးတွေ အ၀တ်အစားဝတ်ဆင်တာ၊ လူလယ်ကောင်
>>> မဖွယ် မရာအကတွေက တာ၊ ကောင်လေးနဲ့ကောင်မလေးလူကြားထဲ နူတ်ခမ်းချင်းနမ်းရူပ်နေတာ…
>>> အဲဒါတွေ ကို ဖေ့ဘွတ်စ်ဆိုရှယ်နက်ဝပ်ပ်မှာ လူအတော်များများဝေဖန်ခဲ့ကြပါတယ်။
>>> ကျနော်ကတော့ အဲဒီအဆင့် တွေအထိ ဘာမှမပြောပဲ ကြည့်နေခဲ့ပါသေးတယ်။ ခုဟာကမပြောလို့
>>> မဖြစ်တော့ဘူးလို့ မြင်လာလို့ ဒီစာကို ရေးလိုက်တာပါ။
>>>
>>> ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ကျနော်နဲ့ခင်မင်ရင်းနှီးခဲ့တာ
>>> ငါးနှစ်လောက်ကြာပြီဖြစ်တဲ့ မိန်းကလေး တစ်ယောက်နဲ့ စကားပြောမိလို့ စကားစပ်မိရင်း
>>> ရည်းစားထားခဲ့ဖူးလားဆိုတာ မေးကြည့်ဖြစ်ပါတယ်။
>>>
>>> အဲဒီမှာ သူပြန်ဖြေတာက..
>>> "ရည်းစားတော့ မထားဖူးဘူး၊ ရည်းစားလိုမျိုး တွဲခဲ့ဖူးတာတော့ ၁ ယောက်
>>> ရှိတယ်.."
>>>
>>> ဒါနဲ့ ကျနော်ကမရှင်းလို့ ရည်းစားလိုတွဲတယ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲလို့
>>> သူ့ကိုပြန်မေးတော့ သူက အောက်ပါအတိုင်း ပြန်ဖြေခဲ့ပါတယ်။
>>>
>>> "ရည်းစားလိုတွဲတယ်ဆိုတာ အတူသွားတယ် အတူစားတယ် လက်ကိုကိုင်တယ် ပါးကိုနမ်းတယ်။
>>> ရည်းစားနဲ့ မတူတာက အချစ်ဆိုတဲ့ commitment သူတို့မှာ မရှိကြဘူး" တဲ့။
>>>
>>> ကျနော့်မှာ ဘာမေးခွန်းမှထပ်ပြီး မမေးရဲတော့ပါဘူး။ မြို့ကြီးတွေမှာ
>>> အများစုလုပ်နေတဲ့ ချိန်းတွေ့နည်း မျိုးတွေကော လုပ်ဖြစ်လား၊
>>> တည်းခိုခန်းတွေဘာတွေကော သွားကြလား.. ဆိုတာတွေကို ကျနော့် စိတ်ထဲမှာပဲ
>>> မေးလိုက်မိတော့တယ်။ ပါးတောင်နမ်းပြီဆိုမှတော့ ဒါတွေက ဖြစ်ဖို့ သိပ်မခက် တော့ဘူး
>>> ဖြစ်တာကြောင့်ပါ။
>>>
>>> ထားပါ။ ကျနော်အဓိက ပြောချင်တာက လူငယ်နှစ်ယောက် တယောက်နဲ့
>>> တယောက်မေတ္တာရှိကြရင် (ဒါမှမဟုတ်) တယောက်ကို တယောက်ကြိုက်ကြရင် ရည်းစားဖြစ်ကြ၊
>>> ချိန်းတွေ့ကြ၊ ဖက်ရမ်းနမ်းရူပ်တဲ့ ကိစ္စတွေ ဖြစ်ကြတာ လူတိုင်းအသိပါ။ ခုဟာက
>>> အဲလိုမဟုတ်ပဲ တယောက်နဲ့တယောက် မချစ်ကြပဲ၊ မြန်မာလူငယ်နှစ်ယောက်
>>> ဘယ်လိုပွင့်လင်းစွာ ညှိနိုင်းပြီး ဒီလို အခြေအနေမျိုးကို ရယူခဲ့ကြတာလဲ။
>>>
>>> အချစ်မပါပဲနဲ့ ဘယ်အတွက်လဲ၊ ဘာရည်ရွယ်ချက်နဲ့ ဒီလိုဆက်ဆံရေးမျိုးကို
>>> မြန်မာလူငယ်တွေ ဒီကနေ့ တည်ဆောက်နေကြတာလဲ။ သူ့အဖြေကိုကြားကြားခြင်း ကျနော် shock
>>> ဖြစ်သွားတယ်။ (ဒီနေရာမှာ အနောက်တိုင်းက Sex Partner ဆိုတာကြီး ကျနော့်ခေါင်း
>>> ထဲရောက်လာလို့ အတင်းနှင်ထုတ်နေ ရတယ်၊ ပညာရေးအားနည်း၊ ဘက်ပေါင်းစုံမှာ
>>> မပြည့်စုံကြတဲ့ မြန်မာလူငယ်တွေကို ကျနော် အပြစ် မတင်ရက်ဘူး။)
>>> တိုင်းပြည်နဲ့ပတ်သက်လို့ ဘာတခုမှ ကောင်းကွက်လက်ညှိုးထိုးပြစရာမရှိတဲ့ ဒီနေ့
>>> အခြေအနေမှာ၊ တပူပေါ်နှစ်ပူဆင့် အဖြစ်တွေ ဖြစ်လာရတော့ "သွားပါပြီကွာ
>>> ဒို့ဗမာပြည်ကြီး ရေစုန် မြောပါပြီ" ဆိုပြီး ကိုယ့်ကိုကိုယ်ပဲ သတ်သေလိုက်ရမလား၊
>>> ဘာမှ ဆက်မလုပ်တော့ပဲ ထိုင်ငို နေရ မှာလား မစဉ်း စားတတ်အောင်ဖြစ်တယ်။
>>>
>>> စာနည်းနည်းရှည်နေပြီဖြစ်တဲ့အတွက် အဆုံးသတ်ပါမယ်။ မြန်မာပြည်က လူငယ်တွေ
>>> ဒီလိုအခြေ အနေတွေဖြစ်သွားတာ အဓိကတရားခံ ကို ကျနော် ဖော်ထုတ်ပါမယ်။ မဆလခေတ်က
>>> ကိုယ့်ဖာသာ ကိုယ့်အိမ်ရှေ့ချော်လဲရင် ဦးနေ၀င်းကြောင့်လို့
>>> အပြစ်တင်တာမျိုးလုပ်ရင် ကလေးဆန်ပါတယ်။ ဒါကြောင့် အခုလူငယ်တွေ ဖြစ်ပျက်နေတဲ့
>>> ကိစ္စမှာ စစ်အစိုးရကိုလည်း ပြောနေကျ၊ ပြောခဲ့ဖူးတဲ့အတိုင်း ခင်ဗျားတို့
>>> တရားခံလို့ လက်ညှိုးမထိုးချင်ဘူး။ သူတို့ထက် ပိုအပြစ်ပိုကြီးတဲ့သူကို
>>> ကျနော်ပြောပါမယ်။
>>>
>>> ပိတ်လှောင်နေတဲ့ အမှောင်ခေတ်မြန်မာပြည်လူ့ပတ်ဝန်းကျင်ထဲကို အနောက်တိုင်း
>>> လစ်ဘင်းတူဂဲသား Living Together စကားလုံး၊ အတွေးအခေါ်၊ အယူအဆတွေနဲ့ မိတ်ဆက်ပေးတာ
>>> စာရေးဆရာမ "ဂျူး" ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ မိရိုးဖလာ အရှေ့တိုင်း ယဉ်ကျေးမှု့
>>> လူ့အဖွဲ့အစည်းထဲကို မအပ်မစပ်၊ မလျှော်ညီ၊ မသင့်တော်တဲ့ ကမောက်ကမ အူကြောင်ကြောင်
>>> အတွေးအခေါ်တွေ တင်သွင်းလာ သူ ဖြစ်ပါတယ်။ တကယ်တော့ အနောက်တိုင်း ယဉ်ကျေးမှု ဆိုတာ
>>> ဘာလဲလို့မေးရင် "ဂျူး" ကိုယ်တိုင် သေချာဖြေဆိုနိုင်မှာ မဟုတ်ဘူး။
>>> ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင် ဂဃနဏ မသိလို့ဖြစ်တယ်။ ထင်တာကို
>>> လျှောက်ရမ်းရေးတဲ့ အဆင့်ပဲ။
>>>
>>> "ဂျူး" နောက်မှာ ဂျူး လောက်မပေါက်ရောက်ပေမဲ့ ဂျူးသြဇာသက်ရောက်မှုရှိတဲ့၊
>>> ဂျူးအတွေးအခေါ် တွေကို ဆင့်ပွားထားတဲ့ ကလောင်နောက်မှာ ဆေးတက္ကသိုလ်ဆိုပြီး
>>> ဂုဏ်ပုဒ်တင်ထားတဲ့ စာရေး ဆရာမတွေနဲ့ အခြားမြန်မာလူငယ် စာရေးဆရာမအချို့ဟာ
>>> အူကြောင်ကြောင် အရေမရအဖတ်မရ အဆင့်အတန်းမရှိတဲ့ ဘယ်နေရာမှာမှ
>>> ပြန်သုံးစားလို့မရတဲ့ အတွေးအခေါ်တွေ စာတွေနဲ့ လူငယ်ထု အများစုကြီး အပေါ်
>>> သြဇာတည်ဆောက် ထားခဲ့တယ်။
>>>
>>> နဂိုထဲက ချွတ်ခြုံကျနေတဲ့ မြန်မာလူငယ်တွေရဲ့ အတွေးအခေါ်တွေ၊ ဦးဏှောက်တွေကို
>>> ဖျက်စီးပြစ်တာ ဒီစာရေးဆရာမတွေပဲ။ သူတို့စာတွေဟာ အပျော်ဖတ်စာပေ
>>> အောက်ဆုံးအဆင့်တောင် မရှိဘူး။ စာ ဖတ်သူအတွက် အဆိပ်သင့်စေတာပဲရှိတယ်။
>>> လက်နှီးစုတ်၊ စက္ကူစုတ် လောက်တောင် တန်ဖိုးမရှိဘူး။
>>>
>>> ကျနော် ဒေါသထွက်တယ်။ ပေါက်ကွဲမိတယ်။ အမျိုးသားရေးကိစ္စဖြစ်တော့
>>> ဘာလုပ်ချင်သလဲဆိုရင် ဒီနေ့ မြန်မာလူငယ်တွေ ဖြစ်ပျက်နေ တဲ့ အခြေအနေတွေအတွက်
>>> အလျော်အစားကြီးကြီး ပြန်လိုချင် တယ်။ ဒါပေမဲ့
>>> သူတို့မှာအလျော်အစားကြီးကြီးကလည်း ပြန်ပေး စရာမရှိတာမို့၊ အဲဒီ အနှစ် အသားမဲ့
>>> စာရေးသူတွေရဲ့ ရှေ့ဆောင်လမ်းပြ အုပ်စုခေါင်းဆောင် ဆရာမကြီး "ဂျူး"
>>> ဦးဏှောက်ကိုပဲ သံချေး တက်နေတဲ့ ဓါးမနဲ့ ကလော်ထုတ်ပြီး၊ လမ်းဘေးက ခွေးဝဲစားကို
>>> ပစ်ချကျွေးချင်တယ်။
>>>
>>> ကိုထွဋ်
>>> (ဧပြီ ၂၄၊ ၂၀၁၂
>>>
>>>
>>> --
>>> Posted By Blogger to လူဗိုလ်ဟူသည် ... at 4/26/2012 10:33:00 AM
>>>
>>> --
>>> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
>>> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
>>> မန်ဘာဝင်နိုင်ပါသည် ။
>>> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
>>> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
>>> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
>>> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
>>> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
>>> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
>>> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
>>> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
>>> တွင် ဖတ်ရှုနိုင်ပါသည် ။
>>>
>>> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
>>> mrsorcerer2@groups.facebook.com
>>> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
>>> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>>>
>>> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
>>> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
>>> ပေးပို.နိုင်ပါသည် ။
>>>
>>> ခင်မင်စွာဖြင့်
>>> ဦးဦး မှော်ဆရာ
>>
>>
>> --
>> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
>> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
>> မန်ဘာဝင်နိုင်ပါသည် ။
>> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
>> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
>> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
>> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
>> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
>> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
>> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
>> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
>> တွင် ဖတ်ရှုနိုင်ပါသည် ။
>>
>> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
>> mrsorcerer2@groups.facebook.com
>> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
>> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>>
>> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
>> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
>> ပေးပို.နိုင်ပါသည် ။
>>
>> ခင်မင်စွာဖြင့်
>> ဦးဦး မှော်ဆရာ
>
>
> --
> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
> မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com
> သို. မေးလ်ပို.နိုင်ပါသည် ။
> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
> တွင် ဖတ်ရှုနိုင်ပါသည် ။
>
> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
> mrsorcerer2@groups.facebook.com
> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>
> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
> ပေးပို.နိုင်ပါသည် ။
>
> ခင်မင်စွာဖြင့်
> ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
Re: [mrsorcerer:23930] Fwd: [လူဗိုလ်ဟူသည် ...] ယဉ်ကျေးမှုများပြိုလဲခြင်း
စာရေးဆရာမဂျူးအပြင်တခြားအကြောင်းအရာတွေအများကြီးရှိပါသေးတယ်။ပြီးတော့ကိုယ်ကိုတိုင်ရဲ့စိတ်ဓါတ်ကလည်းအရမ်းအရေးပါတယ်လို့ထင်တယ်။