Re: [mrsorcerer:23989] Re: မြန်မာနိုင်ငံမှာ အချိန်ပိုင်း အလုပ်ရှိပါသလား ?????????

level 4 ကိုဘယ်သင်တန်းမှာတက်နေတာလဲဟင်

2012/4/27 kaung sett <kaungsett93@googlemail.com>
မရတနာရေ
သိသလောက်တော့ ကန်တော်ကြီး ကရ၀ိတ်နန်းတော်ထဲက buffet ဆိုင် မှာ part time လုပ်လို့ ရတယ်
အချိန်က ညနေ ၅ နာရီက ၈ နာရီ အထိ ပိတ်ရက်တော့ မရှိဘူး .. လခကတော့ part time အလုပ်ဆိုတော့ မများပေမဲ့ မဆိုးလှပါဘူး ၅ သောင်းလောက်ရတယ်။ စိတ်ဝင်စားရင် စုံစမ်းကြည့်ပေါ့နော် အဆင်ပြေပါစေ :)

2012/4/26 Zaw Zaw Aung <raysoezza@gmail.com>
မြန်မာပြည်အတွက် အသင့်တော်ဆုံး အချိန်ပိုင်းအလုပ်ကတော့ ကိုယ်တက်ထားတဲ့ပညာနဲ့ ပညာသင်စ လူငယ်ငယ်တွေကို  အလွတ်ပညာသင်ကြားပေးခြင်းကပဲ အသင့်တော်ဆုံးနဲ့ အကောင်းဆုံးလို့ထင်ပါတယ်
တက္ကသိုလ်တက်နေတဲ့ လူငယ်တွေတောင် ဆယ်တန်းGuide တို့ ပထမနှစ် ဒုတိယနှစ် Guide တို့လုပ်နေကြပြီး တဘက်တလမ်းက ၀င်ငွေရှာနေကြတာပဲလေ
အဲ့ဒီအလုပ်ပဲ အချိန်ပိုင်းအလုပ်အနေနဲ့လုပ်သင့်တယ်လို့ထင်တာပဲ

တိုင်းတပါးမှာ မြင်ဖူးတာကတော့ တကယ့်နာမည်ကြီးတက္ကသိုလ်ကတွေက ကျောင်းသားကျောင်းသူတွေက အချိန်ပိုင်းအလုပ်အနေနဲ့ စတိုးဆိုင်မှာ အရောင်းစာရေးလုပ်ကြတာတို့ စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ကြတာတို့တော့တွေ့ဖူးပါတယ်
ဒါပေမယ့် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ပညာတက်တစ်ယောက်က စားပွဲထိုးအလုပ်ကို လုပ်ချင်မှာမဟုတ်ဘူးလေ
ဒါကြောင့် ကိုယ့်ပညာနဲ့အသက်မွေးလို့ရတဲ့ ပညာအမွေလက်ဆင့်ကမ်းခြင်းအလုပ်ကသာပဲ အသင့်တော်ဆုံးပါလားလို့ တွေးမိတယ်

2012年4月26日14:34 ဆု ရတနာ <yatanarnawe@gmail.com>:

ကူညီစဉ်းစားပေးသူများကို ကျေးဇူးတင်ပါတယ်ရှင်
ကျွန်မ စိတ်ထင်တော့ ရှိတော့ရှိတယ် တော်တော် ရှားမယ်ထင်တယ်
ဟိုးတစ်လောက အချိန်ပိုင်းဆိုလို့ သွားမေးကြည့်တာ မနက် 8နာရီကနေ ညနေ 4 နာရီ တဲ့
တစ်ခြား allowance တွေ မပေးချင်လို့ အလုပ်ချိန် 8နာရီ အပြည့်ယူပြီး အချိန်ပိုင်းလို့ အော်နေကြတာပါ။
တစ်နေ့ကို 4 နာရီလောက်ပဲ လုပ်ရတဲ့ အချိန်ပိုင်း အလုပ်မျိုး သိမယ်ဆိုရင် ပြောပြပေးကြပါနော်
လစာကတော့ ၀ိုင်းစုခိုင်းသိန်း ဆိုတာ သိပါတယ်း))
 
                                       လေးစားစွာဖြင့်

2012/4/25 ဆု ရတနာ <yatanarnawe@gmail.com>
ကျွန်မက LCCI Level-4 တက်နေတာပါ
ကျောင်းချိန်က မများပေမယ့် စာကတော့ အရမ်းများပါတယ်
အလုပ်လုပ်မလုပ်ပဲလည်း မနေချင်ဘူး
စာကျက်ချိန်ကို မထိခိုက်မယ့် အချိန်ပိုင်း အလုပ်မျိုး ရှိလား သိချင်ပါတယ်ရှင်
သိတဲ့သူတွေရှိရင် ဖြေပေးကြပါနော်

                                       လေးစားစွာဖြင့်
                                                 ဆုရတနာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Regards,
Kaungsett Zaw
Customer Service Department
TS Lines - Yangon