[Real Family: 24225] မိဘစိတ် - ဇာလီကျော်

လူပျိုကြီး အပျိုကြီးတွေရဲ့ မိဘစိတ်
ထုတ်နှုတ်ရည်ညွှန်း။ ။ ဇာလီကျော် (အရှင်ဆေကိန္ဒ)၊ ဘ၀ဖြောင့်ကြောင်း
တစေ့တစောင်း(၈) http://thevoicemyanmar.com/

… ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဆရာလို့ခေါ်တယ်။ အမှန်ကတော့ ဗုဒ္ဓမြတ်စွာ
ဘုရားက လောက သတ္တ၀ါတွေ အားလုံးရဲ့ ဆရာပဲ။ ဆရာလို့ ပြောလည်းရတယ်။ အမေလို့
ပြောလည်း ရတယ်။ အဖေလို့ ပြောလည်း ရတယ်။ ဆရာ့စိတ်ဓာတ် ဆိုတာရှိတယ်။ အမေ့
စိတ်ဓာတ်၊ အဖေ့ စိတ်ဓာတ် ဆိုတာရှိတယ်။ ဆရာ့စိတ်ဓာတ် ရှိတဲ့ ပုဂ္ဂိုလ်ဟာ
ဆရာပဲ။ အမေ့စိတ်ဓာတ် ရှိတဲ့ ပုဂ္ဂိုလ်ဟာ အမေပဲ။ အဖေ့ စိတ်ဓာတ် ရှိတဲ့
ပုဂ္ဂိုလ်ဟာ အဖေပဲ။ …

… အမေမဖြစ်ပေမယ့် အမေ့စိတ်ဓာတ် ရှိနေတဲ့ အပျိုကြီးတွေ အများကြီး။
အဖေမဖြစ်ဖူးပေမယ့် အဖေ့စိတ်ဓာတ် ရှိနေတဲ့ လူပျိုကြီးတွေ အများကြီး။
တချို့ လူပျိုကြီးတွေက ပိုတောင်မှ အဖေ့စိတ်ဓာတ် ပြင်းပြသေးတယ်။ တချို့
အပျိုကြီးတွေက ပိုတောင်မှ အမေ့စိတ်ဓာတ် ပြင်းပြသေးတယ်။ …

… လူပျိုကြီး၊ အပျိုကြီး၊ ဆရာ၊ ဆရာမတွေမှာ (ဆရာတော်က သံဃာတော်၊
သီလရှင်တို့ကိုပါ ဆိုလိုဟန် ရှိပါတယ်။) အဖေ့စိတ်ဓာတ်၊ အမေ့စိတ်ဓာတ်
အပြည့်ရှိလို့ ရတယ်။ အဖေဆိုတာ စောင့်ရှောက်ပေးတာပေါ့၊ အမေဆိုတာ
ချစ်ခင်ပေးသပေါ့။ အို မေတ္တာထားလိုက်တဲ့ စိတ်ဓာတ်မျိုး၊ မေတ္တာ လျော့နေတဲ့
ပုဂ္ဂိုလ်မျိုး တွေ့ဖူးမှ မေတ္တာရှိတဲ့ သူရဲ့ အရသာကို တမ်းတတာ။
တစ်ဦးတစ်ယောက် မေတ္တာ နည်းနေတဲ့ သူမျိုးတွေ့မှ၊ ကြုံမှ၊ ကိုယ့်အပေါ် မေတ္တာ
ရှိခဲ့ဖူးသူရဲ့၊ တွေ့ရ၊ ကြုံရတဲ့ အရသာကို တမ်းတတာ။ …

… မြင့်မြတ်တဲ့ စိတ်ဓာတ်ကောင်းတွေနဲ့ ကိုယ်နေလာခဲ့ရင်
ကိုယ်မြင့်မြတ်ပါတယ်။ အမေ၊ အဖေဖြစ်ဖူးမှ အမေ၊ အဖေ စိတ်ဓာတ် ပေါ်မှာ
မဟုတ်ပါဘူး။ အမေ၊ အဖေကို မြင်ဖူးရင်လည်း ရတယ်။ အဲဒီတော့ တို့တစ်တွေ
သူတော်ကောင်း အကြောင်းတွေကို မြင်ဖူး၊ ကြားဖူးရင် လည်းပဲ မိမိတို့
သူတော်ကောင်းဖြစ်အောင် ကျင့်လို့ ရပါတယ်။ လက်ရေးလှအနေနဲ့ ညံ့၊ သင့်၊
ကောင်း၊ တော်၊ တဆင့်ပြီး တဆင့်တက်ပြီး အကောင်းဆုံး၊ အတော်ဆုံးဖြစ်အောင်
ကြိုးစားနိုင်ပါစေ။ ဘ၀မှာလည်းပဲ ယုတ်၊ ညံ့၊ ကောင်း၊ မြတ်ကနေပြီးတော့
ယုတ်လျော့မယ့် အဆင့်မျိုး မဖြစ်ပါစေနဲ့။ ညံ့တဲ့အဆင့်မျိုးကို
ကျော်လွှားနိုင်ပါစေ။ ။ … ဇာလီကျော်

THE VOICE WEEKLY (VOL. 7 / NO. 16) ထဲက ထုတ်နှုတ် တင်ပြထားတာပါ။ တို့
ကိုယ်တိုင်လည်း ရင်သွေးရတနာ မရှိသော်လည်း အောင်မြင်တဲ့ အိမ်ထောင်ရှင်
တယောက်ပါ။ တို့ REAL FAMILY မိသားစစ်ဝင် တွေမှာလည်း အပျိုကြီး
လူပျိုကြီးတွေမှာရော (သံဃာတော်၊ သီလရှင်တွေ အလားတူ) မိဘစိတ် ရှိလို့
ရပါကြောင်း တရားလက်ကမ်း လိုက်ပါတယ်။ ဗြဟ္မစိုရ်တရား ထွန်းကားကြပါစေ။
ကောက်နှုတ်တင်ပြသူ
ကိုအေး
ဓမ္မောလောကေ သမုပ္ပန္နော၊ သုခါယ သဗ္ဗပါဏိနံ။

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။