တိုဖူးနွေး ပူပူလေး......
တိုဖူးနွေး ပူပူလေး ဆိုလို့ မချောတစ်ယောက် တိုဖူးနွေးရောင်းနေပြီလို့ ထင်ကြမယ်ထင်ပါရဲ့နော်။း) ဒီနေ့ မတ်လ ၂ရက်နေ့ဖြစ်တဲ့ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် တိုဖူးနွေး လုပ်နည်းကို ဖော်ပြ ချင်ပါတယ်ရှင်။ အားလုံးလိုလိုတော့ တိုဖူးနွေးကို လုပ်တတ်ကြတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်မလုပ်မဲ့ တိုဖူးနွေးက ပဲမှုန့်ကနေလုပ်တာ မဟုတ်ဘဲ Yellow Peas လို့ခေါ်တဲ့ စားတော်ပဲကနေ လုပ်မှာဖြစ်ပါတယ်။ ပဲမှုန့် အလွယ်တကူ ရှာမရရင် အခုလို စားတော်ပဲ ၊ ကုလားပဲတို့နဲ့ ပြုလုပ်နိုင်ပါတယ်။ ဒီနည်းကတော့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့က ရှမ်းဆိုင်တွေမှာ ရောင်းတဲ့ တိုဖူးနွေးလုပ်နည်း ဖြစ်ပါတယ်။ ဒီနည်း ကို ပြောပြတဲ့ မူဆယ်မြို့က အစ်မကိုလည်း ကျေးဇူး တင်ပါတယ်။
ပထမဦးစွာ တိုဖူးနွေးပြုလုပ်ဖို့အတွက် စားတော်ပဲများကို ညကတည်းက ရေစိမ်ထားလိုက်ပါတယ်။
စားတော်ပဲ ရေစိမ်
ရေစိမ်ပြီး ပွလာတဲ့ ပဲများကို ရေအနည်းငယ်ထည့်ပြီး ခုလို မွှေစက် ( Blender ) နဲ့ နည်းနည်းစီ ကြိတ်ခြေ လိုက်ပါတယ်။
ခုလို ညက်သွားရင် ရပါပြီ။
ပိတ်ပါးစ (သို့မဟုတ်) ရေစစ်ဖြင့် အရည်များကို စစ်ယူပါတယ်။ ထို့နောက် အဖတ်မှာ ကျန်နေတဲ့ အရည် များကိုလည်း ညှစ်ယူပါတယ်။
ခုလို အရည်တွေရပြီဆို ဆနွင်းအမှုန့်အနည်းငယ်ကို ရေနဲ့ ဖျော်ပြီးထည့်၊ ဆားသင့်တော်သလောက် ထည့်ပြီး မီးပေါ်မှာ ကျိုနိုင်ပါပြီ။
ကျိုနေစဉ်မှာ အဆက်မပြတ်မွှေပေးရန် လိုပါတယ်။ မဟုတ်ရင် ပဲအနှစ်တွေက အောက်မှာ အနည်ထိုင်ပြီး မီးတူးသွားနိုင်ပါတယ်။
တိုဖူးနွေးထဲ ထည့်စားဖို့ အဆာပလာတွေ အသင့်ပြင်ဆင်ထားပါတယ်။ လိုအပ်တဲ့ အဆာ ပလာတွေကတော့
၁. ငရုပ်သီးဆီကြော်
၂.ကြက်သွန်ဖြူဆီချက်
၃. နှမ်းဆီ
၎.ကြာညို့ (ကြာညို့အလွယ်တကူမရနိုင်ပါက ထန်းညက်ကို အရည်ပျစ်ပျစ် ကျိုနိုင်ပါတယ်)
၅.ချောက်ကော ပါးကောဆီချက်
၆. မြေပဲဆန်ထောင်း
၇. နှမ်းလှော်ထောင်း
၈. နံနံပင်
၉. မုန်ညင်းချဉ် တို့ဖြစ်ပါတယ်။
ကျိုထားတဲ့ တိုဖူးများ တဖြေးဖြေးနဲ့ ပျစ်လာပါပြီ။
တိုဖူးများ ရေခမ်းပြီး ပျစ်လာပြီဆိုရင် ရှမ်းခေါက်ဆွဲ ၊ ဆန်ခေါက်ဆွဲတို့ဖြင့် ထည့်စားလို့ ရပါပြီ။ ခေါက်ဆွဲများ မထည့်လိုပါကလည်း တိုဖူးနွေးချည်း စားနိုင်ပါတယ်နော်။
ခေါက်ဆွဲကို သီးသန့်မပြုတ်ဘဲ တိုဖူးနွေးပူပူထဲကို ထည့်ပြီး ခဏ ထားလိုက်ပါတယ်။ ရွှေပဲရွက်ကိုလည်း တိုဖူးထဲ ထည့်ပါတယ်
ရွှေပဲရွက်နဲ့ တိုဖူးနွေးအဆင်သင့်ဖြစ်ရင် အဆာပလာများ ထည့်လို့ရပါပြီ။
အပေါ်က အဆာပလာများနဲ့ ဆား၊အရသာမှုန့်တို့ကို သင့်တင့်အောင် ထည့်လိုက်ရင် စားဖို့ အဆင်သင့် ဖြစ်ပါပြီ။
မဝရင် နောက်တစ်ပွဲထပ်စားနိုင်ပါတယ်။
မုန်ညင်းချဉ်သုပ်ကလေးနဲ့ တွဲစားနိုင်ပါတယ်။
တိုဖူးနွေးဆိုတာကတော့ ပူပူနွေးနွေးအချိန်မှသာ စားလို့ကောင်းတာပါ။ အေးသွားရင် ခဲသွားတာမို့ စားရတာ အဆင်မပြေပါဘူး။ ရှမ်းရိုးရာအစားအစာဖြစ်တဲ့ တိုဖူးနွေးနဲ့ ဒီတစ်ပတ်တော့ ကျေနပ်ကြမယ်လို့ မျှော်လင့်ပါ တယ်ရှင်။
http://www.missgreenlady.com
--

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။













